နွေရင့်​နှင်းစက်​... ၆

in myanmar •  7 years ago 

နွေရင့်​နှင်းစက်​... ၆
download (3).jpeg
Credit image
" ​ဟေး..ကြည့်​စမ်း။နှပ်​​နေတာများ..ကိုယ်​​တွေအခု ​နေ့တစ်​ပိုင်း ခွင့်​ယူပြီး လာခဲ့တာ။ယုယနဲ့ စကား​ပြောချင်​လို့​လေ..ယု အ​ဆောင်​ကို မနည်းရှာပြီးလာခဲ့ရတယ်​."

ယုယ မမသက်​ထားကို မချိသွားချဲ ပြုံးပြလိုက်​ပြီ..
" အင်း..ယုယလည်း မသက်​နဲ့ ​တွေ့ချင်​​နေတာ။ အပြင်​သွားရ​အောင်​​လေ "

သူမအဝတ်​အစားလဲပြီိး ဒီအတိုင်းပင်​ လမ်း​လျှောက်​လာခဲ့ကြသည်​။ ဒီအနားက ​ကော်​ဖီဆိုင်​ ​သေး​သေးထဲ ဝင်​ထိုင်​မိမှ ​ကော်​ဖီတစ်​ခွက်​စီမှာလိုက်​ကာ ယုယကပဲ စ​ပြောလိုက်​​လေသည်​။
" မသက်​ ယုယ အခုအလုပ်​ကို ထွက်​လိုက်​ပြီ။ လက်​ထဲလည်း ​ငွေသိပ်​မကျန်​​တော့ဘူး။ မသက်​ရဲ့ဝန်းကျင်​မှာ အလုပ်​တစ်​ခုခုကို ကူညီ​ပေးလို့ ရနိုင်​မလား ဟင်​ .."
မသက်​ထားက ယုကကို သနားသလို ကြည့်​လိုက်​မိပြီး..
" ဒီအ​တောအတွင်း မင်း စွဲသွားပြီ မဟုတ်​လား ယုယ "
သူမ ​ခေါင်းကို ငုံ့ချလိုက်​ခြင်းက ဝန်​ခံရာ​ရောက်​​နေ​လေသည်​။
မသက်​ထားနှင်ဲ့​တွေ့ခဲ့သည့်​ညက လွတ်​​မြောက်​ခြင်းတစ်​ခုကို သူမ ဝင်​​ရောက်​လည်​ပတ်​ခဲ့မိသည်​။ စိတ်​၏ထွက်​​ပေါက်​တစ်​ခုအဖြစ်​ စီး​မျှောရာသည်​ သူမကမ္ဘာတွင်​ စတင်​ ကြီးစိုးလာခဲ့ခြင်းပင်​။ သူမ ဒီတစ်​ပတ်​အတွင်း တစ်​ရက်​နှစ်​ရက်​​လောက်​ ငြိမ်​သက်​​နေခဲ့သည်​မှ လွှဲ၍ မသက်​ထားဆီ ​ရောက်​​နေဖြစ်​​လေသည်​။
မသက်​က တားဆီးသည့်​တိုင်​ သူမလဲပြိုကျတိုင်း ထိုအရာသည်​ သူမစိတ်​တို့ ပြန်​လည်​ ထူမတ်​ရာတွင်​ တစ်​စိတ်​တစ်​ပိုင်း ပါဝင်​လာခြင်းဖြင့်​ အခုဆို သူမ မူးယစ်​နွံထဲ ​ခြေလှမ်းမိလျက်​သား ဖြစ်​​နေခဲ့​လေပြီ။
download (4).jpeg
Credit image
" ငါ စိတ်​မ​ကောင်းဘူး ယုယရယ်​။ မင်းလို အညွှန့်​တလူလူနဲ့ လူငယ်​​လေးတစ်​​ယောက်​ကို ငါ ပိုးကိုက်​​စေခဲ့သလို ဖြစ်​​နေခဲ့ပြီ။ မင်း​ပြောခဲ့တာ​တွေ အတိုင်းဆို မင်း ပတ်​ဝန်းကျင်​မှာ မ​နေပါနဲ့​တော့။ ငါ့ဆီ လိုက်​​နေမလား....ငါမင်းကို ယုံကြည်​ပါတယ်​။ မင်းလည်း ငါ့ကို ယုံကြည်​တယ်​ဆိုရင်​​ပေါ့"
သူမ မသက်​မျက်​ဝန်း​တွေကို အံ့သြတကြီး ​ကြည့်​ပစ်​လိုက်​မိသည်​။အလိမ်​အညာ အမူအယာ မပါ​သော စကားကို ဆိုခြင်းဖြစ်​သည်​ကို ​ဖော်​ပြ​နေကြသည့်​ မျက်​ဝန်းများ။ မသက်​က ဘယ်​လိုလူမျိုး ဖြစ်​သလဲ တိတိကျကျ အ​ဖြေထုတ်​ဖို့ သူမ အသိဉာဏ်​တို့ လုံ​လောက်​မှုမရှိ။
သေချာခြင်းတစ်​ခုသည်​ သူမ မသက်​ကို ယုံကြည်​​နေမိခြင်းပင်​..
ယတိပြတ်​​သော ဆုံးဖြတ်​ချက်​သည်​ ..

" ယုယ လိုက်​ခဲ့မယ်​ မသက်​ "


" ကျွန်​မလည်း သိပ်​အံ့သြ​နေတာ..သူက လုံးဝ အဆက်​အသွယ်​ဖြတ်​သွားခဲ့တာ ​သေချာတယ်​ ရှိုင်းရဲ့။ အဲ့ဒီ​နေ့က မနက်​ခင်း တစ်​ချိန်​လုံး ​သူ ငိုင်​​နေခဲ့ပြီးမှ ကျွန်​မ ဒီကို ပြန်​​ရောက်​​တော့ သူ့ပစ္စည်း ပစ္စယဆိုတာ ဘာမှမရှိ​တော့ဘူး။ ကျွန်​မအတွက်​ နှုတ်​ဆက်​တဲ့စာတစ်​​စောင်​က လွှဲရင်​ ဘာမှ ချန်​မထားခဲ့ဘူး..သူသွားမယ့်​​နေရာ ဘယ်​လိုအလုပ်​အကိုင်​မျိုးလုပ်​မယ်​ဆိုတာ ဘာဆိုဘာမှ ​ပြောမသွားခဲ့တာ ...."
" ဟား....."
ရှိုင်း ပင့်​သက်​​မောကြီးကို ချပစ်​လိုက်​မိသည်​။
" ယုယက သိပ်​ကို ပြတ်​သားလွန်းတယ်​​ဗျာ..."
တစ်​ရက်​ နှစ်​ရက်​​လေး မဟုတ်​ အချိန်​​တွေက တစ်​လ​ကျော်​ကြာခဲ့​လေပြီ။ ယုယအ​ကြောင်း ကြားရဖို့ မ​ပြောနှင့်​ အရိပ်​အ​ယောင်​သတင်း​လေးပင်​ မကြားရ..။
နဒီ့ကို​ပေးခဲ့သည့်​ စာထဲတွင်​ စိတ်​မပူဖို့ ​ရေးထားခဲ့​သော်​လည်း သူမ၏ ​ခြေရာ​ဖျောကြ်​ခင်း အတတ်​ပညာသည်​ ကျန်​ခဲ့သူတို့ ရင်​တွင်​ နက်​ရှိုင်းစွာ ပူ​လောင်​​နေခဲ့ကြ​လေသည်​။

" ကျွန်​​တော်​ ယုယကို အမြဲ​လေးစား​နေခဲ့သူပါ..."

သူ စကားကို ထို​နေရာတွင်​သာ ရပ်​ထားလိုက်​ပြီး ဆက်​၍ ​ပြောသင့်​မ​ပြောသင့်​ ချင့်​ချိန်​​နေပုံရ​လေသည်​။
ပြီးမှ ဖြည်း​လေးစွာဖြင့်​ပင်
images.jpeg
Credit image
" ​နောင်​တစ်​ချိန်​​တော့ ကျွန်​​တော်​ဘာ​ကြောင့်​ ယုယအ​ပေါ် ဒီ​လောက်​ ​ကောင်း​နေသလဲဆိုတာ သိလာရမှာပါ​ဗျာ...အခု​တော့ ကျွန်​​တော်​ ပြန်​လိုက်​အုံးမယ်​။ မနဒီလည်း ယုယကို တတ်​နိုင်​သ​လောက်​​လေး ရှာ​ပေးပါအုံး​ဗျာ..."

" စိတ်​ချပါ ရှိုင်းရယ်​..။ ယုယက ကျွန်​မနဲ့အတူ​နေတဲ့ဆီက​နေ ​ပျောက်​သွားခဲ့တာပါ..တကယ်​လို့များ သူ့​ဆွေ သူ့မျိုး​တွေက ​မေးလာခဲ့ရင်​​တောင်​ ကျွန်​မက ပိုပြီး ​နေစရာမရှိဖြစ်​​နေမယ့်​သူပါ။ စိတ်​ချပါ ကျွန်​မ အမြဲ စုံ​စမ်း​နေမှာပါ.."

သူ ​ခေါင်းညိတ်​ပြကာ နဒီတို့ အ​ဆောင်​မှ ထွက်​လာခဲ့လိုက်​​လေသည်​။

အ​ဆောင်​နှင့်​ ခပ်​လှမ်းလှမ်း​နေရာမှာ ရပ်​ထားခဲ့သည့်​ ကား​ပေါ်သို့ ​ရောက်​သည့်​တိုင်​ သူ့စိတ်​တို့ ​နှောက်​ကျိရှုပ်​​ထွေး​နေဆဲ....

ပေါ့​ပါးစွာ ရယ်​​မောတတ်​​သော ထင်းရှင်းသည့်​ မျက်​နှာ နုနု​လေးထက်​မှ ငြိုး​ရော်​ရိပ်​တို့ကို မြင်​​ယောင်​ကြည့်​လိုက်​​တော့ သူ့ရင်​တွင်းမှာ ​နေအစင်းတစ်​ရာစာ ထွန်းလင်းကြ၏..

ရှောင်​ပုန်းသူက
တစ်​သက်​လုံးဟု
ရည်​ညွှန်း​သော်​ငြား
လိုက်​ရှာရသူ
ဒီလူ့ရင်​​မော ထိုစိတ်​​ဇောအား
အမည်​နာမ တပ်​ဖို့ကလည်း
ခက်​​နေဆဲ....


" သား သား ဘကြီးတို့ဆီ သွားလည်​လိုက်​အုံး​လေ.."
ရှိုင်း​တွေ​ဝေ​နေမိသည်​။
ပြီး​တော့ သူ တိုးညှင်း​သော ​လေသံဖြင့်
" မသွား​တော့ဘူး အ​ဖေရာ။ ဘကြီးနဲ့ ကြီးကြီးကို သတိရ​ပေမယ့်​ ကျွန်​​တော်​ မ​တွေ့ချင်​တဲ့သူ​တွေကို မ​တွေ့ချင်​ မမြင်​ချင်​ဘူး "

မချစ်​မနှစ်​​သော သူနှင့်​ အတူ​ပေါင်းသင်း​နေထိုင်​ရခြင်းသည်​လည်း ဒုက္ခတစ်​ခုဟု ​ဟောပြခဲ့​သော မြတ်​စွာဘုရားကို သူ ဦးခိုက်​ခဲ့ဖူး​လေသည်​။ ထိုဒုက္ခမျိုးကို သူ ခံစားဖူးခြင်း​ကြောင့်​ပင်​။

သူ့စိတ်​ထဲတွင်​ မတရားဟုမြင်​လျှင်​ တရားခြင်း​တွေဖက်​ကရပ်​တည်​​ပေးရမှ
လူတစ်​​ယောက်​ကို ​လှောင်​စရာဟု ထင်​​နေကြလျှင်​ ထိုလူသားအား တတ်​နိုင်​သမျှ ကယ်​ထုတ်​​ပေးရမှ...
သေးသိမ်​​သော စိတ်​ဓာတ်​တို့ကို သူရွံသည်​။ မုန်းသည်​။
ထိုအမုန်းမျိုးထဲအတွက်​ သူ့အနီးအပါးမှ လူတစ်​​ယောက်​ ထိုသို့ရှိ​နေခဲ့မှန်​ သိလိုက်​ရချိန်​တွင်​........

အပိုင်း ၇ သို့...

Writter>>>>>@yekungsatthone
Msc 213

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/

အေးအေး.....cow be

အားပေးနေပါတယ်

ကျေးဇူးပါ

အပိုင်း၇ဆက်​အား​ပေးပါ့မယ်​...

ကျေးဇူးပါ

ဇတ်လမ်းဇတ်ကွက်ကတော့ ရေးတတ်တာဗျာ အားပေးနေပါတယ် 😊😊

ကျေးဇူးပါဗျ

ညီ‌ရေ ဝတ္ထုတိုပြိုင်‌ပွဲ ရှိတယ်ေ ပြာတယ်‌။ဝင်‌ပြိုင်‌ပါ၊ညီကအ‌ရေးအသား‌ကောင်း‌တော့ ရ‌လောက်‌တယ်‌။

အဲ့​လောက်​ကြီး ဟုတ်​ပါ့မလားဗျာ..

ဇတ်လမ်း ရှည်ကြီး ရေးတတ်တယ် တော်တယ်😊

ကျေးဇူး မကျိ

ယုယတစ်ယောက် ဘာတွေဖြစ်နေပြီလဲ သိချင်လှပါပြီဗျ

လာမယ်​​လေဗျာ

ဒီအပိုင်းလေးက စာအရေးအသား ပိုမိုထိမိပြီး လိုချင်တဲ့အနေအထားကိုပေါ်လွင်စေပါတယ်။နောက်အပိုင်းဆက်အားပေးမယ်ခင်ဗျာ

ဟုတ်​ဗျ ဆက်​ပြီးအား​ပေးပါအုံး

စာရေးဆရာကြီးရေ အစဉ်အားပေးလျှက်

ဟား..
အဲ့​လောက်​မဟုတ်​ရပါဘူးဗျာ

မချစ်​မနှစ်သက်​​သော သူနှင့်​ အတူ​ပေါင်းသင်း​နေထိုင်​ရခြင်းသည်
ဒုက္ခတစ်​ခု ဆိုတာ တစ်ကယ်ပေါ့နော်

ဟုတ်​ကဲ့ဗျ