Fresher Welcome

in myanmar •  7 years ago 

Fresher welcome

လူမှုကွန်​ယက်​သုံးရင်း စစ်​တက္ကသိုလ်​​ ​ကျောင်း​တော်​ကြီးတွင်​ ဂျူနီယာ အပတ်​စဉ်​ တစ်​ခုရဲ့ fresher welcome ပြု​လုပ်​​နေတဲ့ ဓာတ်​ပုံတစ်​ပုံတစ်​ပုံ​တွေ့တာနဲ့ အ​တွေးများ က ဟိုး...အတိတ်​ဆီသို့ ပြန်​လည်​ ​ခြေဆန်​မိ​လေ​တော့သည်​။

အချိန်​ကား...​ဆောင်းမကုန်​တကုန်​၊​နွေဦးကာလ မြူထ​သောရာသီဖြစ်​သည်​။နေရာက​တော့ ​နောင်​တစ်​​ခေတ်​၏​အောင်​စစ်​သည်​ များကို​ မွေးထုတ်​​ပေး​နေ​သော စစ်​တက္ကသိုလ်​။ကျွနု​ပ်​တို့ အပတ်​စဉ်​သည်​ ​အောက်​တပ်​ရင်း​ခေါ် under training ၃လတာ ကာလတွင်​ အ​ခြေခံစစ်​ပညာများ ကို သင်​ကြား​ ​လေ့ကျင့်​ပြီးသကာလ၊အ​ပေါ်တပ်​ရင်းရှိ စီနီယာ အပတ်​စဉ်​ များနှင့်​ ပူး​ပေါင်း​နေထိုင်​ရန်​ အ​ပေါ်​ဆောင်​များသို့ ​ရောက်​ရှိကာစဖြစ်​ သည်​။ထိုစဉ်​က စစ်​တက္ကသိုလ်​သည်​ ၃နှစ်​​တက်​​ရောက်​၍ စာ​ပေပညာ၊စစ်​ပညာများကို သင်​ကြားရခြင်းဖြစ်​​ပေရာ ကျွန်ုပ်​တို့အပတ်​စဉ်​၏ အထက်​တွင်​ စီနီယာ အင်​တိတ်​နှစ်​ခုရှိ၏။ကျွန်ုပ်​တို့​နေထိုင်​သည့်​ အ​ဆောင်​ကြီးသည်​ ၅ထပ်​​ဆောင်​ဖြစ်​၍ အ​ပေါ်ဆုံးထပ်​တွင်​ တတိယ နှစ်​​ဗိုလ်​​လောင်းများ​နေကြ၏။စတုထ္တထပ်​နှင့်​တတိယထပ်​တွင်​ ဒုတိယနှစ်​ ​ဗိုလ်​​လောင်းများ​နေထိုင်​ပြီး ကျွန်ုပ်​တို့ ပထမနှစ်​​ဗိုလ်​​လောင်းများမှာ ပထမထပ်​နှင်​ ဒုတိယထပ်​တွင်​ ​နေထိုင်​ကြရ၏။အောက်​ဆုံး​မြေညီထပ်​သည်​ hall type ဖြစ်​၏။

ကျွန်ုပ်​တို့ အ​ပေါ်​ဆောင်​သို့​ရောက်​ရှိချိန်​တွင်​ စီနီယာ များထံမှ အသစ်​က​လေး​တွေအ တွက်​ fresher welcome ရှိတယ်​ဟူ​သော အသံသဲ့သဲ့ကြားရ၏။fresher welcome ဆို၍ အားလုံးရင်​ခုန်​ကြ​လေသည်​။တချို့က လည်း ငါက​ကျောင်းကပွဲ​တွေမှာ သီချင်း ဆိုလာတာ၊ငါကတော့ဂီတာတီးကျွမ်းတယ်​စသဖြင့်​ ငါတို့စီနီယာအကိုကြီး​တွေ ​ကြွေသွား ​အောင်​အစွမ်းပြလိုက်​မယ်​ဟဲ့ဆိုပြီး ကြုံးဝါးကြကုန်​၏။ကျွန်ုပ်​တို့​ရောက်​ရှိပြီး ၃ ရက်​​မြောက်​​သော​နေ့တွင်​ final year တာဝန်​ကျ​ဗိုလ်​​လောင်းများမှ first year ​တွေ ညကျရင်​ မင်းတို့ အင်​တိတ်​ fresher welcome ရှိတယ်​၊ အဝတ်​အစားသပ်​သပ်​ ရပ်​ရပ်​ ဝတ်​လာခဲ့၊ဘယ်​သူသီချင်းဆို​ကောင်းလဲကွ၊ဘယ်​သူဂီတာတီး​ကောင်းသလဲကွနှင့်​​မေးရာ၊ ကျွန်​​တော်​ ရတယ်​အကို၊ကျွမ်းတယ်​အကိုနှင့်​ အပြိုင်​အဆိုင်​ လက်​​ထောင်​ကာ ပနံယူကြ​လေ​တော့သည်​။ကျွန်​​တော်​တို့ အင်​တိတ်​ကလည်း တပြုံးပြုံးနှင့်​ စီနီယာ ကြီး​တွေကလည်းတပြုံးပြုံးနှင့်​​ပေါ့။စီနီယာကြီး​တွေပြုံးရတဲ့အ​ကြောင်းက​တော့....

ည​နေ၆နာရီ တန်းစီမည်​ဆို၍ ကျွန်ုပ်​လည်း​သေတ္တာထဲမှ အ​ကောင်းဆုံး​သော ​ခေါက်​ရိုး ကျိုး​နေ​သည့်​ ပုဆိုးတစ်​ထည်​နှင့်​ စတစ်​​ကော်​လံ၊တိုက်​ပုံ ဖြူစွတ်​စွတ်​​လေးကိုထုတ်​ကာ ဝတ်​ဆင်​လိုက်​၏။တိုနှံ့​နေ​သောဆံပင်​ကို ဂျယ်​ဖြင့်​ မရမကပုံသွင်းလိုက်​​သေးသည်​။ထို့​နောက်​​ဘေးမှ သူငယ်​ချင်း ထံမှ​ရေ​မွှေး​လေးတစ်​တို့​လောက်​ကွာဟူ၍ ရှူးလိုက်​​သေးသည်​။(ရှူးသည်​ဟူသည်​ ​ဗိုလ်​​လောင်း ဘမ်းစကားဖြစ်​ပြီး အလကားယူသုံးသည်​ ဟု အဓိပ္ပါယ်​ ရ၏)​ခုချိန်​ဆို တီဝိုင်းအဖွဲ့​တွေလည်းစုံ​နေ​လောက်​ပြီထင်​သည်​။စင်​တင်​ မှ ​ကောင်​မ​လေး​တွေလည်းလာ​ရောက်​​ဖြေ​ဖျော်​ မည်​ဟု​ပြောကြ​လေရာ အားလုံးက တကြွကြွနှင့်​ဖြစ်​​နေကြ​လေ၏။

ည​နေ၆နာရီ။...
First year intake တန်းစီမယ်​​ဟေ့ဟု second year တာဝန်​ကျ​ဗိုလ်​​လောင်းမှ ခရာမှုတ်​​လေရာ ကျွနု​ပ်​တို့ အင်​တိတ်၅၃​ယောက်​လည်း အိပ်​​​ဆောင်​ ၏​အောက်​ဆုံးထပ်​ ၌ တန်းစီ​ကြ​လေသည်​။တန်းစီပြီး၌
အောက်​ဆုံး​မြေညီထပ်​ ​​ဟောခန်းထဲသို့ တန်းစီ၍ဝင်​ကြ​လေရာ အားလုံးဟာ ,ကနဲဖြစ်​ကုန်​ကြ၏။ မြင်​ရတဲ့မြင်​ကွင်းက ရင်​သပ်​ရှူ​မောဖွယ်​ရာ အခမ်းအနား အပြင်​အဆင်​ မဟုတ်​။ခေတ်​ကာလ သမီးပျို​လေး​တွေနဲ့ တီးဝိုင်းလား ​ဝေလာ​ဝေး။ဟောခန်းထဲတွင်​ စားပွဲတစ်​လုံး၊ထိုစားပွဲ​ပေါ်၌ ​ရေ​နွေးခွက်​တစ်​ခွက်​၊​ကော်​ဖီခွက်​တစ်​ခွက်​၊စားပွဲ၏ ​နောက်​ ကုလားထိုင်​​ပေါ်တွင်​​တော့ ခန့်​ခန့်​ကြီး ထိုင်​​နေ​သော ကျွနု​ပ်​တို့ တပ်​ခွဲ၏ တပ်​ခွဲမှူး ​ဗိုလ်​မှုးဖြစ်​သည်​။အခင်းအကျင်းက ထိုမျှသာ။စိတ်​ထဲ၌ တစ်​ခုခုသို့တစ်​ခုခုပဲဟု ထင်​လိုက်​သည်​။ထိုစဉ်​ final year တာဝန်​ကျများနှင့်second year တာဝန်​ကျ​ဗိုလ်​​လောင်းများ မှ ဝတ်​စားဆင်​ယင်​မှုပုံစံပြသ မည်​ဖြစ်​​ကြောင်း တပ်​ခွဲမှူး ​ဗိုလ်​မှုးက​ပြော၏။စီနီယာ​ဗိုလ်​​လောင်းများက ပထမဦးဆုံး သူတို့ကိုယ်​ သူတို့မိတ်​ဆက်​ကြ ၏။ထို့​နောက်​ ​နေ့အလိုက်​ဝတ်​ဆင်​ရမယ့်​ ဝတ်​စားဆင်​ယင်​မှုပုံစံ outpass ဝတ်​စုံ၊လူ မှုဝန်​ထမ်းဝတ်​စုံ၊စစ်​​ရေးပြဝတ်​စုံ၊စစ်​​ဗျူဟာဝတ်​စုံ၊physical training ဝတ်​စုံ စသဖြင့်​ ဝတ်​စားဆင်​ယင်​မှု သဏ္ဍန်​အမျိုးမျိုး ကို ဝတ်​ဆင်​၍ ပြသကြ၏။

အားလုံးပြသပြီးသကာလမှာ​တော့ ဖျက်​ကနဲ အခန်းထဲရှိမီးများအားလုံးပိတ်​သွား​လေ​တော့သည်​။မီးများပြန်​လင်းလာ​တော့ ကျွနု​ပ်​၏ ​ရှေ့​တွင်​ စီနီယာ တစ်​​ယောက်​​ရောက်​​နေပြီ။
"first year သတိဆွဲထားစမ်း!!"
လန့်​သွားသည်​၊ဘယ်​နှယ့်​ မလန့်​ဘဲ​နေပလားြ​ဗုန်းစားကြီးကိုယ့်​​ရှေ့​ရောက်​လာပြီး ​အော်​လိုက်​တာကိုး။
"ငါ့နာမည်​သိလား? "
ငင်​...ရုတ်​တရက်​က စဉ်းစားမရ ​စောနကပဲမိတ်​​တော့မိတ်​ဆက်​သွားသည်​။
"မသိပါဘူး အကို "
ဟု ကြုံး​အော်​လိုက်​သည်​။
"first year စကား​ပြေ နဲ့​ပြောလို့ရလား?"
"ဟုတ်​ ..ရပါတယ်​"
အုန်း...အွတ်​....
"First year ဟုတ်​ ၊မဟုတ်​ ဘဲရှိတယ်​ကြားလား"
"ဟုတ်​"
image
"တိုးတယ်​"ဘယ့်​နှယ့်​ပြဲလိုက်​တဲ့အသံ။
"ဟုတ်​" ငယ်​သံပါပါ​အောင်​​အော်​ပလိုက်​သည်​။
"တိုးတယ်​"
ဒါလဲတိုးတာပဲတဲ့ လူက​မောကလဲ​မော​ဒေါသကလည်း ထွက်​လာ၏။
"ဖားခုန်​ ခုန်​စမ်း"
ခုန်​ရပြန်​၏။ခုန်​​နေတုန်း​နောက်​တစ်​​ယောက်
ရောက်​လာပြန်​သည်​။
"first year ငါ့နာမည်​သိလား"မသိပါဘူးဆို......
"မဟုတ်​"
မီး​တွေကလည်း ဖွင့်​လိုက်​ပိတ်​လိုက်​နှင့်​ ​လောကကြီးလည်းဘာ​တွေဖြစ်​​နေမှန်းကိုမသိ​တော့။
အုန်း...အင့်​ ...အွတ်​....
"မင်းနာမည်​ဘယ်​သူလဲ"
ဒု​က္ခော ကိုယ့်​နာမည်​လည်းကိုယ်​စဉ်းစားမရ​တော့..စီနီယာ​တွေကလည်း တစ်​​ယောက်​ တစ်​ခွန်းဘာ​တွေလာ​မေး​နေကြမှန်းမသိ...။
"မဟုတ်​" "ဟုတ်​ " "မဟုတ်​"
"ဂျွမ်းထိုးစမ်း""ဖားခုန်​ ခုန်​စမ်း" "​လေထီးခုန်​မ်း"
"ဟုတ်​" ...."မဟုတ်​"
မီး​တွေက ဖွင့်​လိုက်​ပိတ်​လိုက်​၊ ​ဟောခန်းထဲမှာ ဟုတ်​..မဟုတ်​နဲ့ ဆူညံ​နေသည်​။
ကျွနု​ပ်​ လည်း တစ်​​ယောက်​ကလာ​မေးလိုက်​ ၊ဖားခုန်​ခုန်​ခိုင်းလိုက်​၊ဂျွမ်းထိုးခိုင်းလိုက်​၊အုန်းကနဲ ထန်းသီး​ကျွေးသွားလိုက်​နဲ့ ဆို​တော့ သူတို့အ​မေးမခံ​တော့ ကိုယ့်​ဘာသာပင်​ ဂျွမ်း ပတ်​ထိုး​နေ​လေ​တော့သည်​။ထိုသို့ ၄၅မိနစ်​ခန့်​ ​ကျော်​ဖြတ်​ပြီးသကာလ မီးများအားလုံး မှိတ်​လိုက်ဖွင့်​လိုက်​ မဖြစ်​​တော့ဘဲ ငြိမ်​သွား​တော့သည်​။first year ​တွေတန်းစီမယ်​ဟူ၍ ကျနု​ပ်​လည်း ဂျွမ်းပတ်​ထိုး​နေရာမှ တန်းထစီ၏။ 

စောနကတကြွကြွနဲ့ ဂီတာစွမ်းပြချင်​​နေကြ​သော သ​ကောင့်​သားများ ၏မျက်​နှာမှာ ​စောနကလိုမဟုတ်​​တော့ အားလုံး၏ မျက်​မှာ​ပြောင်းလဲ​နေကြကုန်​သည်​။အရပ်​သားတစ်​ပိုင်းဘဝမှ စစ်​သားစိတ်​ လုံးဝ ဝင်​သွားကြပြီဖြစ်​သည်​။ပေး​သောအမိန့်​ကို no complain ဟုတ်​..မဟုတ်​ နဲ့သာ အသားကြသွားပြီ။ကျန်ုပ်​တို့အား စစ်​ပုံကျသွား​အောင်​ အရပ်​သားဘဝက အပြုအမှု​တွေကို brain wash လုပ်​ခံလိုက်​ရပြီဖြစ်​၏။အားလုံးသည်​ ပါးစပ်​ကိုတင်းတင်းစိ၍ မျက်​လုံးတို့သည်​ ​ရှေ့တူရှူသို့သာ တည်​ငြိမ်​စွာ ကြည့်​​နေကြ​ကုန်​၏။ကျန်ုပ်​၏ အ​ကောင်း ဆုံး​သော တိုက်​ပုံအဖြူ​လေးလည်း အညို​ရောင်​သန်းသွား​ချေပြီ။
image
ထိုသို့ brain wash လုပ်​​သော fresher welcome ပွဲကြီးပြီး​သောအခါ final yearနှင့်​ second year ဂါဒီးယန်းများမှ ​နွေး​ထွေးစွာ ပုခုံးဖက်​၍ ​​ခေါ်​ဆောင်​သွားပြီး ၄င်းတို့အခန်းထဲတွင်​ ကြိုတင်​ပြင်​ဆင်​ဝယ်​ခြမ်းထား​သော မုန့်​ပဲသ​ရေစာတို့ကို​ကျွေး​မွေး​လေသည်​။ကျန်ုပ်​တို့ စစ်​တက္ကသိုလ်​ရဲ့ fresher welcome က​တော့ဒီမျှပါပဲ။အောက်​ကပုံက​တော့ ယခုလက်​ရှိ ဂျူနီယာ အင်​တိတ်​ရဲ့ fresher welcome ကျင်းပ​နေပုံပါ။ကျွန်ုပ်​တို့ စိတ်​ကူးယဉ်​ ​ပုံ​ဖော်​ခဲ့မိ​တဲ့ fresher welcome ​ပေါ့။(အ​မေရယ်​ သားကို ဆယ်​နှစ်​​လောက်​ ​နောက်​ကျပြီးမှ ​မွေးပါလားလို့ 😄)ယခုလို​တွေ့ရ​တော့လည်း ကိုယ့်​တုန်းက မဖြစ်​ခဲ့ရ​ပေမယ့်​ ညီငယ်​​လေး​တွေအတွက်​ဝမ်းသာမိ​လေသည်​။သို့​သော်​ စစ်​ပုံ​တော့ကျ​စေချင်​၏။ image

Photo credit google
Author Minhtet Yeyint
@zinminhtet
MSC-126

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

You got a 21.59% upvote from @allaz courtesy of @zinminhtet!

Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!

ကြားဘဲကြားဖူးတာ...ခုမှ ဖတ်ဖူးတော့တယ်ဗျာ..အရေးအသားမှာ သရုပ်ေ ဖ်ာရေးနည်းလေးကောင်းတယ်

အား​ပေးတာ​ကျေးဇူးပါ

ကျေးဇူးပါ

စစ်​ဗိုလ်​တစ်​​ယောက်​ဖြစ်​ဖို့မလွယ်​လိုက်​တာရှင်

သင်​တန်းကာလ မှာတစ်
ရက်​ တစ်​ရက်​ဖြတ်​သန်းရတိုင်း စိတ်​ဖိစီးမှု​တွေအများကြီးပါပဲ

အ​ရေးအသား​ကောင်းတယ်

ကျေးဇူးပါ 😊

ကြားဖူးတယ် ဒီလိုပါပဲ ကိုယ့်တူတွေ တပည့်တွေပြန်လာတော့ပြောပြကြလို့

ဟုတ်​ကဲ့... ဒီလိုပါပဲ 😊

ဗဟုသုတတွေရပါတယ် မျှဝေပေးတာကျေးဇူးပါ

အား​ပေးတာ​ကျေးဇူးပါ​ဗျာ 😊

ရေးထားတာကောင်းတယ်အကို ''အွတ်''ဆိုတာဘာလဲဟင်

ထန်းသီး​လေ စားချင်​ လို့လား​ညေး 😄

  ·  7 years ago (edited)

Fresher welcome လုပ်​မယ်​ လာခဲ့​လေ:-)

လာဘူး 😄

ကြိုဆိုတာကလည်းကြမ်းထှာဗျာ

စစ်​​ကျောင်းဆို​တော့ ခပ်​ကြမ်းကြမ်းပဲ၊ စစ်​​မြေပြင်​မှာ ဒိ​ထက်​ကြမ်းတာ​တွေကြုံရမှာဆို​တော့ အ​လေ့အကျင့်​ရ​အောင်​ လုပ်​​ပေးလိုက်​တာ​လေ 😊

ရေးထားတာလေးကောင်းတယ်bro👍

ရေးတာ​တော့​ကောင်းတယ်​ ၊အဲ့တုန်းက​တော့​ကောင်းဘူး 😄

ကျောင်းတောင်ပြန်တက်ချင်မိတယ်

ပျော်​စရာကြီး ​နော်​ 😀

ဝေမျှပေးတာကျေးဇူးပါ

အမှတ်​တရ ​လေး​တွေ​ပေါ့

နောက်ကျမှမွေးရင် ကောင်းတဲ့ fresher welcomeနဲ့ ကြုံရမှာနော်။

ပြောင်းလဲကုန်​ပြီ​လေ 😊

မမေ့နိုင်စရာအမှတ်တရလေးတွေပါ

အမှတ်​တ​ရ​တွေ 😄

ကျေးဇူးပါပဲ သိခွင့်​ရလို့ အကို

ဟုတ်​ကဲ့

အားပေးနေပါတယ် bro ရေ

မျှ​ဝေ​ပေးတာ​ကျေးဇူးပါအကို​ရေ....။

စာရေးရတာက အခုလိုကြုံခဲ့ရတဲ့အတွေ့အကြုံအဖြစ်အပျက်တွေက ရေးဖို့အကောင်းဆုံး အလွယ်ဆုံးပဲ ကိုမင်းထက်ရေ အားပေးတယ်။

ဟုတ်​ကဲ့ ​​ကျေးဇူးပါ :-)

စာပေလောကထဲမှာ တပ်မတော်သားများစွာရှိတယ်၊ ဆရာတို့နဲ့ တွဲဖက်တွေကတော့ ဆရာတင်သန်းဦး၊ ဆရာချစ်ကြည်(ဖြူး)၊ ပျဉ်းမနားမြင့်လှိုင်၊ ဆရာ့ရဲ့ဆရာတစ်ဆုလိုဖြစ်နေတာကတော့ ထီလာကြီးပါ။ထီလာကြီးနဲ့ကတော်တော်ကြာကြာတွဲရတယ်။ သားလည်းမူသေရေးနည်းတစ်ခုချနိုင်အောင်လုပ်ဖို့လိုနေသေးတယ်။

ကျ​နော်​​ရေးဟန်​နဲ့လိုက်​ဖက်မယ့်​တခုခု guide line ချ​ပေးပါဆရာ ခုက ဟိုဟာနှိုက်​မြည်းဒီဟာနှိုက်မြည်းဖြစ်​​နေတာ

အ​တွေ့အကြုံ​တွေပြန်​လည်​မျှ​ဝေ​ပေးတာ​ကေျးဇူးပါ။နောက်​လည်း​​ရေး​ပေးပါအုံးခင်​​ဗျ။ကေျးဇူးတင်​ပါတယ်​။