I am very happy to study about transformers at AG Transformer Myanmar.
I got many things I don't know before.
Special Thanks to EPSA who make this
Excursion.
ဒီနေ့မှာတော့ WYTU Electrical Power Students Association (EPSA)ရဲ့ ဦးဆောင်မှုဖြင့်
AG Transformer Myanmar ကို သွားရောက်
လေ့လာခွင့်ရခဲ့ပါတယ်။
မနက်၉နာရီမှာ စပြီး လေ့လာဖို့လုပ်ထားပေမဲ့
စက်ရုံကနေ DMD HR တို့ကနေ စက်ရုံအကြောင်း
Bioလေးနည်းနည်း ရှင်းပြနေတာနဲ့ ၁oနာရီထိုးမှ
သာ စတင်လေ့လာခွင့်ရခဲ့ပါတယ်။
စက်ရုံဟာယခုလောလောဆယ်မှာ Mitsubishi နဲ့
နည်းပညာလက်တွဲပြီး ထုတ်လုပ်နေတာဖြစ်တယ်
လို့သိရပါတယ်။ iso လက်မှတ်များစွာရထားတာနဲ့ အညီ စက်ရုံရဲ့ DMDဦးမြင့်အောင်ရဲ့ နှုတ်ဆက်
စကားတစ်ခွန်းပြောသွားတာနဲ့ စက်ရုံကို
အရမ်းလေးစားမိသွားပါတယ်။
Safety firstပါတဲ့။
ပစ္စည်း တွေက ပြန်လုပ်လို့ရပေမဲ့ လူကတော့
ပြန်အစားထိုးလို့မရပါဘူးတဲ့။
စက်ရုံက HSEကို အဓိကအလေးထားပါတယ်။
H=Health
S=Safety
E=Environment တို့ပဲဖြစ်ပါတယ်။
အကုန်လုံးက ရည်ညွှန်းတာကတော့ ဝန်ထမ်းတွေ
အတွက်ပဲ ဖြစ်ပါတယ်။
Human Resourceကအရေးကြီးဆုံးလို့
ပြောပါတယ်။
စက်ရုံကို ဘယ်လို Safetyတွေဖြစ်အောင် လုပ်ထားတယ်။တကယ်လို့ Accident တစ်ခုခုဖြစ်ခဲ့ရင်
ဘယ်လိုတွေ ပြင်ဆင်ထားတယ်ဆိုတာကို
ကျွန်တော်တို့ကို ထုတ်လုပ်တာတွေ မလေ့လာခင်
Meeting Roomမှာ သေချာရှင်းပြပါတယ်။
ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ စက်ရုံမှ
သက်ဆိုင်ရာတာဝန်ရှိသူတွေမှ ဦးဆောင်ပြီး
ရှင်းပြပါတယ်။
ပထမ ၁၂နာရီ ကျော် ပြီးမယ်လို့ မှန်းထားသော်လည်း ရှင်းပြရင်းနဲ့ ၂နာရီထိုးသွားပါတယ်။
ဗိုက်ဆာပေမဲ့လည်း စာတွေ့ပဲ သိနေခဲ့တဲ့
Transformer အကြောင်းတွေကို Winding
အဆင့်ကစ သေချာသိခဲ့ရတော့ အလွန် ကျေနပ်မိပါတယ်။
Some of participants at people park
ဝမ်းနည်းမိတာတစ်ခုတော့ရှိပါတယ်
စက်ရုံက Raw Materialsတွေမှာ မြန်မာပြည်ကနေတစ်ခုမှ မပါဝင်တာပါပဲ။
မထုတ်လုပ်နိုင်တာကတစ်ကြောင်း အရည်အသွေးကတစ်ကြောင်း အားလုံးကို နိုင်ငံခြားကနေ
ဝယ်ယူရတယ်လို့ သိရပါတယ်။
နောက်များမှာလည်း အခွင့်သင့်ရင် Excursion တွေjoinဖို့မျှော်လင့်နေပါတယ်။
ဒါကတော့ ကျွန်တော့်ရဲ့ တန်ဖိုးရှိခဲ့တဲ့ ဒီနေ့
Excursionလေးပါ။