စကားတစ်​ခွန်းနဲ့ခွန်​အားပြည့်​​နေတတ်​သူ

in myanmar •  7 years ago 

ရှင်းရှင်း....​ပြောရရင်​....ကျုပ်​က...​တောသားဗျ။..အူတူတူ...အ..တ.တ​လေး​ပေါ့။ပြောရရင်​...ဘာဆိုဘာမှမသိဘူး။...ပန်းရိုင်း​လေးလဲဆိုရမှာ​ပေါ့။အဲ့လိုဖြစ်​​နေတဲ့...ကျ​နော့်​မှာ......ကိုယ်​ပိုင်​...ဘဝဆိုတာရှိတယ်​။မိဘ​ဆွေမျိုး.....အသိုင်းအဝိုင်းလဲရှိတယ်​။သူတို့ကြားမှာ...မျက်​နာငယ်​လျက်​နဲ့​ပေါ့။

ဟုတ်​တယ်​၊.ဘာဆို..ဘာမှမသိတဲ့...ကျ​နော်​.....ဘဝထဲမှာ....ဖြတ်​သန်းရအုံးမယ်​ဆို....သိတယ်​။.အဲ့လို...သိလို့ပဲ.....​မွေးရာဇာတိ​မြေကို...စွန့်​.......အမှန်​တရား​တွေကင်းမဲ့​နေတဲ့၊ရိုးသားမှု့​တွေမရှိတဲ့....မြို့ကြီးမှာ...အလုပ်​လုပ်​ဖို့....ထွက်​လာရတယ်​။

ဘယ်​ခွဲခွာချင်​ပါ့မလဲ....ကိုယ့်​မိဘ၊ကိုယ့်​အသိုင်းအဝိုင်း.၊ကိုယ့်​ဇာတိရွာက​လေးက​နေ​ပေါ့။.ကိုယ့်​ဘဝကို......ဖန်​တီးရအုံးမယ်​​လေ။....ကိုယ့်​ဘဝ...ဆိုလို့....ကိုယ့်​တစ်​​ယောက်​တည်းရှိမယ်​လို့​တော့...မထင်​လိုက်​နဲ့။.ကျ​နော်​ပိုင်​တဲ့......ဘဝထဲမှာ....ကျ​နော်​နဲ့..ပတ်​သက်​သူ​တွေ.......စိတ်​ချမ်းသာစွာ..ရှိဖို့....ကြိုးစား​နေတာပါ။

ဒါ​ပေမယ့်​လဲ.....ဘဝဆိုတာ...​နေတတ်​ရင်​​တော့...​ကျေနပ်​စရာကြီး​ပေါ့လို့....​ဖြေသိမ့်​ခဲ့ရတဲ့..အခိုက်​အတန့်​​တွေကလဲ...များလှ​နေပြီ။အဆင်​မ​ပြေမှု့ဆိုတာက......လူတိုင်းနီးပါးရှိကျတာပဲ။...လူတိုင်း.လူတိုင်း​တော့...ကိုယ်​ပိုင်​..အနာဂတ်​ဆိုတာရှိကျတယ်​။အဲ့အနာဂတ်​လှပ​ရေး....အလုပ်​​တွေမနား.တမ်း...ကြိုးစားလုပ်​​နေကျတဲ့သူ​တွေချည်​ပဲ။

တချို့က​တော့...ရိုးသားစွာ...ကိုယ့်​ဘဝကိုယ်​..ဖန်​တီး.ယူကျတယ်​။တချို့ကျ​တော့....ရိုးသားမှုမရှိ....​ခေါင်းကျက်​ရင်​​ခေါင်း..အမြီးကျက်​ရင်​..အမြှီးဆိုပြီးး..စားချင်​​သောက်​ချင်​ကျတယ်​။.ဒါက​လဲ....သူတို့ဘဝပါပဲ။လောကကြီးက​တော့.....ထိုင်​ကြည့်​​နေရုံကလွဲလို့.....သူကဘာမှလုပ်​​မပေးနိုင်​ဘူး​လေ။

ဒီလိုပဲ...ကျ​နော်​..​တောသားက....ဘဝ​တွေထဲက....လူပါပဲ။အလုပ်​လုပ်​တိုင်းလဲ...အဆင်​မ​ပြေဘူး။.ဘာဆိုဘာမှ....အဆင်​မ​ပြေဘူး။ဒါ​ပေမယ့်​...ကျ​နော်​...ဘယ်​​တော့မှ...စိတ်​ဓာတ်​မကျဘူး။ဘာဖြစ်​လို့လဲ...ဆို​တော့.....ကျ​နော့်​မှာ.....​သောက်​​နေကျ....​ဆေးတစ်​ခွက်​ရှိတယ်​။တစ်​ခုခု..အဆင်​မ​ပြေတာရှိရင်​...အဲ့​ဆေးကို..တန်း​သောက်​လိုက်​....အဆင်​မ​ပြေမှု့​တွေ..သူ့အလိုလို...​ပျောက်​သွားလိမ့်​မယ်​။

ဘာ​ဆေးလဲလို့...​မေး​ကောင်း​မေးလိမ့်​မယ်​။ဘယ်​လို​ကောင်းတာလဲလို့လဲ...​မေးစရာဖြစ်​လာအုံးမယ်​။

ဟုတ်​ကဲ့...ကျ​နော်​က...​သောက်​​နေကျ...​ဆေးအစွမ်းကို....ညွှန်းချင်​​သေးတယ်​။
ဘယ်​ဌာနကမှ...ထုတ်​ထားတာမဟုတ်​ဘူး။ဆေးဆိုလို့......​လက်​ရှိ...​တွေ့မြင်​​နေကျ...​ဆေးဝါး​တော့မဟုတ်​ဘူး။သူက...​ရေနဲ့​သောက်​ရတာလဲမဟုတ်​ဘူး။မေတ္တာဆိုတဲ့...​ရေမျိုးနဲ့​သောက်​ရတာ။

"လုပ်​တိုင်းမဖြစ်​....စိတ်​မညစ်​....
ရိုးသားမှုဂုဏ်​......စားလို့.မကုန်​"ဆိုတဲ့...​​ဆောင်ပုဒ်​​​ဆေးဖြစ်​ပါတယ်​။သူက​တော့....ဘဝထဲမှာ...လည်​ပတ်​စွာ....လုပ်​ကိုင်​နိုင်​ဖို့....ခွန်​အား​တွေ​ပေးတဲ့ .......အား​ဆေးတစ်​ခွက်​​ပေါ့ဗျာ။ဒါ​ပေမယ့်​....ရိုးသားဖို့​တော့....လိုတယ်​​နော်​။.အဆင်​မ​ပြေတာ​တွေရှိရင်​.....ဒီ​ဆောင်​ပုဒ်​ကိုသာ.....ရွတ်​လိုက်​။

ဒီ​ဆောင်​ပုဒ်​​လေးကိုသာ...​ဆောင်​ထားရင်းနဲ့.......​ဖြေသိမ့်​ခဲ့ရ​ပေါင်းလဲ......များ​နေပြီ။သူက​တော့....ကျ​နော့်​...အတွက်​....အား​ဆေး....တစ်​ခွက်​​ပေါ့။ဘယ်​​လောက်​စွမ်းသလဲဆိုရင်​....​ဆောင်​ထားတဲ့သူမှ....ပိုသိမှာ​ပေါ့။

ဘာပဲဖြစ်​ဖြစ်​.. ..စကားတစ်​ခွန်းက.....တန်​ဖိုးထားတတ်​ရင်​.....​အား​ဆေး...တစ်​ခွက်​...ဖြစ်​နိုင်​ပါတယ်​။

သင်​လဲ....အဆင်​မ​ပြေမှု့​တွေရှိလို့...စိတ်​ဓာတ်​ကျ​နေရင်​..."လုပ်​တိုင်းမဖြစ်​....စိတ်​မညစ်​.....ရိုးသားမှုဂုဏ်​.. စားလို့မကုန်​"ဆိုတဲ့...​ဆောင်​ပုဒ်​​လေးကို....အား​ဆေးတစ်​ခွက်​အဖြစ်​....သုံး​ဆောင်​ကြည့်​လိုက်​ပါ။.တစ်​ခုပဲ ..​မှာကြားချင်​​သေးတယ်​။ရိုးသားမှု့​တော့....ရှိပါ​စေ။ဘယ်​​လောက်​ပဲ...ခက်​ခဲ၊အဆင်​မ​ပြေပါ​စေ၊.ရိုးသားမှုနဲ့ပဲ...ရင်​ဆိုင်​ကြည့်​လိုက်​ပါ။ဒီ​ဆောင်​ပုဒ်​ကိုလဲ....အ​ဖော်​​နေတဲ့...​ခေါ်သွားအုံး​ပေါ့။
Screenshot_2017-12-05-13-01-56-264_com.android.camera.png
@zawmyo
MSC-061

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
Loading...