Don't lie for success....

in myanmar •  8 years ago  (edited)

Why does everyone make a Goal?

Making Goal is that everyone make by self.....
So,you must do as better as you can....

As the natural life,everyone has a goal ,but everyone can't attempt to success because of problems in life...

Whatever, I want to advice that you must hold your dream and live your life as your dream.

But be honest,if you success with malpractice, your successful don't overstay.........

ပန်းတိုင်ဘာလို့ထားကြတာလဲ။
#kyawnge


ပန်းတိုင် ထားတယ် ဆိုတာ ကိုယ့်ဖာသာ သံဓိဋ္ဌာန်ချလိုက်တာ ဖြစ်ပါတယ်။ "ငါ လိုချင်တဲ့ ဒီအရာကို ရလိုက်တဲ့အချိန်မှာ ငါအောင်မြင်သွားတာ ငါသိပြီ" ဆိုတာ ပန်းတိုင် တဒင်္ဂပဲ။

ဒီတော့ ဒီပန်းတိုင်ကို အမြန်ဆုံး ရောက်အောင် ငါနိုင်သလောက် လုပ်မယ်။ ဟုတ်တယ် မှတ်လား။

အဲ့ဒီဆိုလိုချက်က ခင်ဗျားဟာ အမှားထဲမှာ ရပ်တည်နေတယ်။

ရေရှည်ပန်းတိုင် ဆိုရင် ပန်းတိုင်မရောက်မချင်း အမှားထဲမှာ ရုန်းကန်နေရမယ့် သဘော။ အကြာကြီးပဲ...။

ဒီတော့ လမ်းတလျှောက်မှာ ကိုယ့်တိုးတက်မှုကို ကိုယ် ပြန်ကြည့်ရင် ဘာတွေရှိနေသလဲ။ အနှုတ်သဘောဆောင်တဲ့ ဖြစ်စဉ်ကြီး တစ်ခုလုံးဟာ ဟိုးအစကနေ ပန်းတိုင်ဆိုတဲ့ ဖြစ်ရပ် မရောက်ခင်အထိ ရှိနေတာကို တွေ့နေရတယ်။

ဒါ့ကြောင့် ပန်းတိုင်သည် မိမိလိုအပ်ချက်ရဲ့ အဆုံးသတ်သာ ဖြစ်ခဲ့ရင် ပန်းတိုင်မရောက်ခင် အခြေအနေတိုင်းမှာ ခင်ဗျားဟာ အမှားနဲ့လူ ဖြစ်တယ်။ အမြဲရှုံးနေသူလည်း ဖြစ်တယ်။

နောက်ပြီးတော့ ပန်းတိုင်ဟာ အကောင်းစား ရေဒီယိုတစ်လုံးသာ ဖြစ်ခဲ့ရင် ပန်းတိုင် မရောက်ခင် တစ်လျှောက်မှာ ဘာ ရေဒီယို တစ်လုံးမှ မရှိဘူး။ ဒီဟာရဖို့ ကြိုးစား အားထုတ်မှုပဲ ရှိတယ်။ တစ်နည်း အားဖြင့် ခင်ဗျား အတွက် အရှုံးပဲ။

ဒါဆိုရင် အကောင်းစားကြီး မဝယ်တော့ဘူးကွာ။ ခုလက်ရှိ ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံနဲ့ တန်တဲ့ ရေဒီယို ဝယ်နားထောင်လိုက်မယ် ဆိုရင်ရော။

ဒါလည်း ခင်ဗျားဟာ မူလ အန္တိမ ဖြစ်ရပ် အပေါ်မှာ ထားတဲ့ ရည်ရွယ်ချက်ကို ရိုက်ချိုးပြီး အလွယ်တကူ ရှိတဲ့ မှတ်တိုင်တစ်ခုကို ပန်းတိုင် သမုတ်လိုက်တာပဲ မဟုတ်လား။

အပေါစား ရေဒီယိုတစ်လုံးက အမြင့်ဆုံးမှာ လျာထားခဲ့ ဖူးတဲ့ ကိုယ့်လိုအပ်ချက်ကို အမြဲစိန်ခေါ်နေဦးမှာပဲ။ ဒီတော့ ဘာတွေ ဖြစ်ကုန်သလဲ။ ဒီရေဒီယို အပေါ်မှာ စိတ်ထည့်လို့ ရရင် အလွန်ဆုံး တစ်ရက် နှစ်ရက်ပေါ့။

မအောင့်နိုင်တဲ့ အဆုံးမှာ လှုံ့ဆော်မှု အသစ်က နောက်ထပ် ပန်းတိုင် အသစ်ကို ထူထောင်စေတယ်။ ဒီမှာ အရှုံးကို တစ်ကနေ ကျွန်တော်တို့ ပြန်စကြတာပဲ မဟုတ်လား။

လျှောက်ရမယ့် ခရီးကို တစ်ပိုင်းစီ ဖြတ်လျှောက်တာမျိုး ဖြစ်လို့ လမ်းမှာ နားနေမယ် ဆိုရင်လည်း ပန်းတိုင်ဟာ ပန်းတိုင် မခေါ်ထိုက်ဘူး။ မနားပဲ ဆက်တိုက် သွားမယ် ဆိုရင်လဲ ပန်းတိုင်မရောက်ခင် အမှားတွေ အပြည့်။

ဟော... ပန်းတိုင်ရဲ့ အလွန်မှာလည်း ဒီရလဒ်ကို ဘာဆက်လုပ်ရမလဲ မသိမယ့် အတူတူ နောက်ထပ် ပန်းတိုင် ထပ်ရှာ... ဆိုရင် အဲ့ဒီ ဖြစ်ရပ် ဖြစ်တည်လာဖို့ လှုပ်ရှားပေးရတဲ့ ဖြစ်စဉ်ဟာ တစ်ဘဝလုံးစာအတွက် ပြန်သုံးသပ်တိုင်း အမှားတွေ ပြည့်နေလို့ အကျိုးမဲ့ မနေဘူးလား။

အမြင့်ဆုံးကို မှန်းပြီး လျှောက်နေတဲ့ လုပ်ရပ်ဟာ ဒါ့ကြောင့် အမြဲမှားတယ်။ အမြင်မှာတော့ မှန်နေသလိုပဲ။

ဒါဆိုရင် မဟုတ်သေးပါဘူးပေါ့။ အမြင်မှန်ပေမယ့် လုပ်ရပ်ကြီး မှားနေတယ် ဆိုတာ ဘယ်လိုမျိုးတုန်း။

ရှင်းပါတယ်။ ဘယ်လိုမျိုးတုန်းဆိုရင် ပန်းတိုင်ဟာ မှန်သလောက် တည့်တည့်လျှောက်နေခြင်းဟာ မှားနေတာ။ နားမရှုပ်သွားလောက်ပါဘူးနော်။

ပန်းတိုင်ဟာမှန်တယ်။ တည့်တည့်လျှောက်ခြင်းဟာ မှားတယ်။ ဘာလို့လဲ။ ပန်းတိုင်ကို စိတ်ထဲထည့်ပြီး လျှောက်နေသရွေ့ လမ်းခရီးမှာ လုပ်လိုက်မယ့် သုံးသပ်မှုတိုင်းကို ပြန်ကြည့်ရတယ်ဗျ။

မိမိဟာ ဘာဖြစ်နေသလဲ။ အမှားဖြစ်နေတယ်။ အားတက်စာ မရှိဘူး။ သင်ယူမှု မရှိနေဘူး။ မျှဝေမှု မရှိနေဘူး။ တချိန်လုံး ကိုယ့်ပန်းတိုင်ကို မရောက်သေးဘူး ဆိုတဲ့ အမြင်နဲ့သာ တောက်လျှောက် ရပ်တည်ရင်း အပူနဲ့ လျှောက်လာခဲ့တာလေ။ အဲ့ဒါကြောင့် လုပ်ရပ်ဟာ အမှားခေါ်ချင်စရာ ဖြစ်လာတာ။ ဟုတ်ဖူးလား။

ဒါဆို ဘာလုပ်ရမှာတုန်းကွာ လို့ ခင်ဗျားတို့ စိတ်ပျက် လက်ပျက် မေးလိမ့်မယ်။ လွယ်လွယ်လေးပါ။ နေ့တိုင်းကို တိုးတက်မှုတွေ အနေနဲ့ ပြောင်းမြင်ရမှာပေါ့။ ပန်းတိုင်ဆိုတာကနေ မကြည့်ပဲ တိုးတက်တိုင်း တိုးတက်တိုင်းမှာ တိုင်းတာ ကြည့်ရမှာပေါ့။

အဲ့ဒီမှာ အမှားတွေဟာ အမှားလို့ မမြင်တော့ပဲ သင်ခန်းစာတွေ ဖြစ်လာတယ်။ သင်ခန်းစာတွေ ဖြစ်လာတဲ့အခါ... အချိန်တိုင်းမှာ ကိုယ်ဟာ တိုးတက်မှုရှိကြောင်း သိလာတယ်။

တိုးတက်မှု မရှိခဲ့တဲ့ အချိန်တွေဟာ တစ်ခုကနေ နောက်တစ်ခုကို ပြောင်းပြီး စိတ်ဝင်စား မိလို့ ဆိုတာကို သိလာတဲ့အခါ တိုးတက်နေမှုရဲ့ ယန္တယားဟာ တခြားမဟုတ်။ ပန်းတိုင်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ကိစ္စတစ်ခုကို *B612_20170608_134053.jpgထပ်ခါထပ်ခါ ပြုလုပ်နေမိခြင်း ဆိုတာကို မြင်လာစေတယ်။

Goal တစ်ခုဆီ ဖောက်လျှောက်တာထက် System တစ်ခုထဲမှာ အမြဲကျင်လည်နေရင်းနဲ့ Goal ဟာ ကိုယ့်ဆီကို အလိုလိုရောက်လာတာဟာ လောက နိယာမ အလား ထင်ရှားသော်လည်း လူမသိတဲ့ လျှောက်လမ်းတစ်ခု ဖြစ်တယ်။

..................................

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Done bro

Thz

Good

Done bro

ဟုတ်​ bro