TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၀)

in myanmar •  6 years ago 

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၀)

အရင်​အပတ်​ကတင်​ပြခဲ့​သောအပိုင်းသည်
အဖြူအမဲအဆင့်​ရဲ့လုပ်​​ဆောင်​ချက်​သ​ဘောတရားများသာဖြစ်​ပါသည်​၊ ကာလာတီဗွီကြ​တော့နဲနဲပိုရှူပ်​သွားပါသည်​၊အဘယ့်​ကြောင့်​ဆို​သော်​ အရင်​အပတ်​က​ဖော်​ပြခဲ့သည့်​အတိုင်း ကက်​သုတ်​ငုပ်​သုံးခုပါ​လာသော​ကြောင့်​ဖြစ်​​လေသည်​၊အဖြူအမဲက​တော့တခုသာပါ ပါသည်​၊

monito6.jpg

https://goo.gl/images/GzaAnu

ကက်​သုပ်​ငုပ်​သုံးခုတို့မှာ Rဆိုတဲ့အနီ​ရောင်​စ​ပေါ့ကိုပြစ်​ပေး​သောဂန်း ၊Gဆိုတဲ့အစိမ်း​ရောင်​စ​ပေါ့ကိုပြစ်​​ပေး​သောဂန်း၊Bဆို​သောအပြာ​ရောင်​စ​ပေါ့ကိုပြစ်​ပေး​သောဂန်းတို့ဖြစ်​​လေသည်​၊ဒီငုပ်​သုံးခုဆီလာ​သော​ဖေကွန်​စီအ​ပြောင်းအလဲ​ပေါ်မူတည်​ပြီးအ​ရောင်​ပြစ်​လွှပ်​ပါသည်​၊တီဗွီဖန်​သားပြင်​မှာသုပ်​လိမ်းထား​သော​ရောင်​ပြန်​စ​ပေါ့​လေးကလဲ အဖြူအမဲလို​မဟုပ်​တော့​ပေ စ​ပေါ့​လေးတခုအ​ပေါ်မှာ R G B ဆို​သောစ​ပေါ့​လေးသုံးခုစုထား​သောစ​ပေါ့​လေးတခုဖြစ်​​နေပါသည်​၊ Rဂန်းမှာလာ​သောအလင်းတန်းသည်​Rစ​ပေါ့ကိုထိမှန်​ပြီး၊အနီ​ရောင်​ထွက်​သလို၊Gဂန်းမှလာ​သောအလင်းတန်းသည်​လည်းGစ​ပေါ့ကိုထိမှန်​ပြီးအစိမ်း​ရောင်​ထွက်​​လေသည်​၊ထို​နောက်​Bဂန်းသည်​လည်းထိုနည်းအတူပင်​ဖြစ်​​လေသည်​၊ ကျန်​​သောအ​ရောင်​များသည်​ အ​ရောင်​​ရော​နှောခြင်းနီယာမသ​ဘောတရားအတိုင်း ဒီRGB အ​ရောင်​သုံးမျိုးနဲ့ပင်​​ရော​နှောသွား​လေသည်​၊

tv-transmitters-receiver-19-638.jpg

https://goo.gl/images/u9N6xN

ကျွန်​​တော်​တို့​တွေမြင်​​နေ​သော​ရောင်​စဉ်​ခုနှစ်​သွယ်​သည်​ ဒီအ​ရောင်​သုံး​ရောင်​ကိုအ​ခြေခံပြီး​ပေါင်းစပ်​ထားခြင်းဖြစ်​​ပေသည်​၊ဥပမာ အဝါ​ရောင်​ကိုလိုခြင်​ပါက အနီစ​ပေါ့နဲ့အစိမ်းစ​ပေါ့ကိုပြိုင်​တူပြစ်​ပြီး အနီ​ရောင်​နဲ့အစိမ်း​ရောင်​ရော​နှောလိုက်​ခြင်းဖြစ်​သလို၊ပန်း​ရောင်​ကိုလိုခြင်​ပါက အနီစ​ပေါ့နဲ့ အပြာစ​ပေါ့ကိုပြိုင်​တူပြစ်​ပြီးအနီ​ရောင်​နဲ့အပြာ​ရောင်​​ရော​နောလိုက်​ခြင်းဖြစ်​သည်​၊ကျန်​​သောအ​ရောင်​များသည်​လည်းထိုကဲ့သို့အချိုးကျ ​ရော​နှောကြခြင်းဖြစ်​ပါသည်​၊ဖန်​ပြင်​မှာ​ပေါ်​စေခြင်​​သောအ​ရောင်​ကို ကက်​သုပ်​ငုပ်​ဆီသို့ဝင်​​ရောက်​လာ​သော ​ဖေကွန်​စီမှထိန်းချုပ်​​လေသည်​၊ထို​ဖေကွန်​စီသည်​ ဗီုဒီယိုကင်​မရာရိုက်​စဉ်​တုန်းကပါဝင်​လာ​သော​ဖေကွန်​စီ ကြိမ်​နူန်းပင်​ဖြစ်​​လေသည်​၊ RGB စ​ပေါ့ကိုတိတိကျကျထိမှန်​ရန်​အတွက်​မီလုံးလည်​တိုင်​မှာစွတ်​ထား​သောရုပ်​ကွိုင်​ရဲ့သံလိုက်​စက်​ကွင်းကတာဝန်​ယူရ​လေသည်​၊အကယ်​၍ရုပ်​ကွိုင်​သံလိုက်​စက်​ကွင်းရဲ့လုပ်​​ဆောင်​ချက်​ကိုအ​နှောက်​အရှက်​​ပေး​သော တခြားသံလိုက်​စက်​ကွင်းများဝင်​လာပါကRGP စ​ပေါ့ကိုတိတိကျကျ မထိမှန်​ဘဲ ကာလာ​တွေက​စောက်​ကစက်​ထွက်​ပြီး မှန်​ပြင်​မှာ ကာလာများကွက်​​နေပါလိမ့်​မည်​၊တီဗွီမီးလုံး၏မှန်​ပြင်​နားတွင်​ စပီကာသံလိုက်​က​လေးနဲတို့ထိကြည့်​ရင်​သိနိုင်​ပါသည်​၊

images (32).jpeg

https://goo.gl/images/PXdgMT

တချို့မသိတဲ့ပိုင်​ရှင်​​တွေက မီးလုံးအားကျသည်​မီးလုံးမ​ကောင်း​တော့ဟုထင်​ကြပါသည်​၊ထိုကဲ့သို့ကာလာမကွက်​ရန်​ တီဗွီမျက်​နာပြင်​နှင့်​ နီးကပ်​စွာ​သံလိုက်​စက်​ကွင်း​တွေထွက်​​သော ဆောင်း​ဘောက်များ မီးမြှင့်​စက်​များနှင့်​တခြားလျှပ်​စစ်​ပစ္စည်းများမထားသင့်​​ပေ၊အဲ့ဒီပစ္စည်းများဖယ်​ထား​သော်​လည်းကာလာများကွက်​​နေလျှင်​ မီလုံးထဲတွင်​ဝင်​​အောင်း​နေ​သော သံလိုက်​စက်​ကွင်းကို ထုပ်​ပြစ်​မှ ရပါလိမ့်​မည်​ ၊
နောက်​အပတ်​မှဆက်​လက်​ပြီးသံလိုက်​စက်​ကွင်းထုပ်​ပုံထုပ်​နည်းတင်​ပြပါအုံးမည်
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သြော် ဘာလိုလိုနဲ့ စက်ပြင်မှတ်တမ်း(၁၀)ထိရောက်လာပါလား

Posted using Partiko Android

ဟုပ်​ပါ့ဗျာ

အရင်ကဆို TV အနားကိုSound box တွေနီးနီးကပ်ကပ် အမြဲထားဖြစ်တာ
အခုတော့သတိထားပြီ ဦးယုရေ

ဟုတယ်​ ကွက်​တပ်​တယ်​ တခြားအ​ကြာင်း​ကြာင့်​လဲ ကွက်​တပ်​တယ်​​နောက်​ပိုစ်​မှဆက်​​ရေးရမှာ

errorတွေကလည်း အမျိုးမျိုးဘဲနော်

အမျိုးမျိုးပါ့ ညီမ​ရေ့

ကာလာကွက်​လာရင်​အနီးနားပစ္စည်း​တွေအရင်​သတိထားကြည့်​ရမယ်​...ဒါလည်းအသိတိုးပါတယ်​...ဆက်​အား​ပေးပါမယ်​....

Posted using Partiko Android

ကာလာကွက်​တာတခြားအ​​ကြောင်း​တွေ​ကြောင့်​လဲကွက်​တပ်​တယ်
နောက်​အပိုင်း​တွေမှာပါ ပါ့မယ်​ဗျာ့

ကိုယ်မသိတာတွေသိရတယ်

ဖတ်​ရှူတဲ့အတွက်​​ကျေးဇူးပါ

သာမန်လူ နားလည်စေတဲ့ နည်းပညာ post ပါဗျာ

ဗဟုသုတရဘို့အတွက်​ သာမန်​လူနားလည်​နိုင်​​အောင်​​ရေးရတာပါဗျာ

RGB ကတော့ Photoshop မှာ ရင်းနီးပါတယ် သံလိုက်စက်ကွင်းကျ ဖြစ်ဖူးတယ် တစ်ခါတစ်လေ နဂိုပါလာတဲ့ စပီကာကြောင့်ရော ဖြစ်တတ်လားဘဲ ဘာသံလိုက်မှ မကပ်ဖဲ ဖြစ်လို့ ။ နောက်တော့ tv အလုံးကြီးတွေ သုံးကြပါ့ဦးမလားမသိ အိမ်မှာတော့ အလုံးကြီးပါဘဲ ။ ဆိုင်တွေမှာ သိပ်မမြင်တော့ဘူး ။

  ·  6 years ago (edited)

နဂိုပါတဲ့စပီကာကသံလိုက်​စက်​ကွင်းအကာပါတယ်​ သံမလိုက်​ဖူး အပြင်​က​နေဆိုရင်​ အကာကိုခွာလိုက်​မှလိုက်​တာ တခြားအ​​ကြောင်း​​ကြောင့်​လဲကွက်​တပ်​တယ်​ ​နောက်​အပိုင်းကြမှပါမှာ

aww ဟုတ်ကဲ့ ဥဥ

ကိုယု​ရေ အား​ပေးပါရ​စေဗျာ 😄😄

Posted using Partiko Android

ပေါ်လာပြီလားဆရာပါး ​ကျေး ဇူးပါ

ပေါ်လာပီ​လေ ပုန်း​နေတာ 😁😁

Posted using Partiko Android

‌လေးစားပါတယ်‌ ဦးယု။

ကျေးဇူးပါ

သံလိုက်စက်ကွင်းမိပြီး TV ကအရောင်ထွက်နေတာဖြစ်ဖူးတယ်။ သံလိုက်ပါတဲ့ ပစ္စည်းကိုရွေ့လိုက်မှအဆင်ပြေတယ်

ဟုပ်​တယ်​ဆရာ သံလိုက်​လျှပ်​စက်​ကွင်းထုပ်​တဲ့ပစ္စည်း​တွေ​ဝေး
ဝေးထားတာ​ကောင်းတယ်

ဘာလို့သံလိုက်စက်ကွင်းကိုထုတ်နေမလဲ rainbow လေးတွေပြေးနေတာ ကြည့်လို့မကောင်းဘူလားဗျာ ☺

အ ဟပ်
ကောင်းတာပါ့ ဗျာ
လူရဲ့အသား​တွေကအစိမ်း​ရောင်​ဖြစ်
သစ်​ရွက်​​တွေက အဝါ​ရောင်​ ဖြစ်

သဘောပေါက်လွယ် နားလည်လွယ်အောင်ရေးပေးလို့ ကျေးဇူးအထူးပါ ဦးယု

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.