သိုးလေးတွေထိန်းကျောင်းတတ် လာတဲ့နေ့

in myanmar •  7 years ago 

image

သိုးလေးတွေထိန်းကျောင်းတတ်
လာတဲ့နေ့

ခမည်းတော်နတ်ရွာစံတော့ သူရဲ့အရိုက်အရာကို အိမ်ရှေ့မင်းသား
ဆက်ခံရတယ်။ ဘုရင်အားလုံးနည်းတူ
သူ့မှာ ဘာလိုလေသေးမရှိ၊ အစစ
အရာရာပြည့်စုံနေပါတယ်။ ဒါပေမဲ့
မင်းဖြစ်ပြီး မကြာခင်မှာပဲ သူအုပ်စိုး
တဲ့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ
ကျရောက်လာတယ်။ မိုးခေါင် ရေရှား
ဖြစ်လာတယ်။ ပြည်သူတွေ ငတ်မွတ်ခြင်း
ဘေးနှင့်ရင်ဆိုင်ကြရတယ်။
နိုင်ငံအတွင်းမှာလည်း ကူးစက်ရောဂါ
တွေဖြစ်လာတယ်။
ဒါကို အခွင့်ကောင်းယူပြီး ရန်သူတွေက လျှပ်တစ်ပြက်ထိုးစစ်ဆင်ပြီးနိုင်ငံတစ်ခု
လုံးကိုသိမ်းပိုက်လိုက်လေတယ်။ ကံ
ကောင်းထောက်မပြီး တက်သစ်စဘုရင်
လေးထွက်ပြေးလွတ်မြောက်ခဲ့တယ်။
ငယ်ငယ်တုန်းကအတူတူကြီးပျင်းလာတဲ့အိမ်နီးချင်းဘုရင်ဆီ နန်းကျဘုရင်သွား
ဖို့ဆုံးဖြတ်လိုက်တယ်။ သူငယ်ချင်းဘု
ရင်ရဲ့ နန်းတော်ရှေ့တံခါးရောက်တော့ အစောင့်ကနန်းတော်ထဲ ပေးမဝင်ဘူး။
သူ့ကိုယ်ပေါ်ကအဝတ်စား နုံချာလှသ
ကိုး။ ဒါနဲ့ နန်းတော်ပြင်ပက အလုပ်တစ်ခု
ဝင်လုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ သင့်တင့်သော
အဝတ်အစားကို ဝယ်ဝတ်ကာ နန်း
တော်သို့ပြန်သွားလေတော့ ဝင်ခွင့်ရ
တယ်။ သူငယ်ချင်းဘုရင်နဲ့တွေ့တော့ သူ၏အကြောင်း ဖြစ်ကြောင်းကုန်စင်
ပြောပြသည်ကို သူငယ်ချင်းရှင်ဘုရင်က ကိုယ်ချင်းစာစိတ်ဖြင့် ငြိမ် နားထောင်
နေပေးတယ်။ နားထောင်ပြီးနောက်
ရှင်ဘုရင်က ခေတ္တခဏ စဉ်းစားပြီး
"သိုးအကောင်တစ်ရာပေးစေ" ဟူ၍
အမိန့်ပေးလိုက်တယ်။ သူငယ်ချင်းရဲ့
အကူအညီကိုကြည့်ပြီး နန်းကျဘုရင်က
စိတ်ဓာတ်ကျသွားတယ်။ တခြားထွက်
ပေါက်မရှိတော့။ ရတဲ့သိုးအကောင်
တစ်ရာကို စကျောင်း ရတော့တယ်။

စကျောင်းတဲ့နေ့မှာပဲ သူ့သိုးတွေကို မြေခွေးဆွဲတယ်။ သူမသိဘူး။နောက်နေ့
သွားကျောင်းတော့ ဝံပုလွေဝင်ဆွဲတယ်။
သူ့ရဲ့သိုးတွေက တဖြည်းဖြည်းချင်း
ပျောက်သွားကုန်တယ်။ ဒါနဲ့သူငယ်
ချင်းရှင်ဘုရင်ဆီသွားပြီး နောက်ထပ်
အကူညီပေးဖို့အသာနားခံတယ်။
ဒီတစ်ခါ သိုးအကောင်ငါးဆယ် ထပ်ပေး
လိုက်တယ်။ မထူးပါဘူး အဲ့ဒီသိုးတွေ
လည်း ၎င်းအတိုင်း သေကြေပျက်စီး
ကုန်တယ်။ နောက်တစ်ခေါက်အကူညီ
သွားတောင်းပြန်တော့လည်း သိုးအ
ကောင်အစိတ်ပဲပေးတယ်။ အကောင်
ရေ နည်းသွားပေမဲ့ အတွေ့အကြုံရှိလာ
သူပီပီ သိုးတွေကို စနစ်တကျ ထိန်း
ကျောင်းတယ်။ တစ်နှစ်ပြည့်တော့
သိုးအကောင်ရေ တစ်ထောင်နီးပါး
ဖြစ်လာတယ်။ ဒါနဲ့ နန်းတော်ရှင်ဘုရင်
ဆီသွားပြီး နောက်နှစ်ဆိုရင် သိုးအ
ကောင်ရေနှစ်ဆ ဖြစ်လာစေရမည် ဟု
အားရဝမ်းသာပြောလိုက်ပါသတဲ့…။

ဒီစကားကိုကြားလည်းကြားရော သူ့သူငယ်ချင်း ရှင်ဘုရင်က သူ့ကို
အားရပါးရဖက်ပြီး စကားတစ်ခွန်း
ဆိုလိုက်ပါတယ်။ သိုးတွေအစားအနီး
အနားက တိုင်းပြည်ကိုအပိုင်စားပေးစေ
ဟုအမိန့်ပေးလိုက်တယ်။ ငယ်ပေါင်း
ကို သူငယ်ချင်းမပီသဘူးဟု ထင်ခဲ့တဲ့ နန်းကျဘုရင်လေးက မေးတယ်။
"မင်းအစကတည်းက ဘာဖြစ်လို့မပေး
တာလဲ'''သူငယ်ချင်းဘုရင်လေးပြန်ဖြေ
တာကတော့""အနည်းဆုံး သိုးတွေကို မင်းအုပ်ချုပ်တတ်လာမည့်နေ့ကို ငါ
စောင့်နေလို့ပါ""တဲ့ဗျ။

             သင်ခန်းစာ

*မိမိမကျွမ်းကျင်တဲ့ အရာက ဘယ်လောက်ထိ တန်းဖိုးရှိနေပါစေ
ဘာမှမပိုင်ဆိုင်ထားသလို ဖြစ်သွားနိုင်
ပါတယ်… ။
*တကယ့်မိတ်ဆွေစစ်ဆိုတာ ငါးလည်းပေးတယ်၊ ငါးမျှားနည်းလည်း
သင်ပေးပါတယ်… ။
*ဘဝမှာ သင် လုံးဝ ဆုံးရှုံးလိုက်ရပြီ
ထင်တဲ့အရာက အောင်မြင်ဖို့ လမ်းစ
ဖြစ်နေတတ်ပါတယ်… ။

""အနည်းဆုံး သိုးတွေကို ထိန်းတတ်လာ
တဲ့ တစ်နေ့နေ့ပေါ့ဗျ""

((မောင်ကောင်းထိုက် နှီးပဒေါ))
မှ မှီငြမ်းသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Very good you post is my upvote.Thank you.See you my post and Upvote. Please help you.

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

good post!

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

အရမ်းကောင်းတဲ့postပါဗဟုသုတတွေတိုးစေပါတယ်။နောက်ထပ်လဲတင်ပြပေးပါ။အားကေးနေပါတယ်။တဦးကိုတဦးကူညီပေးကြရင်းရှေ့ဆက်ကြတာပေါ့။