Hello Steemit Myanmar အတွက်​ story တခု

in myanmar •  7 years ago 

ကျ​နော့်​ steemit သူငယ်​ချင်း​တွေကို
Story တခုအ​ကြောင်း ​ပြောပြရင်း သင်​ခန်းစာ ယူ​စေချင်​ပါတယ်​ဗျ

image

အစွမ်းပြချင်​တဲ့ ​မြေ​ခွေး ​လေး အ​ကြောင်းပါ....

တောတွင်းတ​နေရာမှာ ​မြေ​ခွေးတစ်​​ကောင်​ဟာ ခြ​သေ့င်္မင်း နဲ့ရင်​ဆိုင်​​တွေ့တယ်​ ၊​ရှောင်​ ကွင်းမ​ပြေးသာ​တော့ဘူး ။ ​မြေ​ခွေးဟာ ​ကြောက်​အားလန့်​အား နဲ့ ​မြေပြင်​​ပေါ် ပြားပြားဝပ်​ချလိုက်​ပြီး ခြ​သေ့င်္မင်း ကြီး ကို အရိုအ​သေ ​ပေး ရှိခိုး​နေ ​လေ ​တော့တယ်​၊

"ဘယ်​လိုလဲ ​မြေ​ခွေး" ခြ​သေ့င်္မင်း က ​မေးလိုက်​တယ်

"ကျွန်ုပ်​ဟာ အရှင်​ ခြ​သေ့င်္မင်း ကြီးရဲ့ ​ခြေ​တော်​ရင်းမှာ ခစားပြီး ၊ ​ကျေးကျွန်​ အဖြစ်​ လုပ်​​ကျွေးပြုစု​နေလိုပါတယ်​ "
မြေ​ခွေးက​ပြောလိုက်​တယ်

image
ကောင်းပီ ဒီလိုဆိုလဲ ငါ့​နောက်​လိုက်​ခဲ့၊ ငါ့ကို လုပ်​​ကျွေးပြုစု​ပေ​တော့၊ မင်းကိုလည်း ​ကျွေး​မွေး ​စောင့်​​ရှောက်​ထားမယ်​ကွာ....
ခြ​သေ့င်္မင်း က ခွင့်​​ပေးလိုက်​တယ်

အ့ဒီ​နေ့ကစပီး ​မြေ​ခွေးဟာ ခြ​သေ့င်္မင်း ကြီး ​နေထိုင်​ရာ ဂူကို ​ရောက်​သွားခဲ့သည်​၊ ခြ​သေ့င်္မင်း ကြီး ရဲ့ စားကြွင်းစားကျန်​ ​တွေကို အားပါးတရ စား​သောက်​ခဲ့ရသည်​၊ ရက်​အတန်​ ကြာလာတဲ့အခါမှာ ​မြေ​ခွေးရဲ့ ခန္ဒာကိုယ်​ ဟာ လှပဆူဖြိုးလာတယ်​ ။ အားအင်​​တွေလဲ ပြည့်​လာတယ်​၊

တ​နေ့မှာ ဂူအတွင်းအိပ်​​နေတဲ့ ခြ​သေ့င်္မင်း က ​မြေ​ခွေးကို လှမ်း​ပြောတယ်

အသင်​​မြေ​ခွေး ၊ ​တောင်​ထိပ်​​ပေါ်ကိုတက်​သွားပြီး ၊ ​တောင်​​ခြေမှာ ကျက်​စား​နေတဲ့ သတ္တဝါ​တေကို လှမ်းကြည့်​လိုက်​ပါ။
အသင်​စားလိုတဲ့ သတ္တဝါကို မှတ်​ထားပြီး ငါ့ဆီ ပြန်​လာခဲ့ ။ အဲဒီတိရစ္ဆာန်​ ကို ငါသတ်​ပီး မင်းကိုလည်း ​ကျွေးမယ်

မြေ​ခွေးဟာ ​တောင်​​ပေါ်တက်​ပီး ခြ​သေ့င်္မင်း ​ပြောတဲ့အတိုင်း မှတ်​သားခဲ့ပြီး ပြန်​လာခဲ့သည်​၊ အဲဒီအခါမှာ ​မြေ​ခွေးက ခြ​သေ့င်္မင်း စားကျန်​တာ စားခဲ့တယ်​၊

အ​နေကြာလာတဲ့အခါ ​မြေ​ခွေးရဲ့ စိတ်​ထဲမှာ

ငါဟာ ဘာဖြစ်​လို့သူတစ်​ပါးကို မှီခိုစား​သောက်​​နေရမှာလဲ အင်​မတန်​ ရှက်​ဖို့​ကောင်းတယ်​၊ ဒီ​နေ့က စပီး သူတစ်​ပါးရဲ့​ကျွေးစာ ငါ မစား​တော့ဘူး၊ ငါကိုယ်​တိုင်​ ဆင်​ကိုသတ်​စားမယ်​၊
ဆိုတဲ့ လွဲမှားတဲ့စိတ်​ ဖြစ်​​ပေါ်လာခဲ့တယ်​၊အဲဒီ​တော့ ခြ​သေ့င်္မင်း ထံသွားပြီး

image
အရှင်​ ကျွန်ုပ်​ဟာ အရှင်​သတ်​ဖြတ်​​ကျွေး​မွေးတဲ့ အသား​တွေ စား​သောက်​ခဲ့တာ ကြာပါပြီ၊ ကျွန်ုပ်​ကိုယ်​တိုင်​လည်း ဆင်​ကို သတ်​ပြီး စားလိုပါတယ်​၊၊
အဲဒါ​ကြောင့်​ အရှင်​မင်းကြီးရဲ့ အိပ်​ယာမှာ ကျွန်ုပ်​ဝင်​အိပ်​ပါရ​စေ ၊ ဒီ​လောက်​လုပ်​ကိုင်​​ပြောဆို​ပေးရတာကို ​အောက်​တန်းကျတယ်​ မထင်​ပါနဲ့​နော်​ ၊

လို့ စိတ်​ကူးကို ​ပြောပြလိုက်​တယ်
ဟေ့​ကောင်​ မင်းဘာ​တွေရူးထ ​နေတာလဲ ၊ မကြားမဝံ့သာ ဖြစ်​ကုန်​အုန်းမယ်​ ၊ ဆင်​ကို ​မြေ​ခွေးက ဘယ်​တုန်းက နိုင်​ဖူးလဲ ၊ရာဇဝင်​မှာ မရှိတာ​တွေ

ခြ​သေ့င်္မင်း က အကြိမ်​ကြိမ်​တားတယ်​ ၊မာနစိတ်​ တက်​​နေတဲ့ ​မြေ​ခွေးကလည်း အ​လျော့မ​ပေးဘူး ၊ ​တောင်းဆို မြဲ ​တောင်းဆိုတယိ ၊ ​နောက်​ဆုံးမှာ​တော့ ခြ​သေ့င်္မင်း က စိတ်​ချမ်းသာ​အောင်​ လိုက်​ ​လျော​ပေးလိုက်​ရတယ်​.....

ကဲ ဘာ​တွေ ဆက်​ဖြစ်​ မလဲ ​နောက်​​နေ့မှာ တင်​မယ်​​နော်​....😉

Written by yairthiha
MSC 003
Credit to google images
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ခင်ညားဂျာ ပီးကာနီးမှ ဖြတ်ထားတယ် ဟင်းပြောချင်ဘူး။

Good story !

Thanks

အားပေးနေပါတယ် bro

Thanks U bro

ဆက်လက်အားပေးမည်

ကျေးကျေး မမကြီး

အပိုင်း ၂ မျှော်

hoke

i get a message from this story..

တခါထဲ​ပြောတာမဟုတ်​ဘူး။😁

Good

thanks bro

ဘာဆက်ဖြစ်မလဲ စောင့်မျှော်လျက်

hoke

မျော်နေပါတယ်ဗျာ

hoke kae pr

အား​ပေး​နေပါတယ်

ကျေးဇူးပါဗျ

Good story.အား​ပေး​စောင့်​​မျှော်​​နေပါသည်​။

ကျေးဇူးပါဗျ

မြေခွေးလေး ဘာဖြစ်သွားလဲ

လာမယ်လေ....နောက်တပိုင်းမျှော်....ဟဲဟဲ

ဖတ်​ရတာ ဆန့်​တငင့်​ငင့်​ဖြစ်​ဝါးတယ်

ပုံပြောပြတော့ပုံပြင်နားထောင်ရတာပေါ့

goog good

ကျေးဇူးပါဗျ

စိတ်ဝင်စာ့ကောင်းတယ်.