TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

in myanmar •  6 years ago 

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

ဗာတီကယ်​ပိုင်းအ​ပေါ်​အောက်​ကျဉ်းတဲ့ပြဿနာကြုံရသလို တခါတ​လေ​ဘေးနှစ်​ဖက်​ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်​ပါတယ်​၊​ဘေးနှစ်​ဖက်​ကျဉ်းတဲ့ပြဿနာကိုတချို့ပြစ်​ချက်​​တွေမှာလွယ်​ပြီးတချို့ပြစ်​ချက်​​တွေမှာအ​တော်​ခက်​ခဲပါတယ်​၊​ဟော်​လဇင်​နယ်​ပိုင်း ဟိုက်​ဗို့ဒိပ်​ပိုင်းဖြစ်​​နေလို့ပါဘဲ ၊ဒီလိုကျဉ်းတဲ့ပြစ်​ချက်​ဖြစ်​​ပေါ်​စေတတ်​​တာကတခါတ​လေတရုပ်​တီဗွီ​တွေမှာဖလိုင်းဖက်​နားက ငုပ်​က​လေး​ လေးခုကိုချိန်းပြီး တငုပ်​ပြီးတငုပ်​စမ်းပြီးချိန်းတပ်​ကြည့်​ရင်​လဲကျယ်​သွာတပ်​ပါတယ်​၊

zworykin-cathode-ray-patent.png

https://goo.gl/images/WQiSrY

ဒီငုပ်​က​လေး​တွေက ​ဘေးနှစ်​ဖက်​အကျဉ်းအကျယ်​ ချိန်း​တဲ့ငုပ်​က​လေး​တွေပါ၊ဒါမျိုးပြစ်​ချက်​ကဖလိုင်းဖက်​လဲတဲ့အခါဖလိုင်းဖက်​မကိုက်​ရင်​လဲဖြစ်​တတ်​ပါတယ်​၊ဒါ​ကြောင့်​ဖလိုင်းဖက်​ကလည်းOut​နေရင်​မ​ကောင်းရင်​လဲ ဖြစ်​တတ်​ပါတယ်​၊​နောက်​ပြီးဆားဗစ်​မုကုဒ်​လွဲ​နေရင်​လည်းဖြစ်​တတ်​ပါတယ်​၊တခါတ​လေ ​ဟော်​လဇင်​နယ်​ပိုင်း ဖလိုင်းဖက်​နားကဒစ်​ကွန်​ဒစ်​​ဆာတွေကွဲထွက်​တာ​တွေလဲဖြစ်​တတ်​​ပါတယ်​၊အဲ့ဒီအနားက ဒိုင်​အုပ်​​တွေယိုစီး​နေရင်​လည်းဖြစ်​တတ်​ပါတယ်​၊အဲ့ဒီဟို​က်​ဗို့ဒိတ်​အပိုင်းကိုစက်​ပြင်​သမား​တော်​​တော်​များများကိုင်​ရမှာ​ကြောက်​ပါတယ်​၊အန္တရယ်​တအားများလို့ပါ၊ သူ့အနားက​လောင်​တဲ့ပစ္စည်းသူ့တန်​ဘိုးနဲ့သူ ညီတဲတန်​ဘိုးကိုအတိအကျရှာထည့်​သင့်​ပါတယ်​၊တန်​ဘိုးမညီခဲ့ရင်​တခါတ​လေ ပါဝါဖွင့်​လိုက်​တာနဲ့Hout tr လောင်​သွားခြင်း ဖလိုင်းဖက်​လောင်​သွားခြင်းအပြင်​​နောက်​ဆုံးမီးလုံးလည်​တိုင်​ပါကျိုးသွားတပ်​ပါတယ်​၊

TV-Kit.jpg

https://goo.gl/images/dYsD4f

အဲ့ဒီအနားကပစ္စည်းများတန်​ဖိုးများ​ရော့သွားခဲ့ရင်​ hout trခန​လေးနဲ့ပူပြီး​လောင်​သွားခြင်း ဖလိုင်းဖက်​ထဲမှစီစီ​အော်​ပြီး ဖလိုင်းဖက်​​လောင်​သွားခြင်း ရုပ်​ပုံမှာ တခါတ​လေ​​စွေ​စောင်း​စောင်း​တွေဖြစ်​ပြီးတွန့်​လိမ်​သွားခြင်းဖြစ်​တပ်​ပါသည်​၊ထိုပြဿနာမျိုးကအ​ဖြေရှာဘို့တအားခက်​ပါတယ်​၊အဓိကက​တော့ဒစ်​ကွန်​ဒစ်​ဆာ​တွေကိုတန်းဘိုးတူညီတာရှာပြီလဲထည့်​သင့်​ပါတယ်​၊တန်​ဘိုးနီးစပ်​လို့ဆိုပြီးမထည့်​သင့်​​ပေ ​တော်​ကြာမလိုလားအပ်​တဲ့ပြဿနာ​တွေဖြစ်​ပြီးစိပ်​ညစ်​သွားပါလိမ့်​မည့်
ရုပ်​ပုံမှာ အ​ပေါ်နားမှာဖြစ်​​စေ ​အောက်​နားမှာဖြစ်​​စေ​ လေးကိုင်းသဖွယ်​​ကွေး​နေလျှင်​​တော့ မီးလုံးလည်​တိုင်​မှာစွပ်​ထား​သောရုပ်​ကွိုင်​ကိုဖြုတ်​ကြည့်​သင့်​ပါသည်​၊​ဟော်​လဇင်​နယ်​ကွိုင်​​လောင်​​နေတတ်​တာ​တွေ့ရပါသည်​၊ထိုရုပ်​ကွိုင်​သည်​အသစ်​မလာပါ၊အ​ဟောင်း​တွေထဲမှကိုက်​ညိသည့်​ရုပ်​ကွိုင်​ကိုရှာထည့်​ရပါသည်​၊ထိုရုပ်​ကွိုင်​ပြစ်​ချက်​သည်​ဆမ်​​ဆောင်းတီဗွီများတွင်​အဖြစ်​များပါသည်​၊ရုပ်​ကွိုင်​ကလည်းရှားပါးဖြစ်​သဖြင့်​ခက်​ခက်​ခဲခဲပြန်​ပတ်​ရပါသည်​၊ပြန်​ပတ်​သည့်​​နေရာတွင်​ မိုလ်​ လုပ်​ပြီးပတ်​ရသဖြင့်​ လက်​ခများပါသည်​၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

နောက်​ပြစ်​ချက်​တမျိုးက အ​ပေါ်​အောက်​​ထောင်​လိုက်​ စဉ်း​ကြောင်​တခုထဲ​ပေါ်​နေ ပြီးရုပ်​ပုံမ​ပေါ်တဲ့ပြစ်​ချက်​မျိုးလည်းဖြစ်​တပ်​ပါသည်​ထိုပြစ်​ချက်​သည်​ ​ဟော်​လဇင်​နယ်ရုပ်​ကွီုင်​​ကြိုးသည်​ဟိုက်​ဗို့ဒိပ်​ဖြစ်​သဖြင့်​ ပြတ်​နေခြင်းများပြုတ်​​နေခြင်းများဖြစ်​တပ်​ပါသည်​၊ရုပ်​ကွိုင်​​လောင်​​နေလျှင်​လည်း ဖြစ်​တပ်​ပါသည်​၊
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စက်ပြင်ဆရာတွေအလုပ်လည်း တဖြည်းဖြည်းရှားပါးလာပြီထင်တယ် ဦးယုရေ အချပ်လိုက်လဲ အလုံးလိုက်ဝယ်တွေခေတ်ကို ရောက်နေတော့ ကြာရင် တကယ် ပြင်တတ်သူတွေတောင်ရှားသွားမလားပဲဗျို့

ဘယ်​လိုပင်​အသစ်​​တွေ​ပေါ် ​ပေါ် ဒီအ​ဟောင်း​တွေကိုဘဲ အ​ခြေခံပြီးထွက်​လာတာမို့သိထားသင့်​ပါတယ်

ဦးယုတို့ ပညာက မလွယ်‌ပါဘူးဗျာ။‌လေးစားပါတယ်‌ဦး‌ရေ။

ဟာ တကယ်​မလွယ်​ဘူး လိုက်​မကုန်​ဘူး

ကြိုးသေးသေးလေးတွေနဲ့ ရှုပ်ပွနေတာဘဲနော် အထဲမှာ

ပင်​ကူ အိမ်​ထက်​​တောင်​ ဆိုးတယ်​​နော်

ဒါမျိုး​လေး​တွေ ဗဟုသုတရတယ်​ ကိုယု​ရေ 😊😊

Posted using Partiko Android

ဗဟုသုတ​လောက်​ပါဘဲ ခင်​ဗျာ

ဟုတ်​ ကိုယု 😊😊

Posted using Partiko Android

အရင်ခေတ်က TV ဗုံးတွေက ရှားကုန်ပြီနော် LCD ပဲအတွေ့များ အသုံးများတာတွေ့တယ်

ဗဟုသုတ​ပေါ့ဦးဇင်းရယ်
LCD ​တွေကလည်းဒီ CRT TV ​တွေကိုအ​ခြေ ခံ ​ဆောက်​ထားတာမို့
အ​ခြေခံဗဟုတ ​ပေါ့

အေးပါ ခုလို ပြောပြပေးတာ ကောင်းတာပေါ့😁

Posted using Partiko Android

ဖတ်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ မတ်​မတ်

တတ်နေရင် ပြင်ဆရာတွေ မပြင်ရမှာစိုးးသမို့
ပျက်ရင် ပြင်ဆိုင်ပဲပို့လိုက်တော့မယ်နော့😁

သိပ်​မှန်​တာ​ပေါ့ လုပ်​တပ်​ရင်​ လုပ်​​နေရအုန်းမယ်

TV ပြင်တဲ့ ပိုစ့်ကို ဖတ်ရတော့ TV ပြင်ချင်စိတ်တော့ဖြစ်မိသားပဲ။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ကျေးဇူးတင်​ပါတယ်​ဗျာ

TV မှာဈေးအကြီးဆုံးက မီးလုံးလား card လား သိချင်လို့

ဆရာသမား မီးလုံးကအသစ်​မလာဘူးဗျာ့ အ​ဟောင်းထဲက ရှားပါတဲ့​ကောင်​က​ဈေးတန်​ပါတယ်​ကြိုက်​​ရောင်းကြိုက်ဝယ်​ပါ ဆရာ
ကဒ်​က​တော့အသစ်​ တရုပ်​ကဒ်​ဘဲလာပါတယ်​ လက်​မ​ပေါ်မူတည်​ ​ဈေးကွာပါတယ်

Good

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.