ချစ်ခြင်း၏အခိုးအငွေ့များ
Credit image
ဘဝတွင်အရာရာသည် ချစ်သူကိုချစ်ခင်ရခြင်းနှင့်ပင် ပြီးပြည့်စုံပါပြီဆိုသူ၏ ရွေးချယ်မှုသည် ရယ်ချင်စရာကောင်းလွန်းနေခဲ့လေသည်။
ငယ်ကတည်းက ရုန်းကန်မှုကိုယ်စီနှင့် မျှော်လင့်ချက်ကိုယ်စီနှင့် ဘဝ၏တိုက်ပွဲထဲ တိုးဝင်ရဲခဲ့ကြသူနှစ်ယောက်၏ အဆုံးသတ်အဖြစ် အဆုံးအဖြတ်သည် ဤမျှ အပေါစားဆန်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ...
အချစ်...အချစ်...အချစ်
သူတောက်လျှောက်ရေရွတ်ခဲ့သော သူမအတွက် အားအင်တွေ ဖြစ်စေခဲ့သော ထိုစကားလုံးအားလုံးသည် ငွေဆိုသည့် သက်မဲ့ ခံစားချက်မဲ့ ရုပ်ဝတ္ထုအောက်တွင် ဤမျှ မရှု့မလှကျရှုံးသွားခဲ့ရလိမ့်မည်ဟု သူမ မထင်ခဲ့မိတာ အမှန်....
ရက်စက်သည်ဆိုတာထက်ပင် ပိုပြီးရွံစရာကောင်းနေခဲ့သော ထိုလူသားကို သူမ မုန်းသည်။နာကြည်းသည်။
ယောက်ျားတန်မဲ့ ကတိမတည်တတ်သော လျှာကို မုသားအတွက် အများအပြားအသုံးချခဲ့သော မာယာများစွာနှင့် ထိုလူသားကို သူမ သတ်ပစ်ချင်လောက်အောင်မုန်းလေသည်...
" ကိုယ်တို့နှစ်ယောက်ရဲ့ဘဝတစ်ခုကို.ထူထောင်ဖို့ ကိုယ့်မှာ ငွေအလုံအလောက်ရှိနေပြီ..ဆက်ပြီရုန်းကန်နေဖို့မလိုတော့ဘူး..သူ့ကိုလက်ထပ်တယ်ဆိုတာ ကိုယ့်အတွက်တော့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ"တဲ့
ကြည့်စမ်း ဘယ်လောက် ရွံရှာစရာကောင်းလိုက်သလဲ..
"ဟား...ဟား..ဟား...ငါ့အသားကို မထိနဲ့ ထက်ခေါင်။နင့်ကို ငါရွံတယ်.ဒါကို နင်က.ဖြတ်လမ်းစီးပွားတစ်ခုလို့ သဘောထားနိုင်ပေမယ့် ငါ့အတွက်ကတော့ နင်က ကိုယ်ကျင့်သိက္ခာတွေ စုတ်ပြတ်နေတဲ့လူပဲ။နင့်ကို ငါရွံတယ်။"
"ငါ့ကို အဲ့လို မပြောနဲ့ အလင်းမြတ်။ငါလုပ်သမျှဟာ နင့်အတွက်ရည်ရွယ်ခဲ့တာချည်းပဲ..နင့်ကိုငါ သိပ်ချစ်လို့ပဲ"
Credit image
သူမ ထက်ခေါင်၏မျက်နှာကို နာကြည်းစက်ဆုပ်ရွံရှာဖွယ်ကြည့်ပစ်လိုက်ပြီး ဟွန့်ခနဲ တစ်ချက်မဲ့ကာ ထိုနေရာမှ လှည့်ထွက်ခဲ့လိုက်သည်။ထက်ခေါင်က သူမလက်ကို လှမ်းဆွဲလိုက်တော့ သူမ ဆက်ခနဲ လက်ကို ရုတ်ပစ်လိုက်ပြီး ထက်ခေါင်မျက်နှာကိုလက်ညှိုးနဲ့ထိုးပြီး..
" နင်ငါ့ကိုပြောမယ့် စကားတွေမှန်သမျှ နင်လက်ထပ်ထားတဲ့ မိန်းမကို သွားပြော..နင်ပြောမယ့် အချစ်တွေကိုလည်း ငါမယုံဘူး။နင်ပြောမယ့် စကားတွေကိုလည်း ငါမယုံဘူး"
သူမ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုစိုက်မနေပဲ အကျယ်ကြီး အော်ဟစ်ပြောပစ်လိုက်ပြီး ခြေလှမ်းကြမ်းကြမ်းတို့ဖြင့် လှည့်ထွက်ပြေးခဲ့လိုက်လေသည်။
အလင်းမြတ်နှင့်ထက်ခေါင်ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်၏သံယောဇဉ်တစ်ခု တခန်းရပ်ခဲ့သလို သူငယ်ချင်းဘဝမှ ဆက်လက်ဖြစ်တည်ခဲ့သော ချစ်သူဆိုသည့် ချည်နှောင်မှုသည်လည်း မရှု့မလှ ကွဲအက်ပြိုပျက်ခဲ့လေတော့သည်။
အခုတော့လည်း သူမ၏ညနေခင်းတို့သည် အရောင်မွဲမွဲဖြင့် အနာဂတ်မဲ့ တည်ရှိနေပြန်လေတော့သည်။
"ဟေ့ ဟေ့ ဘာလုပ်တာလဲ"
သက်တောင့်သက်တာ မဖြစ်နိုင်သော မြင်ကွင်းကြောင့် သူ့လက်ထဲက ကင်မရာကို အိတ်ထဲ ကဗျာကယာ ပြန်ထည့်လိုက်ရင်း အော်လိုက်မိသည်။
သူ့အသံကြာင့် ဆည်းဆာရောင်အောက်တွင် အသက်ဝင်လာခဲ့သော ပန်းချီကားတစ်ချပ်နှယ်
ဖျော့တော့သော်လည်း မည်းနက်ထင်ရှားသည့် မျက်ခုံးတန်းအောက်မှ မျက်နက်ဝန်းအစုံ သွယ်လျသည့်နှာတံ ဖူးကြွနေသည့် နှုတ်ခမ်းတို့ဖြင့် ပြည့်စုံသော မျက်နှာတွင် နုမွတ်သော မျက်နှာသည် သွယ်လျမလိုနှင့် လေးထောင့်ဆန်နေပြန်လေသည်။ညနေခင်း၏ လေပြည်ညှင်းနင့် ဖွလန်ကြဲနေသော ဆံနွယ်တို့သည် ယဉ်မလိုနှင့်အရိုင်းဆန်နေပြန်လေ၏။ တီရှပ်ပွပွကြီးနှင့် ဒူးကိုကျော်နေသည့် ဂါဝန်ဖြူလွလွတို့က လေအဝေ့တွင် ကဗျာဆန်နေပြန်လေသည်။ သို့သော် သူမ၏ စိတ်ကူးတို့သည် ကဗျာဆန်နေပုံမရ..
တိုက်ခေါင်မိုးစွန်းတွင် မတ်တပ်ရပ်လျက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရုံဖြင့် သူမ၏ အသက်တွင်မနက်ဖြန်မရှိနိုင်တော့..
Credit image
သူအော်လိုက်တော့ သူ့ကို တစ်ချက်သာကြည့်ကာ ရှေ့သို့လှည့်သွားပြန်လေသည်။
သူ့စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူမရှိရာသို့ သူ သတိထားပြီး တိုးကပ်သွားလိုက်မိသည်။နှုတ်ကနေလည်း
"အသက်က ငယ်ငယ်လေးရှိသေးတာ.ဘာတွေဒီလောက် စိတ်ညစ်ဖို့ကောင်းနေလို့ ဒီလိုမျိုးကြံစည်ရတာလဲကွ။ပြဿနာတိုင်းက ဖြေရှင်းလို့ရပါတယ်။ စိတ်အေးအေးထားပြီး စဉ်းစားပါအုံးဟ.."
သူ ခြေလေးငါးလှမ်းအကွာအဝေးခန့်တွင် အက်ရှရှအသံလေးက အမိန့်ဆန်စွာ ထွက်ပေါ်လာ၏
" မလာနဲ့.."
သူ တုန့်ခနဲ ရပ်သွားမိပြီးမှ သူမ ဒီဖက်လှည့်မကြည့်တာကို သတိထားမိပြီး ခြေလှမ်းကို တရွေ့ချင်းဆက်တိုးလိုက်မိသည်..
သူမအနားရောက်ခါနီး ခြေနှစ်လှမ်းလောက်အလို သူမလက်ကို ဖမ်းဆွဲရန် သူလက်လှမ်းလိုက်သည်.
ထိုစဉ်...
အပိုင်း ၂ သို့
Writter>>>>>>@yekungsatthone
Msc>>>>>>>>213
အလင်းမြတ် ဆိုတဲ့နာမည်လေးက နန်းဆန်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ဗျာ..သူ့ပုံစံလေးလည်း နန်းဆန်ပါတယ်..😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချစ် ကကြောက်စရာကောင်းသော သတ္တ၀ါ တစ်ကောင်လိုကြားဖူးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမ်..ဟုတ်မလား မသိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလင်းမြတ်က ကောင်မလေး နာမည်လားဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တန်ခိုးကြီးသောအချစ်ဆက်ဖတ်ပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်းဆက်ပြန်ရေးပြီလားညီ
အားပေးနေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပြန်ရေးပါပြီ bro..အားပေးပါအုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်မလေးကို ပြုတ်မကျသွားစေနဲ့နော်... အပိုင်း (၂) ဆက်အားပေးမယ် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်လက်အားပေးပါဗျာ..သိရမှာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါကနောက်ဝတ္ထုရှည်တစ်ပုဒ်ပေါ့
အပိုင်း၂ဆက်အားပေးပါ့မယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ...

နောက်ထပ်ဇာတ်လမ်းကောင်းတစ်ပုဒ် ဖတ်ရတော့မှာပေါ့။စကားလုံးရွေးချယ်တာ အဆင့်အတန်း မြင့်တယ်။တကယ်ေ ပြာတာ ပါရမီရှင်လက်ရာ။အခန်းကူးတာ မလောနဲ့ညီ။အားပေးနေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် bro.သိပ်ဆွဲဆောင်နေရင် ငြီးငွေ့သွားမှာစိုးလို့ ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Ok တယ်ဗျ ဝထ္ထုရှည် ရေးနိုင်တဲ့စွမ်းအားမသေးဘူးနော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ..စာတိုတွေဆို ရေးစရာရှာနေရလွန်းလို့လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ဖတ်ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ

စောင့်လျှက်ပါဗျာ 😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း(၁)မှာတင် ဇာတ်လမ်းကပရိသတ်ကို စွဲဆောင်ဖမ်းစားထားနိုင်ပါပြီခင်ဗျာ။ကောင်းလှပါ၏။နောက်အပိုင်းဆက်အားပေးမယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ..အားပေးတာကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ ဇာတ်လမ်းအစလေးကတော့ စိတ်ဝင်စားသွားပီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ပိုင်းတွေကိုလည်း ကြိုးစားရေးနေပါတယ်ဗျ