TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၆)

in myanmar •  6 years ago 

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၆)

ကျွန်​​တော်​အခု​ရေး​နေ​သောTVစက်​ပြင်​မှတ်​တမ်းသည်​ သင်​ရိုးညွန်းတန်းမဟုပ်​ဘဲ စက်​ပြင်​ခန်းမှာ​တွေ့ကြုံရ​သောအ​တွေ့အကြုံများဖြစ်​သဖြင့်​သင်​ရိုးညွမ်းတန်းစာအုပ်​ကဲ့သို့ဖတ်​​ကောင်းခြင်း၊အစီအစဉ်​တကျရှိခြင်း၊ပြည့်​စုံခြင်း​တော့ရှိမည်​မဟုပ်​နိုင်​​ပေ၊သူငယ်​ချင်းတို့ကိုဗဟုသုတရရှိ​စေရန်​သာရည်​ရွယ်​၍​ရေးသားရခြင်းဖြစ်​ပါသည်​။

vintage-television-technology.jpg

https://goo.gl/images/MckAzy

ပရိုဆင်​ဆာအိုင်​စီဆီသို့ 5v ဆင်​ကနယ်​​ရောက်​၍ Hout tr ဆီသို့​အော်​ဇ​လေးရှင်းဗို့မထွက်​လျှင်​ 12v လိုင်းကိုတချက်​ကြည့်​ပါ ထို12vလိုင်းကို ပရိုဆင်​ဆာအိုင်​စီဆီသို့သွားရာလမ်း​ကြောင်းကိုပရိုဆင်​ဆာအိုင်​စီဆီမှပင်​အဖြတ်​အ​တောက်​လုပ်​​ပေးထားသည်​၊ ဆိုက်​ကစ်​ပြား အစိုပြန်​လျှင်​​သော်​လည်​​ကောင်း၊ 24C အိုင်​စီမ​ကောင်းလျှင်​​သော်​လည်​​ကောင်း၊ရီမုကွန်​ထရိုးနှင့်​ပါဝါပိတ်​ထားမိလျှင်​​သော်​လည်​​ကောင်း၊သူကိုယ်​တိုင်​ပြက်​​နေလျှင်​​သော်​လည်​​ကောင်း၊12v လိုင်းကိုမဝင်​နိုင်​ရန်​ဖြတ်​​တောက်​ထားတပ်​​လေသည်​ ၊ထို12vလိုင်းမဝင်​​ရောက်​သဖြင့်​ H out tr ရဲ့​ဘေ့ဆီသို့​အော်​လ​ဇေးရှင်​ဗို့ကိုထုပ်​မ​ပေးနိုင်​​ခြေ၊ ထိုအခါ 12vလိုင်းအဖြတ်​အ​တောက်​လုပ်​​ပေး​သောtr​သေး​သေး​လေးရဲ့​ခြေ​ထောက်​ကိုခဲနှင့်​ပူးကြည့်​​ပေးရ​လေသည်​၊သဘာဝကျ​သောလုပ်​ရတ်​မဟုပ်​​ပေမဲ့​အော်​လ​ဇေးရှင်း​တော့ထွက်​လာ၏။အကယ်​၍​အော်​လ​ဇေးရှင်းထွက်​TVမှန်​ပြင်​​ပေါ်အလင်း​ရောက်​ ပြီးရုပ်​ပုံမထွက်​ဘဲ စင်း​ကြောင်း​တွေ​ပေါ်​နေလျှင်​ ပရိုဆင်​ဆာအိုင်​စီမ​ကောင်း​တော့​ပေ လဲပြစ်​မှရ​ပေလိမ့်​မည်​ ပရိုဆင်​ဆာအိုင်​စီ​ကောင်းပြီးရဆားကစ်​အစိုပျံမှူမူ​ကြောင့်​ဖြစ်​တဲ့ပြစ်​ချက်​က​တော့ ဤနည်းအတိုင်းရ​လေသည်​။

TV-Kit.jpg

https://goo.gl/images/EPGQWu

ထိုအခါ12vလိုင်းပရိုဆင်​ဆာICဆီသို12v​ရောက်​လာသဖြင့်​ H out tr ရဲ့​ဘေ့စ်​ဆီ​အော်​လ​ဇေးရှင်းဗို့ထွက်​လာ​ပေလိမ့်​မည်​၊ အကယ်​၍ဤသို့လုပ်​​ပေးမှ ​အော်​လ​ဇေးရှင်းဗို့မထွက်​လျှင်​ 24C အိုင်​စီလဲ​ပေးရ​လေသည်​၊ 24C အိုင်​စီသည်​မှန်​ပြင်​ရဲ့ရုပ်​ပုံအကျဉ်းအကျယ်​အလင်းအ​မှောင်​ကာလာအ​နေအထားအသံပိုင်း စသည့်​စစ်​စတမ်အားလုံးကိုထိမ်းချုပ်​ထား​သောအိုင်​စီဖြစ်​​လေသည်​၊အကယ်​၍24C အိုင်​စီလဲ​သော်​လည်း​အော်​လ​ဇေးရှင်းဗို့မထွက်​လျှင်​ပင်​မပရိုဆင်​ဆာအိုင်​စီကြီးကိုလဲပြစ်​မှဘဲရ​ပေလိမ့်​မည်​၊ ထိုပရိုဆင်​ဆာအိုင်​စီသည်​အလုပ်​ကိုတခုထဲလုပ်​တာမဟုပ်​ဘဲသူ့အကန့့်​နဲ့သူ့အပိုင်းအလုပ်​အများဆုံးလုပ်​ရ​​သောအိုင်​စီဖြစ်​လေသည်​၊ထို​ကြောင်​ပရိုဆင်​ဆာအိုင်​စီသည်​အမြဲတန်း အပူချိ​န်​မြင့်​ပြီး ဟိတက်​​နေတပ်​​လေသည်​၊ကွန်​ပြူတာICဆိုလျှင်​ပိုဆိုးပါသည်​၊နဲနဲပူတာနဲ့ ကွန်​ပြူတာဟန်းသွားပြီးခိုင်းမရဖြစ်​တပ်​ပါသည်​၊ထို​ကြောင့်​ကွန်​ပြူတာပရိုဆင်​ဆာအိုင်​စီကိုအပူများစုပ်​ထုပ်​​ပေးရန်​အမြဲတန်းပန်​ကာ​သေး​သေး​လေးနှင့်​​အ​အေး​ပေးထားရပါသည်​၊ဒက်​စ​တော့ကွန်​ပြူတာဖွင့်​လျှင်​​သော်​လည်​​ကောင်း လက်​​တော့ကွန်​ပြူတာဖွင့်​လျှင်​​သော်​လည်​​ကောင်း ပါဝါဖွင့်​လိုက်​လျှင်​ ပန်​ကာလည်​သံကိုအတိုငိးသားကြားရ​လေသည်​၊ တချို့အဆင့်​တအားမြင့်​အဖိုးတန်​​သောကွန်​ပြူတာများတွင်​​ရေခဲ​သေတ္တာကဲ့သို့အ​အေးခံပိုက်​များပရိုဆင်​ဆာအိုင်​စီ​ပေါ်တွင်​​ခွေထားသည်​ကို​တွေ့ရှိရသည်​၊ထိုပရိုဆင်​ဆာIC မပူ​စေရန်​အပူစုပ်​ထုပ်​​ပေးသောပန်​ကာမလည်​ပတ်​လျှင်​ကွန်​ပြူသည်​စက်​ဟန်းသွားပြီးပါဝါပိတ်​သွားပါလိမ့်​မည်​၊

ဆက်​ရန်​...

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

TV ပြင်ဆရာထံခဏခဏ သွားမေးရတာ အမော
ဟိုးအရင်ခေတ်များဆီကပါ ခုတော့ ပြင်သူသိပ်မရှိတော့သလိုပဲ

ခုက မီးလုံတီဗွီ​တွေသိတ်​မသုံးကြ​တော့ဘူး
ဖလက်​ပြား​တွေသုံးလာကြပြီ အားသာချက်​ အားနည်းချက်​က​တော့
နှစ်​ခုလုံးမှာရှိကြတာပါဘဲ အမှန်​ကဖလက်​က အပိုပစ္စည်းမလာဘဲ
တခါသုံးပုံစံမျိုးထုပ်​ထားတဲ့ ပုံစံ

ဗဟုသုတ အပြည့်ပဲ😁

Posted using Partiko Android

ဗဟုသုတ​ပေါ့ဗျာ

Electronic ပြင်ဆရာကြီး ဆိုတော့လည်း...
Tech တွေ မျှဝေနိုင်တာပေါ့ဗျာ

Posted using Partiko Android

ရေးစရာသိပ်​မစဉ်းစားအားရင်
ဒါ ဘဲချ​ရေးလိုက်​တာပါ့

အိမ်မှာ ပြင်စရာတစ်လုံးရှိတယ်၊ ဘယ်လိုပို့ရမှာလဲ ယုရေ

အလွယ်​ဆုံးက​တော့ သံပုံ​ပေါ့ဆရာရယ်​ အဟီး

Hard ware ပိုင်းတော့ အစုံပါလား

ခုအီလက်​ထ​ရောနစ်​ပစ္စည်း​တွေက
ဆော့ဝဲယား​ရော
ဟပ်ဝဲယား​ရော နှစ်​ခုလုံးသုံးကုန်​ကြပြီဆရာ

တကယ်​ဗဟုသုတရပါတယ်​...ဆက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

ကျေးဇူးပါ ဗျာ

‌လေ့လာမှတ်‌သားထားပါတယ်‌ဦးယု‌ရေ။‌ကျေး‌ကျေး။

ကျေးဇူးပါ

အမြဲတမ်းဖတ်နေလျက်ပါ

Posted using Partiko Android

ကျေးဇူးတင်​ပါတယ်​ဗျာ

  ·  6 years ago (edited)

IC ကိုလဲလိုက်မယ်ဆိုရင် လေးဖြူ အငဲ မျိုးကြီး ၀ိုင်ဝိုင်း ချစ်စမ်းမောင် ဆိုတဲ့လူတွေကိုရော လဲပစ်လိုက်ရမှာလားဟင် ☺

သူတို့အစား ​မော်ဒယ်​ဂဲ​လေး​တွေအစားထိုးလိုက်​ အဟီး

knowledge share pay tar kay zau.

အပျက်တေပို့ပါမယ် တန်ဆာခဘဲ စိုက်ပေးဘာ 😁😁😁

ဗဟုသုတရပါတယ် ဦးယုရေ စက်ပြင်မှတ်တမ်းလေးတွေဖတ်ရင်း တီးမိခေါက်မိတောင်ရှိလာပြီ

Posted using Partiko Android

အိမ်မှာရှိတာတွေဖြုတ်တော့မယ်ထင်တယ် မစု😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အတွေ့အကြုံများလှပါပေ့ ဦးယုရေ
နောက်ထက်လည်း အားပေးဖတ်ရှုပါအုံးမယ်ဗျာ
ဦးယုရဲ့ ပရိတ်သတ်တစ်ဦးတိုးလာပြီလို့သာမှက်ပေတော့😁😁