ကိုချမ်းသာတစ်ယောက် ရွာထဲလမ်းလျှောက်ရင်းနဲ့လယ်ကွက်ထဲမှာ မတ်ပဲတွေလုပ်နေတဲ့ ကိုညိုကြီးရဲ့ ပဲခင်းနားကိုရောက်သွားတယ်။
"ဗျိုးးးးးးးကိုချမ်းသာ"
"ဗျ ကိုညိုကြီး"
"လာပါအုံးဆရာသမားရဲ့အခင်းထဲကို ဆရာသမားကလိုင်းစုံတော့ ဗဟုသုတလေးမေးချင်သား"
"မေးဗျာ ကိုညိုကြီး"
"ဒီလိုဗျ ကိုချမ်းသာရ မြေကအတူတူပဲ မြေသြဇာကျွေးတာလဲအတူတူပဲ မျိုးလဲအတူတူပဲ စိုက်ချိန်လဲအတူတူပဲ တစ်ခင်းနဲ့တစ်ခင်းကျမတူဘူးဗျာ ပဲအထွက်နှုန်းတွေက"
"အင်းဗျ..ဒါကဒီလိုဖြစ်လောက်တယ် ဆေးဖြန်းတဲ့လရယ် ၊ သုံးတဲ့ဆေးရယ် နဲ့ဆိုင်တာဖြစ်မယ်။သူတို့ဘယ်အချိန် ဘယ်လမှာဆေးဖြန်းတယ် ဘာဆေးတွေသုံးတာလဲဆိုတာ လိုက်မေးပြီးလေ့လာရင်တူလောက်တယ်ဗျ။မြေကအတူတူပဲလေဗျာ..အဆင်ပြေသွားလိမ့်မယ်"
"မှန်းလုပ်ရတာလေဗျာ။သူတို့လဲဆေးဖျန်းတဲ့လရယ် အချိန်ရယ်ကို အတိအကျနဲ့မှတ်ထားလောက်တယ်။မေးသာမေးကြည့်"
"အင်း ကိုချမ်းသာပြောတာ သဘာဝကျတယ် ဘယ်သူ့မေးမေး မရှင်းပြတတ်ကျဘူးဒီလို"
"စာများများသာဖတ်ပါဗျာ ကိုညိုကြီးရေ နောက်တော့ဗဟုသုတတွေ သိလာမှာပါ"
"ဟ ကိုချမ်းသာကြီးရောက်နေပါ့လား ဘာတွေပွဲကျနေတုန်းဗျ သတင်းလေးဘာလေးလဲမျှပါအုံး ကျုပ်လဲပဲခင်းတွေကအများကြီး ပွဲရုံတွေက ကောက်တာရပ်ထား ၊ ပဲခင်းတွေကအထွက်ကမကောင်း ၊ဈေးတွေကကျနဲ့ ဒီနှစ်တော့အရင်းတောင်မနည်းလုပ်ရမှာဗျာ"
"အေးပေါ့ဗျာ။အခုပဲ ပဲအကြောင်းကို ကိုချမ်းသာရောက်လာလို့ မေးနေတာဗျ။လာထိုင်ဗျာ ကိုကျော်ကြီး ရေနွေးသောက် ထန်းလျှက်စားအုံး"
"အင်း ကိုညိုကြီးရေ"
"ဒါနဲ့ ကိုကျော်ကြီး ခင်ဗျား မျက်နှာလဲမကောင်းပါလားဗျာ။ အိမ်မှာဘာတွေအဆင်မပြေလဲဗျ။"
"ပြောမနေပါနဲ့တော့ကိုညိုကြီးရာ အိမ်ကမိန်းမနဲ့သားပေါ့။မိန်းမကလဲ ကျန်းမာရေးက ခနခနမကောင်း ငွေကလို။သားကလဲသိတဲ့အတိုင်းလေဗျာ သူ့မိန်းမတောင်သူ့နားသိပ်ကပ်ရဲတာမဟုတ်ဘူး။တော်တော်ဆိုးတာဗျာ။မိုးလင်းကနေမိုးချုပ်သောက်နေတာလေ။စိတ်တွေဆင်းရဲချက်ဗျို့။"
"သြော် .... ကိုကျော်ကြီးအဖြစ်ကလဲ ဟုတ်ပါ့ဗျာ။အကုန်လုံးကိုဦးဆောင်လုပ်သာကျွေးနေရတယ်။ပြောစကားကျတော့ဘယ်သူမှနားမထောင်ကြဘူး။ဒီလိုလုပ်ပါလားဗျ ခင်ဗျားသားကိုဆရာတော်ကြီးဆီပို့ထားလိုက်ပါလား တစ်လတန်သည် နှစ်လတန်သည်ပေါ့။ခင်ဗျားမဆုံးမနိုင်တာ ဆရာတော်ကြီးဆုံးမလိမ့်မယ်လေ။ မကောင်းကျောင်းပို့ ဖို့သာစဉ်းစားဗျို့"
"ဟာ ကိုညိုကြီးပြောမှ မေ့နေတာဗျာ မှန်လိုက်လေ။ဒီကပြန်ရင် ဆရာတော့်ဆီသွားပြီး သားမကောင်းတာကို ပြင်ပေးဖို့ သွားလျှောက်ရမယ်။လိုအပ်ရင် ပဇင်းတတ်ပေးရမယ်။ရအောင်လုပ်ရမယ်ဗျို့။ဘာအကြောင်းပြပြီး ဒီကောင့်ကို ပဇင်းတတ်ခိုင်းရမလဲစဉ်းစားလိုက်အုံးမယ်"
"ဖွီး..အဟွတ်.. အဟွတ်"
"ဟ..အလန့်တကြား ကိုချမ်းသာရယ်...ဘာဖြစ်တာတုန်းဗျ"
"ရေနွေးသောက်နေတာလမ်းကြောင်းလွဲသွားတာဗျို့...ခင်ဗျားတို့ပြောနေတာကြားလိုက်လို့ ရယ်ချင်တာနဲ့။ ဘာတွေပြောနေကြမှန်းလဲမသိဘူးဗျာ ဒုက္ခပဲခင်ဗျားတို့နှစ်ယောက်။"
"ဘာဖြစ်လို့လဲဗျ သူ့သားကဆိုးနေလို့ မကောင်းလို့ ကျောင်းပို့ခိုင်းတာလေ ပြုပြင်ဖို့ ဘာများမှားလို့ ရယ်ချင်နေတာလဲဗျကိုချမ်းသာရ။"
"အဲ့လိုတွေ ခင်ဗျားတို့မကောင်းတိုင်းကျောင်းပို့ပြီးပြင်ခိုင်းနေရအောင် ဘုန်းကြီးတွေကိုအားတယ်များမှတ်နေလို့လား။"
"ကိုချမ်းသာကလဲ စကားပုံအတိုင်းပြောတာလေဗျာ..ဒီစကားပုံက အစထဲကအဲ့လိုပဲဆိုထားတာလေဗျာ။"
"မှားနေတယ်ဗျ ခင်ဗျားတို့ထင်တဲ့စကားပုံက"
"ဟင် လူတိုင်းဒီလိုပဲသုံးနေတာ ဘာများမှားတုန်းဗျာ ကိုချမ်းသာကြမှအဆန်းပဲ"
"ကျုပ်ကဆန်းတာမဟုတ်ဘူးဗျ..ခင်ဗျားတို့က အလွဲကြီးကိုသုံးပြီးတော့အမှန်ထင်နေကြတာလေ။"
"ကဲဒါဆို ဗဟုသုတအနေနဲ့ ပြောစမ်းပါအုံးဗျာ..ကိုချမ်းသာက ကျောင်းဆရာဆိုတော့ကာ ကျုပ်တို့ထက်ပိုသိမှာပေါ့။"
"ပိုသိတယ်လဲမဟုတ်ပါဘူးဗျာ..စာများများဖတ်ဖို့တိုက်တွန်းချင်တယ်ခင်ဗျားတို့ကို။ သိတဲ့သူရှေ့သွားပြောတော့ ရယ်စရာဖြစ်နေမှာစိုးလို့ပါဗျာ။"
"စကားပုံရဲ့ဆိုလိုရင်းကဒီလိုဗျ။"
"တရားအားထုတ်ခိုင်းတာဗျ စောစောစီးစီး။"
"ဟင်.... ကိုချမ်းသာပြောတာဘာကြီးတုန်း နားမလည်ဘူး။ ရှုပ်နေတယ်။ ရှင်းစမ်းပါအုံး။"
"အင်း...လူဆိုတာက အရွယ်ကောင်းတုန်းမှာ တရားအားမထုတ်ကြဘူး အလုပ်တွေလုပ်နေရတယ်အကြောင်းပြတယ်။မအားတာကိုအကြောင်းပြတယ်။အားတဲ့အချိန်တွေကြတော့လည်း မဟုတ်တာတွေလုပ်ရင်း အချိန်ကုန်နေကြပြန်တယ်။တကယ်အားတော့လဲ တကယ် တရားအားထုတ်ကြတာ မဟုတ်ပြန်ဘူး။အသက်ကြီးလာတော့မှ၊ အသက် (၆၀)(၇၀)လောက်ကြတော့မှပဲ ဘုရားတရားလုပ်ဖို့သတိရကြတယ်ဗျာ။အဲ့အရွယ်ရောက်တော့မှ ဘုန်းကြီးကျောင်းသွားအုံးမှပဲ...တရားလေးဘာလေးသွားနာ၊ တရားလေးဘာလေးထိုင်အုံးမှပဲလို့လုပ်ကြတာ။ကဲ..ဒီလိုနဲ့ ခင်ဗျားတို့ကျုပ်တို့က အသက်တွေကြီးသွားကြရော။ကြီးလာတော့ နားတွေက လေးလာပြီ။ဒူးတွေကမကောင်းတော့ဘူး။မျက်လုံးတွေကမှုန်လာပြီ။စိတ်ကသွားတိုင်းကိုယ်ကမပါတော့ဘူး"
"သားသမီးတွေကလည်း မိဘတွေကို အသက်လေးအရွယ်ကောင်းတုန်း စောစောစီးစီးဘုရားကျောင်းကန်ကို မပို့ကြဘူး။သူတို့ကလဲမလုပ်ဘူးလေ။မိဘတွေအသက်ကြီးလာတော့ အိမ်မှာလူပိုကြီးတွေဖြစ်လာတော့မှပဲ..အဖေ အမေ အားတုန်းလေးကိုယ့်နောက်ပါအောင်ဘုရားတရားလုပ်ကြပါလား..ဒီနေ့ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသွားကြပါလား။ဒါမျိုးတွေလာတာဗျ သားသမီးတွေက။သူတို့နားငြီးသက်သာရင်ပြီးရောလေ။ ကြီးလာတော့မှ သွားတော့ စိတ်ကလုပ်ချင်ပေမယ့် ခန္ဓာကိုယ်ကစိတ်နောက်ကိုမလိုက်နိုင်တော့ဘူးဗျ။အဲ့ဒါကြောင့် မကောင်းမှကျောင်းကိုပို့မယ့်အစား တရားဘာဝနာတွေအားထုတ်နိုင်အောင် မိမိရဲ့မိဘတွေ၊ အဖိုးအဖွားတွေ၊ ဆွေမျိုးတွေ၊ အသက်ကြီးသူတွေကို လှုပ်ရှားနိုင်တုန်းလေး၊ အကုန်ကောင်းတုန်းလေး၊ အဲ့လိုအနေအထားလေးမှာ စောစောစီးစီးပို့ကြဖို့တိုက်တွန်းထားတဲ့ စကားပုံပါဗျာ။မကောင်းတာတွေကို ကျောင်းပို့ဖို့စကားပုံမဟုတ်ပါဘူး။ဒူးတွေကနာနေတော့ ထိုင်ထတောင်အဆင်မပြေတာ တရားထိုင်ဖို့အစဉ်မပြေနိုင်ဘူးဗျ။ခနခနနာနေတာ ဘယ်လိုမှတ်မလဲတရားကို။အာရုံ မရဘူးပေါ့။မျက်လုံးတွေက မကောင်းတော့ ရှေ့ကဆရာတော်က ပုံတွေနဲ့ပြနေတဲ့အခါမှာ မမြင်ရ၊ စာရွက်ကမ်းပြန်တော့လဲ စာလုံးကသေးလေတော့ မဖတ်နိုင်၊ မျက်လုံးကောင်းတုန်းလေးလုပ်ဖို့လဲအရေးကြီးတယ်။နားတွေမကောင်းတော့ သွားရောပေါ့ဗျာ...တရားနာပါတယ်ဆို နားမကောင်းတော့ ကြားတစ်ချက်မကြားတစ်ချက် ဘယ်လိုမှတရားကိုနားမလည်တော့ဘူးလေ။တရားဘာဝနာကို ကြိုးစားအားထုတ်ချင်ပေမယ်လို့ စိတ်ကတတ်ကြွနေပေမယ့် မိမိရဲ့ခန္ဓာကြီးက မလိုက်နိုင်တော့တဲ့အချိန်ကျမှတော့ ကျောင်းမပို့နေပါနဲ့တော့ဗျာ။ခေါင်းတုံတုံ ၊ လည်တုံတုံ ၊ ခေါင်းတငြိမ့်ငြိမ့် ၊ လည်တခါခါ ဖြစ်နေမှတော့ အိမ်မှာပဲ ဘုရားသာရှိခိုးခိုင်းပါတော့"
"တချို့ကလည်း မကောင်းကျောင်းပို့ကို ဘာတွေမှန်းမသိဘူး။သေပြီးသားလူတွေ သုံးခဲ့တဲ့ ကုတင်တွေ၊ စောင်တွေ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ သွားပို့တယ် ဘုန်းကြီးကျောင်းကို။ကြောက်လို့လှူတာကိုးဗျာ။သူတို့အသုံးတည့်မှာတွေကျတော့မလှူဘူးဗျ။သေသွားသူတွေဝတ်တဲ့ရွှေတွေ လက်ဝတ်လက်စားတွေကျတော့ မလှူဘူးရယ်။အဲ့ဒါတွေကျတော့မကြောက်ကြပြန်ဘူး။အဲ့ဒီ့မကောင်းတာတွေကိုကြောက်လို့သွားပို့တာ မကောင်းကျောင်းပို့ဆိုပဲ။အယူအဆတွေကလွဲနေတာ တတ်တတ်စင်အောင်။တချို့ကလဲ ယတြာချေဖို့ဆိုပဲဗျာ..အိမ်မှာရှိတဲ့မကောင်းတာတွေကို သွားလှူတာ။ဘုန်းကြီးကျောင်းကိုအလုပ်ရှုပ်အောင်လေ။ဘာတွေလုပ်ကြတယ်မသိပါဘူးဗျာ။တချို့ကလဲ မလိမ်မာတဲ့သူတွေ၊ အရက်သမားတွေ၊ဆေးသမားတွေကို ဘုန်းကြီးကျောင်းမှာပြုပြင်ပေးဖို့ကို ကျောင်းသွားပို့တယ်ဆိုပဲ။သူတို့ကိုကောင်းသွားအောင် ဘုန်းကြီးဝတ်ပေးတယ်တဲ့။ရယ်ရတယ်ဗျ..၀တ်ပြီးပြန်ထွက်လာတော့လဲ အရက်ဆိုင်မှာပါပဲ။ဘုန်းကြီးကျောင်းက အရက်သမားတွေကို ရိုက်နှက်ပြီးဆုံးမတဲ့ နေရာလားဗျာ။အရက်သေစာသောက်ထားပြီးရင် ဘုန်းကြီးကျောင်းကိုတောင်မ၀င်သင့်ပါဘူး။ငါးပါးသီလ မလုံပဲဝင်ပြီးတော့ မကောင်းကျောင်းပို့ဆိုတဲ့စကားပုံကို ခေါင်းစဉ်တပ်ပြန်ရော။အခုကိုကျော်ကြီးရဲ့သားကို ကိုညိုကြီးကျောင်းသွားပို့ခိုင်းသလိုပေါ့။မလုပ်ပါနဲ့ဗျာ ဘုန်းကြီးတွေသူတို့အလုပ်သူတို့လုပ်ပါစေ။သွားမရှုပ်ပါနဲ့။သားသမီးတွေလိမ်မာအောင်က မိဘတွေက လက်ဦးဆရာလေ။ခင်ဗျားတို့ဆုံးမရမှာမဟုတ်လား။ငယ်ငယ်လေးထဲက ဘုန်းတော်ကြီးကျောင်းတွေမှာ ခင်ဗျားတို့ သားသမီးလေးတွေကို လိမ္မာရေးခြားရှိအောင် သွားပို့ပြီးတော့ လောကနီတိ၊ပြည်သူ့နီတိ တွေခင်ဗျားတို့သွားသင်ပေးရမှာ။ငယ်ငယ်ထဲကဗီဇကောင်းသွားရင် ဘယ်ဆိုးတော့မလဲဗျာ။တချို့ကလဲရှိသေးတယ်။မကောင်းလို့ စာသင်ကျောင်းကိုပို့တယ်တဲ့ဗျ စကားပုံအတိုင်း။သူတို့ပြောမှပဲ စာသင်တဲ့ကလေးလေးတွေက အကုန်မကောင်းဖြစ်ကုန်ရောဗျာ ဟားဟား။ဆရာတော်တွေတရားတော်တွေကိုများများနာဗျ။ပြီးတော့ စာများများဖတ်ကြပါဗျာ"
"သြော် ကိုချမ်းသာရေ နားလည်ပြီဗျာ။တော်တော်လဲဗဟုသုတစုံတဲ့သူပါပဲဗျာ။ခင်ဗျားနဲ့တွေ့ရတာ တော်တော်လေးဗဟုသုတတိုးတယ်ဗျို့..ကျေးဇူးလဲတင်တယ်ရှင်းပြပေးတာ။ကျုပ်တို့ လဲကျုပ်တို့ မိဘတွေကို အရွယ်ကောင်းတုန်းလေး တရားဘာဝနာအားထုတ်နိုင်အောင် တိုက်တွန်းတော့မယ်ဗျာ။မကောင်းတဲ့အခါကျောင်းပို့တာထက် ကောင်းနေတဲ့အချိန်ထဲကကျောင်းပို့တော့ ကိုချမ်းသာပြောသလို တရားဘာဝနာတွေ အားထုတ်လို့ကောင်းတာပေါ့ဗျာ။ကျုပ်တို့ကိုယ်တိုင်လဲ အားထုတ်ပါ့မယ်လို့ ကတိပေးပါတယ်ဗျာ။"
"အကောင်းဆုံး အစီအစဉ်ပါပဲ...သာဓု ၊ သာဓု ၊ သာဓု ပါဗျာဟု ကိုချမ်းသာက ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ခေါ်ပေးလိုက်လေတော့သည်။"
နေပြည်တော် FM ရေဒီယိုမှလာသော အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ၏ မကောင်းကျောင်းပို့တရားတော်ကို အခြေခံပြုကာရေးသားထားပါသည်။
MSC မိသားစုဝင်တွေလဲ မိမိ မိဘတွေ..ဆွေမျိုးသားချင်းတွေကို မကောင်းကျောင်းပို့မလုပ်ကြပါနဲ့နော်။ကောင်းတုန်းလေးကျောင်းပို့ကြဖို့တိုက်တွန်းပါတယ်။စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ချစ်လှစွာဖြင့်....
Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.
https://steemit.com/myanmar/@chitsone/saon-undefinedngkhyng
https://steemit.com/myanmar/@chitsone/alym-lyngyapng
ဘုတ်ပေးပါ ခညာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စကားပုံက အာ့လိုကိုး👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားလောက်ပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ဗျ လာရောက်အားပေးတာကျေးဇူးပါနော်။အစ်မကြီးရဲ့အရေးအသားတွေကိုလည်းလေ့လာနေပါတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတဲ့အချိန်ကျောင်းပို့နိုင်တော့ အကောင်းဆုံးပါပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာ..ကိုမြင့်ကြီး LTNS ဗျာ..အလုပ်တွေများချက်ကသင်တန်းပြီးထဲကမတွေ့ဖြစ်ကြတာကြာပေါ့။လာရောက်အားပေးတာကျေးဇူးပါကိုကြီးရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်လည်း ကောင်းတုန်း ကျောင်းသွားထားဦးမှဘာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သွားထားသွားထား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးဆရာကတော့စာရေးကောင်းပါ့ရှင်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အို.ပျော်ပီလေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုတော့သိပီ စကားပုံအနက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူသိသွားပြီ..ဘယ်လိုများသူလေသိ...ကိုယ်အနေထိုင်တွေပဲမတတ်လို့လား..ဒါကိုသူမြင်တယ်ဆို ရင်မှာ ပုဏ္ဏားတွေရှိလား...။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သြော် .. ခုမှ အမှန်ကိုသေချာသိရပြီ ကိုချမ်းသာရေ .. အဲ ခိုခိုဇာရေ ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူသိသွားပြီ..ဘယ်လိုများသူလေသိ...ကိုယ်အနေထိုင်တွေပဲမတတ်လို့လား....ခိုးခိုးပြီးတော့ကြည့်တာပါ....ဒါကိုသူမြင်တယ်ဆို ရင်မှာ ပုဏ္ဏားတွေရှိလား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ကွာ ရွှေဆွဲကြိုးတို့ 
လက်စွပ်တို့ ကျပို့ ကြဘူး 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝုတ်ဒယ်ကွီး..သက်သက်မဲ့ ဘုန်းကြီးတွေကို အလုပ်သွားရှုပ်တာဗျာ။လှူပါ့လားနော့်သေသူရဲ့လှူတာတွေအကုန်လှူတယ်ဆိုလဲ ဟိဟိ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ကြောင့်မို့..တရားမှတ်ရင် ငယ်ရွယ်ချိန်မှာတော့ ပိုပီးတော့စိတ်သွားတိုင်းကိုယ်ပါတာပေါ့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပဲကိုရှိန်းရေ။ငယ်ရွယ်စဉ်မှတ်မှတရားကိုလေးလေးနက်နက်လုပ်လို့ကောင်းမှာ။ဒါကြောင့်ဘုရားတောင်ငယ်ငယ်ရွယ်ရွယ်နဲ့တောထွက်သွားတာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulation ပါ @zarmanizawlinn
spg1 contest #10 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-11
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ဆက်လက်ကြိုးစားပါ့မယ်ခင်ဗျာ..ကျေးဇူးအရမ်းတင်ရှိပါသည်။အောင်မြင်ပါစေ steempowergroup1။ဘုတ်ပေးကြတဲ့အဖွဲ့ဝင်တွေရော ကိုကချင်ကြီးရောအထူးကျေးဇူးပါခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘတွေ အရွယ်ကောင်းတုန်း ဘုရားဖူး ၊ ဘုရားကျောင်းကန် သွားနိုင်အောင် လုပ်ပေးချင်ပါတယ်။ဒါပေမယ့် သူတို့က အိမ်ကို စိတ်မချ ဖြစ်နေကြတယ်။ဒါကြောင့် အသက်ကြီးမှ ကျောင်းပို့ သလို ဖြစ်နေကြရော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟားဟား အာ့လဲဟုတ်တယ်ဗျာကိုအောင်ဆန်းရေ။ဒါမယ့်တိုက်တွန်းရမှာကျွန်တော်တို့အလုပ်ပေါ့ဗျာ။အာ့မှနောက်ဘ၀ဒါန၊သီလ၊ဘာဝနာ အကုန်ပါပြီးတော့ဘ၀ကူးကောင်းမယ်မှတ်လားဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit