သီတင်းကျွတ်​လ

in myanmar •  6 years ago 

သီတင်းကျွတ်​လ

သီတင်းကျွတ်​လက​တော့ ဗုဒ္ဓဘာသာမြန်​မာလူးမျိုးတို့အတွက်​အထွဋ်​အမြတ်​လလို့​ပြောရမလားမသိဘူးဗျာ့ ဘာသာ​ရေးပွဲ​တွေ ​ပျော်​ပွဲရွင်​ပွဲ​တွေ အ​တော်​​ပေါတဲ့လဖြစ်​​နေပါတယ်​၊ သီတင်းကျွတ်​လက ဆယ့်​နှစ်​လရာသီထဲမှာ ခုနစ်​လ​မြောက်​ လဖြစ်​ပြီး နဂါးရဲ့ဦိး​ခေါင်းက အ​ရှေ့အရပ်​သို့လှည့်​​သောလလည်းဖြစ်​​ပေသည်​ ထို​ကြောင့်​ နဂါးရဲ့ ပါးစပ်​ထဲအဝင်​ဖြစ်​​နေ​သောအ​နောက်​အရပ်​သို့ခရီး​ဝေးသွားမည့်​သူများ ဆင်​ချင်​ကြ​ပေသည်​၊ သီတင်းကျွတ်​လသည်​ မိုးရာသီ၏ အ​နှောင်းမိုး​နှောင်းလဖြစ်​ပါသည်​ ထို​ကြောင့်​မိုးသိပ်​မရွာ​ပေ၊

images (16).jpeg

https://goo.gl/images/KE1ioP

ရဟန်းသံဃာများ ဝါတွင်းသုံးလပတ်​လုံး မည်​သည့်​အရပ်​မှညအိပ်​ည​နေမသွားပဲ ဝါဆို​နေကြရာမှ သီတင်းကျွတ်​လပြည့်​​ကျော်​တရက်​​နေ့ဆို ဝါထွက်​ပြီဖြစ်​​ပေသည်​၊ ထို​ကြောင့်​ ဝါထိုင်​​သောရဟန်းသံဃာများရဲ့ပလ္လင်​ကို​ဆေး​ကြောတဲ့သ​ဘောမျိုးပလ္လင်​​ဆေးမိုး​လေး​တော့ရွာ​ပေးသည်​ဟု့​ရှေးလူကြီးများ​ပြောတာကြားဖူးပါသည်​၊ဤကဲ့သို့ဝါဆို​သောရဟန်းသံဃာများ ဝါဆို​နေရာမှဝါဆိုလွတ်​​မြောက်​ပြီးဆုံး​သောလဖြစ်​သဖြင့်​ ဝါလကင်းလွတ်​သီတင်းကျွတ်​ဟု ​ခေါ်တွင်​ကြပါသည်​၊ သီတင်းကျွတ်​လသည်​ ​ဗေဒင်​အ​ခေါ်အားဖြင့်​ တူရာသီ ဟု​ခေါ်ဆိုကြ​ပြီး သ​င်္ကေတ အရုပ်​မှာ ချိန်​ခွင်​ကိုကိုင်​စွဲထား​သော ​ယောင်္ကျားရုပ်​ပုံစံဖြစ်​ပါသည်​၊ သီတင်းကျွတ်​လကို ပုဂံ​ခေတ်​ကသံတူလဟု​ခေါ်တွင်​​ကြောင်း​​လေ့လာမှတ်​သားမိပါသည်​၊ ထို​ကြောင့်​ပုဂံ​ခေတ်​က သံ​ပေါက်​ကဗျာများတွင်​ ​တော်​သလင်းမူ သစ်​ဆင်းဟူ သံတူ သီတင်းကျွတ်​ဟု​ရေးစပ်​ကြ​လေသည်​၊ သံတူလ၏ အဓိပ္ပါယ်​မှာ ဝသန္တဥတု တူရာသီဖြစ်​​သောလဟု အဓိပ္ပါယ်​ဖြစ်​​ကြောင်း​လေ့လာမှတ်​သားရပါသည်​၊

images (14).jpeg

https://goo.gl/images/8WnsGZ

သီတင်းကျွတ်​လ၏ ရာသီပန်းမှာ ကြာပန်းဖြစ်​ပါသည်​၊ ထို​ကြောင့်​ ​ရေပြင်​လှတင့်​ ကြာမျိုးပွင့်​၍ မြတ်​ကျင့်​​ခေါင်​ထွဋ်​ သီးတင်းကျွတ်​ဟု ဆီးသည်​ရွာသားကြီး ဦး​အောင်​ကြီးက​ရေးဖွဲ့ခဲ့ဖူးသည်​ဟု စာ​ပေများတွင်​​လေ့လာမှတ်​သားမိပါသည်​၊ သီတင်းကျွတ်​လတွင်​ပွဲ​တော်​များ​ပေါများသဖြင့်​ ​နောက်​အပတိများတွင်​ သီတင်​ကျွတ်​ပွဲ​တော်​အ​ကြောင်းများဆက်​​ရေးပါအုံးမည်​ စာဝင်​ဖတ်​သူအားလုံးကို ​ကျေးဇူးအထူးတင်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သီတင်းကျွတ်လ လူကြီးမိဘ ကန်တော့ကြ

Posted using Partiko Android

ဝါလကင်းလွတ် သီတင်းကျွတ်

သီတင်းကျွတ်​လအ​ကြောင်းဖတ်​ရတာဗဟုသုတရပါတယ်​...

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by kotint from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!