ရောက်ခဲ့ပါပြီခန္တီးမြို့ဆီသို့
ကျွန်တော်တို့လည်းခန္တီးမှာ မောင်ကျော်ရဲ့အကိုဝမ်းကွဲရှိသဖြင့် လူခေါ်ပွဲစားများနောက်သို့မလိုက်ဘဲ တည်းအိမ်ကိုအရင်သွားပြီးနောက်မှလောပန်းရှာမည်ဖြစ်သည်၊လူရင်းအသိလောပန်းဆီမှာလုပ်ထာပိုကောင်းမည်ဟုမောင်ကျော်ကပြောသဖြင့် သင်္ဘောကုန်းပတ်ပေါ်လူရှင်းအောင်စောင့်ပြီးသင်္ဘောပေါ်မှမဆင်းသေးဘဲခနစောင့်နေလိုက်ကြပါသည်၊
မကြာပါ သင်္ဘောပေါ်သို့ အင်္ကျီအဝတ်အစားမပါဘာမပါဘဲလူလေးငါးရောက်အဖွဲတက်လာလေသည်၊သူတို့သည်နာဂလူမျိုးများဖြစ်သည်ဟုသိရလေသည်၊ထိုအချိန်က နာဂလူမျိုးများသည်ယဉ်ကျေးမူအခုလောက်အဆင့်မမြင့်သေးပေ၊တကိုယ်လုံးရေမချိုးဘဲမဲသဲနေပြီးအဝတ်အစားလဲမဝတ်ကြပေ၊သူတို့၏အရှက်ကို ကားမိုးကာစလိုလက်နှစ်ဝါးစာလောက်ကလေးနဲ့တွဲလောင်းကလေးချကာထားသည်ကိုတွေ့ရလေသည်၊ရေမချိုးသဖြင့်အနားမှဖြတ်သွားလျှင်နားခေါင်းရိုင်းသူများအဖို့အနံ့ တော်တော်နံလေသည်၊ သူတို့၏မေးစေ့နားနှင့်ခြေသလုံးသားတွင်ဆေးမင်ကြောင်အစင်းလေးတွေထိုးထားလေသည်၊သူတို့၏နားများတွင်လည်းနားပေါက်ဖောက်ထားပြီးဆံပင်ညှပ်ထားသည့်ပုံစံမှာရေချိုးဖလားခွက်ခေါင်းစွပ်ထားသကဲ့သို့ညှပ်ထားလေသည်၊
ယခုမြင်ရသည့်ပုံမှာပွဲတော်တခုမှနာဂလူမျိုးတယောက်ရဲ့ပုံဖြစ်လေသဖြင်ကြည့်လို့နဲနဲအဆင်ပြေ၏ နဲနဲလုံခြုံသေး၏ အပြင်မှာနေ့တဓူဝနေထိုင်ကြသောနာဂလူမျိုးပုံမှာဘယ်သိုရှိမည် ခန့်မှန်ကြည့်နိုင်ပါသည် ၊ယခုအချိန်တွင်ယဉ်ကျေးမှူ ရှိလာပြီး ရန်ကုန်တွင် နံမယ်ကြီးမော်ဒယ် မာရီကိုးလ် ဆိုသောနာဂလူမျိုးသည် အလှမယ်တယောက်ပင် ဖြစ်နေပေပြီ။
လူမျိုးတမျိုးအားသိက္ခာကျစေရန်ရည်ရွယ်ရေးသားခြင်းမဟုပ်ဘဲထိုခေတ်အခါကကျွန်တော်တွေ့မြင်ရသောနာဂလူမျိုးပုံစံရေးပြခြင်းဖြစ်ပါသည်၊ သူတို့သည် ပလိုင်းလွယ်ကြီုးများကိုလွယ်၍မြန်မာစကားရေရေလည်လည်ပြောတပ်တဲ့သူဦးဆောင်ရာနောက်လေးငါးရောက်လိုက်ပါလာခဲ့ကြသည်၊ သင်္ဘောပေါ်မှခရီးသည်များကိုလည်းကုန်ပစ္စည်းချစရာပါသေးလား ငှားအုံးမလားဟုလိုက်လံမေးနေလေသည်၊ ထိုခေတ်အချိန်က ခန္တီးမြို့တွင် စစ်သုံးကားမှလွဲ၍ကားမရှိ ဆိုင်ကယ်မရှိ မြင်လှည်းမရှိ ထောလာဂျီမရှိ ခြေလျှင်လျှောက်သူနှင့် စက်ဘီးစီးသူ ဒီနှစ်မျိုးဘဲရှိလေသည်၊ သင်္ဘောပေါ်မှကုန်များကို နေအိမ်သို့၎င်းဂိုထောင်သို၎င်းမည်မျှဝေးပါစေလူအားဖြင့်သာသယ်ကြသည်ကိုတွေ့ရှိရလေသည်၊
ဆက်ရန်.....
Post writer=@yuzana(shineshine)
MSC=146
ဝိုး စုံလှချည်လားဗျ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ဒီဖက်မှာတနှစ်ကျော်ကြာခဲ့သေးတာဗျာ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီဇိုင်းကတော့ အလန်းဘဲနော်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုက်တယ်နော် ဒါ ပွဲတော်မလို့ယဉ်ကျေးသေးတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲမှာ ဒီလူမျိုးတွေရှိတာလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာဖရိက တောတွင်းလူလိုလိုပါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နာဂဝတ်စုံ မိုက်ဟ😁😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါက ပွဲတော်မလို့ အပြင်မှာဝတ်တာမြင်စေချင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးယုက ဗဟုသုတ စုံတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit