ကျမရဲ့ဘဝ

in myanmar •  7 years ago  (edited)

ဒီနေ့တော့...ဘာရေးရမှာလဲ..စဉ်းစားရင်းနဲ့..၊ချာချာလည်နေတာဘဲ။စာရေးတယ်..စာရေးတယ်နဲ့လွယ်လွယ်လေးလို့၊
တချို့ကထင်ကြပေမယ်။တကယ်..မလွယ်တဲ့အလုပ်ဆိုတာ၊လုပ်ဖူးသူတိုင်းသိကြမှာပါ။အတွေးအခေါ်ကောင်းရမယ်။ဗဟုသုတများရမယ်။စာဖတ်ခြင်းကိုဝါသနာထုံရမယ်။
စာများများမဖတ်ဘဲနဲ့တော့..စာရေးလို့မရပါဆိုတာတော့..ခိုင်မာစွာပြောခြင်ပါတယ်။စာရေးသူတွေဆိုတာ..တချိန်က၊စာဖတ်ပရိသတ်ပါဘဲ။အခုအချိန်ထိ..ကျမရေးတဲ့စာဟူသမျှရဲ့စာဖတ်သူတွေထဲမှာ..ကျမကိုယ်တိုင်ပါဝင်ပါတယ်။
ကျမရေးခဲ့သော..အချို့သောဆောင်းပါးလေးတွေ...Screenshot_2018-03-08-21-19-00-579_com.miui.gallery.png
![Screenshot_2018-03-08-21-19-05-
871_com.miui.gallery.png]
()
Screenshot_2018-03-08-21-18-55-116_com.miui.gallery.png
ဒါလေးတွေဆိုရင်..ကျမ..အနှစ်သက်ဆုံးဆောင်းပါးလေးတွေပါ။မုဒိန်းမူ့နဲ့ပတ်သက်လို့လည်း..ဟိုး..အရင်အစိုးရလက်ထက်ကတည်းက..အဲဒီလိုရေးပီးထောက်ပြပေးခဲ့ပါတယ်။
ဒါပေမဲ့..နောက်ပိုင်း..မရေးဖြစ်တော့ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့..လူတွေရဲ့လောဘအားကြီးမူ့တွေ၊ဒေါသစရိုက်ကြီးထွားမူ့တွေ..အဝိဇ္ဇာဖုံးလွမ်းမူ့အားကြီးလွန်းတဲ့..အမှောင်ထူထည်းလွန်းတဲ့မောဟတွေထဲကို..ကျမပြစ်လိုက်တဲ့
မြားတစင်းဟာ...ကောက်ရိုးပုံထဲ..ကျသွားလေတဲ့အပ်တချောင်းမျှသာပါဘဲ။ဒါပေမဲ့..တာဝန်ကျေတယ်ဆိုတဲ့အသိကိုတော့..ကျမကျေနပ်တယ်။ဒါနဲ့..f.bသုံးပြန်တယ်..။
မြတ်စွာဘုရားလို့...တ.ရမတတ်..အံ့သြခြင်းများစွာဖြင့်၊ဖြစ်ရပြန်ရော...။ဘာဖြစ်လို့လည်းသိလား...မိုက်ရိုင်းတာတွေ
ယုတ်မာတာတွေကို..မျက်မှန်ပါဝါတပ်စရာမလိုအောင်..ထင်းရှင်းနေတာ..မြင်တွေ့ရလို့ပါဘဲ။အမြင်မတူရင်..ရန်သူဘဲ..။ဆဲသံတွေဖုံးလွမ်းလို့...ကြာတော့..ကျမတောင်မှ..နည်းနည်းရိုင်းခြင်လာသလို..ဖြစ်လာပါတယ်။ဒါပေမဲ့..အချိန်မီ..သတိကပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့..စာရေးခြင်တဲ့အာသာက..ဖျောက်မရတာက..ခက်နေပြန်ရော။ဒါနဲ့ဘဲ..စတီးမစ်ဆီကို..အလည်ရောက်လာတယ်ပေါ့ကွယ်။
စတီးမစ်မှာကျတော့...ကျမကျေနပ်စရာတွေ၊မြင်နေရတယ်။
တွေ့နေရတယ်။စာဖတ်ရမယ်..စာရေးရမယ်ဆိုတဲ့..အချက်က၊ကျမအကြိုက်ဆုံးဘဲ။ဘာဖြစ်လို့လည်းဆိုတော့..လူတယောက်ရဲ့အသိဥာဏ်ကို..ဖွံ့ဖြိုးစေတာ..တိုးတက်စေတာဆိုတာ..စာပေကသာလျှင်၊စွမ်းဆောင်နိုင်တယ်ဆိုတာ၊ကျမသိထား..လက်ခံထားလို့ပါ။စာထဲမှာ..အသိဥာဏ်တွေ၊ဘဝတွေ၊ခွန်အားတွေ၊အင်အားတွေ၊နည်းလမ်းတွေ..အများကြီးရှိတယ်။စာဖတ်တဲ့လူတယောက်နဲ့မဖတ်တဲ့လူတယောက်ဟာ...ဘဝရဲ့လောကဒဏ်နဲ့ကြုံတွေ့ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ..အဖြေထွက်ပုံခြင်း..ကွာခြားပါတယ်။
ကျမ..ငယ်ငယ်တုန်းလေးက..မှတ်မှတ်ရရ..သုံးတန်းအရွယ်ကတည်းက..ဝတ္ထူတွေဖတ်တယ်ဆိုရင်..ယုံကြပါ့မလား။
စာရေးဖို့..ဇ.ကပြပီလေ။ဘယ်မှာရေးတယ်လို့ထင်လဲ...
မြေကြီးပေါ်မှာ...ကောင်းကင်ပြာကြီးပေါ်မှာ...။
ဟာသဘဲနော်..။ဟာသလို့..မထင်လိုက်ပါနဲ့ကွယ်။
တကယ်ပါ။စာရေးဖို့စာအုပ်မဝယ်နိုင်ဘူး..မနက်နဲ့ညတောင်မှ..ထမင်းနပ်မှန်ဖို့ခက်ခဲတဲ့ဘဝ။စာအုပ်တအုပ်ထဲမှာ..ဘာသာရပ်လေးခုရေးခဲ့ရတဲ့အနေအထား...ပုံဆွဲစာအုပ်တို့..စာရေးတာတို့အတွက်..ကျမရဲ့အသုံးချခံဆိုတာ..မြေကြီးနဲ့ကောင်းကင်ပြာကြီးပေါ့...။လမ်းမှာတွေ့တဲ့..သတင်းစာအပိုင်းအစ..အမှိုက်ပုံတွေထဲက..စာအုပ်အဟောင်းအနွမ်းတွေဟာ...ကျမရဲ့စာအုပ်စင်တွေပေါ့...။ကိုယ့်ဘဝနဲ့ကိုယ့်
အဖြစ်တွေ..ပြန်စဉ်းစားကြည့်ရင်...တခါတလေကျတော့..ငိုချင်တယ်..။တခါတလေကျတော့လည်း...ဒေါသထွက်တယ်။ဘယ်သူ့ကိုထွက်တာမှန်းလည်း..မသိခဲ့ဘူး။အခုတော့..
သိသွားပါပီ။သိသွားပီးနောက်ပိုင်းမှာ...ဘယ်သူ့ကိုမှ..ဒေါသ..မဖြစ်မိတော့ပါဘူး။
ဒီလောက်နုံချာလွန်းတဲ့လူသားတယောက်ဟာ...ဘာဖြစ်လို့
ရဲရင့်နေတာလည်း...သတ္တိရှိခဲ့တာလည်း...ရိုးသားပွင့်လင်းနေတာလည်း...။ကျမရဲ့အဖြေကတော့...စာဖတ်လို့ပါဘဲ။
စာထဲကဘဝတွေကို..ရှာဖွေရင်း..အသိဥာဏ်တွေယူသုံးရင်း..သတ္တိတွေ..ရင်ဝယ်ပိုက်ရင်း..ရိုးသားခြင်းတွေကိုပေါင်းဖေါ်ရင်း...၊မနုဿ တ၊ဒုလ္လဘဆိုတဲ့..ဘုရားရှင်ဟောကြားသွန်သင်မူ့ကို၊အရှူံးမခံဘဲ..ချီတက်ခဲ့တာ..စာပေကပေးတဲ့အသိကြောင့်ဆိုရင်...သင်..လက်ခံမှာလား။
အခုဆိုရင်..အသက်လေးဆယ်စွန်းစမှာ..မုဆိုးမဖြစ်ခဲ့တဲ့ကျမ၊တောင်မရောက်..မြောက်မရောက်အရွယ်သားလေးနှစ်ယောက်..သမီးလေးတယောက်...IMG_20180526_120811.jpg
ဖခင်မရှိတော့ပေမဲ့..ဒီသားသမီးသုံးဦးအပေါ်မှာ..လကျာင်္လက်က..ဖခင်ရဲ့အင်အားကိုသုံး...လက်ဝဲလက်က..နွေးထွေးတဲ့မိခင်ရဲ့အကြင်နာတရားတွေပေးပီး...ဘဝရဲ့လောကဒဏ်တွေကို..တိုက်ခိုက်ခဲ့ရတာ...။အခုဆိုရင်...
ကျမရဲ့သားကြီးလေ..
IMG_20180526_111219.jpg
သူကတော့..သားငယ်..IMG_20171008_112011_HHT.jpg
သူလေးကတော့..သမီးလေးပါ
FB_IMG_1527310075071.jpg
FB_IMG_1527310059739.jpg
လူလားမြောက်လာကြပါပီ။မိခင်ရဲ့စေတနာနဲ့မေတ္တာကိုနားလည်ကြသော..သားသမီးတွေပါ။
စာပေကပေးတဲ့အသိဥာဏ်ဆိုတာ...အခုလက်ရှိလူ့ဘဝကို
မဆိုထားနဲ့..၊သံသရာမှာလျှောက်ရမဲ့လမ်းကြောင်းကိုတောင်မှ..မတိမ်းစောင်းအောင်..မပြိုလဲအောင်..ခိုင်ခံ့စေအောင်
ပြုလုပ်ပေးနိုင်သော..အစွမ်းပကားရှိတယ်ဆိုတာကို..ကျမရဲ့လက်တွေ့ဘဝ..အတွေ့အကြုံကိုအခြေခံပီး..ရိုးရှင်းစွာ..ပွင့်လင်းစွာရေးပါမယ်။ဒါကလည်း..စတီးမစ်ကချစ်သောမိတ်ဆွေတွေကို..တန်ဖိုးထားလို့ဆိုတာ..သိစေခြင်ပါတယ်။
ဆက်ရေးပါဦးမယ်...လွယ်လွယ်နဲ့တော့..စံပယ်မပွင့်ခဲ့ပါဘူး။

ရီရီဆွေ
အလုံ.မုံရွာ
MSC No 256

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမေချောတော့သားသမီးတွေကလဲချောလိုက်တာနော်။ဆရာမကြီးငယ်ငယ်ကပုံလေးရှိရင်ကြည့်ချင်ပါတယ်ဗျာ။အားရင်တင်ပေးပါအုံး။ဘယ်လောက်တောင်ချောလိုက်မလဲ။

ဟား..ဟား...မြှောက်ပေးနေပြန်ပီ။ဒီကလဲ..ကြွားခြင်နေတာနဲ့အတော်ဖြစ်နေတယ်။

ဂုဏ်ယူပါတယ်ရှင်

ဘဝ ကိုအရှုံးမခံဘဲ တက်လှမ်းလာခဲ့တဲ့ ဆရာမရဲ့ စိတ်ဓာတ်ကို သား လေးစားဂါရဝပြုပါတယ်ဆရာမ

စာဖတ်​တဲ့အကျိုးက ဘာလဲလို့​မေးလာရင်​ စကားတစ်​လုံးထဲနဲ့ ပြည့်​စုံ​အောင်​​ပြောလို့​တော့ မရနိုင်​ဘူးလို့ ထင်​မိပါတယ်​..အန်​တီ..
စာ​ပေက ဘဝတစ်​ခုလုံးကို ထိန်း​ကျောင်းသွားနိုင်​လို့ပါ

အမှန်​ပါပဲအန်​တီရယ်​စာ​ပေ​ကြောင့်​​လောကကြီးကိုရဲရဲရင့်​ရင့်​ရင်​ဆိုင်​နိုင်​သာ။စာအုပ်​​တွေကသာစိတ်​ရဲ့အာဟာရကို​ဖြည့်​ဆီး​ပေးနိုင်​တာ။

စံပြ မေမေပါ ဆရာမ
ကိုယ်စိတ်နှစ်ပါးအစဉ်ချမ်းမြေ့ပါစေရှင်

ဆရာမ ကစံပြမေမေပါ

ခန့်ခန့်ချောချောအန်တီက ဘဝကြမ်းကိုရင်ဆိုင်ခဲ့ရတာကိုး
အခုတော့ပျော်ရွှင်စရာမိသားစုကိုပိုင်ဆိုင်ရပြီပေါ့နော် အန်တီ