ကော်​ပီလုပ်​မယ်​..auto ဘွတ်​မယ်

in myanmar •  7 years ago 

ကြုံ ရဆုံရ ဘုံဘဝယ်(၁)

ဘိနပ်ကြားက နတ်စကား
===================

 ![image](https://img.esteem.ws/1jfk8toe4r.jpg)

သူနဲ့သိတာကြာပါပြီ။သူဆိုတာက ဦးထွန်းဦးကိုပြောတာပါ။အိမ်ခြေလေးရာနီးပါးရှိတဲ့.... ရွှာလေးမှာ အရူးဦးထွန်းဦးဆို ကလေးကအစအားလုံးသိတာပေါ့ ။ဦးထွန်းဦးတစ်ယောက်ရွှာက ပျောက်သွားတာ ရက်တစ်ပတ်ခန့်ရှိပေါ့ ။ထင်းခုတ်သွားသူများစကားအရ သင်္ကန်းဝတ်နေကြောင်း ကြားသိရတော့ သာဓုခေါ်မိသည်။အမှန်က တောကျောင်းဆရာတော်ထံ ခွင့်တောင်း၍ကိုရင်ကြီးဝတ်နေခြင်းဖြစ်လေသည်။
တစ်နေ့တွင် ရွှာထဲသို့တောကျောင်းကိုရင်များနှင့်အတူဆွမ်းခံရင်းကိုရင်ကြီးဦးထွန်းဦးပါလေသည်။မှတ်မှတ်ရရ မြို့တက်လစာသွားထုတ်သည့်နေ့က အိမ်ကအထွက်လမ်းမှာ ဦးထွန်းဦးနှင့်မျက်နှာဆိုင်တဲ့တဲ့တိုးလေသည်။ဦးထွန်းဦးက``ဒကာကြီးဘယ်ကြွမလဲ . ´´
``မြို့သွားမလို့ . . .´´
``မနက်ဖန် ဒကာကြီးအိမ်ကြွခဲ့လို့ရသလား´´
``ရပါတယ် . . .´´
နေမြင့်နေမှာစိုးသဖြင့်  အဖိုးရဲ့အမွေ ငယ်ပေါင်းကြီးဖေါ်ယောင်္ကျားစီးဟမ်းမားစက်ဘီးဖြင့် မြို့သို့အသောနှင်ခဲ့သည်။
နောက်တစ်နေ့ နေ့ဆွမ်းဘုန်ခါနီးအချိန်တွင်ကိုရင်ကြီး ဦးထွန်းဦး ရောက်လာသောအခါ နေ့ဆွမ်းကပ်လိုက်သည်။ထိုနောက်ကိုရင်ကြီးက . . . .                                                                ``ဒကာကြီး လူဘောင်လောကသည် ရှုပ်ထွေပွေလီတယ်။ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ကြားလား။ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုထိန်း ကိုယ်နောက်ပါမယ့်ကုသိုလ်ကောင်းမှုလုပ်ပါ။´´                                                   ဆက်ပြီးဆရာတော်ကြီးရဲ့ဟောတရားကို ``ရှေးအခါက ရွှာတစ်ရွှာမှာကျောင်းဘုန်းကြီးမရှိတော့သည့်နောက် အတူနေရဟန်းနှစ်ပါးရှိတယ်။တစ်ပါးက စာပေပညာတက်ပြီး ကျန်တစ်ပါးကစာပေပညာမသင်ယူပဲ ဆရာတော်ကြီးရဲ့ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ပြု စုစောင့်ရှောက်ရင်းကျောင်းစောင့်နေခဲ့တယ်။ရွှယ်တူတွေဖြစ်နေတာမို့ မတဲ့ကြဘူး။ရွှာသားတွေက စာပေပညာပြည့်စုံတဲ့ရဟန်းကို ကျောင်းအပ်တဲ့အခါ ဆရာတော်ကြီးကိုစောင့်ရှောက်ခဲ့တဲ့ရဟန်းဟာအဲ့ဒီနေ့ကပျောက်သွားတယ်. . .။
အဟမ်း. . . ပျောက်သွားတဲ့ကိုယ်တော်ဟာ မြို့ကသံဃ ဆရာတော်ကြီးနှစ်ပါးထံသွားပြီး ဝတ်ကြီးဝတ်ငယ်ပြုနေပြန်တာပေါ့ ။ဒါနဲ့ တစ်နှစ်ကြာတဲ့အခါ ရွှာကျောင်းပြန်လာပြီး ကျောင်းထိုင်ရဟန်းကို ရန်ပြု ပြန်တယ်။
နောက် . . မြို့တက်ပြီးသူ ပြု စုနေတဲ့ဆရာတော်ကြီးနှစ်ပါးကိုပြန်တိုင်တယ်။ဆရာတော်ကြီးနှစ်ပါးရဲ့ဆန္ဒကတိကြောင့်သူတို့တပည့်လေး အနိုင်ရချိန်မှာ ရွှာကျောင်းကအေးအေးဆေးဆေးနေတဲ့ရဟန်း သူ့ဆရာတော်ကြီးရဲ့အစဉ်အလာအတိုင်း သူ့ရွှာနဲ့သူအဆင်ပြေနေတဲ့ရဟန်းက တရားရှုံးလို့ကျောင်းပြောင်းနေရတယ်။မြို့ကသံဃဆရာတော်ကြီးနှစ်ပါး ကံကုန်တဲ့အခါ နတ်ဘီးလူးတွေဖြစ်ရရှာတယ် ဒကာကြီး . . . ။ဒါကြောင့် ဘာလုပ်လုပ်မမှားအောင် ကိုယ့်ဒကာကြီးမို့ စေတနာနဲ့လာပြောတာ။´´
စကားမစပ် ရပ်/ကျေးအုပ်ချု ပ်ရေးမှူးတွေ ပြန်ရွေးရမှာဆိုဟုတ်လား။ထူးခြားရင် ပြန်ပြောပေးအုံးနော် . . ဆို၍ကျောင်းသို့ပြန်သွားလေသည်။
ဦးထွန်းဦးတို့များ တော်တော်အနံခံကောင်းလေသည်။မည်သူက မြှောက်လေသည်မသိ။မနေ့က မြို့ရောက်တော့ ရှေ့ရက်တစ်ပါတ်ထဲတွင် ရပ်/ကျေးအုပ်ချု ပ်ရေးမှူးအတွက် ကြီးကြပ်ရေးမှူးငါးဦး လာရွေးပေးမည်ဟု သတင်းသဲ့သဲ့ကြားခဲ့ရသည်။သေချာ မသေချာမသိပေ။ကိုယ်ကိုတိုင်လည်း မသိသလို စိတ်လည်းမဝင်စားပေ။အခြားသူများက ပိုဆိုးပေါ့ ။စပါးတလင်းတက်ချိန်အခါက လူစုံနေသဖြင့် ဒီတစ်ခါဘယ်သူ့ကို အုပ်ချု ပ်ရေးမှူးရွေးမလဲမေးမိပါတယ်။ကိုယ်လုပ်မှကိုယ်စားရတဲ့ခေတ်ကြီးမှာ ဘယ်သူတက်လုပ်လုပ်စိတ်မဝင်စားဘူး။ဒီအကြောင်းပြောမယ်ဆိုရင် အားလုံးပြန်မယ်ဆိုလို့ မနည်းတားယူရတယ်။ကိုယ်တို့ရွှာမှာ အဲ့ဂလောက်ထိစိတ်ဝင်စားတာ။
နောက်တစ်ပတ်ခန့်ကြာသော် . . မြို့ကတာဝန်ရှိသူများသည် ရပ်/ကျေးအုပ်ချု ပ်ရေးမှူးရွေးချယ်ခန့်ထားရေးအတွက် ကြီးကြပ်ရေးမှူးငါးဦးကော်မတီ ရွေးချယ်ပွဲကိုပြုလုပ်ပေးရန် ကျေးရွှာမူလတန်းကျောင်းသို့ ရောက်ရှိနေကြသည်။ယင်းမတိုင်ခင်ရွှာဦးကျောင်း လော်စပီကာမှ အရပ်ရှစ်မျက်နှာသို့လှည့်ကာ သုံးညသုံးကြိမ်တိုင်တိုင်ကြော်ငြာထားသော်လည်း ယနေ့မွန်းလွှဲ နှစ်နာရီအချိန်ထိ ရောက်လာသူက(၂၀)ပင်မပြည့်သေးချေ ။မနေ့ညမှ ယနေ့အချိန်အထိ ရွှာဦးကျောင်းလော်စပီကာမှ တစ်ယောက်ပြီးတစ်ယောက်ပြောင်းကြော်ငြာသော်လည်း ဘက္ထရီသာအားကုန်သွားလို့ ရပ်လိုက်ရသည်။လူကထပ်တိုးမလာချေ ။လက်ရှိရွှာအုပ်ချု ပ်ရေးမှူးမှာ မြို့ကဧည့်သည်များကိုအားနာလွန်း၍ မျက်နှာမှာဇီးရွှက်လောက်ပင်ရှိတော့သည်။ကျောင်းအနီးအိမ်များမှစ၍ တစ်အိမ်တက်ဆင်းလိုက်ခေါ်ရတော့သည်။ညနေသုံးနာရီခွဲသော် အိမ်ခြေလေးရာခန့်ရှိရွှာမှ စုစုပေါင်း(၃၇)ယောက်သာ လာရောက်သဖြင့် မြို့ကဧည့်သည်များအချိန်မိပြန်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးငါးဦးကို ရွေးချယ်လိုက်ကြသည်။
ရှေ့ဆုံးက ဂတုံးပြောင်ပြောင်နဲ့ထိုင်နေတာ ဘယ်သူများလည်းမေးမိပါတယ်။ကိုရင်လူထွက် ဦးထွန်းဦးပဲပေါ့ ။ဘယ်အချိန်က လူထွက်၍ရောက်နေမှန်း မည်သူမှမသိချေ ။ဒီတစ်ပွဲလည်းသူမပါလိုက်ပါ။သူ့စိတ်ထဲတွင် . . .
``အင်း . . ဒီတစ်ပွဲငါမပါလည်းဘာမှမဖြစ်ဘူး။နောက်တစ်ပွဲ ငါပါမှဖြစ်မယ်။တစ်ရွှာလုံးကို ကိုရင်ဝတ်တုန်းက ဆွမ်းခံရင်းအိမ်ပေါက်စေ့ ငါလိုက်ပြောထားတာ ရွှာထဲကလူတွေအားလုံးသိတာပဲ။ဒါကြောင့် ဒီကြီးကြပ်ရေးမှူးငါးဦးကော်မတီမှာ ငါ့ ကိုမည်သူမှထမပြောတာဟု အတွေံးများဖြင့်ပီတိဖြာကာ ရှေ့ဆုံးမှစစ်အောင်သူကြီးပမာ ထွက်ခွာသွားလေသည်။´´
ဦးထွန်းဦးတစ်ယောက် ရွှာထဲတွင်ဒီတစ်ခေါက်အုပ်ချု ပ်ရေးမှူးသူလုပ်မည်ဖြစ်ကြောင်း။အုပ်ချု ပ်ရေးမှူးအလုပ်သည် သူဘဝအတွက်အလွန်အရေးကြီးအလုပ်ဖြစ်ကြောင်း။ရပ်ရွှာကောင်းစားရေးအတွက် သူဘဝကိုများစွာရင်းနှီးထားရကြောင်းတို့ကို သူမိန်းမကတဆင့်အိမ်အနီးအနားပတ်ဝန်ကျင်ကိုပြောပြထားကြောင်း ကြားသိရသူများမှတဆင့် သိရသည်။
 . . . . . . . . . . .ဒုတိယပိုင်း မျှော် . . . . . . . . . .
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!