TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၃)

in myanmar •  6 years ago  (edited)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၃)

နောက်​တမျိုးက​တော့ ရုပ်​​တွေ​တော့လာပြီး
Audio အသံပိုင်းကမလာတာမျိုး​တွေလည်းဖြစ်​တပ်​ပါ​သေးသည်​၊ဒီပြစ်​ချက်​မျိုးက​တော့ ​အသံပိုင်းဆို​တော့ စက်​ပြင်​သမားတိုင်းပြုပြင်​ဘို့လွယ်​ပါတယ်​၊ လွယ်​ပါတယ်​ဆို​ပေမယ့်​တခါတ​လေမှာ အ​တော်​​လေးခက်​ခက်​ခဲခဲလုပ်​ယူရပါတယ်​၊အများအားဖြင့်အသံမလာ​တဲ့ပြစ်​ချက်​နဲ့အလာများတာက​တော့စပီကာပျက်​တာကများပါတယ်​၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

အသံပိုင်းမလာလျှင်​ပထမဆုံးစပီကာကိုမီတာတိုင်းကြည့်​ပါ ၊​ကောင်းနေလျှင်​ အသံအိုင်​စီဆီ ပို့​သော ၁၂ဗို့ ဗို့လမ်း​ကြောင်းကို၁၂ဗို့​ရောက်​မ​ရောက်​အရင်​စစ်​ကြည်​ပါ၊ဗို့​ရောက်​ပြီးအသံမလာရင်​​ရာခိုင်​နူန်းများများက​တော့ ic ​လောင်​​နေတပ်​ပါတယ်​၊တချို့အရင်​110v သုံးဂျပန်​ကျတီဗွီ​တွေက​တော့ ic အစားtr နှစ်​လုံးနှင့်​​အောက်​ပွတ်​အထုပ်​နဲ့ ocl အသံထွက်​ရ​အောင်​ထိုင်​ကြပါတယ်​၊သူ့မှာ​တော့ ဗို့ကိုဖလိုင်းဖက်​ဆီဝင်​​သော 110vလိုင်းမှ25vရယူထားပါတယ်​၊ သူ့မှာဖြစ်​တပ်​တဲ့ပြစ်​ချက်​က 25vအဝင်​လမ်း​ကြောင်းreg​လေး​လောင်​​နေတပ်​တာ​တွေရတပ်​ပါတယ်​၊အဓိက​ ကတော့ trနှစ်​လုံးအ​လောင်​များပါတယ်​၊ခါကြီးခါရံ ​အောက်​ပွတ်​ထုပ်​လည်း​လောင်​တပ်​ပါတယ်​၊​အောက်​ပွတ်​​တွေ အသံအိုင်​စီ​တွေ​ကောင်း ဗို့​တွေ​ရောက်​လို့မှအသံမလာရင်​ တခါတ​လေ မိန်းအိုင်​စီက အသံပိုင်းအကန့်​​ကချွတ်​ယွင်း​နေတာမျိုးလဲ ဖြစ်​တပ်​ပါတယ်​၊ဒါမျိုးဖြစ်​ပြီဆိုရင်​​တော့မိန်းအိုင်​စီတခုလုံးလဲရပါတယ်​၊မိန်းအိုင်​စီဆိုတာ အားလုံးစု​ပေါင်းပြီး အလုပ်​အများဆုံးလုပ်​ရတဲ့အိုင်​စီဖြစ်​ပါတယ်​၊
TV-Kit.jpg

https://goo.gl/images/mP4bN8

မိန်းအိုင်​စီထဲမှာ H out ကိုထုပ်​​ပေး​သော​အော်​လ​ဇေးရှင်း ၊ဗာတီကယ်​ကိုထုပ်​​ပေး​သော​အောလ​ဇေးရှင်း၊အသံပိုင်းကိုထုပ်း​ပေး​သောအပိုင်း၊ကျုနာမှာလာ​သောဆင်​ကနယ်​ကိုမီးလုံးဆီသို့ videoအဖြစ်​ထုပ်​​ပေး​သောအပိုင်း၊​အောက်​စက်​မှလာ​သောဗွီဒီယိုဆင်​ကနယ်​ကို မီလုံးဆီသို့ဗီဒီယိုထုပ်​​ပေး​သောအပိုင်း​အောက်​စက်​ဗွီဒီယိုနဲ့ တီဗီလိုင်းကိုချိန်း​ပေး​သောအပိုင်း ရုပ်​ပုံများကိုကာလာဖြန့့် ပေး​သောအပိုင်းစသည်​ဖြင့်​​မြောက်​မြားစွာပါရှိပါသည်​၊အားလုံးအိုင်​စီတလုံးထဲမှာပါသည်​ဆို​ပေမဲ့ အိုင်​စီထဲမှာ​ရောရှက်​မှူ့မရှိဘဲ သူ့အကန့်​နဲ့သူရှိ​နေတာမို့တပိုင်းပိုင်းကချွတ်​ယွင်းလျှင်​လဲ ထိုအိုင်​စီကိုလဲပြစ်​မှရ​လေသည်​၊ပိုင်​ရှင်​များရီမုကွန်​ထိုးဖြင့်​ ရုပ်​ပုံများ ကာလာများ အသံများ လိုသလိုချိန်​ပြီးရင်​ တည်​ရှိ​နေဘို့ အတွက်​ မှတ်​ဥာဏ်​များကိုမီမိုရီအိုင်​စီ 24c icနဲ့မှတ်​သားထားပါသည်​၊ ထိုမီမိုရီအိုင်​စီသည်​မိန်းအိုင်​စီနဲ့​ဒေတာကူးလူးချိတ်​ဆက်​ထားပါသည်​၊ တခါတ​လေ မီမိုရီအိုင်​စီ​ချွတ်​ယွင်းပြီး အသံကိုပိတ်​ထားသည်​များလည်းဖြစ်​တပ်​ပါသည်​၊ထိုအခါဆားဗစ်​မု​မှဖော်​ ပြီး အသံကိုပြန်​​ဖော်​ယူရ​လေသည်​၊
ဆက်​ရန်​.......

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အပိုင်း ၁၃ ထိ ကောင်းကောင်း မဖတ်ခဲ့မိဘူး
ခွင့်လွှတ်ပါဗျာ

Posted using Partiko Android

အစအဆုံးဖတ်​မှသ​ဘော​ပေါက်​ရုံ​နေမှာ

အတွေ့အကြုံတွေ မနည်းပါလားနော်

Posted using Partiko Android

တပ်​သ​လောက်​မှတ်​သ​လောက်​ဗဟုသုတပါဆရာ

ပညာတွေချပြနေတာ

ပညာ​တွေမပြရပါဘူးဗျာ
အ​တွေ့အကြုံ​တွေ ပြရတာပါ

ဦးယုရဲ့ ပညာတွေကလည်း စားမကုန်နော်

Posted using Partiko Android

စားလို့​တော့မကုန်​ဘူး ဒါ​ပေမဲ့ မချမ်းသာဘူး

သင်​​ပေးပါအုံး ကိုကိုယု 😊

Posted using Partiko Android

တီဗွီအ​ကြောင်းကပြီး​တော့မယ်​​မောင်

အ​သေး​လေး​တွေက စ အကုန်​သာ​ရေး 😁

Posted using Partiko Android

ပညာ‌တွေ sharing လုပ်‌‌ပေးလို့‌ကျေးဇူးပါဦးယု။

ဖတ်​​ပေးလို့ ​ကျေးဇူးပါဗျာ

စက်​ပြင်​အ​တွေ့အကြုံအများကြီး​နေမယ်​...ခုလို​ရေး​ပေးလို့ဗဟုသုတရပါတယ်​...

Posted using Partiko Android

ဗဟုသုတ​လောက်​ဘဲ ​ရေးနိုင်​ပါတယ်​ မတ်​မတ်​ရယ်

အတွေ့အကြုံတွေက ရေးရင်ကုန်မှာမဟုတ်နော်

Posted using Partiko Android

ဒီပညာက လိုက်​မမှီနိုင်​ဘူး ကုန်​တယ်​လို့လဲမရှိဘူး

လွယ်တော့မလွယ်ဘူး ကြားရက်တွေ အဖတ်ပြတ်သွားတော့ ပိုမလွယ်ဘူး ပြင်ဖို့လဲ မစဉ်းစားတော့ဘူး အရင်ကတော့ ဖြုတ်တယ် ပြန်မတပ်ဖူး ခ်ခ်

သ​ဘော​လောက်​ဗဟုသုတ​လောက်​ပါ
ပစ္စည်း​သေး​သေး​လေး​တွေရဲ့တခုခြင်း
အ​ကောင်းနဲ့အဆိုးကို မီတာတိုင်းတပ်​မှ ပြင်​လို့ရမှာ စစက်​ပြင်​သမား​တွေအတွက်​​တော့ အကျိုးရှိပါတယ်

ပညာတေကတော့ ရေးမကုန်ပဲ မကုန်သလောက် ရေးဟာ😁

Posted using Partiko Android

ကြာ​တော့ပြင်းလာပြီဗျာ့
စိတ်​ကူး​ပေါက်​မှ အင်​ဗာတာအ​​ကြောင်း​တွေ
အင်​ပလီဖိုင်​ယာထိုင်​ပုံထိုင်​နည်း​တွေ​ရေးရအုန်းမယ်

ဒါလေးကတော့ TV ရဲ့ အသံပိုင်းမှာ ချို့ယွင်းမှု ဖြစ်တတ်တဲ့ အရာလေးတွေကို တစ်ခုချင်းပြောပြပေးထားတာ ဗဟုသုတ ဖြစ်ပါတယ်အစ်ကို။တန်ဖိုးရှိသော post လေးပါပဲခင်ဗျာ။

လုပ်သက် အတွ့ အကြုံကတော့ တော်တန်လူယှဉ်မရဘူးနော် ဦးယု

ရုပ်နဲ့အသံပျောက်သွားရင် ဘာဖြစ်သွားပြီး ဘိုလုပ်လဲ သိချင်သေးတယ် ☺

အသစ်သာ ဝယ်လိုက်ပါ 😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.