ဒါဆိုရင်ဘယ်လိုလုပ်ပြီးရပ်ရွာနဲ့ကတ်သက်ဆက်နွယ်နေတဲ့ကျောင်းကိစ္စဦးစီးဆောင်ရွက်နိုင်တော့မှာလဲ
အဲ့ဒီတော့အဲ့ဒီလိုအကျင့်မကောင်းတဲ့ယောက်ျားကိုပဲကြိတ်မှိတ်ပြီးယူလိုက်ရပြီပေါ့
ဘယ်လောက်ရင်နာစရာကောင်းတဲ့ဘဝတွေလဲ
ပြီးဆရင်ဆရာမယောက်ျားမကောင်းဘူးလို့ပြောခံရအုံးမယ် ရေံးချယ်ခွင့်မရှိခဲ့တာကိုဘယ်သူမှထည့်မစဉ်းစားကြဘူး
ကလးရပြီဆိုရင်အိမ်မှုရေးရာအလုပ်တွေအပြင်ကလေးအလုပ်တစ်ဖက်နဲ့ပညာရေးကိုစိတ်နှစ်လို့မရတဲ့ရောဂါတွေရလာတော့မယ်
နောက်ဆုံးတော့ဘာရလဲ လုပ်သက်အနစ်နာနဲ့ဝင်ခွင့်ပေးတဲ့
Bedဝင်ခွင့်စာမေးပွဲတွေတစ်ခါဖြေလဲမအောင် နှစ်ခါဖြေလဲမအောင်နိုင်တဲ့စာမေးပွဲကြီးကိုတုန်တုန်ချိချိနဲ့ဖြေဖို့အခွင့်ရေးတစ်ခုပဲရတယ် ထားပါတော့ ဆိုလိုရင်းကအဲ့ဒါမဟုတ်ဘူး
တချို့တွေကတော့ကံကောင်းထောက်မစွာနဲ့ခနော်ခနဲ့ဝန်ထမ်းအိမ်အစုတ်အပဲ့လေးတောင်ရွာကဆောက်မပေးထားတာကြုံရတယ်
အဲ့တော့ ရွာလူကြီးဆီအကြောင်းကြားပြီးနေဖို့စီစဉ်ပေးပါဆိုပြီးအသနားသွားခံရတယ်
ရွာလူကြီးစီစဉ်ပေးတဲ့အိမ်မှာနေရတာပေါ့
အဲ့ဒါကပိုဆိုးတယ်
အဲ့ဒီအိမ်မှာထမင်းချက်လဲကိုယ်
တံမြက်လှည်းတာလဲကိုယ် တစ်ခါတစ်လေအိမ်သားအဝတ်လျှော်မပေးရ ရင်ကံကောင်းတယ်မှတ်
ညနေကျောင်းဆင်းဆရင်လဲမောတယ်ဆိုပြီးနားရမယ်မထင်ပါနဲ့
အိမ်သားကယာခင်းလုပ်ရင်မျိုးချပေါင်းနုတ်အလုပ်တွေလုပ်ဖို့အကျီ င်္ချက်ချင်းလဲ ခမောက်လေးခေါင်းပေါ်တင်ပြီးညနေဘက်ထမင်းပို့တဲ့သူနဲ့လိုက်သွားရတယ်
ဟာ
ဆရာမပဲ လုပ်စရာလိုလို့လားလို့မမေးပါနဲ့
သူတို့အလုပ်တွေဝိုင်းကူမလုပ်ရင် မျက်စောင်းတခဲခဲဖြစ်နေတဲ့အိမ်ရှင်နဲ့ကြုံဖူးရင်နားလည်မှာပါ
ဆရာတွေကတော့ပြသနာသိပ်မရှိပါဘူး
ဘယ်ချော်ထိုးအိပ်အိပ်အဆင်ပြေပါတယ်
ဘယ်အိမ်မှာတည်းတည်းအိမိရှင်တွေကခယပြီးထမင်းကျွေးကြတာပါ
တာဝန်ရှိလူကြီးမင်းတွေအနေနဲ့ ဆရာမအပျိုပေါက်စလေးတွေကိုသနားညှာတာသောအားဖြင့်
ဝန်ထမ်းအိမ်ယာကိုမဖြစ်မနေကျောင်းတိုင်းကျောင်းတိုင်းထည့်ဆောက်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်
စာကိုဆုံးအောင်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီလောက်ပါပဲ
ကိုယ်လည်းဝန်ထမ်းပဲ ဝန်ထမ်းအတွက်အိမ်ဆိုတဲ့မျှော်လင့်ချက်က မရှိသလောက်ပါ၊ ကျောင်းဆရာ၊ဆရာမဆိုတာကတော့ ရွာကပညာရေးတန်ဘိုးထားတတ်တဲ့ရွာဆိုမှအဆင်ပြေတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit