တမာတမ်းချင်း

in myanmar •  7 years ago  (edited)

FB_IMG_1534847863154.jpg

https://goo.gl/images/bPn1nw

တမာတမ်းချင်း
= = = =
အညာလို့ဆိုလိုက်​တာနဲ့ တမာကိုပါမျက်​စိထဲအ​ပြေး​လေးမြင်​​ရောင်​မိပါတယ်​တမာ...
ဟုပ်​ပါတယ်​ အညာနှင့်​တမာဟာဘယ်​​တော့မှခွဲ
ခြားလို့မရနိုင်​​​သောအရာပါ​....
အညာကိုချစ်​တဲ့သူတိုင်းတမာကိုချစ်​သလို တမာကိုချစ်​ကြသူတိုင်း အညာကိုချစ်​ကြပါတယ်​...
အညာရဲ့​နွေဦး လေ​ပွေ​လေးများမြူးတဲ့အချိန်​ ​ဟောင်းရွက်​​ကြွေတမာရွက်​​တွေက ​မြေပြင်​မှာလူး​လွန့်​လို့​နေကြပြီ​ပေါ့...
ပင်​ယံဦးမှာလဲတမာဖူး​လေးတွေပြူစစ နဲ့ အညာရဲ့​နွေဦးကို တမာ​တွေအံတုဘို့ပြင်​ဆင်​နကြတာ တကယ်​ကိုအားမာန်​အပြည့်​ပါ့လား...
လေးစားပါတယ်​ တမာရယ်​ ..
ရိုးတံကျဲကျဲနဲ့ ပင်​အိုကြား​ထဲက ဥသြငှက်​အသံကလဲ
အလွမ်းဓာပ်​ခံရှိသူများအဖို့ အလွမ်း​တွေပြိုဆင်းလာဖို့
ဖန်​တီးထားတဲ့ပန်​ချီကားတချပ်​​လေလား ...
အော်​ ..လွမ်းလိုက်​တာအညာရယ်​..
တချိန်​ချိန်​မှာ​တော့ အညာရဲ့​နွေကို တမာ​တွေနဲ့အတူ
အံတုဘို့ ပြန်​လာခဲ့မှာ​ပေါ့တမာ....
ခုချိန်​မှာ​တော့ ...
ရေကြည်​ရာ မြက်​နုရာမှာ​နေရ​ပေမဲ့ ရင်​ထဲမှာ​တော့
ထာဝရအညာပါ တမာ....
ဒို့ရဲ့​ကျောင်း​တော်​​မြေပြင်​​ပေါ်မှာလဲ စိန်​ပန်းပွင့်​​တွေ ပြန့်​ကျဲ​လို​နေ​လောက်​ပြီ​​ပေါ့...
အရာရာတိုင်းကိုပြန်​ပြီးကြည့်​မိရင်​ အသက်​​တွေ​တောင်​ပြန်​ပြီးငယ်​မိသွားပါ့လား..အို..အညာရယ်​၊
ရွာရဲ့ကန်​ပတ်​လည်​ ထ​နောင်းပင်​ရိပ်​က​ရေခပ်​လမ်း
သူငယ်​ချင်း​တွေနဲ့ ​ရေခပ်​ထမ်းကြတာ ​သြော်​..မ​နေ့တ​နေ့ကလိုပါဘဲလား....
ဘယ်​လိုပင်​အညာ​နွေပူပါ​စေ ရင်​ထဲမှာအပူမရှိ​တော့
အရာရာဟာ ​အေးမြလို့​နေ​တော့မှာ​ပေါ့တမာ.....
ရေကြည်​ရာမြက်​နုရာမှာ ​နွေအညာလိုမပူလှ​ပေမဲ့ ရင်​ထဲကအပူမီးဘယ်သူလာပြီးငြိမ်းလို့မရပါ့မလဲတမာ...
ပျော်​ရာမှာမ​နေ ​တော်​ရမှာ​နေရမယ်​လို့ ဆိုရိုးစကားရှိခဲ​သော်​ညားလည်း ကိုက​တော့ ​ပျော်​ရာမှာဘဲ​နေခြင်​တာ​ပေါ့တမာ...ဒါ​ပေမဲ့ ဒါ​ပေမဲ့လည်းပေါ့​လေ...
တမ်းတမ်းတတ ငယ်​ဘဝကအညာ​ကြောင်း​တွေ​ ပြော​ပြီးနေရရင်​ ဘယ်​​တော့မှမကုန်​နိင်​​ပါ​ဘူးတမာ...
ယာပြင်​အထက်​ကအပူလှိုင်း​တွေအကြား ​လေ​ပွေ​လေး​တွေ​ဆော့ကစားချိန်​ ပင်​ယံထက်​ကပုဇဉ်းရင်​ကွဲ
သူမလိုဘဲ ​အော်​နိုင်​အားရက်​တယ်​တမာရယ်​.....
ဟို..ထန်​​တောတဲဆီက၊ ထွက်​လာတဲ့ထန်းလျှက်​နံ့၊ အဲ့ဒီသင်းပျံပျံ​လေးကို မခံစားရတာအ​တော်​ကြာခဲ့​ပေမဲ့ အခုထိရနံ့​ရ​နေဆဲ​ပေါ့တမာရယ်​..
အော်​..တမာ​တွေ​ကြွေတဲ့အညာ​နွေကို တခါ​တ​ခေါက်​​တော့ ပြန်​အ​ရောက်​လာခဲ့ပါ့မယ်​အညာ​....
သြော့့် 
လွမ်းစရာ့ တမာတွေ့ 
လွမ်းစရာ့အညာနွေ့ 
လွမ်းစရာ့ မွေးရပ်မြေ့ 
အညာနွေကို
တမာတွေနဲ့အတူ
အံတုမယ်လို့ပြန်လာခဲ့တာ
နေမင်းရဲ့အပူရှိန်က
ခွဲတမ်းကြနဲ့
ပြိုကျလာလိုက်တာ
ဒို့ရွာမှာမှ ခွဲတမ်းကပိုများနေသလိုပါ့
ယာခင်းပြင်တွေအပေါ်
အပူလှိုင်းတွေက တရိပ်ရိပ်နဲ့
လေဗွေလှိုင်းတွေက
စိတ်တိုင်းကျပျော်မြူးလို့
ရိုးတံကျဲကျဲ
အပင်အိုကြားထဲက ဥသြသံကို
နွေရဲ့ဆည်းလည်းသံလို့
ဘယ်သူကများ
တင်စားထားပါလိမ့်
သြော့့် 
လွမ်းစရာ့ တမာတွေ့ 
လွမ်းစရာ့အညာနွေ့ 
လွမ်းစရာ့ မွေးရပ်မြေ့ 

post writer -@yuzana(shineshine)
MSC=146

FB_IMG_1534847856249.jpg

FB_IMG_1534847851119.jpg

https://goo.gl/images/Z66uz5

FB_IMG_1534847859823.jpg

FB_IMG_1522745450653.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အညာမှာ တမာချဉ်လေးနဲ့ ဆွမ်းဘုန်းရတဲ့ အရသာ ခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ

တမာရွက်​နုကို ဇီးသီး​လေးနဲ့ပြုတ်​ ရှယ်​ပါ့

အညာ​တောင်​ပြန်​ချင်​သွားပီ

မွေးရပ်​အညာကို​တော့ ဘယ်​​တော့မှမ​မေ့ဘူး​လေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks minnowsupport.

မိုက်​တယ်​ကွာ ဒို့အညာ အ​​ကြောင်း​လေး

အိမ်​ပြန်​ချင်​တယ်​....အူးးးး
ခွေးအူတာမဟုပ်​ ဖူး​နော်
ထူးအိမ်​သင်​သီချင်း

ထန်းရည်​အချိုကို အဲ့လိုအားရပါးရ ​မော့​သောက်​ပြစ်​ချင်​တာ

ဟုပ်​ပါ့ဗျာ အဲ့လို့​သောက်​လိုက်​ရမှ

ရင်‌ထဲက အပူကို ထန်းရည်‌နဲ့ ငြိမ်းကြတာ‌ပေါ့။
ကျွန်‌‌တော့်‌ကို အညာပြန်‌ချင်‌‌အောင်‌မလုပ်‌ပါနဲ့။မ ပြန်‌ရဲဘူး ငယ်‌ရည်းစား‌တွေ ရိုက်‌မှာစိုးလို့။

ဟားးး ​ပြော့​ရော့မယ်​ဆရာရယ်​ အညာသားမှန်​ရင်​ အညာကိုမ​မေ့ပါဘူး

Wow...ကဗျာ​ကောင်းပါ...ဖတ်​လို့လည်း​ကောင်းတယ်​....ပုံထဲမှာ​နောက်​ဆုံးပုံသ​ဘောအကျဆုံးဘဲ.....

အဟားး မိုက်​တယ်​ ​ရေကြည်​ရာမျက်​နုရာ​နေရ​ပေမဲ့ တခါတ​လေ အညာလာတဲ့အခါ ဟန်​မ​ဆောင်​ကြ​တော့ဘူး​လေ

အညာမြေကို ကျကျနန တင်စားပြီးရေးဖွဲ့ထားတာ ဘယ်နေရာ ဘယ်ဒေသမှ လိုက်မမှီအောင် ပြောပြသွားနိုင်တယ်ဗျာ။အဲဒီလိုရေးနိုင်တဲ့အရည်အချင်းကိုတော့ ချီးကျူးပါတယ်ဗျာ။အရမ်းကောင်းပါတယ်ခင်ဗျာ

ကျေးဇူးပါဗျာ

This post has received a 14.47% upvote from thanks to: @yuzana!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

အညာက တမာတန်းလေးလည်း ချိုမဲ့ အရိပ်အယောင် ဒို့လေ မမြင်ပေ ပညာသင်ပြီးတဲ့ အခါ တိုင်းပြည်တာဝန်ထမ်းရင်းနဲ့ စာသင်ပြီး အလင်းပြမယ်လေ နားလည်နိုင်ပါစေ သာအေးရေ နားလည်နိုင်ပါစေ သာအေးရေ

အန်​ ရှင်​​နောင်​ ဟုဖူးလား

ပင်ကျရေ မော့နေတာ သဘောကျသဗျာ

မိုက်​ချက်​​တော့ဗျာ

တမာတောမှာ ပျော်တယ်ဆိုတဲ့ သီချင်းလေးတောင် သတိရသွားတယ်။

တမာချဉ်​ကို တို့မှာလား မုန်​လာချဉ်​ကိုတိုမှာလား

ဟယ်အေ လက်ကောက်တေ တံတောင်ဆစ်နဲ့ 😁😁အိုးရီး မော့နာ ဟားဟားဟား😁

ဟန်​မ​ဆောင်​နိုင်​​တောဘူး​လေ အညာထန်းရည်​ချို မ​သောက်​ရတာ
ကြာ​တော့

ဟိဟိ😂😂😂

တမာတမ်းချင်းဆိုတာ အတုကြီးပဲ တကယ်က ထန်းရေတမ်းချင်းကြီးပါ နေကပူလေ ထန်းရေက သောက်ကောင်းလေ လေကလေးတိုက်လေ ထန်းရေမူးလေပေါ့

ဟု သိကုန်​ပီ အသာ​လေး​နေတာမဟုပ်

အိုးမော့ချက်က လန်းထွက်သဗျ

ဟု ပါ့ ဗျာ မကြိုက်​ရှာဘူး

အို ဖတ်ရင်းနဲ့ အလိုလို လွမ်းလာမိလာပါကော

ကျေးဇူးပါ​နော်​ ဖတ်​​ပေးလို့

အညာ​မြေ ထ​နှောင်းပင်​​အောက်​​လေးမှာ ထန်းရည်​​သောက်​ရရတဲ့အရသာ​လေး မ​မေ့နိုင်

နွေ ထ​နောင်း ​ဆောင်းမကြည်းတဲ့ဗျ ထ​နောင်​ပင်​က ​နွေရာသီဆိုစိမ်းစို​နေတာ

ရွာကိုတောင်သတိရမိတယ်

ချစ်​ဆုံး ​ပြောတဲ့စလင်းဘက်​လား အဟိ စတာ​နော်

စလင်းဟုတ်ဘူး စစ်ကိုင်း 😁

တမာတမ်းချင်းရေးသားရင်းဘာပုလို့ထန်းရေအိုးကိုမော့ချလ်ုက်တာပါလည်းခင်ဗျာ

ရှူး ...တိုးတိုး လိုရာဆွဲချလိုက်​တာ

ရွာက တမာနဲ့မြို့က ​ဒေါ် အမာ ဘယ်​သူ့ပိုချစ်​လဲ ဥယု

Good တယ်ဗျာ ဖတ်ရတာ တကယ့် mood ဝင်မိတယ်။ အရေးအသားကို လေးစားမိပါကြောင်း . . .

တမာချဉ်လေးကိုတို့ပီး...ထန်းရည်လေးနဲ့..ဟာ ရှုပ်ကုန်ပီ...ပုံတေကထည့်ထားတော့ ရောကုန်တာပေါ့..:-P

အော် အညာနဲ့ တမာ၊ တမာနဲ့ အညာ ခွဲမရပါဘူးလေ။ တမာတမ်းချင်းလေး တစ်ပုဒ်ပါဗျာ။လွမ်းမိတယ်။

လွမ်းတတ်ပါပေ့လေ

မိုးတွင်းဆိုတော့ထန်းရည်ကသောက်မကောင်းဘူးဗျာ