အခြေခံစိတ်လေး..မွေးကြမယ်

in myanmar •  7 years ago 

received_1820149554664585.jpegလွန်ခဲ့သော ၄နှစ်က၊ဆရာတော်တပါးရဲ့တောင်းဆိုမှူ့ကြောင့်၊နွေရာသီဓမ္မစကူးလ်သင်တန်းဆင်းပွဲမှာ၊စကားပြောပေးဖို့တောင်းဆိုတာကြောင့်၊သွားပြောပေးရတယ်။အဲလိုရေးလိုက်လို့...၊ကျမကိုသိပ်ပီး၊အထင်ကြီးမသွားကြနဲ့ဦးနော်....။တကယ်ဆိုရင်၊ကျမက..ဘာမှမဟုတ်ဘူး။နောက်တခုက၊ကျမရဲ့ပင်ကိုယ်စိတိက၊ကျမကိုအခြားသူတွေက၊အထင်ကြီးခံမှူ့ကို၊မခံယူခြင်ဘူး။နွေးထွေးမှူ့နဲ့ရင်းနှီးမှူကိုဘဲ
လိုခြင်တာလေ။
သင်တန်းသားက၊၈၀၀ကျော်လောက်ရှိမယ်။၇တန်းကနေ၁၀တန်းကလေးတွေဖြစ်တယ်။စကားပြောတယ်ဆိုတာကလဲ...၊အခြေအနေရယ်၊အချိန်အခါရယ်ကြည့်ရသေးတာလေ။ကိုယ်ပြောတဲ့စကားကို၊သူတို့နားလည်ပါ့မလား၊လက်ခံပါ့မလားပေါ့....။လက်ခံနိုင်တဲ့အနေအထားရော..ရှိရဲ့လား..။ဒီတော့ကား.....။
ကျမကိုယ်ကျမ..အရင်ဆုံးမိတ်ဆက်ပီး၊ကလေးတွေကို၊မေးခွန်းတခုမေးလိုက်တယ်။
"ဗုဒ္ဓ"ဆိုတာဘာလဲ၊ဘာဖြစ်လို့ကိုးကွယ်တာလဲ"ဆိုတဲ့မေးခွန်းပါ။
သူတို့လေးတွေရဲ့ဖြေပုံလေးက.....။
ဗုဒ္ဓဆိုတာ၊သစ္စာလေးပါးကိုသိမြင်သူ၊လောကီမှလွတ်မြောက်မှူ့ကိုပေးစွမ်းနိုင်လို့၊ယုံကြည်ကိုးကွယ်တာ....တဲ့။ကျမက..ကလေးတွေအရမ်းတော်လိုက်တာ၊အရမ်းမှန်တာဘဲလို့...။ဒါပေမဲ့....ဒီလိုအသိတွေက၊ကလေးတို့နဲ့အရမ်းဝေးလွန်းတယ်လို့..ပြောလိုက်တော့..၊
အားလုံးကအံ့အားသင့်သွားသလို၊ဘေးမှာထိုင်နေတဲ့လူကြီးတွေရော၊ဘုန်းကြီးတွေရော..၊"ဘာပါလိမ့်ဆိုတဲ့၊သိခြင်စိတ်တွေက၊
ပေါ်လွင်နေတာကို၊ကျမကသိလိုက်တယ်။
ကျမပြောခြင်တာက..၊ကလေးတွေ..ကျောင်းအပ်ပီး၊စာသင်တယ်ဆိုရင်၊ဘာကိုအရင်ဆုံးသင်ရတာလဲ?...။
"ဝ"ကလေးဝိုင်းဝိုင်းရေးတတ်ဖို့၊အရင်ဆုံးသင်ရတာမဟုတ်ဖူးလား...။အခြေခံ..ဝလုံးကိုမှ၊
လှပအောင်၊သေသပ်အောင်၊မရေးတတ်ဘဲနဲ့....၊စာတကြောင်း၊စာတပုဒ်ကိုရေးဖို့ဆိုတာ၊ဖြစ်နိုင်ပါ့မလား။
ဒီလိုဘဲ...လူတယောက်ရဲ့အခြေခံစိတ်ဖြစ်တဲ့....၊
"ကိုယ်ချင်းစာနာစိတ်"ကို၊အရင်ဆုံးမွေးမြူ ဖို့၊တည်ဆောက်ဖို့ကို၊မြတ်စွာဘုရားရှင်က၊သားတော်ရာဟုလာကို...."ချစ်သားရာဟုလာ...သင်ကသူတပါးကိုဆဲမည်ဆိုလျင်၊အဲဒီအဆဲစကားတွေကိုယ့်ကို၊အရင်ဆုံးဆဲကြည့်ပါ၊သင်ခံနိုင်သလား"တဲ့။မခံနိုင်ပါလို့..၊
ရာဟုလာက၊ပြန်ဖြေတယ်။ဒီတော့...ဘုရားရှင်က၊
"ကောင်းပီချစ်သား....၊သင်တောင်မှမခံနိုင်လျင်၊သူတပါးကလဲခံနိုင်မှာမဟုတ်ဘူး၊ဒီတော့..ဘာဘဲပြောပြော၊ဘာဘဲလုပ်လုပ်၊ကိုယ်ချင်းစာစိတ်နဲ့စဉ်းစားဖို့၊လုပ်ဖို့ကို..အရင်ဦးဆုံး၊ဆုံးမတော်မူတာက၊ကိုယ်ချင်းစာတရားပါ။
အနိစ္စတွေ၊ဒုက္ခတွေ၊အနတ္တတွေ၊ဖြစ်ပျက်သဘောတွေ၊အကြောင်းနဲ့အကျိုးဆိုတဲ့၊ဆက်စပ်မှူ့နိယာမတရားတွေကို
အရင်ဆုံးမဟောဘူး။
မြတ်စွာဘုရားရှင်က၊လူပုဂ္ဂိုလ်တယောက်ကိုတရားဟောတော့မယ်ဆိုရင်...၊
ထိုပုဂ္ဂိုလ်ရဲ့ပါရမီအနုအရင့်၊ကျွတ်ထိုက်..မကျွတ်ထိုက်၊
ကျွတ်ချိန်ရောက်မရောက်ကို၊ဥာဏ်တော်နဲ့သုံးသပ်ဆင်ခြင်ပီးမှ၊ဟောခြင်းဖြစ်ပါတယ်။
ဘုရားရှင်ရဲ့တရားတော်တွေမှာ....၊လုပ်ရမဲ့အရာနဲ့မလုပ်အပ်သောအရာကိုခွဲခြားထားတယ်။
လုပ်ရမဲ့အရာကိုလုပ်ရင်...ဒီလိုကောင်းကျိုး။
မလုပ်အပ်သောအရာကိုလုပ်ရင်...ဒီလိုဆိုးကျိုးဆိုပီး၊ခွဲခြားပြထားတယ်။ဒါတွေကိုလုပ်သင့်တယ်၊လုပ်အပ်တယ်လို့ဘဲ၊အကြံပြုတာ။"လုပ်ရမယ်"ဆိုတဲ့..အမိန့်မထုတ်ဘူး။
ဒါကိုလုပ်ရမယ်ဆိုတဲ့စိတ်ဖြစ်တာက၊ကိုယ့်အသိဥာဏ်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အသိဥာဏ်ကိုဖွင့်ပေးသော၊အဆင့်မြင့်သော၊အသုံးချပညာ
ဖြစ်တယ်။
လူတိုင်းမှာကိုယ်ပိုင်အသိဥာဏ်ကိုယ်စီရှိကြပါတယ်။ဒါတွေ
ပွင့်လန်းဖို့ရာ၊အခြေခံကောင်းရမယ်၊။အဲဒီအခြေခံဆိုတာ..
တခြားမဟုတ်ပါဘူး။ကိုယ်ချင်းစာနာစိတ်ဆိုသော..အင်မတန်မှနူးညံ့တဲ့၊သိမ်မွေ့တဲ့၊မြင့်မြတ်တဲ့...စိတ်ထားလေးတခုပါဘဲ။

စာကြွင်း=ကျမသိသလောက်ဆက်ရေးပါမည်။စာဖတ်သူများ၊အသိတခုရစေခြင်သလို၊ကျမရဲ့စာမှာ၊မှားကွက်ဟာကွက်ပျော့ကွက်လေးများရှိရင်လဲ၊ထောက်ပြပီး၊အကြံပေးပါ။စာပေနဲ့ပတ်သက်ပီး..နွေးထွေးမှူ့
သင်္ကေတလေးများပြပေးကြပါ။

ရီရီဆွေ
မုံရွာ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သင်ကြားမှုနဲ့ တက်မြောက်သွားတာရယ်
အသိတစ်ခုရလို့ နိုးကြားတက်ကြွလာပြီး အမြင်ကျယ်သွားတာရယ်မတူဘူးပေါ့နော် အန်တီ။
သင်ကြားတာကြတော့ ကျက်မှက်ရင်ရတယ်
လက်တွေ့သိမြင်နိုင်မှု ကြတော့ အလွယ်မရနိုင်ဘူးလေ
ကျွန်တော်လည်း ဘယ်လိုမန့်ရမှန်းတောင်မသိတော့ဘူး ဟီး😁

ဟုတ်တယ်သား..။အန်တီ့ကိုအဲဒီလိုReplyလုပ်စေခြင်တာ။
"သင်ညာ"နဲ့"ပညာ"ကိုခွဲခြားတတ်ရမယ်။သင်လို့တတ်သမျှပညာကို၊ဘယ်လိုအသုံးချရင်ကောင်းမလဲ၊ဘာကြောင့်လဲဆိုတဲ့တွေး
တောသိတတ်ဆုံးဖြတ်တတ်ရမယ်။ပညာဆိုတာ..ကျယ်ပြန့်လွန်းတယ်။ယူလို့မကုန်နိုင်သလို၊
ယူရသလောက်လဲအကျိုးရှိတယ်။အဲဒီပညာဆိုတာ.စာပေထဲမှာရှိတယ်။ပညာနဲ့
ပတ်ဝန်းကျင်ကိုကြည့်တဲ့အမြင်နဲ့၊သင်ညာကိုလက်ကိုင်ပြုပီး၊ကြည့်တဲ့အမြင်ဟာ...၊အင်မတန်ကွာခြားတယ်။ဝမ်းသာတယ်နော်...ဖတ်ပီးမသိတာရှိလဲမေးပါ။လိုအပ်ရင်လဲထောက်ပြပေးပါ။

ကိုယ်ချင်းစာတက်သွားရင် လူမှုဝန်းကျင်မှာ နေထိုင်ရတာ အဆင်ပြေသွားပြီ လို့မှတ်ယူပါတယ် အန်တီ

အမှန်အကန်ဘဲ။

ကိုယ်ကြိုက်တာကိုပဲ ကိုယ်လုပ်ပါဆိုတဲ့စကားက ကိုယ်ချင်းစာစိတ်ရှိဖို့ အခြေခံပြီး အတိုဆုံးပြောတဲ့ ဆုံးမစကားဖြစ်မယ် ထင်ပါတယ် မှန်ကန်တဲ့အမြင်ရှိတဲ့သူအတွက် အဓိပ္ပာယ်မှန်ကို ရရှိစေပါတယ် ကလေးတွေမှာ အဲဒီအမြင်မှန်မျိုးစေ့လေး ရှိထားတာက သူတို့အနာဂတ်အတွက် အများကြီးကောင်းမွန်တယ်လို့ မြင်မိပါတယ်

မှန်ကန်တဲ့မျိုးစေ့တွေကို၊ကျမတို့လူကြီးတွေကချပေးရင်၊
ကလေးတွေနဲ့နောက်မျိုးဆက်တွေအထိ၊ဝဝလင်လင်စားရမှာပါ။

ဝ လုံးလေးမှ ဝိုင်းအောင်မရေးတတ်သေးရင် အန်တီပြောတာနားလည်ဖို့ ခဲယဉ်းနေကြဦးမှာပါ အန်တီ။ ကျွန်တော်လည်း ဝိုင်းအောင်မနည်းရေးနေပါတယ် ဝ လုံးလေးကိုပေါ့။

မရေးတတ်ဖူးဆိုပီး..ထိုင်နေလိုက်ရင်၊ပိုဆိုးသွားမှာပေါ့နော်။
နံပ်ါတ်တစ်က..ရေးခြင်တဲ့စိတ်ကို၊
ရေးကိုရေးရမယ်ဆိုတဲ့အသိက၊ပံ့ပိုးလိုက်ရင်၊
ရေးဖြစ်သွားတာဘဲကွယ်။

  ·  7 years ago (edited)

ငယ်ငယ်က ကိုယ်ချင်းစာတာကို တလွဲတွေးခဲ့ဖူးတယ် နောက်တော့မှ ပြန်ပြီး သေသေချာချာ နားလည်ခဲ့တယ် ။

နားလည်လာလေ၊တန်ဖိုးရှိလာလေဘဲနော်။မနက်ဖြန်ကို
တပုဒ်တင်မယ်။အသိတခုတိုးသွားတယ်ဆိုရင်၊အန်တီရေးရကျိုးနပ်ပါတယ်။အဲဒီပီတိဟာ..အရသာအရမ်းရှိတယ်နော..။

အမရီရီဆွေ စာရေးကောင်းပါ့ဗျာ ။

အခြေခံ ကိုယ်ချင်းစာစိတ်တရားလေးကို ကလေးဘဝထဲက လမ်းညွှန်ပြသခဲ့မယ်ဆိုရင် နောင်လာနောက်သားလေးများအတွက် တန်ဘိုးရှိသော အချက်ပါဗျာ။

အမရဲ့ ပိုစ်အောက်ဆုံးမှာ MSC နံပါလေး ထည့်ပေးပါ။

MSCနံပါတ်ကလျောက်ထားဆဲပါ။စာဖတ်ပေးလို့ကျေးဇူးပါ။
လိုတာရှိလဲဝေဖန်ထောက်ပြနော်။
တယောက်လဲသော်၊တွဲလျက်ခေါ်ကာ၊ပျော်ရွင်စွာဖြင့်၊ချီတက်ကြမည်၊စတီးမစ်ဆီသို့။

အားပေးသွားပါသည်