ကံဆိုးမသွားရာ မိုးရယ်​လိုက်​လို့ရွာ

in myanmar •  7 years ago 

တခူးလသင်္ကြန်​မိုးကတည်းကစရွာလိုက်​တဲ့မိုး​နေ့တိုင်းရွာတယ်​ဗျာ နဲတာနဲများတာဘဲကွာတယ်​၊
ကျွန်​​တော်​တခါတ​လေစဉ်းစားမိတယ်​ရန်​ကုန်​မိုးတွင်းဆိုရင်​ဘယ်​လိုမှအ​ခြေခံလူတန်းစား​တွေအဖို့​နေလို့အဆင်​မ​ပြေနိုင်​ ​ဆောင်းနဲ့​နွေရှာ​ဖွေထားတဲ့သူ​တော့အဆင်​​ပြေလိမ့်​မယ်​။ဒါ​ပေမဲ့အ​ခြေခံလူတန်းစား​တွေ ၇၀%​ကျော်​​လောက်​က စက်​ရုံ​တွေ အလုပ်​ရုံ​တွေနဲ့ ကုမ္ပဏီ​တွေ အစိုးရဝန်​ထမ်း​တွေမို့မဆိုးလှ သူတို့ကမတီးငါကျပ်​ တီးငါးကျပ်​​လေ၊ ကိုယ်​ပိုင်​လုပ်​ငန်း​ခေါင်းရွက်​ဗျက်​ထိုး​ဈေးသမား​လေ​တွေက​တော့ ဒီမိုးရက်​ရှည်​နဲ့အဆင်​မ​ပြေနိုင်​၊

images (10).jpeg

https://goo.gl/images/jj4G2G

ကျွန်​​တော့ရဲစက်​ပြင်​အလုပ်​ဆိုရင်​ပိုဆိုးတာ​ပေါ့ဗျာ ၊ဇိမ်​ခံအီလက်​ထ​ရောနစ်​​တွေပြင်​ရတာ ပိုက်​ဆံမရှိ​သေး မ​ပြေလည်​​သေးဆိုပြီးမပြင်​ဘဲထား ရတယ်​​လေ မရှိမဖြစ်​စားဖို့​သောက်​ဖို့ကအ​ရေးကြီးတယ်​ ၊ ဒီလိုစဉ်းစားရင်းနဲ့ပန်​ကာကွိုင်​ထုပ်​အ​ဟောင်း​လေး​တွေဝယ်​ ကွိုင်​အသစ်​ပြန်​ပတ်​ နယ်​မြို့​တွေကဆိုင်​​တွေ့ဖြန့်​တင်​ထားရင်​ကိုက်​​လောက်​တယ်င်္ဆိုပြီးးစိတ်​ကူး​ပေါ်လာ​တော့ မိုးတွင်း ပြင်​စရာစက်​​စောင့်​ရင်း ကိုယ့်​ဟာကိုယ်​ကွိုင်​ထိုင်​ပတ်​​နေပါ​တော့တယ်​။မကြာပါ ထမင်း​ပေါင်းအိုးကိုင်​ပြီး အထဲကမီးခိုးအူသွားလို့တဲ့ ဘယ်​​လောက်​ကုန်​မလဲတဲ့ ကျွန်​​တော်​လဲသူ့ရဲ့ထမင်း​ပေါင်းအိုးကပလပ်​​ပေါက်​ကြည့်​​တော့ပလပ်​စတစ်​​ခေါင်းအရည်​​ပျော်​နေတာကို​တွေ့ရ​တော့ဒီ​ခေါင်းလဲရမှာ လက်​ခနဲ့ပစ္စည်းဖိုး ၁၅၀၀ကျမယ်​လို့ ​နောက်​ည​နေမှလာယူလို့​ပြောလိုက်​ပါတယ်​။

FB_IMG_1495257936324.jpg

https://goo.gl/images/uFFceH

ဒီလိုနဲ့ကွိုင်​ပတ်​တာခနရပ်​ပြီး ​ပေါင်းအိုး​ခေါင်းလဲလိုက်​ပါတယ်​။လဲလိုက်​ပီးမီးပလပ်​ထိုးစမ်းကြည့်​​တော့ အထဲက​မောင်းတံခလုပ်​အုံထဲကပါမီးခိုး​တွေအူလာခဲ့ပါတယ်​။ဟိုက်​သွားပြီး အန္တရယ်​ဖြစ်​နိုင်​တယ်​ ​ပေါင်းအိုး​ဘော်​ဒီနဲ့ လျှပ်​စစ်​နဲ့မကူး​အောင်​ခံထားတဲ့လျှပ်​ကာ​တွေပါ​လောင်​ကျွမ်းကုန်​တာဘဲ ။ဒီခလုပ်​အုံကဒီအနီးအနားမရှိနိုင်​၊ပြက်​ခဲ​တော့ မထားကြ မြို့ထဲသွားဝယ်​မှရမယ်​။နောက်​ပီး ​ပေါင်းအိုးမီးကွိုင်​ပြား​ထောက်​သုံး​ထောက်​ကလဲ သံကြီးကိုက်​​ဆွေး​နေပြီ
ဒီ​ပေါင်းအိုးပြင်​​နေလို့က​တော့ မြို့ထဲသွား​ဈေးဝယ်​ တရက်​အလုပ်​ပြက်​ထာနဲ့ ဝယ်​ထည့်​ဖို့ပစ္စည်းဖို​တွေလက်​ခ​တွေနဲ့တွက်​ရင်​​ပေါင်းအိုးအသစ်​ဖိုး​တောင်းရလိမ့်​မယ်​၊မဖြစ်​ဖူးဆိုပြီး ကိုယ့်​ပစ္စည်း​လေးပြန်​ဖြုပ်
ပေါင်းအိုးအသစ်​တာဝယ်​​တော့​ပြောရ​တော့မှာ​ပေါ့။ ကဲလက်​လဲ​ပေါင်းအိုးကဆီ​တွေ ဂျီး​တွေ​ပေတာဘဲအဖတ်​တင်​လိုက်​တယ်​။

FB_IMG_1495257931908.jpg

https://goo.gl/images/iESVPj

မကြာပါဘူးဗျာ ​ကောင်​မ​လေး​ယောက်​dvd​အောက်​စက်​က​လေးကိုင်​ပြီး ညကကြည့်​​နေရင်းနဲ့ ပါဝါမီး​ပြောက်​သွားလို့တဲ့ အဲ့တာနဲ့ကျွန်​​တော်​လဲ​ကျောက်​လှည့်​နဲ့နတ်​​တွေဖြုပ်​စစ်​​ဆေးရတာ​ပေါ့ ပါဝါဆပ်​ပလိုင်းကIc လည်း မဲ ပြီး
လောင်​​နေတာကို​တွေ့​တော့ ​သေခြာ​ပေါက်​ပါဝါဆပ်​ပလိုင်းကဒ်​လဲရ​တော့​မယ်​။ဖြစ်​​သေးဘူးမိန်းကဒ်​က​ကောင်းရဲ့လားမသိ ဆိုပြီး ပါဝါဆပ်​ပလိုင်းကဒ်​ကDCဂျက်​​ပေါက်​ကို ဘက်​ထရီနဲ့ချိပ်​ကြည့်​ပါတယ်
သွားပြီ​ရှေ့က​ကောင်​တာမီးမလာ ပါဝါမီး​လေးတလုံးသာလင်း​တော့သည်​။အဲ့ဒါဆို ပါဝါဆပ်​ပလိုင်းကဒ်​​ရော မိန်းကဒ်​​ရော​လောင်​ပြီ​ပေါ့ ။ခွေဖတ်​တဲ့မှန်​ဘီလူးလို့​ခေါ်တဲ့လန့်​စ်​က​ကောင်းလားမ​ကောင်းလားမသိ သူကပါဝါပွင်​မှ​ကောင်းတယ်​မ​ကောင်းဘူးသိရတာ။

images (12).jpeg

https://goo.gl/images/cdch1J

DVD​အောက်​စက်​တလုံးမှ ပါဝါဆပ်​ပလိုင်းကဒ်​။မိန်းကဒ်​။ မှန်​ဘီလူးလို့​ခေါ်တဲ့ဒီဗွီလန့်​ ဒီအုပ်​စု​လေးသုံးအုပ်​စုဘဲရှိတာ ပါဝါကဒ်​ရယ်​ မိန်းကဒ်​ရယ်​ ဒီဗွီဒီလန့်​စ်​ကမ​သေခြာ ​ကောင်းတာကအိမ်​ခွန်​ဘဲကျန်​​တော့တယ်​ ဒီစက်​သာပြင်​​နေရရင်​​တော့အသစ်​တလုံးဖိုးပိုက်​ဆံထည့်​ပြင်​​တောင်​အသစ်​လိုမ​ကောင်းလာနိုင်​​တော့။အဲဒီ​တော့​ရော့ငါ့ညီမ အသစ်​တလုံးသာဝယ်​ကိုင်​​တော့ ညီမစက်​ကအိမ်​ခွံဘဲ​ကောင်းတာကျန်​​တော့တယ်​လို့​ပြောလိုက်​ရပါတယ်​ ၊

31D8HMZVRZL.jpg

https://goo.gl/images/m6KrPi

ကဲဘာတပ်​နိုင်​တုန်းစက်​ပြင်​သမားတမနက်​လုံးအလုပ်​လုပ်​​နေရပြီးတပြားတချပ်​မှမရလိုက်​တဲ့ဘဝ ကံများဆိုးချင်​ပြီဆိုအဲ့လိုဘာဘဲကျွန်​​တော်​တို့စက်​ပြင်​သမားဘဝက။ နောက်​လဲစက်​ပြင်​သမားဘဝမှတ်​တမ်း​လေး​တွေအခါအခွင့်​သင့်​ရင်​​ရေးတင်​ပါအုံးမယ်​လို့​ပြောကြားရင်း.....

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Your post seems to be a great post.

အိုးးးဗဟုသုတရတယ်​ဗျာ
များများတင်​ပါ​နော်

Thanks you @babakyi

တနားပါတေအေ😁😁ဈေးဦးမပေါက်ပုရား

ဒီလိုနဲ့ တမနက်​ကုန်​တယ်​​အေ

တွက်ခြေမကိုက်သောနေ့ကလေးများ

ဟုပါ့ဗျာ

အလဲ့ စက်‌ ပြင်‌‌တွေ ‌ထောတာကြ ‌ရေးဘူး။

ထောပါဘူးဗျာမြို့တိုင်းမြို့တိုင်းအ​ရောင်းဆိုင်​​တွေဘဲ​ထောတာပါ

ဆရာပါး တွက်​​ခြေမကိုက်​​တော့ဘူး​ပေါ့

ဟုပ်​ပါ့ဗျာ

ဘယ်​အလုပ်​ဘဲ ဖြစ်​ဖြစ်​ အဆင်​မ​ပြေချင်​ရင်ဒီအတိုင်းပါဘဲဗျာ

ဟုပါ့ ​ရေ​သောက်​တာ​တောင်​သွားကြားညပ်​တယ်​ဆိုသကိုး
အဆင်​မ​ပြေရင်

အ​တွေ့အကြုံ​တွေဖတ်​ရတာ​ကောင်းပါတယ်​...
ကံဆိုးရင်​ဆက်​တိုက်​ဘဲ....

စက်​ပြင်​သမားအ​တွေအကြုံက​တော့ ​ရေးလိုမကုန်​ပါဘူး​အေ

ဒါပေမယ့်လည်း စေတနာထားလုပ်ပေးတဲ့အကျိုးလေးတွေတော့
ခံစားရမှာပါ

ဟုတယ်​ တခြားဆိုင်​​တွေ မပြင်​ ပြင်​ စမ်းသပ်​ခ​ပေးရတယ်​တဲ့

ကံမကောင်းသော နေ့လေးဖြစ်သွားတာပေါ့ အဆင်မပြေချင်လာရင်လည်း ဘာလုပ်လုပ်ကို အဆင်မပြေဖြစ်နေတတ်တာ ဦးယုရေ

အဆင်​မ​ပြေမူ​တွေ အခုတ​လော အ​ဖော်​​တွေစုပြီး ဝင်​လကြတယ်​ဗျာ

လူအမျိးမျိုး ဘဝအထွေထွေပါဘဲ အတက်ပညာတွေက လေးစားဖို့ကောင်းပါတယ် အိမ်နီးရင်တော့ ပေါင်းအိုးလေး ပျက်နေတာ လာပြင်ချင်သား

လာခဲ့​လေ အလကားပြင်​​ပေးမယ်​ အဟီးး

Thanks you @akikur100

ဟင်...ကိုယ်ထင်တာ က ဇိမ်ကျကျပိုက်ပိုက်ရတာမှတ်နေတာ

ဆရာ​ရေ ရှူံးတဲ့ အခါ​တွေလဲ ခနခနဘဲ

Electronic ပြင်တတ်တာကလည်း နည်းပညာတစ်ခုပါပဲဗျ

မတပ်​ခင်​​တော့တပ်​ချင်​တယ်​ဗျ
တပ်​ပြီး​တော့မလုပ်​ချင်​​တော့ဘူး

အဲ့လိုလည်း ရှိတာပဲနော် 😃

ရှိပါ့ဗျာ

သဘောပေါက်နားလည်မိပါတယ်ဗျာ VP နဲနေလို့နောက်မှ vote ပါတော့မယ် မန့်ပဲ မန့်သွားပါတယ်ဗျာ

Ok ပါ

ဒီလိုပါဘဲဗျာ

ဟိုလိုဆို ပိုဆိုး​လောက်​တယ်

များများတင်​ပါလို့☺ ☺

စက်​ပြင်​သမားအ​တွေ့ အကြုံ​လေ ဒါဘဲ​ရေးစရာရှိတာ

ထမင်းပေါင်းအိုး ပလပ်ပေါက်က အသစ်လဲလို့ ရလားဗျ

ရပါတယ်​ အပိုပစ္စည်းအ​ရောင်းဆိုင်​မှာဝယ်
ကိုယ်​ဘာသာကိုယ်​ လဲရတယ်​ဗျ

ကံဆိုးတဲ့နေ့ဆိုတော့လည်း နည်းနည်းနဲ့ပြင်လို့ရမဲ့ စက်တွေ မလာဘဲ ပျက်တာတွေများလို့ အသစ်ဝယ်ရမဲ့ စက်မျိုးတွေပဲ လာနေတယ်။

ဟုပါ့ ပြင်​မယ်​အသစ်​တလုံးဘိုး​လောက်​ကုန်​မယ်

နောက်ထပ်အတွေ့ကြုံလေးတွေလည်း
စောင့်မျှော်ဖတ်ရှူပါဦးမည်။ ဗဟုသုတ ရတာပေါ့

အဲလို နေ့တွက်မကိုက်တဲ့နေ့ရောရှိတာဘဲလားဗျာ

ဖြစ်တတ်ပါတယ် ဖြစ်တတ်ပါတယ်ဗျာ ။ ဟီး။