လူတိုင်းလူတိုင်းဟာ စိတ်ကူးရင် အိပ်မက်တေကို
လက်တွေ့အကောင်ထည်ဖို့ ကြိုးစားရင်း နဲ့လှုပ်ရှားရုန်းကန်ကြိုးစားနေကြရင်းရှင်သန်နေကြတာပါ။ ရယ်စရာကောင်းတဲ့ အဖြစ်လို့ ပြောရမလားအလွဲလေးတွေကို မျှဝေဗျစေ။လွန်ခဲ့တဲ့ ၆နှစ်လောက်က Electronics နဲ့ကျောင်းပီးတဲ့ လူငယ်လေးတယောက်၊ အလုပ်စ၀င်တယ် ၊ လုပ်ရတဲ့အလုပ်က Construction မာ၊ QS Engineer(သင်ထားတာကEC.😛😝😜😋)QS ဆိုတော့လဲ တွက်ရချက်ရ SiteထဲလဲBQကောက်ရနဲ့၊ ဆောက်လက်စအမြင့်၊ တိုက်အမြင့်တေ၊ငြမ်းတေပေါ်တတ်ရရင်ကိုယ်က၀တော့ဒူးတုန်အောင်ကြောက်ခဲ့ရတယ်၊ကျောင်းပီးစဆိုတော့ကြိုးစားချင်စိတ်နဲ့ လုပ်ခဲ့တာ တနှစ်ခွဲလောက်ကြာခဲ့တယ်၊အသားမဖြူတဲ့ကျတော်၊ အသားတေလဲမဲသွားတယ် 😛😝😜😋တ နေ့အကိုတယောက်နဲ့ Siteထဲသွားရင်း CDMA တာဝါ (သေးပီတော့ အရမ်းမြင့်တာ)installation တခုမြင်ရင်း၊ကျတော်ကတော့ဗျာ အဲလိုအမြင့်မျိုး သိန်းသုံးရာလောက်ငွေထုတ်ကြီးတိုင်ထိပ်မာ့ ချည်ထားရင်တတ်မယူရဲဘူးဗျာ့လို့ စီနီယာအကိုကိုပြောတော့ မင်းကလဲကွာ ငါသာဆိုတတ်ယူမာ ဘာမယူရဲမှာလဲတဲ့ ၊ မဟုတ်ဘူးဗျာ့လို့အမြင့်တေတတ်ရရင် အရမ်းကြောက်တာလို့၊ သူကပြောတယ် မင်းECနဲ့ပီးထားဘဲတဲ့ ITလုပ်ပေါ့တဲ့၊ ကျတော်လဲပြန်ထောက်ခံလိုက်တယ် IT ဆို အဲကွန်းခန်းလေးထဲမှာထိုင်ပီး computer တာတနေကုန်ထိုင်လုပ်ရမာဗျာ့ အမြင့်တေ တတ်စရာမလိုတော့ဘူးလို့ အသားတေလဲဖွေးလာမာလို့ စိတ်ကူးယဉ်ပီးသူကိုပြောပြတယ် ဟုတယ်တဲ့ ITဘဲလုပ်တဲ့ QSက မင်းအတွေ့အကြုံအမျာျးြားကြီးရှိလဲ Civil မဟုတ်တော့ နိုင်ငံခြား ကုမ္ပဏီမာရော နိုင်ငံခြားမာသွားလုပ်လဲ အသိအမှတ်ပြုမာမဟုတ်ဘူးလို့ ၊ သူလဲအလုပ်ပြောင်းချင်တဲ့ ရန်ကုန်သွားကြရအောင်လို တိုင်ပင်ပီးစကားတေပြောကြရင်းသွားကြတာ၊ ဒီလိုနဲ့တနှစ်ခွဲလောက်လုပ်ပီး အသားဖြူချင်တဲ့ကျတော် အဲကွန်းခန်းထဲမာ computerတာလေးနှိပ်ပီနေချင်တဲ့ကျတော် အလုပ်ထွက်ခဲ့တယ်၊အဲဒီအကိုနဲ့ရန်ကုန်မာ တခန်းထဲအတူတူနေဖြစ်ကြတယ ITနဲ့ပတ်သတ်တဲ့သင်တန်းတေတတ်တော့တာပေါ့ ၊ စိတ်ကူးရင်တာလေးတေ ဖြစ်လာပီပေါ့ ၊ အသားတေလဲဖွေးလာပီ အဲကွန်းခန်းထဲမာလဲ Computerလေးနိပ်နေရပီပေါ့၊
အဲအချိန်မာ အကို ကို ကြွားပီပေါ့ သူကကိုထက်မဲနေတဲ့အချိန်လေ ITလုပ်ပါ့လားလို့ အေးပါအဲလိုလေးအမြဲဖြစ်ပါစေတဲ့ သူကမပြောသေးဘူး ကြည့်နေတယ်ဆိုတဲအထှာနဲ့ 😂😁😬ဒါနဲ့ ကျတော် ITနဲ့ပါတ်သတ်ပီး အလုပ်စ၀င်တော့ ISP company ရန်ကုန်တမြို့လုံးကို အင်တာနက် serviceပေးတာ လုပ်ရတာက Field operation ၊Infra site တေရော customer တေကိုပါ လိုင်းကောင်းအောင်ပြင်ပေးရတာ အဲမာ စတွေ့ပီပေါ့ ဘာပြောကောင်းမလဲ အမြင့်ကြောက်တဲ့ကျတော် ရန်ကုန်မြို့မာရှိတဲ့အထပ်မြင့်တေမတတ်ဘူးတာမရှိ ဘယ်လိုတာဝါမျိုးလာလာ တတ်လိုက်ရနဲ့ အဲကွန်းခန်းထဲနေပီးအလုပ်လုပ်ချင်တဲ့ကျတော် အေးမာကို ကြောက်သွားပီ အသားတေကလဲမဲလိုက်တာကို ပြောမနေနဲ့ ၀က်မဲ နဲ့ နာမည်ပြောင်တေဖြစ်ကုန်ပီ၊ အကိုက ပြောပီလေ IT ပညာရှင်ကြီးဘယ်နှယ့်ရှိစလို့ 😂😁😬ပြောပီပေါ့
အခုချိန်မာတော့ အမြင့်တေဘာတေလဲမကြောက်တော့ပါဘူး ကိုယ့်နဲ့သက်ဆိုင်တဲ့ IT နဲ့ပတ်သတ်တာလုပ်ရတော့ကျေနပ်တာပေါ့ ဘယ်အရာမဆိုဆို မဖြစ်နိုင်ဘူးဆိုတာတေကလဲကိုယ့်အတွက်အကောင်းဆုံးဆိုတာတေဖြစ်လာသလို ဖြစ်ချင်တာတေလဲ ဖြစ်မလာတတ်ဘူးဆိုတဲ့အသိလေးရသွားတာပေါ့ စိတ်ကူးလေးအကြောင်းတွေးမိရင် အမြဲရယ်ရယ်နေရတုန်းဘဲ😂😁😬😬 ရယ်မောပျော်ရွှင်နိုင်ကြပါစေ@steemit မာ့ သူငယ်ချင်းများ
Written by @zawthu steemit
Photo By @zawthu
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
အသားဖြူချင်ရင်ထုံးသုတ်ပါ😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်နော်😊😊😁😬
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit