Credit image
ဒီတစ်ပတ်မှာတော့ ကျနော် အမြဲရေးနေကျ ဇာတ်လမ်းတွဲလေးတွေကို နားလိုက်ပါအုံးမယ်။
စိတ်ကူးလေးတွေကို ဖြန့်ကျက်ပြီး ဇာတ်ကောင်တွေကို မွေး ဇာတ်ကွက်တွေကို ဖန်တီးပြီး ဇာတ်လမ်းတွေလုပ်ရတဲ့ ကျနော်..
ကျနော့်ဇာတ်လမ်းလေးတွေကို အားပေးကြတဲ့ ချစ်တဲ့ အစ်ကို အစ်မတွေလည်း ကြာတော့ ဇာတ်လမ်းတွဲတွေ ဖတ်နေရတာ ငြီးငွေ့လာကြတော့မယ်။
အဲ့ဒီတော့ ကျနော် ဇာတ်လမ်းတွဲထဲက အချို့အကြောင်းကို ပြန်လည် ဖောက်သည်ချချင်ပါတယ်။
ကျနော်ဟာ သာမန်ထက် steemitကို အချိန်ပေးနိုင်မှု အားနည်းခဲ့သလို gpမှာလည်း ရင်းနှီးမှု အားနည်းခဲ့တာ ဝန်ခံပါတယ်။
ဒါပေမယ့် steemitဟာ စာရေးရင်းနဲ့ ဝင်ငွေရတဲ့ အလုပ်ဖြစ်လေတော့ စာရေးရတာ ကြိုက်တဲ့ ကျနော့အတွက် အကြိုက်တွေရပါတယ်။
ကျနော် စာရေးရတာ ကြိုက်ပေမယ့် ဘာရေးရမှန်း မသိဘူး။ သူများတွေရဲ့ ပိုစ့်တွေက ဗဟုသုတရစရာတွေ တွေးတော ဆင်ုခင်စရာတွေနဲ့ ပိုစ့်ကောင်းတွေအများကြီး တွေ့နေရတော့ ကျနော်က ဖျော်ဖြေရေးပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါး ရသ အချစ်ဝတ္ထုလေးတွေရေးဖို့ အကြံရသွားခဲ့တာပါ။
ဟိုတုန်းက ရေးခဲ့တာတွေက pro ပိုစ့် တင်နိုင်ရုံသက်သက် စာလုံးပြည့်ရုံသက်သက်သာ ရေးခဲ့ပေမယ့် ကျနော် ဝတ္ထုလေးတွေကိုတော့ ဇာတ်လမ်း ဇာတ်ကွက်လေးတွေ အချိတ်အဆက်မိဖို့ ဇာတ်လမ်းကောင်းလေးတွေဖြစ်ဖို့ ကြိုးစားအားထုတ်မိပါတယ်။
Credit image
ဖျော်ပြေရေးဝတ္ထု ဖြစ်သည့်တိုင် စာဖတ်သူတွေကို ဖတ်ချင်စိတ်လေးဖြစ်စေဖို့တော့ လိုတယ်လေ။
အဲ့ဒါနဲ့ ကျနော်လည်း စာအုပ်လေး ဘာလေးတွေ ရှာဖတ်ရင်း ဝတ္ထုမတိုမရှည်လေးတွေ ရေးတင်ခဲ့တာ ကျနော့ရဲ့ အားစိုက်မှုလေးတွေ ထည့်ထားမိတဲ့ ဝတ္ထုတွေက သိုဝှက်နေ့စွဲက စရမယ်ဆိုရမှာပါပဲ။
သိုဝှက်နေ့စွဲကို ရေးတဲ့အခါ ဇာတ်လမ်းဟာ စာဖတ်သူကို ပြောပြတဲ့ပုံစံမျိုးလေးနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူစိတ်ထဲ နည်းနည်းလေးပဲ ဖြစ်ဖြစ် ထိရှသွားဖို့ ကျနော် ဇာတ်ကောင်နှစ်ယောက်လုံးကို သတ်ပစ်လိုက်ပြီး ဇာတ်သိမ်းခဲ့ပါတယ်။
အချက်အလက်တွေ ဇာတ်လမ်းဇာတ်ကွက်တွေက တိုတိုနဲ့ရှင်းရှင်းဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိခဲ့ပါတယ်..
အဲ့ဒီလို ဇာတ်လမ်းတွေရေးတာက ပိုအဆင်ပြေတာ သိလာရတော့ နောက်တစ်ပုဒ်ဆက်ရေးမိပါတယ်။
နူးညံ့ရီဝေစေတတ်သော ကျိန်စာပေါ့..။
အဲ့ဒီအထဲက ဇာတ်ကောင်မင်းသမီးကို ကျနော်က အဲ့ဒီထက်ပိုပြီး နားလည်ရခက်စေချင်တာ မင်းသားက ပိုပြီး မုန်းစေချင်တာ အဲ့ဒီအရာနှစ်ခုကြားမှာ နားလည်မှုလေးတစ်ခုကနေ သူတို့ရဲ့နီးစပ်မှုကို မွေးဖွားစေချင်တာပါ။
ဒါပေမယ့် ဇာတ်လမ်းဟာ ကျနော် လိုချင်သလောက်ဆိုရင် သိပ်ပြီး ရှည်လျားသွားတော့မှာ ဖြစ်သလို အဲ့ဒီလောက်ရှည်သွားရင် ဖတ်သူလည်း ပျင်းသွားနိုင်တယ်လေ။ ကျနော်လည်း အဲ့ဒီလောက် ဆွဲဆောင်ထားနိင်ုမယ် မထင်တာကြောင့် နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွေကို သိပ်ပြီး ခင်းကျင်းမနေတော့ပဲ မြန်မြန်ဆန်ဆန်ကြီး.ဇာတ်သိမ်းပစ်လိုက်ရတော့တယ်။
အဲ့ဒီအထဲမှာလည်း မင်းသားရဲ့ အိမ်ထောင်ဖက်အတွက် နေရာမရှိပဲ နစ်မြှုပ်နေခဲ့တာတွေက ကျနော်က ဇာတ်သိမ်းကို ဘယ်လိုသိမ်းရမယ်မှန်း မသိတော့လို့ ချက်ချင်းလက်ငင်း မင်းသားကို မိန်းမကောက်ပေးစားလိုက်ရတာပါပဲဗျာ..စိတ်တော့မကောင်းဘူးပေါ့လေ..
အခု ရေးခဲ့ပြီးတဲ့ နွေရင့်နှင်းစက်ကတော့ မင်းသမီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အဆုံးအထိ ပြိုလဲပြီးမှ ပြန်လည် ထူမတ်ဖို့ဗျ။
သိပ်ပူလောင်တဲ့ နွေရာသီမှာ အေးမြတဲ့ နှင်းစက်လိုမျိုးလေးပေါ့လေ။ဇာတ်ကောင် ထင်မင်းရဲ့ ရက်စက်မှုကို ကျနော် မယုတ်မာစေချင်ဘူးဗျာ။မင်းသား ရှိုင်းရဲ့ အခန်းကဏ္ဍကလည်း နည်းနည်းလေး အားနည်းသွားလေရဲ့။
ကျနော့ရဲ့ လိုအပ်ချက်တွေကို ကျနော် ပြန်ရှာကြည့်လိုက်တာပေါ့လေ။
ကျနော်ဟာ ဆက်ပြီး ကြိုးစားနေအုံးမှာပါ.နောက်တစ်ပတ်မှာတော့ တရုတ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကျောရိုးနည်းနည်းလေး ယူထားမိပေမယ့် ကျနော့်ကိုယ်ပိုင် ဇာတ်လမ်းလေးတစ်ပုဒ်ကို အခန်းဆက် ရေးသားပါအုံးမယ်။
အားပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
Credit image
အခုကျနော့်ရဲ့ ကြိုးစားမှုလေးတွေပါဝင်တဲ့ သိုဝှက်နေ့စွဲ၊ နူးညံ့ရီဝေစေတတ်သောကျိန်စာနဲ့နွေရင့်နှင်းစက် သုံးပုဒ်ထဲမှာရော ဘယ်တစ်ပုဒ်ကို အကြိုက်ဆုံးလဲလို့ ကျနော် မေးကြည့်ချင်မိပါတယ်။
နောက်ဇာတ်လမ်းတွေမှာရော..ဇာတ်ကောင်တွေကို ဘယ်လို ဇာတ်သိမ်းမျိုးကို သဘောကျကြပါသလဲခင်မျာ..
ကျနော်က ကြိုးစားနေဆဲသူမို့ မိတ်ဆွေတွေ အတွေ့အကြုံများတဲ့အကိုအစ်မတွေဆီက နည်းပညာတွေ အကြံဉာဏ်တွေ တောင်းခံခြင်းပါ။
ကျနော် သဘောကျတဲ့ ဇာတ်လမ်းတွေကိုရေးပြီး ကျနော်ချစ်တဲ့ steemitနဲ့အတူ ကျနော် ဆက်ကြိုးစားပါအုံးမယ်။
ကျနော်လေးစားရတဲ့ အစ်ကိုအစ်တွေ အဖွဲ့သားတွေအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးနေပါတယ်ခင်ဗျား
Writter>>>>>@yekungsatthone
Msc>>>>>>213
အားလုံးထဲက တစ်ခုဆိုရင်တော့ "နူးညံ့ရီဝေစေတတ်သောကျိန်စာ" ဆိုတဲ့ဇာတ်လမ်းလေးကို အကြိုက်ဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😁😁ဟုတ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
👿👿
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သုံးပုဒ်လုံးတစ်မျိုးစီဖတ်ကောင်းပါတယ်....ဆက်အားပေးပါ့မယ်.. ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
bro ရဲ့ ပရိတ်သတ်တစ်ယောက်အဖြစ် အားပေးနေလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါတယ်အရင် ဇာတ်လမ်းတွဲတွေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါလည်းpostဖြစ်သွာပဲ
ကောင်းပါတယ်
ဆက်ရေးပါအားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာပဲဖြစ်ဖြစ်ဆက်ရေးပါ တဖြည်းဖြည်းနဲ့ဘာရေးရမယ် ဆိုတာ သိလာပါလိမ့်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ..ကြိုးစားနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုတောင် စာရေးတာ ကောင်းနေတာ ....ကြိုးစားရင်ပိုပြီး ကောင်းမှာ အသေအချာပဲ အားပေးလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်..ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ရမိသလောက်တော့ ကောင်းပါတယ်။ ပရိုဆန်ဆန် ရေးနိုင်တာ တကယ်ချီးကျူးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်လာမဲ့ ဇတ်လမ်းတွဲ လေးတွေလည်း အားပေးနေပါ့မယ်ဗျာ 😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာရေးရေး ကောင်းတယ် ချ ချ အားပေးမယ်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟု မကြိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit