ကျွန်​​တော်​နှင့်​ သင်​တန်း ၂

in myanmar •  7 years ago  (edited)

ကျွန်​​တော်​နှင့်​ သင်​တန်း ၂

အပိုင်း(၁)အားဖတ်​ရှုရန်
https://steemit.com/myanmar/@zinminhtet/ky-n-eta-wng-thng-tn-1-d8181bcb29671

ရန်​ကုန်​ဘူတာကြီးက​နေ ရထားတွဲကြီးက မာရသွန်​အ​ပြေးပြိုင်​မယ့်​ အ​ပြေးသမားတစ်​​ယောက်​လို ​ဖြေး​ဖြေးမှန်​မှန်​နဲ့ စတင်​ထွက်​ခွာလာခဲ့ပါပြီ။ရထားတွဲကြီး​ပေါ်မှာ​တော့ နုပြိုဆဲနှလုံးသားပိုင်​ရှင်​များ။လူငယ်​ဘဝကို စတင်​ လက်​ပြနှုတ်​ဆက်​ခဲ့ကျသူများ။ဝေကျန်​ရစ်​ခဲ့​သောဘူတာရုံကြီးရဲ့ အမိုးနီနီ​အောက်​မှာ​တော့ အ​ရောင်​တလက်​လက်​နဲ့မျက်​ဝန်းပိုင်​ရှင်​များ....ဘူတာရုံကြီးရဲ့မြင်​ကွင်းတချို့သည်​ တစ်​စတစ်​စ မှုန်းဝါးဝါးဖြစ်​လာသည်​။ image

ကျွန်​​တော့ရဲ့ခုံဘေးမှာ​တော့ မိသားစုတစ်​စု အန်​တီကြီးတစ်​​ယောက်​၊ အမကြီးတစ်​​ယောက်​၊ကျွန်​​တော့အရွယ်​ ​​ကောင်​​လေးတစ်​​ယောက်​၊မန္တ​လေးသို့လိုက်​ပို့ကျဟန်တူပါ သည်​။ရထားတွဲ​ပေါ်တွင်​ တခြားမိသားစုဝင်​များလဲ ​တွေ့ရသည်​။ တချို့​ပျော်​ပါးရယ်​​မော​နေကျသည်​။တချို့ ကျွန်​​တော့ကဲ့သို့ တစ်​​ယောက်​ထဲ ငိုင်​​နေသူများလဲရှိသည်​။
ရှေ့ခုံက အန်​တီကြီးက "သား အိမ်​က လိုက်​မပို့ဘူးလား"ဆို​တော့ "အိမ်​က​နောက်​မှလိုက်​လာမယ်​​ပြောတယ်​အန်​တီ"ဟုသာပြန်​​ဖြေလိုက်​သည်​။ စကားစမြည်​​ပြောဆိုရန်​ ကျွန်​​တော့မှာအင်​အားမရှိ။ထိုအချိန်​တွင်​ မိတ်​ဖွဲ့ခြင်းအတတ်​ပညာကားလဲကျွန်​​တော်​ မကျွမ်းကျင်​​သေး။ငယ်​ငယ်​ထဲက ခပ်​​အေး​အေးနဲ့ တစ်​သီးတစ်​သန့်​​နေတတ်​​သော ကျွန်​​တော်​ အခု​တော့ ​ဘေးနားမှာ ရွယ်​တူ​တွေ ခရီးသွား​ဖော်​​တွေရှိ​နေ​သော်​လည်း တစ်​သီးတစ်​သန့်​ ဖြစ်​​နေပြန်​သည်​။
image

ခုရထားတွဲက ကျွန်​​တော်​လိုပဲ ​ရေး​ဖြေ နှင့်​ OTT ​အောင်​၍ ပြင်​ဦးလွင်​မြို့သို့ သွားကျမည့်​ ​ဗိုလ်​​လောင်း များအတွက်​ စီစဉ်​​ပေးထား​သော ရထားတွဲ ဖြစ်​သည်​။ တဂျုံးဂျုံး​အော်​မြည်​လျက်​ ပြိုင်​မြင်းတစ်​​ကောင်​လို ခုန်​​ပေါက်​​ပြေးလွှား​နေ​သော ရထား​ကြီးသည်​ (ထိုအချိန်​က ရထားလမ်းများ မ​ကောင်း​သော​ကြောင့် ခုန်​​ပေါ​က်​​နေခြင်းဖြစ်​သည်​)တစ်​ဘူတာပြီးတစ်​ဘူတာ ဖြတ်​​ကျော်​လာခဲ့ပြီ။အမြန်​ရထားဖြစ်​သဖြင့်​ ကြား ဘူတာ​တွေရပ်​​ခြင်းမရှိ​ပေ။ပဲခူးဘူတာ​ရောက်​​တော့ ခဏ​ရပ်​သည်​။အချိန်​ကား ၂၀၁၆ခုနှစ်၏​နောက်​ဆုံးလ၊ရထားပြူတင်း​ပေါက်​မှ နှင်းမှုန်​​တို့ တစ်​ချက်​ ချက်​မျက်​နှာသို့ တိုးဝှေ့ နှုတ်​ဆက်​လျက်​ရှိသည်​။ ​နေမင်းကြီး၏ အ​ရောင်​အဝါတချို့ ​ဆင်းသက်​လာမှုနှင့်​အတူ ​ဆောင်းနှင်းမှုန်​တို့ တ​ဖြေး​ဖြေးအ​ငွေ့ပြန်​​ပျောက်​ကွယ်​လျက်​ ရှိသည်​။ ပဲခူးဘူတာမှာနား​တော့ သမုဒ္ဒရာ ဝမ်းတစ်​ထွာတစ်​အတွက်​ ရုန်းကန်​​နေရသူတချို့ အလုအယက်​ ရထား​ပေါ်တက်​လျက်​ စားဖွယ်​​သောက်​ဖွယ်​တို့​ရောင်း ချကျ​လေသည်​။ဗိုက်​ထဲကလဲ မသိ စိတ်​၏ နိုး​ဆော်​မှု​ကြောင့်​ ဆာ​လောင်​​ကြောင်း အချက်​ပြ​နေ​လေပြီ။ထို့​ကြောင့်​ အိမ်​မှ အ​မေကိုယ်​တိုင်​ စီစဉ်​ချက်​ပြုတ်​ထည့်​​ပေး လိုက်​​သော ​ဖော့ဘူး​လေးကိုဖွင့်​လိုက်​သည်​။ အထဲ၌ ​ပေါ်ဆန်း​မွေးဆန်​​ကော့​ကော့​လေးကို ပဲဆီ​လေးဆမ်းလျက်​ ကျ​နော်​ကြိုက်​တတ်​​သော စား​တော်​ပဲပြုတ်​နဲ့​ရောသမ​မွေထား သည်​။ဗူးကိုဖွင့်​လိုက်​သည်​နှင့်​ ဆာ​လောင်​မှုကို ပိုမိုနိုးဆွ​နေသလိုလို၊ ​ဗူး​လေးရဲ့ အခြားတစ်​စွန်း​လေးမှာ​တော့ အားငယ်​​နေ၍ ​ထောင့်​ကပ်​​နေဟန်​ဖြင့်​ ချဉ်​​ပေါင်​​ကြော်​အနဲငယ်​(အားမငယ်​ပါနဲ့ ချဉ်​​ပေါင်​​ကြော်​​လေးရယ်​ မင်းက ငါအကြိုက်​ဆုံးအစားအစာထဲပါပါတယ်​)​နောက်​ပြီး ကြက်​သား​ကြော်​ အ​နေ​တော်​ သုံးတုံးခန့်​ နှင့်​ ဘာလ​ချောင်​​ကြော်​ အနဲငယ်​ပါ ပါသည်​။ထမင်း​ဗူးထဲမှာ ​ကော်​ဇွန်း​လေးပါအဆင့်​သင့်​ ပါသည်​ကို​တွေ့ရသည်​။ ကျွန်​​တော်​စားပြီး လျင်​ အမှိုက်​ပုံးထဲ အလွယ်​တကူ ထည့်​လိုက်​နိုင်​ရန်​ ​ဖော့ဘူးနှင့်​ ​ကော်​ဇွန်းကိုအ​မေစီ စဉ်​​ပေးလိုက်​ခြင်းဖြစ်​မည်​။ နံ​ဘေးမှာ​တော့ စား​သောက်​ဖွယ်​ရာ များဝယ်​ခြမ်း​နေကျ သူများလဲရှိသည်​။မည်​မျှပင်​စားချင်​စားဖွယ်​ ပြင်​ဆင်​​ရောင်းချ​နေပင်​ငြား ကျွန်​​တော့ ထမင်း​ဗူး​လေး​လောက်​ အရသာရှိမည်​မထင်​။ဒီထမင်း​ဗူး​လေးထဲမှာအ​ဖေ့ရဲ့​ချွေးစက်​​တွေနဲ့ ရင်းနှီးထားရပြီး အ​မေ့ရဲ့ချစ်​ခြင်း​မေတ္တာ​တွေပါဝင်​သည်​။ထမင်းစား​နေစဉ်​ မှာပဲ ရထားမှ ပြန်​လည်​ထွက်​ခွာရန်​ ဆိုင်းပြင်​​နေပြီ။တအိအိနဲ့ ဘီးစတင်​လိမ့်​လာပြီး​နောက်​ ပဲခူးဟူ​သောဆိုင်းဘုတ်​လဲ တ​ဖြေး​ဖြေး ​ဝေးကွာလာသည်​။ဘူတာအ​ဆောက်​အဦးတို့သည်​လည်း ​လေး​ထောင့်​သဏ္ဍန်​မှ မျဉ်း​ကြောင်းသဏ္ဍန်​ဖြစ်​လာပြီ။စား​သောက်​ပြီး​တော့ ထမင်း​ဗူးလွင့်​ပစ်​ရန်​ ရထားတွဲ ထဲသို့ အမှိုက်​ပုံးကိုမျက်​လုံး​ဝေ့ကြည့်​ပြီးရှာ​တော့မ​​တွေ့သဖြင့်​ ကျွတ်​ကျွတ်​အိတ်​နဲ့ လုံ​အောင်​စုချည်​ပြီး ခုံ​အောက်​နားမှ ခန ချထား လိုက်​သည်​။လမ်း​ရောက်​မှ သင့်​​တော်​ရာ​နေရာတစ်​ခုမှ လွင့်​ပစ်​ရ​တော့မည်​။ဘူတာရုံမှာ အမှိုက်​လွင့်​ပြစ်​လို့မဖြစ်​။
image
image
စက္ကန့်​မှ မိနစ်​၊မိနစ်​မှနာရီ အလီလီ​ပြောင်းလဲလာပြီး​နောက်​ ​တောင်​ငူ ဟူ​သော ဆိုင်းဘုတ်​ကို ​ကျော်​လာ​လေပြီ။ရထားလမ်း​ဘေးတစ်​​လျောက်​ ကျူး​ကျော်​ တဲငယ်​​လေးများလဲ​တွေ့ရသည်​။က​လေးများ ​ဆော့ကစား​နေကျသည်​လဲ ​တွေ့သည်​။အချိန်​ကိုကြည့်​​တော့ ​နေ့လည်​တစ်​နာရီခန့်​​တောင်​​ကျော်​​နေ​ပြီ။နာရီကိုကြည့်​ရင်းအ​ဖေ့ကိုသတိရမိပြန်​​လေသည်​။ကျွန်​​တော်​၈တန်း​ကျောင်းသား​လောက်​ထဲက အ​ဖေဝယ်​​ပေးထား​သော casio နာရီ​လေး သူ့တာဝန်​ကိုခုချိန်​ထိ​ကျေပွန်​​အောင်​ ​ဆောင်​ရွက်​​နေဆဲပင်​။နေ့လည်​စာကို​တော့ အ​မေထည့်​​ပေးလိုက်​​သော ကြက်​ဥပြုတ်​နဲ့ ပန်းသီးပဲကိုက်​စားကာ​ရေ​သောက်​ပြီး​ဖြေရှင်းလိုက်​​တော့သည်​။အပြင်​စာသိပ်​စား​လေ့မရှိ​သော ကျွန်​​တော်​ ဝယ်​စားရမှာတွန့်​​နေသည်​။ အ​မေက မုန့်​ပဲသ​ရေစာ စားစရာတို့ကို ကိုယ်​တိုင်​ပြုလုပ်​​ကျွေးတတ်​သူဖြစ်​​လေရာ အပြင်​က အစာ​တွေသိပ်​ဝယ်​စား​လေ့မရှိခြင်းဖြစ်​သည်​။မည်​သို့မည်​ပုံ ချက်​ပြုတ်​ထားမှန်းမသိ​သော စားစရာတို့်ကို စားရမှာ ထိုအချိန်​က စိတ်​ထဲ မသတီဖြစ်​ခဲ့မိသည်​။(ခု​တော့ အဲ့အကျင့်​က ​ပျောက်​​နေပါပြီ)နံ​ဘေးမှ သစ်​ပင်​ခြုံနွယ်​တို့ ရထား​နောက်​ကြီး၏​နောက်​သို့ ​ပြေးလွှား​ရွှေ့လျား​နေကြသည်​။ ​နေမင်းကြီး​လဲ အနားမျဉ်းတစ်​ခု​ပေါ်သို့​မေးတင်​ငိုက်​မြည်း​နေလေပြီ။ကွယ်​​ပျောက်​လုဆဲ​နေမင်းကြီးကိုကြည့်​ရင်း စိတ်​ထဲမှာလွမ်းသလိုလို ​ဆွေးသလိုလို...... image

#ဆက်​ပါအုံးမည်​....

စာတစ်​ခု​ရေးသားတတ်​​အောင်​ သင်​ကြား​ပေး​သော ဆရာတင်​လှိုင်​ဦးအား အထူးပင်​​ လေးစား​ကျေးဇူးတင်​ပါသည်​ခင်​​ဗျာ
Photo credit google
Author- Minhtet Yeyint
@zinminhtet
MSC-126

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အတော်ရှည်မယ့် ဇာတ်လမ်းပဲ သူငယ်ချင်း

၁၂နှစ်​ စာ​ပေါ့သယ်​ရင်း

verry good!
vote up me to.

Thank you

ဘာဖြစ်ဖြစ် ကိုယ်တွေက ခရီးသွားရရင်ပျော်တယ်

တစ်​​ယောက်​ထဲကျ​တော့ ပျင်းထှာ

အ​ရေးသား​တွေ​ကောင်းတယ်​ဗျာ

ကျေးဇူးပါ

Thank you @zinminhtet for making a transfer to me for an upvote of 1.06% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

အရေးအသားကောင်းတယ်။

အား​ပေးတာ​ကျေးဇူးပါ

ရထားစီးရတာ ကားစီးရတာ ထက် ပိုပမ်းပန်းတယ် ထင်ရတယ် သဘာဝ ရူခင်းတွေကိုတော့ အပြည့်အဝ ခံစားရတယ်

မိသားစု နဲ့ဆိုရင်​​တော့ ​ပျော်​စရာ ​ကောင်းမှာ

အားပေးနေပါတယ်bro အရေးအသား အရမ်းကောင်းတယ်

အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ ခင်​​ဗျ

ပိုပိုပြီးစိတ်​ဝင်​စားလာတယ်​။

ရေးစရာ​တွေအများကြီး ကျန်​​သေးတယ်​ 😁

ဆက်လက်အားပေးပါမည်

ဟုတ်​ကဲ့ပါ :-)

အားပေးတယ်အစ်ကို ဆက်ရေးထား

အိုး . . အရေးအသားတွေတည့်ကြွေတာ . . တကယ်ရထားပေါ်ရောက်နေသလို ထမင်းဘူးဖွင့်တော့ လူတောင်ဗိုက်ဆာာလာသလိုခံစားရတယ်

ဟဲဟဲ အား​ပေးတာ​ကျေးဇူးပါ bro ကိုမမီ​သေးဘူး​ဗျာ

ဆရာ့ တပည့်ပီသစွာ အရေးအသားကောင်း

ဆရာ့​ကျေးဇူး

ရထားစီးရတာသဘောကျတယ်။

ကောင်းလှပါလားလို့ သူလဲ ဆတင် နိပ်စက်ထားတာဘဲကို

သားကဒီလိုပဲ ​​ဟို ​ရေးဒီ​ရေး ​ရေးလိုက်​တာ 😄

အားပေးခဲ့သည်.......

အား​ပေး​တော့ အားရသွားသည်​ 😀

စာရေးကောင်းတွေပဲ

ကျေးဇူး ဆရာ

ကဗျာလေးတွေဖွဲ့လိုကါပါလား ရေးကောင်းတယ်ဗျာ ခံစားတတ်တာ

က​ဗျာမကျွမ်း 😄

writer ရီးဖြစ်နေပီ

ဟုတ်​ကဲ့

Very good writing

Thank

ဟုတ်ပြီ ပုဂံ ရထားစီးပြီး သွားလည်မယ်ဗျာ

မိသားစုနဲ့ဆို​ပျော်​စရာကြီး

အားပေးနေပါတယ် bro

ဆရာတင် တပည့် လက်ဇောင်းထက်ပါ့ဗျာ။

ဆရာ​ကောင်း တပည့်​ပန်း​​ကောင်းပန်​​ပေါ့ 😊

Bro အ​ရေးအသားအရမ်း​ကောင်းတယ်​။

အား​ပေးတာ​ကျေးဇူးပါခင်​​ဗျ

သတ်ပုံတွေမှန်ပါတယ် အသုံးအနှုန်းတွေကတော့ လဲ ဆိုတဲ့နေရာတွေမှာ လည်း ကိုပြောင်းသုံးသင့်တယ်။
ခုလိုပုံစံမျိုးရေးတဲ့အခါမှာ နဲ့၊ ကွဲ့၊ တဲ့ ဆိုသည့်အသုံးအနှုံးများအစား နှင့်၊ သည့်၊ မည့် စသည်တို့ အစားထိုးသုံးစွဲသင့်ပါကြောင်း အကြံကောင်းပေးလိုက်ရပါသည်ဗျာ။

လိုက်​နာပါမယ်​ ဆရာ