နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့မဟာသင်္ကြန်ရေသဘင်ပွဲကြီးဟာ မြန်မာ နိုင်ငံ မြန်မာလူမျိုးတွေအတွက်အစည်ကားဆုံးပွဲတခုဖြစ်ပါတယ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ စည်းကားသိုက်မြိုက်စွာဖြင့် နှစ်စဉ် ကျင်းပလေ့ရှိပါသည်။ရန်ကုန်မှာ နေတဲ့ ကျွန်မဟာ ရန်ကုန်သင်္ကြန်ကိုတော့ ကောင်းကောင်းကြီးနှစ်စဉ်နှစ်တိုင်းပါဝင်ဆင်နွှဲဖူးပါတယ်ဒီနှစ်မှာတော့ပြင်ဦးလွင်သို့ အလည်သွားရင်း
လားရှိုးသို့ သွားလည်ရန် အကြောင်းဖန်လာတော့ မဟာ သင်္ကြန်အကြိုနေ့မှာ ပြင်ဦးလွငိမှ လားရှိုးသို့ ခရီးဆက်ခဲ့ပါတယ်။P70413-105456.jpg]()![P70414-122757.jpg]
လမ်းတလျှောက် စိုက်ခင်းများ တောင်များ သစ်ရိပ်ဝါးရိပ်များနဲ့ သဘာဝကပေးသော အလှတရားများစွာ ကို တွေ့မြင်ခဲ့ရပြီး ဒုတ္တဝတီမြစ်ကြီးရဲ့ မြစ်စွယ် သီပေါမြို့ရဲ့ လှပပုံတွေကိုလည်းတွေ့မြင်ခဲ့ရကာမီးရထားဖြင့်သွားသောကြောင့် လားရှိုးသို့ ည ၇နာရီကျော်မှရောက်ရှိခဲ့ပါတယ်
မနက်ရောက်တော့ မဟာသင်္ကြန်အကျနေ့ လားရှိုးတမြို့လုံးတိတ်ဆိပ်နေပါတယ် မနက်ပိုင်းကကျတော့ ရှမ်းပြည်ရဲ့အေးချမ်းလှတဲ့ရာသီဥတု နဲ့ ရှမ်းခေါက်ဆွဲနဲ့က အလွန် လိုက်ဖက်တင့်တယ်နေပါသည်ရန်ကုန်မှာလိုကလေးတွေက မိုးလင်းတာနဲ့ရေကစားပေမဲ့ လားရှိုးမှာကတော့ အေးချမ်းလှသဖြင့် ၉နာရီလောက်မှ စပြီး ရေပတ်ကစားတာကိုတွေ့ရပါတယ် နယ်ဆိုတော့လည်းဆိုင်ကယ် အပြိုင်အဆိုင်နဲ့ လူငယ်လူရွယ်တွေ ရေပတ်ခံကားတွေ သီချင်းသံတွေနဲ့ စတင် ပြီး မြို့ထဲမှာ စည်ကားလာပါတယ် ကျွန်မတို့သူငယ်ချင်းတသိုက်လည်း ကားလေးနဲ့ လားရှိုးမြို့ရဲ့ မန်ဆူ စေတီတော်သို့သွားရောက်ဖူးမြော်ခဲ့ပြီး မန်ဆူဆရာတော်ဘုရားကြီးကိုလည်းသွားရောက်ဖူးမြော်ခဲ့ပါတယ်() မန်ဆူဆရာတော်ဘရားကြီးဟာ စစ်ဘေးသင့် ပြည်သူများ ကလေးများကို ထောက်ပံ့ အကူအညီပေးတဲ့ ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ် ဆရာတော်ဘုရားက စေတနာ သဒ္ဓါတရားထက်သန်သူ တယောက်လည်းဖြစ်ပါတယ်![P70414-123037.jpg]) မန်ဆူဘုန်းကြီးကျောင်းမှအပြန်မှာတော့ နေ့လည် အချိန်အခါကိုရောက်နေပါပြီ
နေ့လည်ရောက်ပေမဲ့ သူတို့အရပ်ဒေသကတော့ ရေဆော့ကစားခြင်းကို မရပ်နားပါဘူး လမ်းတွေမှာ လည်း ရေဆော့ကစားနေသူများ ရေပတ်ခံထွက်နေသူများ စတုဓိသာ ကျွေးမွေးသူများနဲ့ စည်ကားလျှက်ရှိပါတယ် မုန့်လုံးရေပေါ် မုန့်လက်ဆောင်း များ ကို သွားလာသူအပေါင်းကို အလှူ ပြုလုပ်နေသည်မှာ မြန်မာတို့ရဲ့မွန်မြတ်သော ဓလေ့ ထုံး တမ်းအစဉ်အလာတစ်ခုပင်ဖြစ်ပါသည်။ လားရှိုးမြို့တော်ဝန်မဏ္ဏပ်မှာလည်းယိမ်းသမများ သီဆိုသူများ ရေပတ်ခံသူများနှင့် ပျော်ရွှင်နေကြပါသည်
ရေကန်စေတီ မြို့အဝင်က လားရှိုး စေတီတော်ကြီး ဆီသို့ သွားရောက်ဖူးမြော်ပြီး သင်္ကြန် အကျနေ့လေးကိုကုန်ဆုံးခဲ့ပါတယ်
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
အမရေးသားတာ
ဗဟုသုတရပါတယ်ခင်ဗျ
အားပေးနေမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit