နွေရင့်နှင်းစက်...၇
Credit image
" မိန်းကလေးတစ်ယောက်က မင်းကစားစရာ မဟုတ်ဘူးထင်မင်း..။ အပျော်ဆိုတာ ပျော်ချိန်မှာပဲ ကောင်းတာကွ။ မင်းကစားတာ လူသားထဲမှာတောင်မှ သက်ရှိလူသား ခံစားချက်ရှိတဲ့ လူသားတွေ..။အဲ့ဒီ မိန်းကလေးတွေနေရာမှာ မင်းကိုယ်တိုင်ဝင်ခံစားကြည့် "
သူအမှန်တကယ် ခံစားချက်နှင့် ပြောနေတာ ဖြစ်ပေမယ့် ထင်မင်းလတ်က ရယ်ဟဟနှင့် နားထောင်ပြီး ပြုံးစိစိနှင့် လှောင်ကြည့်ကြည့်နေတာဖြစ်သည်။
" နေရောင်ရာ မင်းဆိုတဲ့အကောင်က တော်တော် ညံ့သေးတယ်ကွ ။ တကယ် သက်ရှိ ဂိမ်းတွေကို မင်း မခံစားတတ်သေးဘူး..ဟားဟား.."
သူ့ဘာသာ သဘောကျသလို ထင်မင်း ရယ်လိုက်၏။သူ့စိတ်ထဲ အတော်ကြီး တင်းသွားပေမယ့် ဒေါသတွေကို ပြန်မျိုချလိုက်သည်။
ထိုအချိန်ကတည်းက ထင်မင်းကို သူ ကြည့်မရတတ်တော့..
ဘကြီးနဲ့ ကြီးကြီးတို့ကြောင့်သာ မဟုတ်ရင် သူ စာမေးပွဲမဖြေတော့ပဲ ကျောင်းပြောင်း ပစ်လိုက်မိမည်ပင်။
သို့သော် ကိုးတန်းနှစ် ဖြစ်နေသည့်မို့ သူအောင့်အည်းသည်းခံကာ ထိုကိုးတန်းနှစ်ကို အောင်အောင် ဖြေခဲ့လိုက်ပြီး နောက်နှစ်မှာ ကျောင်းပြောင်းခဲ့လိုက်တော့သည်။
သို့သော် အနှောင့်အယှက်ဖြစ်ရခြင်းတစ်ခုက ထိုနှစ်မှ စကာ တစ်ဘဝလုံးစာအထိ သူ့နှလုံးသားထဲအထိ စိမ့်ဝင်စေခဲ့ခြင်းက ထင်မင်းဆီမှပင် ရရှိခဲ့ရလေသည်။
ကောင်မလေးတစ်ယောက်ကို တွဲနေတယ်ဆိုသည့် သတင်းက မကြာခင် ရောက်ရှိခဲ့ပေမယ့် သူဂရုမစိုက်မိခဲ့ပါ။ထိုအချိန်ကတည်းက အခုထိပင် ထင်မင်းကိုသူ သိပ်အစေးမကပ်မိတော့။
ထင်မင်းက သူတို့အိမ်ကို မကြာခဏ ရောက်လာတတ်ပေမယ့် သူ့အလုပ်နှင့်သူသာ လုပ်နေမိတတ်သည်။ထင်မင်းတို့နှင့် သူ့မိသားစု ကိုယ့်မိသားစု ခွဲခြားမနေကြပေမယ့် ထင်မင်းကိုတော့ သူ ရှောင်ဖယ်နေခဲ့မိသည်။
အထူးသဖြင့် ထင်မင်းအချိန်အတန်ကြာတွဲခဲ့သော မိန်းကလေးသည် ရိုးသားအေးဆေးပြီး ကြိုးစားသည်ဟု သူသိထားသည့် ယုယဖြစ်နေခဲ့ခြင်းနှင့် သိပ်မကြာခင်တုန်းက ထင်မင်းနဲ့ ပြတ်သွားပြီး ထင်မင်း၏ လျှာဖျားထက်က တစ်ဖက်သတ်တိုက်ပွဲကြားမှာ ဗုန်းဗုန်းလဲကျသွားခဲ့သော မိန်းကလေးတစ်ယောက်သည် ယုယဖြစ်နေခြင်းကပင် ထင်မင်းကို သူရွံရှာ မုန်းတီးသွားမိတော့သည်။
ထင်မင်းလိုလူနှင့် မထိုက်တန်သော မိန်းကလေးသည် ထင်မင်းကြောင့် လဲကျသွားရမည်ဆိုပါလျှင် တရားမျှတမှုရှိနိုင်တော့မည် မဟုတ်ဟု သူ ယူဆမိသည်နှင့်အမျှ ယုယကို သူ တတ်နိုင်သမျှ အားပေးခဲ့မိသည်။
လူချင်းတွေ့ဖို့ တွန့်ဆုတ်နေခဲ့ခြင်းမှာ ထင်မင်းနှင့် သူ၏ ပတ်သက်မှုကြောင့် ယုယ၏ မုန်းတီးမှုကို မခံယူလိုခြင်း သက်သက်သာ။
သေချာတာတစ်ခုကတော့ အချိန်ကြာလာသည်နှင့်အမျှ ယုယနှင့် စကားတွေ ပြောဖြစ်တာ များလာသည်နှင့်အမျှ ယုယအပေါ် သူ့စိတ်တို့ တိမ်းညွှတ်နေခဲ့ခြင်း၏ ထုထည်သည် ကြီးသထက် ကြီးမားလာခဲ့ခြင်းပင်။
Credit image
အခုတော့
ကန့်လန့်ကာကို မ လို့ ငါဟဲ့ မင်းသားလို့ သူမဆိုလိုက်နိုင်မီ ထွက်ပြေးတိမ်းရှောင်သွားသူအား အရိပ်အယောင်အားဖြင့်ပင် မတွေ့လိုက်ရတော့..။
သူမက တော်နေခဲ့တာလား
သူကပဲ ညံ့နေခဲ့တာလား...
အခု ငါလွမ်းတတ်နေပြီ လို့သူပြောလိုက်ရင် အကြောင်းသိသော သူငယ်ချင်းတွေက ဝိုင်းရယ်ကြလိမ့်မည် ထင်။
သူ့ကိုယ်တိုင်ကတော့ သေချာနေခဲ့ပါသည်။
ယုယကို ကျွန်တော် တမ်းတမ်းတတလွမ်းတတ်နေခဲ့ပါပြီ..။
" ယု ဒီလိုဘဝမျိုးနဲ့ မင်းက ထိုက်တန်တဲ့ မိန်းကလေး မဟုတ်ဘူးကွယ်။ မင်းကို တွေ့တိုင်း မင်းဆေးသုံးတိုင်း ငါ မင်းကို ကြည့်လို့ သနားတယ်။ ငါ့ကိုယ်ငါလည်း တစ်ခုခုကို ဆွဲနှစ်လိုက်သူလို ခံစားရတယ်.."
ယုယ ပြုံးလိုက်သည်။
" ဒါဟာ ဘဝပဲလေ မသက် ..ယုယရဲ့အိမ်မက်တွေက ထင်သလို မက်ခွင့်မရခဲ့ခြင်းက ကျိန်စာတစ်ခုလိုပဲ နာကျင်ရတယ်။အခု စိတ်ထဲမှာ ဘာမှ မထားတော့ ဘယ်လိုမှ မနာကျင်ရတော့ဘူး။ အခု ယုမှာ အလုပ်တစ်ခုရှိတယ် ..။ထမင်းစားနိုင်တယ်။ နေစရာလည်း ရှိနေတယ် ။ ဆေးလည်း သုံးနေနိုင်တယ် ။ယုကျေနပ်တယ်လေ မသက်ရဲ့..ဒါမှ တကယ့်ဘဝလိုပဲ ..ဟား...ဟား ...."
ယုယ ကျေနပ်စွာရယ်မောလိုက်တော့ မသက်က မနှစ်မြို့စွာခေါင်းခါလေသည်။
တကယ်တော့ မသက်က NGOဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်သူတို့အတွက် နိုင်ငံတကာမှ အထောက်အပေံ့သာ ဆေးဝါးအထောက်အပံ့တွေကို နေရာဒေသများစွာသို့ ပြန်လည် ဖြန့်ဖြူးပေးရသူ ဖြစ်သည်။ထို့ကြောင့်လည်း မူးယစ်ဆေးစွဲသူတို့အပေါ် စာနာနားလည်သည်။ထပ်တူခံစားနိုင်သူ ဖြစ်သည်။
သူမ၏ နာကျင်ဖွယ် ဘဝအစိတ်အပိုင်းတချို့က သူမ၏အိမ်ထောင်ဖက်မှ စတင်ခြင်းပင်။ တက်ကြွကြိုးစားသော မသက်၏ လန်းဆန်းမှုတွေက လူတစ်ယောက်ကို ဆွဲဆောင်နိုင်ခြင်းတွေပင်။ ထိုအထဲတွင်မှမသက်၏ ရင်ခုန်သံတို့ရွေးချယ်ခဲ့သော လူတစ်ယောက်သည် အယုံလွယ်တတ်သော မိန်းကလေးတစ်ယောက်၏ဘဝကို အညှာအတာမရှိ ခြွေ၏။ကြွေသောပန်းကို ချေ၏..
သူ့တွင် မိန်းမကြီး ရှိပါတယ်တဲ့..
ဘဝကို ရေစုန်မျှော ပစ်ချင်သည့်တိုင် သူမတွင် ကိုယ်ဝန်ရနေခဲ့လေပြီ..
သူမ၏ဘဝမှာ လင်ယောက်ျားအပေါ် အယုံအကြည်မဲ့ခဲ့သည့်တိုင် သားလေးအပေါ်မှာတော့ ပုံအပ်လို့ ချစ်ခဲ့မိသူပါ..။
Credit image
ရက်စက်သော ကံကြမ္မာသည် မသက်အတွက် လွတ်မြောက်ခွင့်မပေးခဲ့ပါ..။အခါလည်ရုံ သားလေးသည် သူမ၏ တိုက်ခန်းမီးလောင်ချိန်တွင် သေဆုံးပါသွားခဲ့လေသည်။မသက်အမျိုးသား၏မိန်းမကြီးသည် ထိုမီးလောင်မှုမှတဆင့် ယောက်ျားဖြစ်သူအကြောင်း သိသွားရာမှ ဇာတ်ရှုပ်၏ အဖြေမှာ မသက်တစ်ယောက် နှလုံးသားဒဏ်ရာတို့ တစ်သက်စာ ကျန်ရှိခဲ့ခြင်းမှ လွှဲ၍ ..ဘဝတစ်ခု၏ အိမ်မက်ဆိုးတို့ မက်ခွင့်ရခဲ့သည်မှ လွှဲ၍ ဘာဆိုဘာမှ ကန်ရှိမနေတော့သည့်အခါ ခံစားချက်တို့မှ လွတ်မြောက်ရာတစ်ခုအဖြစ် မူးယစ်ဆေးဖြင့်သာ အသက်ဆက်နေသူ တစ်ယောက် ဖြစ်ကျန်ခဲ့ရလေတော့သည်....
အပိုင်း ၈သို့
Writter>>>>>@yekungsatthone
Msc 213
နောက်ကျပေမဲ့လည်းအားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
V ခဲ့တယ် နောက်ခါ နောက်မကျနဲ့အေ😎
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြေကွဲစရာ

ဆက်လက်ကြေကွဲ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း၈ဆက်လက်အားပေးပါ့မယ်....ဖတ်လို့ကောင်းပါတယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်မှအေးအေးဆေးဆေးဖတ်မယ်နော်။အခုမအားသေးလို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ

ဇာတ်မသိမ်းသေးဘူးလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိမ်းသေးဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good

Thanks

ပို့စ်ကနောက်ကျပါတယ်ဆိုမှ Cheetah ကအရင်ရောက်နေပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဆို..

ပရိုမှီပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိတော့ဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသက်တစ်ယောက် ဘဝကလည်း သနားစရာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ဗျ

ပို့ဒ်တိုင်းလိုလို ချိတက် ရူပ်နေတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါဗျ့ာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိန်းကလေး ဆေးသုံးတာတော့မကောင်းဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝတ္ထုပါဆို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်လက်အားပေးပါအုံးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi! I am a robot. I just upvoted you! I found similar content that မသိဘူး 😂😂
မူးယစ်ဆေးတော့ မသုံးဘူး 😆😆
Cheetah ထပ်လာတယ် မထင်နဲ့နော် 😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်နေပြီဗျိုး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စကားနှစ်လုံး ဆက်သောနေရာများတွင် လုံးတူဆက်ကသတိထားသင့်ပါသည်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ္ကဲ့ပါ ဆရာ ခမ်