#ဝိညာဉ် ကလဲ့စား
…………………………
အပိုင်း (၁)
အု့..အု့..ဝူ့..ဝူးးးး။
စူးစူးဝါးဝါး ခွေအော်သံများကညဥ့်နက်လွန်း
တဲ့အချိန်အခါကို အကျည်းတန်ရုပ်ဆိုးစေ
ပြီ။တော်ရုံလူအဖို့လိပ်ပြာပါလွင့်သွားနိုင်တယ်။
မိုးစက်များကတသောသောနဲ့အဆက်မပျက်
ရွာသွန်းနေသလို တစ်ချက်တစ်ချက် ကျယ်
လောင်လွန်းတဲ့မိုးခြိမ်းသံကလည်း ထိန့်လန့်
ခြောက်ချားဖွယ်ရာ။လျှပ်စီးအလင်းရောင်
အားအမှီပြု၍သွက်လက်သောခြေလှမ်းများ
နဲ့ သချိုင်္င်းအပျက်ကြီး ဆီသို့ ။
ထိုလူ နှစ်ဦးသယ်ဆောင်လာသော
အမဲရောင်အိတ်နဲ့ ထုတ်စည်းထားတဲ့ အရာ
တစ်ခုအား မြေပြင်ပေါ်ချကာ
နိုင်ကြီး ဘယ်လိုဆက်လုပ်ကြမလဲ
ဘယ်လိုလုပ်ရမလဲ ဂူတွေကြားထဲမှာပဲ ပစ်ထားခဲ့လိုက်မယ် ကျော်ထင် ရာ မိုးကလည်းအရမ်းရွာနေတာ ဘယ်သူ့မှမသိပါဘူး
အင်..မင်းအကြံမဆိုးပါဘူး ဒါဆိုလဲ ပြန်ကြတာပေါ့
နိုင်ကြီးနဲ့ကျော်ထင် ဆိုတာက ဒီရွှာကလေး
ရဲ့ မရှိမဖြစ်လိုအပ်တဲ့လူနှစ်ယောက်လို့ပဲ
ပြောရမှာပဲ၊အသောက်အစားကင်းသလိုမိန်း
မကိစ္စတွေလဲအရှူပ်အရှင်းမရှိ၊ရက်ရွှာအ
ကျိုးကို အချိန်အခါမရွေးပဲ တတ်တတ်ကြွ
ကြွ အမြဲကူညီဆောင်ရွက်ပေးတဲ့ လူနှစ်ဦး
ဖြစ်တာကြောင့်၊ရွှာရဲ့ချစ်ခင်မူ့ကိုလဲရထား
ကြတာပေါ့။
အမဲရောင်အိတ်ကို အောက်ကိုပစ်ချလိုက်ပြီး ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်ရာ အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်နေသည်။
လေတစ်ချက်မတိုက်ပဲ ရွာချထားတဲ့ မိုးစက်မိုးပေါက်တွေကြောင့် နိုင်ကြီးနဲ့ ကျော်ထင်တို့ရဲ့ တစ်ကိုယ်လုံး မိုးရေတွေနဲ့စိုရွှဲနေလေတော့သည်။
``ကဲ အချိန်ဆွဲမနေနဲ့ မြန်မြန်လုပ်ကြရအောင်´´
နိုင်ကြီးပြောလိုက်တဲ့စကားကြောင့် ကျော်ထင်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားသည်။
``မင်းဟာကလည်း ဘာလုပ်မှာတုန်းဟ ဒီကသေနေပြီလေ´´
``ဟာ ဟေ့ကောင် ငါကဘာပြောမိလို့တုန်း´´
``သိဘူးလေ သေတာကမိန်းကလေးဆိုတော့ တစ်ခုခုလုပ်မလို့လားလို့ ဟီးးး´´
``မင်းကလည်းတစ်မှောင့် ဂူကြားထဲကချုံထဲကို ပစ်ထည့်မယ်လို့ပြောတာလေ´´
``သြော် အေးအေး´´
နှစ်ယောက်သား မနိုင်တနိုင်နဲ့ လူသေထည့်ထားသော အိတ်အမဲကြီးကို ဂူကြားထဲကိုလွှင့်ပစ်မလို့ မလိုက်စဉ်…………
`` ဂျုန်းးး ဂျုန်းး´´
ရုတ်တစ်ရက်ချိန်းလိုက်တဲ့ မိုးချိန်းသံကြောင့် လက်တွေတောင် ကတုန်ကာင်ဖြစ်သွားတယ်။
``နေအုံးဟ ဒီနားကဂူတစ်လုံးက ပွင့်နေတယ် အဆင်သင့်ပဲဟ´´
နိုင်ကြီးပြောလိုက်တာကြောင့် ကျော်ထင်လည်း အနားကိုကြည့်လိုက်ရာ ဂူတစ်လုံးကို ဘယ်သူလက်ကမျင်းထားတာလဲမသိ အပေါက်ကြီးပေါက်ပြီး ဟာလာဟင်းလင်းကြီးဖြစ်နေတယ်။
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။
သယ်လာသော အိတ်အမဲကြီးကို ပွင့်နေသောဂူထဲသို့ထိုးထည့်ပြီး အနားမှာရှိသော အုတ်ခဲမြေကြီးများဖြင့် ပိတ်ဆို့ထားလိုက်လေတော့သည်။
``ဟူးးးးတော်သေးတယ် ခုမှပဲစိတ်အေးရတော့တယ် ၊ ကဲ ပြန်ကြရအောင် နောက်ကျနေပြီ´´
ကိစ္စပြီးပြီမို့ နှစ်ယောက်သား ပြန်ဖို့ဟန်ပြင်လိုက်စဉ် ဂူပေါက်မှ အုတ်ခဲတစ်လုံးသည် လေမတိုက် ကြွက်မတိုးပဲနဲ့ `ဘုတ်´ကနဲ အသံနှင့်အတူ ပြုတ်ကျလာလေတော့သည်။
နိုင်ကြီးနဲ့ကျော်ထင်တို့လည်း နောက်ကိုလှည့်မကြည့်တော့ပဲ ရွာအပြန်လမ်းသို့ သုတ်ခြေတင်ပြေးသွားကြလေတော့သည်။
အပိုင်း ၂
``ညက ရွာထဲက ကောင်မလေးတစ်ယောက် ပျောက်နေတယ်ပြောတယ် ခုချိန်ထိ အဆက်အသွယ်လည်းမရသေးဘူး´´
``လင်နောက်လိုက်တာနေမှာပေါ့ အပျိုအရွယ်ဆိုတော့ ´´
``ဒါမှမဟုတ်ရင် ရည်းစားနဲ့ချိန်းတွေ့ရင်း မြွေကိုက်လို့သေသွားတာလားမသိဘူး´´
``ဟာ မင်းကလည်း မြွေတော့မကိုက်လောက်ဘူး ၊ စကားပြောတာအဆင်မပြေလို့ ခြေလွန်လက်လွန်တွေ ဖြစ်သွားရင် သေတာဖြစ်ရမယ်´´
ရွာရဲ့ထုံးစံအတိုင်း လူတစ်ယောက်ပျောက်သွားပြီဆိုတာနဲ့ ကိုယ်ထင်ရာမြင်ရာ ပြောတတ်တဲ့အကျင့်က ခုထိမပျောက်သေး ၊ တစ်ချို့ဆိုရင် ကိုယ်အားသန်ရာကိုတောင် ပြောတတ်ကြသေးတယ်။
``ဟေ့ကောင်တွေ အဲဒလိုပြောနေမယ့်အစား လိုက်ရှာကြပါလား ၊ ထိုင်ရာကမထပဲ လေကန်နေတော့ ဘာထူးမှာလဲ´´
စကားဝိုင်းထဲကို ဝင်လာတာက ရွာလူကြီး ဦးသာဒင် ၊ ဒီနယ်တစ်ဝိုက်မှာတော့ ဦးသာဒင်ကို မသိတဲ့သူခပ်ရှားရှား ၊ ဦးသာဒင်ရောက်လာပြီဆိုရင် ရွာထဲကခွေးကအစ သိပ်မဟောင်ရဲ ၊ ခုလည်း ရွာလူကြီးရောက်လာပြီဆိုကတည်းက စောစောက ဝေဖန်သံတွေ တီးတိုးသံတွေ ဘယ်တွေရောက်ကုန်မှန်းမသိလောက်အောင် ငြိမ်သက်သားကောင်းနေလေတော့သည်။
``လိုက်ရှာတာပဲ မတွေ့တာတော့မတတ်နိုင်ဘူးသူကြီး´´
လူငယ်တွေပြောတာလည်း ဟုတ်နေတာပဲလေ ၊ ဒီနေ့နဲ့ဆို ရှာနေတာ နှစ်ရက်ပြည့်တော့မယ် ဘာမှထူးခြားမှုကမတွေ့သေးပေ။
ကောင်မလေးရဲ့မိဘတွေမှာလည်း ငိုထားလွန်းလို့ မျက်နှာတွေလည်း မို့အစ်နေပြီ။
သမီးတစ်ယောက်ပျောက်သွားတာ သတင်းအစအနတောင်မရတဲ့အတွက်လည်း တစ်ရွာလုံးလည်း ထပ်တူဝမ်းနည်းရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ချေ။
``ဒါနဲ့ နိုင်ကြီးနဲ့ ကျော်ထင်တို့ကော´´
မျက်လုံးကစားရင်း မေးလိုက်တဲ့ သူကြီးဦးသာဒင်စကားကြောင့် ရွာကလူငယ်တွေလည်း တောကြည့်တောင်ကြည့်နဲ့ လိုက်ရှာနေကြတယ်။
``ရွာထဲ အသွားအလာ မတွေ့ဘူး ၊ အလုပ်မအားကြလို့နဲ့တူတယ်´´
``မဟုတ်သေးပါဘူး ရွာထဲရပ်ထဲ အလုပ်လုပ်ပြီဆိုတာနဲ့ သူတို့ကရှေ့ဆုံးကလေ ၊ ခု ဒီမှာ အရေးတကြီးဖြစ်နေတာတောင် မသိကြတာလားမသိဘူး´´
သူကြီးဦးသာဒင်ပြောမှပဲ လူငယ်တွေလည်းသတိထားမိကြတော့တယ်။ နိုင်ကြီးနဲ့ကျော်ထင် ဘာကြောင့်ငြိမ်သက်သားကောင်းနေကြတာလဲ ၊ ခေါင်းထဲမှာအတွေးပေါင်းမြောက်များစွာနဲ့ စဉ်းစားရင်း စောစောကဆူညံနေတဲ့ရွာလယ်လမ်းမကြီး ခုတော့ သစ်ရွက်ကြွေသံတောင်မကြားမိတော့လောက်အောင် ပို၍တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
အပိုင်း (၃)
``အူ အူ အူးးးးးးး´´ ညဥ့်နက်နက်မှာ အူလိုက်တဲ့ ခွေးအူသံတွေကြောင့် တစ်ရွာလုံးကလူတွေ ကြောက်လန့်နေကြလေတော့သည်။
ထိုစဉ် ရွာလယ်လမ်းမကြီးကို ကိုယ်ပိုင်လမ်းလိုသဘောထားပြီး ဒယီးဒယိုင်နဲ့ လျှောက်လှမ်းလာတဲ့ အမူးသမားနှစ်ယောက် ၊ ထိုသူတို့ကား ရွာစွန်နားက ချက်ကြီးတို့ ညီအစ်ကိုနှစ်ယောက်ဖြစ်လေသည်။
``စိတ်ညစ်လို့ အရက်သောက်တယ် ၊ အရက်သောက်တော့ စိတ်ပြေတယ် ၊ ခေါင်းမှာတော့ ချာချာလည် ´´
``အစ်ကိုကြီးးး မင်းဆိုတာမဟုတ်သေးဘူးးး´´
``ဟေ ငါက (အေ့ အေ့ ) ဘယ်လိုဆိုရမှာတုန်းဟ´´
``စိတ်ညစ်လို့ အရက်သောက်တာ မဟုတ်ဘူးလေဗျာ ၊ စိတ်ချမ်းသာလို့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အရက်သောက်ကြတာလေ´´
``ဒါဆို ပြောင်းဆိုကွာ စိတ်ချမ်းသာလို့ အရက်သောက်တယ် ၊ အရက်သောက်တော့ စိတ်ပျော်တယ် ၊ ခေါင်းမှာတော့ ချာချာလည်´´
ညီအစ်ကိုနှစ်ယောက် အရက်ပုလင်းကို ကိုယ်စီကိုင်ရင်း ဒယီးဒယိုင်နဲ့ လမ်းလျှောက်လာလို့မှ မကြာလိုက် အနားကလှုပ်ခတ်သွားသော သစ်ပင်က အရွက်တွေကြောင့် ချမ်းစိမ့်စိမ့်တောင်ဖြစ်သွားတယ်။
``အေးလိုက်တာ အမလေးးးးး´´
ချက်ကြီးမှ ချမ်းအေးတဲ့ပုံစံကိုလုပ်ပြပြီး လမ်းဆက်လျှောက်ပေမယ့် နောက်က ကိုင်ထားသော လက်တစ်စုံကြောင့် စိတ်ထဲ ကသိကအောက်ဖြစ်သွားမိတယ်။
``ငါ့ပုခုံးကို မကိုင်နဲ့လေကွာ ၊ ရတယ် ရတယ် ငါမမူးသေးဘူးးးးဒီမှာကြည့် လမ်းလျှောက်တာ ဒယီးဒယိုင်မဖြစ်ဘူး ဟီးးးဟီးးး´´
ချက်ကြီးကပြောလည်းပြော ပုခုံးပေါ်မှာတင်ထားသော လက်တစ်စုံကို ဖယ်မလို့ ကိုင်လိုက်စဉ်။
``ဟဟ ချက်ဖောင်းးးးညီလေးးးးးးးတစ်သက်နဲ့တစ်ကိုယ် မင်းလက်တွေကတအားကြမ်းတာ ၊ ခုကျတော့လည်း နူးညံ့နေပါလားဟေ မိန်းကလေးလက်ကျနေတာပဲ´´
ပုခုံးပေါ်ကလက်ကို ကိုင်ရင်း မျက်စိစုံမှိတ်နေသော ချက်ကြီးကြောင့် ၊ ဘေးနားမှာရပ်နေသော ညီဖြစ်သူချက်ဖောင်းရဲ့ မျက်နှာမှာတော့ ဆယ်နှစ်စာအိုစာသွားသလိုပင်။
ပါးစပ်ကထုတ်ပြောချင်ပေမယ့်လည်း စကားလုံးတွေက ထွက်မလာ ၊ ဘယ်လိုမှကြံရာမရတဲ့အဆုံး အရက်ပုလင်းတောင်မကိုင်နိုင်တော့ပဲ တစ်ချိုးတည်း လစ်ပြေးသွားလေတော့သည်။
ညီဖြစ်သူ ထွပ်ပြေးသွားတာတောင် အစ်ကိုဖြစ်သူကမရိပ်မိသေးးးး ပုခုံးပေါ်ကလက်ကို ကိုင်လို့ကောင်းနေတုန်း။
``အစ်ကို ´´
နားနားကိုကပ်ပြီး ခပ်တိုးတိုးလေးပြောလိုက်တဲ့အသံကြောင့် ကိုယ့်နားတွေတောင် မယုံချင်သလို ၊ အစ်ကိုလို့ခေါ်တဲ့အသံက တကယ့်ကိုမှ မိန်းကလေးအသံ ၊ စိတ်ထဲမသင်္ကာတာနဲ့ နောက်ကိုဆက်ကနဲ လှည့်ကြည့်လိုက်ရာ
``အားးး´´
အသံနက်ကြီးကိုသာအော်ပြီး ခွေကနဲလဲကျသွားလေတော့သည်။ ချက်ကြီးလဲကျသွားပေမယ့် ဆံပင်ရှည်များဖြင့် မျက်နှာကိုအုပ်မိုးထားသော ကောင်မလေးမှ စကားပြောမပြတ်သေးပေ။
``အစ်ကို ညီမချမ်းနေလို့ပါ ၊ စောင်လေးတစ်ထည်လောက် ပေးကြပါနော် အီးးဟီးးးဟီးးး´´
ထိုငိုပြီး ပြောလိုက်တဲ့ စကားသံလေးသည် သစ်ပင်ပေါ်အိပ်တန်းတတ်နေသော ငှက်တွေအဖို့ အလန့်တစ်ကြားဖြစ်စေသွားမိတာတော့ အမှန်ပင်ဖြစ်၍နေလေတော့သည်။
အပိုင်း( ၄)
ညကအဖြစ်အပျက်ကြောင့် တစ်ရွာလုံးပိုပြီး ထိတ်လန့်နေတော့သည်။
ချက်ကြီးလည်း ကံကောင်းလို့မသေပေမယ့် ခုချိန်ထိတော့ သတိကောင်းကောင်းမရသေး ၊ စောင်တစ်ထည်ကို လက်မှာကိုင်ပြီး ပါးစပ်မှလည်း °°သူ့ကိုပေးရမယ် သူချမ်းနေတယ် တအားကိုချမ်းနေတာ°° ဟု တတွတ်တွတ် အော်ဟစ်နေလေတော့သည်။
``ချက်ဖောင်း မင်းမြင်ခဲ့တဲ့ကောင်မလေးက ပျောက်နေတဲ့ ယွန်းဆ်ုတာ သေချာရဲ့လားး´´
``သေချာတာပေါ့သူကြီးရယ် သူမှသူအစစ် ခုပြန်တွေးမိတိုင်း ကြောက်နေတုန်းပဲ´´
``ဒါဆိုရင် ယွန်းသေပြီဆိုတာ သေချာသလောက်ဖြစ်နေပြီ´´
``ဟုတ်တယ်သူကြီး သေတာကတော့သေချာနေပြီ ၊ ဘာကြောင့်သေတယ်ဆိုတာရယ် သူ့အလောင်းကဘယ်မှာလဲဆိုတာရယ်ကို သေချာသိဖို့ပဲလိုတော့တယ်´´
``နိုင်ကြီးနဲ့ ကျော်ထင် ခဏလာကြအုံးကွာ´´
ရွာထဲကလူငယ်များနှင့် သူကြီးဦးသာဒင်တို့ စကားကောင်းနေစဉ် ရွာထဲ လမ်းလျှောက်လာကြသော နိုင်ကြီးနဲ့ကျော်ထင်ကို သူကြီးမှ လှမ်းခေါ်လိုက်လေသည်။
``ခုရက်ပိုင်း ဘယ်ပျောက်နေကြတာလဲ မတွေ့မိသလိုပဲ´´
သူကြီးဦးသာဒင်စကားကြောင့် နိုင်ကြီးနဲ့ကျော်ထင်တို့ရဲ့ မျက်နှာတွေ သိသိသာသာ ပျက်ယွင်းသွားကြလေတော့သည်။
`ကျွန်တော်တို့လည်း စီးပွားရေးအခြေအနေကြောင့် အပြင်ထွက်နေရတာပါသူကြီး´´
``အေး အေး အလုပ်လည်းကြိုးစားတာတော့ ကြိုးစားတာပေါ့ကွာ ၊ ရွာကသတင်းလေးတွေလည်း ပြန်နားထောင်ကြအုံး´´
``ကျွန်တော်တို့လည်း ကြားပါတယ် ၊ ဒါကြောင့်လည်း သေချာသိရအောင် လူငယ်တွေနဲ့ပေါင်းပြီး ဖော်ထုတ်ပေးသွားမှာပါ´´
နိုင်ကြီးနဲ့ ကျော်ထင်တို့စကားကြောင့် ရွာကကာလသားတွေလည်း အားတတ်သွားကြလေတော့သည်။
နိုင်ကြီးနဲ့ကျော်ထင်လည်း သူကြီးမေးလို့သာဖြေလိုက်ရတာ နဖူးစမှာ ချွေးစတွေကပြည့်နှက်နေသည်။
အပြန်လမ်းတစ်လျှောက်လုံးမှာလည်း သူကြီးဦးသာဒင်ရဲ့စကားသံက နားထဲကမထွက်ပေ။
``နိုင်ကြီး ´´
``ဟေ´´
``ငါတို့တော့ ရူးချင်လာပြီကွာ ၊ သူကြီးဦးသာဒင်ကလည်း ခပ်တည်တည်နဲ့မေးနေတာ´´
``ထားလိုက်ပါကွာ အမှုမှန်ပေါ်တော့လည်း ဖြောင့်ချက်ပေးလိုက်ရုံပေါ့´´
နိုင်ကြီးနဲ့ကျော်ထင်လည်း နဖူးမှာကပ်ငြိနေတဲ့ချွေးစတွေကို လက်တစ်ဖက်ဖြင့်သုတ်ရင်း လွန်ခဲ့သော ညတစ်ညဆီကို အတွေးစတွေ လွှင့်ပျံရောက်ရှိသွားလေတော့သည်။
အပိုင်း (၅)
အဲဒီနေ့ည ဘယ်လိုမှမေ့လို့မရတဲ့ညတညဆိုရင်လည်းမမှားဘူး ၊ ရွာရဲ့ အားထားရတဲ့ နိုင်ကြီးနဲ့ကျော်ထင်ဆိုတာက သူကြီးဦးသာဒင်ရဲ့ တပည့်တစ်ပန်းတွေ ၊ ရွာထဲကိစ္စရှိလာတိုင်း သူတို့နှစ်ယောက်ကိုခေါ်ပြီး တိုင်ပင်နေကြ၊ အဲဒီနေ့ညက နိုင်ကြီးနဲ့ကျော်ထင်လည်း ရွာထဲကအကြောင်းကိစ္စတစ်ခုကို တိုင်ပစ်စရာရှိတာနဲ့ သူကြီးဦးသာဒင်ရဲ့အိမ်ကိုအသွား အိမ်ပေါ်မှကြားလိုက်ရတဲ့ အသံကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေတောင် ရပ်တန့်သွားကုန်တယ်။
``ဟျောင့် မိန်းကလေးတစ်ယောက်ရဲ့အသံပါလား ဘာဖြစ်တာလဲမသိဘူး´´
ခြေသံကိုခပ်ဖွဖွနင်းပြီး အိမ်နားကို အသာအယာ ချဉ်းကပ်လာမိတယ်။
ဒီည ဟိုဘက်ရွာမှာ ဘုရားပွဲရှိတဲ့အတွက်ကြောင့် သူကြီးရဲ့ မိသားစုတွေ တစ်ယောက်မှမရှိကြဘူး။
``နင်တို့မိသားစု ယူထားတဲ့အကြွေး ဒီတစ်သက်ဆပ်တာတောင် မကြေဘူး ´´
``ဟုတ်ပါတယ်သူကြီး ခုလည်း အမေနေမကောင်းလို့ ငွေထပ်ချေးတာပါ ၊ ပြီးမှ အတိုးရောအရင်းပါ ပေါင်းစပ်ပါ့မယ်´´
အိမ်အပေါ်ထပ်မှာ သူကြီးနဲ့ ရွာထဲက မိန်းမပျိုတစ်ယောက် စကားပြောသံတွေက ခပ်တိုးတိုးပြောနေတယ်ဆိုပေမယ့် အိမ်အောက်ကနားထောင်ရင်တော့ သဲသဲကွဲကွဲတော့ ကြားနေမိသည်။
``ပြီးမှ အတိုးရောအရင်းပါပေါင်းစပ်မယ်ဟုတ်လား ၊ အရင်ယူထားတဲ့အကြွေးတွေတောင် လကျော်လို့ နှစ်ပိုင်ထဲတောင်ရောက်နေပြီ´´
``တောင်းပန်ပါတယ် သူကြီးရယ် ခုလေးတင် အမေအမောဖောက်လို့ ရုတ်တစ်ရက်ငွေလိုလာလို့ အားကိုးစရာဆိုလို့ သူကြီးအိမ်ပြေးလာမိတာပါ´´
အိမ်အောက်ကနေ ကြားရတဲ့စကားသံတွေက စိတ်မကောင်းစရာ ၊ သူကြီးကလည်း ဘာဖြစ်လို့ စကားတွေရှည်နေတာလဲမသိဘူး ၊ ညဥ့်ကလည်းနက်နေပြီ ၊ ပြီးတော့ ကောင်မလေးကတစ်ယောက်တည်း ၊ သူကြီးကလည်းတစ်ယောက်တည်း၊ ဟူးးမလွယ်ပါလား။
``ကျော်ထင် မင်းမှာ ပိုက်ဆံဘယ်လောက်ပါလဲ ´´
``သိပ်အများကြီးတော့ မပါဘူး´´
``ရော့ ငါ့မှာပါတဲ့ပိုက်ဆံ ၊ ယူသွားပြီး ဆရာဝန်သွားပင့်ရအောင် ၊ ဒီမှာက ပိုက်ဆံချေးရလို့ ပြန်မယ်ဆိုရင်တောင် ကောင်မလေူအမေက အသက်မှီချင်မှမှီတော့မှာ´´
နိုင်ကြီးလည်း ပိုက်ဆံကိုယူပြီး ရွာထဲကို အပြေးအလွှားထွက်သွားပြီး ဆရာဝန်ကို သွားပင့်ပေမယ့် ကျော်ထင်ကတော့ ဒီကအခြေအနေကို စောင့်ကြည့်ရပေအုံးမည်။
အိမ်အပေါ်ထပ်ကိုတတ်ပြီး ကောင်မလေးကို ပြောချင်ပေမယ့် သူကြီးဦးသာဒင်ကိုကြောက်တဲ့စိတ်ကြောင့် အိမ်ပေါ်ကို မတတ်ရဲ ၊ ငယ်ငယ်ကတည်းက ရှိခဲ့ဖူးတဲ့ကျေးဇူးတွေကြောင့် ကျေးဇူးရှင်ကို စိတ်ထဲကတောင် မပြစ်မှားဖူးရဲပေ။
``ဒီမှာ မိန်းကလေး ခုလာချေးတဲ့ ပိုက်ဆံ ငါပေးလိုက်မယ် ဟုတ်ပြီလား´´
``ကျေးဇူးတင်လိုက်ရာ သူကြီးရယ် ´´
ပိုက်ဆံချေးလိုက်မယ်ဆိုသော သူကြီးစကားကြောင့် ကောင်မလေးရင်ထဲ ဘယ်လောက်ဝမ်းသာသွားမလဲဆိုတာ ကျော်ထင် ကိုယ်ချင်းစာမိတယ်။
ကျေးဇူးတရားရှိလိုက်တဲ့ သူကြီးပါလားလို့လဲ စိတ်ထဲ အထပ်ထပ်အခါခါ ဝမ်းသာကြည်နူးမိနေတယ်။
``ကျေးဇူးတင်မစောနဲ့အုံး ခုငါပေးလိုက်တဲ့ ပိုက်ဆံရယ် ဟိုးအရင်ကချေးထားတဲ့ပိုက်ဆံတွေရယ်ကို ငါ့ကိုပြန်မပေးနဲ့ ဟုတ်ပြီလား ၊ ဒါပေမယ့် ငါလိုချင်တာ တစ်ခုတော့ ဖြည့်ဆည်းပေး´´
``ရှင် သူကြီးက ကျမဆီက ဘာများလိုချင်လို့လဲဟင်´´
``ငါလိုချင်တာ က´´
စကားသံတောင်မဆုံးလိုက် အိမ်ပေါ်ထပ်မှာ ဝုန်းဒိုင်းဆန်သွားတယ်။
``တောင်းပန်ပါတယ် သူကြီးရယ် အဲဒလိုမလုပ်ပါနဲ့ အကြွေးကို ကျေအောင်ဆပ်ပါ့မဟ်´´
ကောင်မလေးက ဘယ်လောက်ပဲ တောင်းပန် တောင်းပန် ကျားတစ်ကောင်လို မာန်ဟုန်းပြင်းနေတဲ့ လူကို ဘယ်လိုမှ တားဆီးနိုင်လိမ့်မယ်မထင်။
အိမ်အောက်ထပ်မှာနေသော ကျော်ထင်လည်း တစ်သက်လုံးလေးစားကြည်ညိုခဲ့ရသော သူကြီးမှ ဒီလိုအလုပ်မျိုး လုပ်လာတဲ့အခါမှာတော့ အနားမှာချထားသော တုတ်ကို လက်ကကိုင်ပြီး အိမ်ပေါ်ကိုတတ်မည်အလုပ် လှေခါးမှ တဒုန်းဒုန်းမည်သံကြီးဖြင့် လိမ့်ဆင်းလာသောအရာကြောင့် မှောင်ရိပ်ထဲ ခဏဝင်ပုန်းနေမိလိုက်တယ်။
``သေသေ ငါ့ဆီက အကြွေးကိုလည်းယူသေးတယ် ငါလိုချင်တာကျတော့ မပေးဘူး ´´
အိမ်ပေါ်ကနေ ဓားတစ်ချောင်းကိုကိုင်ပြီး ပြောနေတဲ့ သူကြီးကို ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ တွေ့လိုက်ရတယ်။
ကျော်ထင်လည်း ကောင်မလေးအနားကို သွားကြည့်တော့ ရင်ဝမှာ ဓားတန်းလန်းနဲ့သေဆုံးနေတယ်။
အရှက်ကို အသက်နဲ့လဲသွားတယ်ထင်တယ်။
``ဟျောင့် ကျော်ထင် မင်း မင်း ဘဟ်ချိန်ကတည်းက ရောက်နေတာလဲ´´
``ခုမှရောက်တာပါ သူကြီး ´´
ဒီအချိန်က သူ့လက်ထဲမှာက ဓားနဲ့ ၊ ငယ်ငယ်ကတည်းကြောက်ရသူမို့ စကားသံတွေတောင် ဘာတွေပြောမိမှန်းမသိတော့ပေ။
``ငါ့ကိုကယ်ပါအုံးကွာ သူ့ဟာသူ ထိုးမိတာကွ´´
သူကြီးစကားကို မပယ်ချမိပဲ ကျော်ထင်လည်း ချော်လဲရောထိုင်လုပ်မိသွားတယ်။
``သူကြီး ဘာမှစိတ်မပူနဲ့ ဒီကိစ္စကို ကျွန်တော်ရှင်းလိုက်ပါ့မယ်´´
သူကြီးနဲ့ အပြန်အလှန်ပြောနေစဉ် နိုင်ကြီးပြန်ရောက်လာရာ ၊ အခြေအနေမှာ မျှော်မှန်းထားသလိုဖြစ်မလာ၍ ပါးစပ်အဟောင်းသားဖြစ်နေစဉ် နိုင်ကြီးနားလည်စေရန် အကုန်ရှင်းပြလိုက်ရသည်။
``ဒါဆို ဘယ်လိုလုပ်မလဲ ဒီအလောင်းကို´´
သိပ်ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ အိမ်အောက်မှာတွေ့သော အဝတ်စတစ်ခုဖြင့် အလောင်းကို သေချာထုတ်ပိုးပြီး ရွာစွန်က သုဿာန်ဆီသို့သာ ဦးတည်သွားမိလေတော့သည်။
နောက်မှာကျန်ခဲ့သော သူကြီးဦးသာဒင်ကတော့ ဟန်မပြတ် အိမ်မှာနေပေးရုံသာ။
အဲဒလိုနဲ့ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင်း နိုင်ကြီးနဲ့ကျော်ထင်မှာ ဇောချွေးပြန်နေခြင်းဖြစ်သည်။
အပိုင်း (၆)
``သူကြီးဦးသာဒင်အိမ်ဆိုတာ ဒီအိမ်လားမသိဘူး´´
အိမ်ရှေ့မှအသံကြောင့် သူကြီးဦးသာဒင်လည်း ခေါင်းလေးစောင်းပြီး လှမ်းကြည့်လိုက်ရာ မြို့မှလာသော ဒုရဲအုပ် ဘသောင်းဖြစ်၍နေလေတော့သည်။
သူကြီးဦးသာဒင်လည်း မျက်နှာကို မရိပ်မိအောင် ဣနြေ္ဒဆည်လိုက်ရင်း ။
``ဟာ ဆရာလေးတို့ပါလား အိမ်ပေါ်တတ်ခဲ့ကြလေ´´
သူကြီးရဲ့ဖိတ်ကြားမှုကြောင့် ဒုရဲအုပ်ဘသောင်းလည်း အိမ်ပေါ်ထပ်သို့တတ်လာရင်း ဘုရားခန်းကိုကြည့်မိရင်း တစ်ချက်ပြုံးလိုက်မိသည်။
``ဆရာလေး ဘာကိစ္စရှိလို့လဲ´´
``တခြားတော့မဟုတ်ပါဘူး ဟိုအရင်ရက်က သေဆုံးသွားတဲ့ မိန်းကလေးအလောင်းကို ပြန်တွေ့လို့ သူကြီးကိုလာပြောတာပါ´´
``ဟာ ဟုတ်လား ဒီကိစ္စက ဆရာလေးတို့ပါမှပဲ ပြီးစီးမှာပါ ကျေးဇူးတင်ပါတယ်ဗျာ´´
``သြော် ဒါနဲ့ သူကြီးက နေ့တိုင်း ပုတီးစိပ်တယ်နော်´´
``ဆရာလေးရယ် အသက်အရွယ်ကကြီးလာတော့ ဘုရားတရားလိုက်စားရမယ်လေ ၊ ဒီအချိန်မှာမှ ကိုသိုလ်ကောင်းမှုမရှိရင် ကိုယ့်အတွက် ဘာမှပါမှာမဟုတ်ဘူးလေ´´
``ဟုတ်ပါတယ်သူကြီး ၊ ဒါနဲ့ ပုတီးက ပြန်ပြင်ထားတာလား ´´
``ဘာဖြစ်လို့လဲ ဆရာလေး´´
``ကျွန်တော်လှမ်းကြည့်တာ ပုတီးတစ်လုံးလျော့နေသလားလို့´´
သူကြီးဦးသာဒင်မျက်နှာ ကွက်ခနဲပျက်သွားပေမယ့် အလျှင်အမြန် မျက်နှာကိုပြန်ထိန်းလိုက်တာကို လျှင်မြန်သော မျက်လုံးအစုံက အလိုလိုမြင်မိသွားသည်။
``သြော် ဟိုတနေ့က အိမ်ကမြေးလေးလေဗျာ ယူဆော့တာ ပြုတ်ကျသွားလို့ ပြန်တပ်ထားပေမယ့် တစ်လုံးက ရှာလို့မတွေ့ပါဘူးဗျာ´´
``ဒီအလုံးလားသူကြီး´´
ဒုရဲအုပ်ဘသောင်းလည်း လက်ထဲမှာကိုင်ထားသော ပုတီးစေ့တစ်လုံးကို မြှောက်ပြလိုက်ရာ သူကြီးဦးသာဒင် အကြီးအကျယ်တုန်လှုပ်သွားလေတော့သည်။
``ဒီပုတီးစေ့ကို ဘဟ်ကတွေ့တာလဲဆရာလေး´´
``သေသူမိန်းကလေးရဲ့လက်ထဲမှာ တွေ့တာပါသူကြီး ၊ လိမ်ဖို့လည်းမကြိုးစားပါနဲ့ ´´
``ဒါ ဒါ နိုင်ကြီးနဲ့ကျော်ထင် ပြောတာဖြစ်ရမယ်´´
``သူတို့ကြောင့် မဟုတ်ပါဘူး ၊ သူတို့ကတော့ သူကြီးဘက်က ကာကွယ်ပေးပေမယ့် ကျွန်တော်တို့ရဲ့တိကျတဲ့ ကွင်းဆက်တွေကြောင့် အကုန်လုံးအမှုမှန်ပေါ်သွားပါပြီ´´
သူကြီးဦးသာဒင်လည်း ဘာမျှဆက်မပြောနိုင်တော့ပဲ ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
မကောင်းမှုဆိုတာဟာ ဆိတ်ကွယ်ရာမရှိဆိုသောစကားသည် အလွန်ပင်မှန်သောစကားဖြစ်ပေသည်။
အပိုင်း (၇)
ခုတော့ အချုပ်ထဲမှာ ရောက်နေသော သူကြီးဦးသာဒင် နိုင်ကြီး ကျော်ထင်သုံးဦးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အကြီးအကျယ်နောင်တရနေမိပေမယ့် သေသူကတော့ သေဆုံးသွားခဲ့လေပြီယ။
``မင်းတို့ကိုလည်း တောင်းပန်ပါတဟ်ကွာ ၊ ငါ့ကြောင့် မင်းတို့ပါ အချုပ်ထဲရောက်နေရတာ´´
``ရပါတယ်သူကြီးရာ ဒါတွေပြောမနေပါနဲ့တော့ ပြီးပြီးသား ပြီးနေပြီပဲ ထိုက်သင့်တဲ့ဒဏ်တော့ ပေးဆပ်ရတော့မှာပေါ့´´
သုံးယောက်သား နရံကိုကျောကပ်ပြီး ခဏအိပ်ပျော်သွားတာ စိတ်ထဲသိပ်မကြာလိုက် ။
``မလာနဲ့နော် မလာနဲ့ မတော်တဆဖြစ်သွားတာပါဟာ´´
သူကြီးဦးသာဒင်မှ အလန့်တကြားထအော်လိုက်ရာ ဘေးနားမှာရှိသော နိုင်ကြီးနဲ့ကျော်ထင်လည်း လန့်နိုးလာလေတော့သည်။
``ကယ်ကြပါအုံး ငါ့လည်ပင်းကို ညှစ်နေတယ် အားးး´´
နိုင်ကြီးနဲ့ကျော်ထင်လည်း သူကြီးဦးသာဒင်နားကို အလျှင်အမြန်သွားပေမယ့် မြန်ဆန်လှသော ကံကြမ္မာက သူကြီးဦးသာဒင်ရဲ့ အသက်ကိုနူတ်ယူသွားလေတော့သည်။
ဆန်းကြယ်လှသော လောကကြီးထဲမှာ ရှင်သန်နေသ၍တော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ် ။
မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့အကျိုးခံစားရမယ်ဆိုတဲ့ နိယာမသဘောတရားအတိုင်း ပေးဆပ်နေရအုံးမယ်ဆိုတာကို သူကြီးဦးသာဒင်က သက်သေပြသွားလေတော့သည်။
အားလုံးပဲကျန်းမာချမ်းသာကြပါစေ။ ။ y w n. HFS9