ကျွန်တော့်ရဲ့အတ္တ

in myanmar •  7 years ago 

ကျွန်တော်မှာမကောင်းမှန်းသိပေမယ်ယခုအချိန်ထိပြုပြင်လို့မရသေးသောအကျင့်တစ်ခုရှိပါသည်။ထိုအကျင့်ကတော့ကျွန်တော့်ကိုနာကျင်စွာခံစားရအောင်ပြုလုပ်တဲ့သူတိုင်းကိုအငြိုးကြီးစွာလက်တုန်ပြန်ခြင်းဖြစ်သည်။ကျွန်တော်ဘယ်သူကိုမှသွားစလေ့မရှိသလိုကျွန်တော်ကိုလာစလျှင်လည်းသိပ်မကြိုက်ပါ။ကျွန်တော်ကတစ်ယောက်ထဲသီသန်နေရတာကိုသဘောကျနှစ်ခြိုက်သည်။ထိုကြောင့်အပေါင်းအသင်းတေကိုလဲများများစားစားမထားခဲ့ပါ။ကျွန်တော့်ကိုနာကျင်ခံစားရအောင်ပြုလုပ်သူမှန်သမျှကိုကျွန်တော်ခံစားရတာထက်နှစ်ဆပိုပြီးခံရအောင်ပြုလုပ်တက်ပါသည်။အကယ်၍ကျွန်တော်နှင့်အင်အားချင်းညီမျှသူမဟုတ်ပါကစိတ်ထဲတွင်တေးမှတ်ထားပြီးကျွန်တော်အလှည့်ရောက်မှကျွန်တော်ခံခဲ့ရတာထက်နှစ်ဆနာကျင်ခံစားရအောင်ပြုလုပ်တက်ပါသည်။

ကျွန်တော်ကိုနာကြည်းအောင်ပြုလုပ်ထားသူများအားလုံးကိုမှတ်သားထားသည်။ထိုသူများကိုကျွန်တော်လုံးဝမကျေနပ်ပါ။ထိုသူများကိုအခါအခွင့်မသင်၍မည်သိုမှတုန့်ပြန်ခြင်းမပြုလုပ်ဘဲအသာငြိမ်ခံနေခြင်းဖြစ်သည်။ကျွန်တော်ကိုနာကြည်းအောင်ပြုလုပ်ထားသူများအားလုံကိုကျွန်တော်ပြီးပြည့်စုံချိန်တွင်အားလုံးကိုပြန်၍လက်တုန့်ပြန်မည်ဖြစ်သည်။ယခုအချိန်မှာကျွန်တော်သူတို့ပြုသမျှနုနေရခြင်းမာအားမတန်သေး၍ခေတ္တခနမာန်ရှော့ထားခြင်းဖြစ်သည်။ခိုသူများကိုအနိုင်ယူရန်အတွက်ကျွန်တော်နည်းလမ်းမျိုးစုံသုံးမည်။ကောင်းတာရောမကောင်းတာရောသုံးမည်ဖြစ်သည်။ကျွန်တော်လောကတွင်ဘယ်သူ့ကိုမျှအလွန်းအမင်းယုံကြည်ခြင်းမရှိတော့ပါ။အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်ကိုယ်တိုင်ခံရဖူးသောကြောင့်ဖြစ်သည်။မိမိအယုံကြည်ရဆုံးသောသူများကသာလျှင်မိမိကိုဒုတ်ခပြန်ပေးတက်သောကြောင့်ဖြစ်သည်။ကျွန်တော်ရဲ့ကျောင်းပြောင်းလက်မှတ်ကိုကျွန်တော်နှင့်အတူတူနေသောသူငယ်ချင်းကယုတ်မာကောက်ကျစ်စွာဖျက်စီးပစ်ခဲသည်။ထိုကြောင့်ကျွန်တော်ကျောင်းထွက်လိုက်ရသည်။ထိုပြသနာကြုံရသည့်နောက်ပိုင်း၌လူတိုင်းကိုမယုံသင့်ကြောင်းကိုကောင်းကောင်းနားလည်သဘောပေါက်ခဲ့ပါသည်။
ကျွန်တော်ရဲ့အကျင့်ကိုမပြုပြင်နိုင်သေးပေမယ့်ခွင့်လွှတ်သည်းခံတက်ရန်သင်ပြပေးခဲ့သောသူတစ်ဦးရှိပါသည်။ထိုသူ၏သွန်သင်ဆုံးမပြသပေးမူကြောင့်သာကျွန်တော်ယခုလိုပြောင်းလဲလာခြင်းဖြစ်ပါသည်။သူကိုကျွန်တော်ရန်ကုန်ရောက်မှခင်မင်ခြင်းဖြင့်သည်။သူကကျွန်တော်ထက်၃နှစ်သာကြီးပြီးကျွန်တော်ကိုညီအရင်းပမာသဘောထား၍သွန်သင်ဆုံးမပေးခဲ့ပါသည်။ကျွန်တော်ကိုသူကလူတစ်ယောက်ကိုတစ်ရက်လျှင်အနည်းဆုံးသုံးကြိမ်ခွင့်လွှတ်သည်းခံပေးရန်စေခိုင်းခဲ့သည်။ကျွန်တော်ရဲ့အကျင့်အရတစ်စုံတစ်ယောက်သောသူကကျွန်တော်ကိုတစ်ချက်ရိုက်လျှင်ထိုသူ့အားနှစ်ချက်သုံးချက်ပြန်ရိုက်ရမှကျေနပ်သောကျွန်တော်အတွက်အလွန်ခက်ခဲသောခိုင်းစေမူဖြစ်တော့လေသည်။သို့သော်ကျွန်တော်သူခိုင်းစေသည့်အတိုင်းကြိုးစားပြီးနေကြည့်သည်။အစပိုင်း၌မည်သို့မှအဆင်မပြေပါစိတ်ကိုမနည်းကြိုးစား၍ထိန်းနေရသည်။ကျွန်တော်၏်ကြိုးစားပမ်းစားလိုက်နာမူကြောင့်တဖြည်းဖြည်းနဲ့အကျင့်သားရလာသည်။လူတစ်ဖက်သားအပေါ်တော်ရုံတန်ရုံကိတ်စများကိုခွင့်လွှတ်နားလည်ပေးလာနိုင်ခဲ့သည်။သိုပါသော်လည်းကျွန်တော့်ရဲ့မာနနှင့်သိက္ခာတရားကိုထိပါးစော်ကားလာပါကခွင့်မလွှတ်နိုင်သေးပါပြန်လည်၍လက်တုန်ပြန်မိမှာအမှန်ပင်ဖြစ်တော့လေသည်။

ကျွန်တော်အပေါ်ကောင်းသူများနှင့်ကျေးဇူးရှိသူများအားလုံ၏ကျေးဇူးကိုကျွန်တော်ဘယ်သောအခါမှမမေ့ပါ။ထိုသူများ၏ကျေးဇူးကိုပြန်လည်ဆပ်နိုင်အောင်အမြဲတမ်ကြိုးစားလျှက်ရှိပါသည်။ကျွန်တော့်ရဲ့ဘဝမှာအဓိကရည်မှန်းချက်ကြီးသုံးခုရှိပါသည်။ထိုရည်မှန်းချက်များအမြန်ပြည့်အောင်ကြိုးစားအကောင်ထည်ဖော်ရန်ပြင်ဆင်နေပါသည်။ထိုရည်မှန်းချက်သုံးခုကတော့ - ၁။ကျွန်တော့်ရဲ့အမေနဲ့ကျွန်တော်ရဲ့မိသားစုကိုစိတ်းချမ်းသာကိုယ်ချမ်းသာထားနိုင်ရေး
၂။ကျွန်တော်အပေါ်မှာကျေးဇူးရှိသူများအားလုံးနှင့်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများအားလုံးတို့၏အခက်အခဲပြသနာများကိုကူညီဖြေရှင်းပေးရန်
၃။ကျွန်တော့်ကိုနားကြည်းမုန်းတီးအောင်ပြုလုပ်ထားသူမျာကိုပြန်လည်၍လက်တုန့်ပြန်ရေး
တိုဖြစ်ပါသည်။ကျွန်တောကြိုးစားသမျှအရာအားလုံးတို့သည်ထိုအချက်သုံးချက်ပြည့်စုံရန်အတွက်သာဖြစ်သည်။ကျွန်တော်အသက်ရှင်နေသောရည်ရွယ်ချက်မှာလည်ထိုအချက်သုံးချက်ပြည့်စုံဖို့ပင်ဖြစ်တော့သည်။FB_IMG_1501602314670.jpg

@zawhtat
MSC-249

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရည်းမှန်းချက်​ကို​တော့ ပြည့်​​အောင်​ကြိုးစားပါ။ဒါ​ပေမယိ့ လက်​တုန့်​ပြန်​တာက​တော့ ကိုယ်​အတွက်​သာမက သူ့အတွက်​လည်းမ​ကောင်းပါ။သူလုပ်​ခဲ့တဲ့ မ​ကောင်းမူကို သူတ​နေ့ပြန်​ခံရပါလိမ့်​မယ်​။

ဟုတ်ကဲ့လက်တုန့်မပြန်ဖြစ်အောင်ကြိုးစားနေပါတယ်ဗျ

ဂွတ်တယ်ဗျာ

ကျေးကျေးဘဒို

Goodတယ်။

ဟုတ်ကျေးကျေး

လက်တုံ့ပြန်ခြင်း လက်စားခြေခြင်းက မိမိအတွက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေပါတယ် အချိန်မီပြုပြင်နိုင်ခဲ့လို့ လေးစားပါတယ်
mscမှာ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ

ဟုတ်ကဲ့ကျေးဇူးပါဗျ

လက်​စား​ခြေခြင်းက မ​ကောင်းဘူးbro

ဟုတ်ကဲ့ပါ

အမှန်ကိုသိလို့  အမှားကိုအောင်နိုင်တာ လူတော်တစ်ယောက်ပါ

ဟုတ်ကဲ့

မကောင်းမှန်းသိနေတာဘဲကွယ်
အဲ့အကျင့်လေး ကိုပြင်လိုက်ပါလားကွယ်

ပြင်ဖို့ရာကြိုးစားနေဆဲပါဗျာ

  ·  7 years ago (edited)

မေတ္တာထားတာကောင်းပါတယ် Bro
လက်တုန့် မပြန်ပါနဲ့ 

ဟုတ်ကဲ့ပါမပြန်ဖစ်အောင်ကြိုးစားနေပါတယ်ဗျ

ညီ Proဆို ပုံ‌လေး‌တွေ ထပ်‌ဖြည့်‌ရင်‌ ပို‌ကောင်းမလားလို့။မ‌ကျေနပ်‌ စိတ်‌ဟာ ကိုယ့်‌ ကို ပထမဆုံး ပူ‌လောင်‌‌စေပါတယ်‌ညီ။အား‌ပေး‌နေပါတယ်‌ အတူတူ ကြိုးစား ကြတာ‌ပေါ့။

ဟုတ်ကဲ့ထပ်ထည့်လိုက်ပါမယ်အကိုခုလိုအကြံပေးတဲ့အတွက်ကျေးဇူးပါဗျာ

ကောင်းတယ် အညာသားရေ

ဟုတ်ကဲ့အမကျေးကျေးနော်

ရေးတာအရမ်း​ကောင်းတယ်​ bro ​ရေ
အား​ပေး​နေပါတယ်​ဗျာ

ဟုတ်ကဲ့ကျေးဇူးပါ

Good post bro

ကျေးဇူးပါ

အငြိုးထားခြင်းဟာ မကောင်းတဲ့အကျင့်တစ်ခုပါ
ပြုပြင်နိုင်ပါစေ

ပြု ပြင်နိုင်အောင်ကြိုးစားပါ့မယ်ဗျ

စိတ်​ထဲဖြစ်​​နေတုန်းခဏပါ ငြိမ်းချမ်းစွာ​နေထိုင်​ပါ အယ်​လဲ့

ဟုတ်ကဲ့ပါ

ပုံလေးတွေထပ်ထည့်ဖို့အကြံပြုပါတယ်ညီရေ။စိတ်ထားလေးကောင်းတယ်ညီ။Fightingပါ။အားပေးနေမယ်။

ဟုတ်ကဲ့ကျေးကျေးပါ

ဒေါသကို ​ရေခဲသတ္တာထဲထည့်​ထားတယ်

ဟုတယ်ဗျာအလိုထည့်ထားရမေ

ဒေါသ အတ္တ ပူ​လောင်​လှပါတယ်​ဗျာ

ပူလောင်တာတော့အမှန်ဘဲဗျ

အဲလိုစိတ်ကငယ်တုန်းဟုတ်ပေမဲ့ကြီးလာတဲ့ခါတော့လဲအသိစိတ်ဝင်ကာလျော့ပါးသွားပါတယ်ဗျာ

ဟုတ်ကဲ့လျော့ပါးပိက်ပျယ်သွားချင်တယ်ဗျာ

ရည်မှန်းချက်တွေလည်း ပြည့်ဝပါစေ...broရေ..
စိတ်လည်းလျှော့ပါ..

ဟုတ်ကဲ့ကျေးကျေးပါ

မှန်ပါတယ်ဗျာ ရန်ကိုရန်ခြင်း တုံ့ပြန်လို့ သူပြန်ခံစားရပါပြီတဲ့ ကိုယ်လည်း ပျော်ရွှင်နိုင်ဖို့မသေချာပါ အကောင်းဆုံး ခွင့်လွှတ်ခြင်းနှင့် မေတ္တာတရားထားနိုင်ခြင်းက ကိုယ့်အတွက်ရော အများအတွက်ရော အကျိုးများစွာရှိပါတယ်

Nice

အခုညီလေး ပြောပြထားတဲ့ စိတ်ဓါတ်များက ညီလေးက အင်္ဂါသား ဖေဖော်ဝါရီ မတ်လတွေမှာမွေးတာ မြန်မာလ လပြည့်ကျော်မွေးသူဖြစ်နိုင်တယ်။ မဟုတ်ရင်လဲ မဟုတ်ဘူးပေါ့နော် အကိုက ရမ်းတုတ်တာ။