ဘောလုံးအားရူးသွပ်ခြင်း

in myanmar •  7 years ago  (edited)

လူတိုင်းမှာ ဝါသနာတစ်ခုတော့ရှိကြမှာပါ။
image

ဝါသနာဆိုတာ ဘယ်လိုပြောရမလဲ။
ကိုယ်ကြိုက်နှစ်သက်တဲ့အရာကိုလုပ်ခြင်းပေါ့။

ဘယ်သူမှလုပ်ပါလို့မတိုက်တွန်းဘဲတောင် လုပ်တဲ့အရာမျိုးပေါ့။
အဲ့ဒီဟာကို လုပ်နေရရင်ပျော်တယ်။
စိတ်ပင်ပန်းတာတွေပြေပျောက်သွားမယ်။

စိတ်ညစ်မှုတွေအဝေးကို ခဏရောက်သွားမယ်။
အဲ့လိုမျိုးပေါ့။

ကျွန်တော့်မှာလဲ ဝါသနာ ရှိပါတယ်။ ။

ကျွန်တော့်ရဲ့ဝါသနာကတော့ ဘောလုံးအပေါ်ရူးသွပ်ခြင်း
ပါပဲ။

ရူးတာမှာဘောလုံးနဲ့ပက်သက်ပြီး ၃မျိုးရူးပါတယ်။

ဘောလုံးကန်တာရယ်။
ဘောလုံးgameတွေဆော့တာရယ်။
နောက်တစ်ခုကတော့ ဘောလုံးပွဲ ကြည့်တာရယ်ပါ။

ဘောလုံးကန်တာကတော့မဆန်းပါဘူး။
ယောကျာ်းလေးလဲဖြစ်။

ငယ်ငယ်၁တန်းလောက်ကစပြီးကန်တာလို့တော့ ကျွန်တော်
ထင်တယ်။

ရပ်ကွက်ထဲမှာကလည်း ရွယ်တူကလေးတွေက
အများကြီးကိုးဗျ။

သရေဘောလုံးတစ်လုံး ဝယ်ပေးထားတယ် အိမ်ကလည်း။
ညနေ ကျောင်းဆင်း ဘောလုံးလေးဆွဲထုတ်ပြီး အပြင်ရောက်ပြီဆိုတာနဲ့ ဟိုကရောက်လာ
ဒီကရောက်လာနဲ့ ဘော်ဒါတွေဆုံပြီ။

ဆုံပြီဆိုတာနဲ့ ကန်ကြပြီ။
ကိုရဲတို့ကလည်တယ်နော်။
ငယ်ငယ်ကတည်းက အငြင်းသန်တဲ့သူငယ်ချင်း
ရှိတဲ့ဘက်မှာပဲနေတယ်။

တစ်ခါတစ်လေ ရန်ဖြစ်ကြရင် ပွဲပျက်ရော။
ငယ်ငယ်ကတည်းကနော် ဇက မသေးဘူး။
ဒီလိုနဲ့ လေးတန်းလောက်ကျ ကိုရဲတို့ တခြားရပ်ကွက်ကို
ပြောင်းခဲ့ရတယ်။

အဲ့တော့ အရင်လို သိတဲ့လူလည်းမရှိ အသစ်ရပ်ကွက်မှာ
ကိုယ်နဲ့ အရွယ်တူတွေလည်းမရှိတော့ အရင်လို ဘောလုံး
မကန်ဖြစ်တော့။

ခုတက္ကသိုလ်အရောက်မှာတော့ အားတိုင်းယားတိုင်းကန်ပဲ။
အတန်းချိန်ပြီးရင်ကန်တယ်။
လမ်းမှာ ပဲကော်ဘောလုံးနဲ့ကန်ကြတယ်ကျောင်းမှာတော့
တစ်ခါတစ်လေ အတန်းပြေးကန်ကြတယ်။
image

တခြားမေဂျာတွေနဲ့ ကွင်းကြေးရှင်းကြေးဆိုပြီး ချိန်းကန်တယ်။
ကိုယ်တွေကပဲ အနိုင်ပိုင်းခဲ့တာကြီးပဲ ခုထိတော့။

ဒီလိုနဲ့ ၅တန်းလောက်ရောက်တော့ ကိုရဲဘဝထဲကို
P2ဆိုတဲ့ game ဝင်လာခဲ့တယ်။
image

အရင်လို သူငယ်ချင်းတွေနဲ့ ဘောလုံးမကန်ရပေမဲ့
အရင်နေတဲ့ ရပ်ကွက်ကပဲ ကိုရဲကို P2ဘောလုံးကန်တာ
သင်ပေးခဲ့တယ်။

ကိုရဲတို့လဲ အဲ့ကစပြီးကန်ခဲ့တာ နောက်၃နှစ်လောက်ကြာတော့ P2 ဘောလုံးမှာ
ဆရာတစ်ဆူဖြစ်လာခဲ့တယ်ပေါ့။

ဂိမ်းကတော့အဲ့ကတည်းကနေ ဝါသနာပါလိုက်တာ
ခုထိပဲဆိုပါတော့။

တိုးတက်လာခဲ့တယ်အဆင့်ဆင့်ပေါ့။
P2ကနေ Phone Game
Phone Gameတွေကနေ P3 P4
ဘောလုံးgameပဲဆော့တာနော်။

ကျန်တာမဆော့ဘူး။

၈တန်းလောက်ရောက်တော့ အတန်းထဲမှာ သူငယ်ချင်းတွေ
ပြောကြတယ်။
ငါကမန်ယူအသင်းပရိသတ်ကွ။
ဘ်ာသူ့ကို ကြိုက်တာကွ။

ကြာတော့ ကိုရဲလည်းမနေနိုင်
ငါလည်း ကြည့်တော့မည်ဆိုပဲ အဲ့ကတည်းက စရွခဲ့တယ်ပေါ့။
image
ကျွန်တော်က Chelseaဖန်တစ်ယောက်ပါ။

ကျွန်တော်Chelsea ဖန်ဖြစ်ခဲ့တာကလည်း အဆန်းပါ။
ကြိုက်တဲ့ကောင်မလေး နာမည်မှာ ချယ်ဆိုတာပါတာနဲ့
ချယ်ဆီးကို စအားပေးခဲ့တာပေါ့။

၉တန်းအစပိုင်းလောက်ထိတော့ အရမ်းကြီးcrazyမဖြစ်သေးဘူး။

Mrtv Entertainment ကနေလာတဲ့ပွဲပြဲကည့်တယ်။

အဲ့တုန်းက Mrtv Entertainment ကနေ
Premier Leagueပွဲတွေ လွှင့်ပေးပါတယ်။
နောက်ပိုင်းကျညပါတီစွဲဖြစ်လာပါရော။
ကိုယ့်အသင်းပွဲဆို အလွတ်မခံတော့ဘူး။
အသင်းကြီးတွေ တွေ့တဲ့ပွဲတွေဆိုအလွတ်မခံတော့ဘူး။
အိမ်မှာမကြည့်ရရင် လက်ဖက်ရည်ဆိုင်သွားကြည့်တယ်။

၉တန်းမှာ 2014 ကမ္ဘ့ာဖလား မှီပါတယ်။

အိမ်ကSky Netတော့တပ်ထားပါတယ်။
ဒါပေမဲ့ Sport1 2 3ပါတဲ့packageပဲတိုးထားပါတယ်။
ဒီလိုနဲ့ Sport 4 5 6ပါတဲ့ဟာလေးပါတိုးပေးပါ။
ဒီတစ်လတည်းပါဆိုပြီး အပူကပ်ရတာပေါ့။
အိမ်ကလဲ သူတို့လဲ World Cupဆိုစိတ်ဝင်စားတာမလို့
အလွယ်တကူပဲတိုးပေးခဲ့တယ်။

တချို့ညတွေတော့ အတူတူကြည့်ကြပေမဲ့ ။
အရမ်းညဥ့်နက်တဲ့ပွဲတွေဆိုရင်တော့ ကိုရဲတစ်ယောက်တည်း
အိမ်ရှေ့မှာ ကော်ဖီနဲ့ မုန့်နဲ့ စောင်နဲ့ ထိုင်ကြည့်ပါတယ်။

ဝါသနာကမသေးဘူးနော်။

ဒီလိုနဲ့ အရေးကြီးဆုံးဆိုတဲ့ ၁၀တန်းကိုရောက်လာတယ်။
ဘောလုံးပွဲကတော့ ကြည့်မြဲပါပဲ။

ဒါပေမဲ့တော့ အရင်လို လက်ဖက်ရည်ဆိုင်ကို သွားကြည့်တာမျိုးတော့ နည်းနည်းလျှော့ခဲ့ရတာပေါ့။

ခုတက္ကသိုလ်တက်ရပြီ။
Live Stream
တွေပေါ်လာတာတော်တော်ကျေးဇူးတင်တယ်ဗျ။
မနက်၂နာရီခွဲပွဲတွေဆိုအရမ်းဒုက္ခရောက်မှာ
ဆိုင်လဲသွားမကြည့်ရဲ။
ကိုယ့်နယ်မှာကိုယ်ဆိုရင်တော့ကိစ္စမရှိဘူး။
YGNမှာကတော့အဲ့လိုမကြည့်ရဲဘူး။
အတော်လေးအဆင်ပြေတယ်PHလေးနဲ့အေးဆေးကြည့်ရုံပဲ

ဒါကတော့ ကိုရဲရဲ့ဘောလုံးနဲ့ပက်သက်ပြီး ၃မျိုးရူးတာကို
ဖော်ပြထားတာပါ😂
ခုစာရေးနေတဲ့အချိန်အတွင်းမှာပဲ မနက်၂နာရီခွဲပွဲထကြည့်
ဖို့ရှိပါတယ်။

ဒီလိုနဲ့ ၁နာရီလောက်ပဲ အိပ်ပြီးကျောင်းသွားရမှာပါ။

ဖတ်ရှုပေးကြတာကျေးဇူးတင်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ။

Photos credit from google
Written by@yeyintkyaw
MSC-020

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

V100%$0.089/#thargyi

Thz

  ·  7 years ago (edited)

ကျန်း😇😇Chelsea ကြားရင် ငိုနေမေ ချယ်ပါလို့ အားပေးတေဆိုတော့😇😇

နောက်ဆိုရင်တော့ငိုမိမယ်
ခုထိကတော့သူနဲ့နည်းနည်းအဆင်ပြေသေးတယ်

ကျန်းမာရးဂရုစိုက်ဦး bro သိပ်ညမနက်နဲ့ဗျ

ဟုတ်အကို
တစ်ခါတစ်လေတော့မကြည့်ပါဘူး

Good

Thz

ကျောင်းတုန်းက mechanical လက်ရွေးစင်ဗျ😁😁😁

Wow
MP so tot EPနဲ့ပြိုင်ပေါ့

ကျောင်းမှာတော့ civil ပဲဗျ ဒါဘီက😁😁

အဲ့လိုရောဂါတွေက ကုလို့မရဘူးညီရ

မှန်ပါ့😅

အမယ်​ဒီလူ ချယ်​ဆီး အမာခံထင်​တယ်

အသေအချာပါပဲဗျာ

ဖတ်​လို့​ကောင်းတယ်​...

Thz

Chelsea fighting....

Fighting
4 1နဲ့loseတယ်

ဝါသနာကဘာနဲ့မှတားမရပါ။ Right!

ဟုတ်တယ်

ကျတော်ကတော့ ပိုက်ကျော်ခြင်းကို ရူးသွပ်တယ်ဗျာ

ကို့crazy့ကိုပေါ့

ဝါသနာပေါ့နော်

ဟုတ်တယ်အကိုရေ

ဘောလုံးရူးတာ တူတူဘဲ အကိုရေ

Hehe

V100%$0.079@poe . tkanks

Thz

ဖတ်လို့ ကောင်းတယ် bro

ကျေးဇူးပါ

ရမ်း ဖတ်လို့ကောင်းတယ်

Thz

အဲဒါလည်းရောဂါတမျိုး ခ်ခ်ခ်

ဟုတ်တယ် ဗျရောဂါတစ်မျိုးပဲ

Man U fan ပါ

Enemyပေါ့😂

ကိုယ်‌ဝါသနာပါတာ လုပ်‌‌နေရရင်‌ စိတ်‌ချမ်းသာတယ်‌။ချဲဆီး ဆိုရင်‌ ‌ဒ‌ရော့ဘာ ကိုအ ကြိုက်‌ဆုံး

တူတူပါပဲ
ခုတော့သူ့ကိုလွမ်းနေရတယ်
ချယ်ဆီးပွဲကြည့်ရင်

ဝါသနာကလဲ စိတ်ဖြေရာတခုပါဘဲ။

ဟုတ်တယ်အမ