TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၅)

in myanmar •  6 years ago  (edited)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၅)

နောက်​တခါ H out trရဲ့ ​ဘေ့စ်​ဆီကို​အော်​လ​ဇေးရှင်းမထွက်​ရခြင်းအ​ကြောင်းမှာပရိုဆင်​ဆာICဆီ 5ဗို့မ​ရောက်​လျှင်​လည်းမထွက်​ပါ ၊တကယ်​​တော့ပရိုဆင်​ဆာIC က ကွန်​ပြူတာ ICရဲ အလုပ်​လုပ်​ပုံသ​ဘောတရာနဲ့တူညီပါတယ်​၊ကွန်​ပြူတာဖြစ်​ဖြစ်​တီဗွီဖြစ်​ဖြစ်​ပါဝါဖွင့်​ဖွင့်​ခြင်းဗို့​တွေအကုန်​ထွက်​ပါဝါနီုးခြင်းမဟုပ်​ပါဘူး၊ စဖွင့်​​ဖွင့်​ချင်းက 5ဗို့ဘဲအရင်​ထွက်​တာပါ ဒီ5Vကို ကွန်​ပြူတာအုံး​နောက်​လို​ခေါ်တဲ့ပရိုဆင်​ဆာအိုင်​စီဆီအရင်​သွားတာပါ ၊စက်​ပြင်​သမား​တွေအ​ခေါ်အရ အဲ့ဒီ5ဗို့ကို good စင်​ကနယ်​လို့​ခေါ်ပါတယ်​၊

images (9).jpeg

https://goo.gl/images/ozXUgP

ဒီgood စင်​ကနယ်​ရဲ့ဗို့တည်​ညိမ်​မှူ ၊​ဖေကွန်​စီတည်​ညိမ်​မူ့​တွေကို ပရိုဆင်​ဆာကအာရုံခံပါတယ်​၊အကယ်​၍5ဗိုစ်​သည်​ good စင်​ကနယ်​မဖြစ်​လျှင်​ပရိုဆင်​ဆာအိုင်​စီက ကျန်​​သောပါဝါပိုင်း​တွေကိုဖွင့်​​ပေးမည်​မဟုပ်​​ပေ၊ထို​ကြောင့်​ကွန်​ပြူတာများသည်​ AC 220 ဗို့ဖြစ်​တိုင်းဖွင့်​​မပေးခြင်းမှာဤသ​ဘောဖြစ်​​ပေသည်​၊ဥပမာ ကွန်​ပြူတာများသည်​ ​ဖေကွန်​စီမမှန်​​သော အင်​ဗာတာများဖြင့်​ဖွင့်​မရခြင်းမှာဤသ​ဘောပင်​ဖြစ်​​လေသည်​၊အင်​ဗာတာအများစုသည်​​ဖေကွန်စီမမှန်ကြပါ၊ကွန်ပြူတာသုံးဘို့အတွက်​ ပန်​ကာ​တွေသုံးဘို့အတွက်​ဆိုရင်​ ​ဖေကွန်​စီ မှန်​​အောင်​အထူးပြုလုပ်​ပြီး ဘက်​စုံသုံးအင်​ပါတာဆိုပြီးထုပ်​လုပ်​ကြပါသည်​၊ကွန့်​ပြူတာ များအတွက်​မီးပြက်​သွားလျှင်​ စစ်​စတမ်​ပုံးမနာ​စေရန်​ ခံထား​သောUPS သည်​ ​ဖေကွန်​စီအတိအကျ မှန်​ကန်​​အောင်အ​ထူးပြုလုပ်​ထားသည့်​ အင်​ဗာတာများပင်​ဖြစ်​​လေသည၊်

TV-Kit.jpg

https://goo.gl/images/D1bnZV

လူမျာသည်​ အီလက်​ထ​ရောက်​နစ်​များကိုဗို့မမှန်​ရင်​သာ​လောင်​တပ်​သည်​ဟုသိထားပြီး အင်​ပီယာတို့ ဖေကွန်​စီတိုမမှန်​ရင်​လည်း​လောင်​တပ်​သည်​ကို သိရှိသူအလွန်​နည်းပါသည်​၊တီဗွိပရိုဆင်​ဆာအိုင်​စီသည်​လည်းကွန်​ပြူတာအိုင်​စီကဲ့သို့ပင်​5v goodစင်​ကနယ်​ဖြစ်​မှသာလျှင်​ ပါဝါကိုဖွင့်​​ပေး​လေသည၊်​ တခါတရံကြွက်​​သေးပန်း​လျှင်​​ဖြစ်​​စေ မိုး​စွေ​နေ၍ဆားကစ်​ပြား အစိုဓာပ်​ပြန်​​နေ၍ဖြစ်​​စေ Good ဆင်​ကနယ်​ 5v အမှန်​လာ​သော်​လည်း စက်​ပြားရဲ့အစိုဓာပ်​ကို ပရိုဆင်​ဆာမှအာရုံခံမိပြီး ပါဝါကိုဖွင့်​မ​ပေး​ခြေ၊ထိုအခါတီဗွီသည်​ပါဝါပွင်​သည့်​အခါပွင့်​ မပွင့်​သည့်​အခါမပွင်​ဘဲ ဖြစ်​တပ်​တဲ့ပြစ်​ချက်​မျိုးဖြစ်​တပ်​ပါသည်​၊ ထိုပြစ်​ချက်​မျိုးကိုဆားကစ်​ပြားအားဖြုပ်​ပြီး​နေလှမ်းလိုက်​လျှင်​​ကောင်းသွားတပ်​ပါသည်​၊တချို့ကြွက်​​သေးများဆား​ပေါက်​​နေလျှင်​​တော့သမန်​ခါရှန်​ခါနဲ့လုပ်​မရ​ပေ ဆားဓာပ်​သည်​ မိုး​အေးတာနဲ့အရည်​ဖြစ်​လာ​သော​ကြောင့်​ ဖူချီဆပ်​ပြာမူံနဲ့ ဆပ်​ကစ်​ပြားကို အ​သေအခြာ​ရေ​ဆေး ​နေကိုသုံး​လေးရက်​မျှ​ခြောက်​​သွေ့​နေ​အောင်​လှမ်းလိုက်​မှအဆင်​​ပြေပါသည်​၊ အရင်​တုံးက star တီဗွီများတွင်​ထိုပြစ်​ချက်​မျိုးအဖြစ်​များပါသည်​၊

vintage-television-technology.jpg

https://goo.gl/images/mGkKTo

sony tvများရဲပရိုဆင်​ဆာအိုင်စီဆိုလျှင်ပိုဆိုးပါသည်သူရဲ့ပရိုဆင်ဆာအိုင်စီသည်စက်ပြားတပြားလုံးကိုအာရုံခံ​သော​ကြောင့်​ဖြစ်​သည်​၊ပါဝါဖွင့်​လိုက်​သည်​နှင့်​ 5v good ဆင်​ကနယ်​​ရောက်​ ပရိုဆင်ဆာအိုင်စီမှစက်ပြားတပြားလုံးကိုကြိုးအဆက်​အသွယ်​မှန်​မမှန်​ လွပ်​မလွပ်​ ​အော်​ဒီယိုပိုင်း ပါတီကယ်​ပိုင်း အားလုံး​ကောင်းမ​ကောင်း run ပြီး​ကောင်းပြီ​သေခြာပြီဆိုမှပါဝါကိုဖွင့်​​ပေးပါသည်​၊ထို​ကြောင့်​ဆိုနီဆိုလျှင်​ စက်​ပြင်​သမားများ အ​တော်​​ကြောက်​ကြပါသည်​၊ပျက်​သည့်​အပိုင်းကိုခန့်​မှန်းရခက်​​သော​ကြောင့်​ဖြစ်​ပါသည်
ဆက်​ရန်​.....
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျွန်တော်တော့ လူတောင် ဂွပ်စင်ဂနယ် မဖြစ်နေတော့ဘူး ။

အဲ့ တာဆို ပါဝါပွင့်​မှာမဟုပ်​ဖူး

စက်ပြင်ဆရာပေါ့

Posted using Partiko Android

ဟုပ်​ပါတယ်​ဗျာ

ဦးယုရဲ့ ကျွမ်းကျင် ရာ ကို လေးစားအားကျမိပါတယ်ဗျ

သိပ်​အားမကျနဲ့​နော်​ ခုဆံပင်​​တွေဖြူကုန်​ပြီ

စက်​ပြင်​ရတာတကယ်​​တော့မလွယ်​ပါ...ကြိုး​တွေနှင့်​ရှုပ်​ရှက်​ခတ်​​နေတာဘဲ....

ဟုပ်​ပါ ​ခေါင်း​မွေး ကိုဖြူ​နေပီ

ကိုယုရဲ့ ကျွမ်းကျင်မှုကို လေးစားဖွယ်ရာ တွေ့မြင်ရပါတယ်ခင်ဗျာ။ပိုမိုတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ဆက်အားပေးမယ်ဗျာ။

အခုလိုအား​ပေးတဲ့အတွက်​ ​ကျေးဇူးအထူးတင်​ပါတယ်​ဗျာ

ဦးယု‌ရေ electronic အေ ခြခံ‌လေး‌တွေ postတင်‌‌ပေးပါဦး။

ဖုန်းရော ပြင်တတ်လားဗျ

Posted using Partiko Android

အရင်​​တော့လုပ်​တယ်
ခုက​တော့လိုက်​ မမှီ​တော့ဘူး
ဖန်​ဝဲ​တွေ က ကွင်းဆက်​ပြတ်​သလို နည်းပညာ​တွေကလဲ
မြင့်​ကုန်​ပြီ

ကျွမ်းကျင်ရာလိမာရာပါနော်

Posted using Partiko Android

ဟုပ်​ပါတယ်​ အမ

စက်ပြင်ဆရာတော့မလုပ်ချင်တော့ပါဘူးဗျာ ဦးနှောက်စား ခေါင်းတွေပူ ဆံပင်တွေဖြူ ကုန်မှာပဲ လုပ်မယ့်လုပ်ရင် စက်ပြင်ဆရာ ရဲ့ ဆရာပဲလုပ်တော့မယ် ☺

အ ဟုပ်​ဗျာ့ ကျုပ်​မှာ​ခေါင်း​​မွှေး​တွေကိုဖြူ​နေပီ

စက်ပစ္စည်းဝယ်မယ်ဆို ဘာတံဆိပ်က အကောင်းဆုံးလဲ ညွှန်ပြဘာ😁

Posted using Partiko Android

တရုပ်​ဆိုတာသိတဲ့အတိုင်းဘဲ
ကြိုက်​တဲ့တဆံပ်​​ပြော တံဆိပ်​တခုမှ ငါးရာ​လောက်​ရှိတာ
ကပ်​ခွာ ​လေးနဲ့

ဗဟုသုတရသော postလေးဖြစ်ပါတယ်။ထိုသို့မှတ်တမ်းသဘောလေးတွေကိုကြိုက်တယ်။ဆက်လက်ရေးသားပေးပါ

အား​ပေးတဲ့အတွက်​ ​ကျေးဇူးပါဆရာ​အေး

Tv ပြင်တာ ခက်ပုံပဲနော်။

Posted using Partiko Android

အဲ့လို tvတွေကျတော့ ပြင်လို့ ရသားနော်

Posted using Partiko Android

ဒီခေတ်ထဲ TV ပြင်တတ်တာမပေါ့ဘူး၊တစ်ခုတော့ရှိတယ် update ဖြစ်အောင်တော့လုပ်ထား ။ကိုယ်တွေ ကားပြင်တဲ့ပညာတတ်ပေမယ့် ခုခေတ်ကားတွေမပြင်တတ်ဘူး၊update ကိုမလိုက်နိုင်တာလေ

Posted using Partiko Android

You got a 5.25% upvote from @dailyupvotes courtesy of @yuzana!