Relationship

in myanmar •  7 years ago 

ခိုင်မာတဲ့ အချစ်ရေးဆိုတာ…
image
မေတ္တာစစ်နဲ့ချစ်တဲ့ ချစ်သူတွေမှာ အချစ်ခရီးလမ်းခိုင်မာဖို့အတွက် တည်ဆောက်ထားတဲ့အရာလေးတွေ ရှိပါတယ်။

နှစ်တွေအကြာကြီးတွဲလေ တစ်ဦးကိုတစ်ဦးနားလည်မှုတွေရှိလာလေဆိုတဲ့ ချစ်သူစုံတွဲတွေဟာ သူတို့ခံယူထားတဲ့ အချစ်နဲ့ပတ်သက်တဲ့ ခံယူထားမှုတွေက နှစ်ဦးသားအဆင်ပြေအောင် ညှိပြီးမှာ အဆင်ပြေခိုင်မာ လာကြတာဖြစ်ပါတယ်။

ကိုယ့်ရဲ့ချစ်သူနဲ့ ခိုင်မာတဲ့အချစ်ရေး တည်ဆောက်ချင်တယ်ဆိုရင် ဒီအချက်လေးတွေက မရှိမဖြစ်လိုအပ်ပါတယ်။

** အနာဂတ်အစီအစဉ်တွေတိုင်ပင်တာ

တစ်သက်လုံးအတွက် ရည်စူးတဲ့ချစ်သူတွေဟာ သူတို့နှစ်ဦးဖန်တီးချင်တဲ့ အနာဂတ်ဘဝလေးကို နှစ်ဦးသား စိတ်ကူးပြီး ဖြစ်လာအောင်လို့ အစီအစဉ်တွေ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တတ်ကြပါတယ်။ အနာဂတ်အစီအစဉ်မရှိတဲ့ စုံတွဲတွေဟာ အဆင်မပြေတတ်တာများပါတယ်။

** ကတိတည်တာ
image
တစ်ယောက်နဲ့တစ်ယောက် ကတိပေးပြီးရင် မဖြစ်ဖြစ်အောင်လုပ်ပေးတာက ချစ်သူတွေကို ခိုင်မာတဲ့ဆက်ဆံရေး ဖြစ်စေပါတယ်။ ကတိမတည်တဲ့သူကို ဘယ်သူကမှ သဘောကျနိုင်မှာ မဟုတ်ပါဘူး။

** ချုပ်ကိုင်မထားတာ

ချစ်သူရယ်လို့ဖြစ်လာရင် တစ်ယောက်ရဲ့လွတ်လပ်မှုတွေကို နောက်တစ်ယောက်က ကန့်သတ်တတ်ကြပါတယ်။ ဒါဟာတကယ်တော့ အယူအဆမှားကြီးပါ။ ကောင်းမွန်တဲ့ အချစ်ရေးတစ်ခု ဖြစ်စေချင်ရင် တစ်ယောက်က တစ်ယောက်ကို ထိန်းချုပ်တာမျိုးတွေ မလုပ်သင့်ပါဘူး။

** ဂုဏ်ယူတာ
image
ချစ်သူတွေဟာ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်ကအသိအမှတ်ပြုပြီး ဂုဏ်ယူတဲ့စိတ် ဖြစ်တာကလည်း နှစ်ဦးသားအချစ်ရေးကို အဆင်ပြေဖို့အတွက် အဓိကကျပါတယ်။ တစ်ဦးပေါ်တစ်ဦး လေးစားစိတ်၊ ဂုဏ်ယူစိတ်မရှိတဲ့ ချစ်သူစုံတွဲတွေဟာ ရေရှည်မတည်မြဲနိုင်ပါဘူး။

** တောင်းပန်တာ

စိတ်အခန့်မသင့်လို့ အမှားလုပ်မိတဲ့အခါ ကိုယ့်ချစ်သူကို ရိုးသားစွာနဲ့ တောင်းပန်စကားဆိုသင့်ပါတယ်။ တကယ်ချစ်တဲ့သူကလည်း တောင်းပန်တဲ့အခါ စိတ်ရင်းအမှန်နဲ့လက်ခံပေးဖို့ လိုပါတယ်။

ဒါဆိုရင် အချစ်ရေးမှာပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ?

အဖြေကတကယ်တော့ရိုးရှင်းပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု ရှိပြီး တာဝန်ကျေရမှာဖြစ်ပါတယ်။ ယုံကြည်မှုရှိပြီး သစ္စာတရားအပြည့်အဝထားနိုင်ပြီဆိုရင်တော့ ခိုင်မာတဲ့အချစ်ရေးလေး တစ်ခုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Written..@yehtetaung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရေးတာ​ကောင်းတယ်​bro

ဟုတ်ကဲ့ကျေးဇူးပါဗျ

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-07T08:55:45
Account Level: 1
Total XP: 196.00/200.00
Total Photos: 30
Total comments: 1
Total contest wins: 0
And have also received a 0.09 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

ကောင်းတဲ့post​လေးပါ။ good bro

Thank ပါအကို

ကောင်းလိုက်​တာ

အားပေးတာကျေးဇူးပါ

ကောင်းပါတယ်​ဗျ

ကျေးဇူးကွီး

Congratulations @yehtetaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

MSU 018

ကျေးဇူးပါ အမ

ကောင်းတယ်ဗျာ

အားပေးတဲ့အတွက် ကျေးဇူးပါ

MSU 042

ကျေးဇူးပါ

ညီ့ရဲ့ post ကို upvote ပေးပြီး ပါပြီ။ နောက်တစ်ကြီမ်မှာလဲ ပြိုင်ပွဲဝင်ဖို့ မျှော်လင့်ပါတယ

ကျေးဇူးပါဆရာ

msu 034
@zayyarwin