ကျွန်​​တော့ရဲ့ တနင်္လာ ​နေ့

in myanmar •  7 years ago  (edited)

တနင်္လာ​နေ့ မနက်​ခင်း
ကျွန်​​တော့ တစ်​​နေ့တာက​တော့ အမှတ်​ရဖွယ်​​တွေ တခမ်းတနား​တွေမရှိလှပါဘူး။
မနက်​ဆိုလျင်​ ကြယ်​​ရောင်​​တွေ မ​ပျောက်​တ​ပျောက်​ အချိန်​မှာပဲ ဖုန်းမှ နိုးစက်​အသံ​နှင့်​စတင်​နိုးထပါတယ်​။နိုးစက်​​ပေးထားတာက​တော့ မနက်​၅နာရီပါ။အိမ်​ရာမှ ထလျင်​ထချင်း ၅မိနစ်​ခန့်​ တရားထိုင်​ပါတယ်​။ပြီး​နောက်​ ခြင်​​ထောင်​နဲ့​စောင်​ကို စနစ်​တကျ သတ်​မှတ်​ပုံစံအတိုင်း ​ခေါက်​ကာ အိပ်​ယာအားသပ်​ယပ်​စွာပြင်​ဆင်​လိုက်​ပါတယ်​။ထိုစဉ်​မှာပဲ ဒီ​နေ့တာဝန်​ကျတဲ့ ​ကျောင်းသားတာဝန်​ကျအရာရှိရဲ့ အိပ်​ယာနိုးခရာကို ကြားလိုက်​ရပါတယ်​။ညကဝတ်​ထားတဲ့ညအိပ်​ဝတ်​စုံကို ချွတ်​လိုက်​ပြီး​နောက်​ မနက်​ပိုင်းကြံ့ခိုင်​​ရေး ဆင်းဖို့အတွက်​ ကြံ့ခိုင်​​ရေးဝတ်​စုံကို ခပ်​မြန်​မြန်​လဲလိုက်​ကာ ကုတင်​​ပေါ်ထိုင်​၍ ​ခြေအိပ်​နဲ့ဖိနပ်​ကို စွပ်​လိုက်​ကာ ဖိနပ်​ကြိုးကို ခပ်​တင်းတင်းဆွဲချည်​လိုက်​ပါတယ်​။ ထို​နောက်​ ​ရေချိုးခန်း ထဲဝင်​ကာ မျက်​နှာကို အကြမ်း မျှ ခပ်​မြန်​မြန်​​လေးသစ်​ပြီး လက်မှ လက်​ပတ်​နာရီကိုကြည့်​လိုက်​​တော့ ၅နာရီ မိနစ်​ ၂၀ခန့်​ ရှိ​နေပါပြီ။ တန်းစီကွင်းထဲကို ၅မိနစ်​​စောကြို​ရောက်​ရမည်​ဖြစ်​၍ အိပ်​​ဆောင်​က​နေ ၅နာရီ ၂၂မိနစ်​​လောက်​ထွက်​ရင်​ လမ်း​လျှောက်​သွားရင်​ ၃မိနစ်​ခန့်​ကြာ​တာမို့ ကွင်းထဲကို ၅နာရီ ၂၅ဆို​ရောက်​တယ်​။တန်းစီကွင်းထဲစ​ရောက်​တာနဲ့ တာဝန်​ကျ ​ကျောင်းသားတာဝန်​ကျအရာရှိက လူစုံလင်​မှုရှိမရှိစစ်​​ဆေးပါတယ်​။ကျွန်​​တော်​တို့သင်​တန်းမှာသင်​တန်းသားက အ​ယောက်​၁၀၇​ယောက်​ပါ။ ​ကျောင်းသားအရာရှိက လူစစ်​ပြီး​နောက်​ ကြံခိုင်​​ရေးတာဝန်​ကျ အရာရှိထံ တန်းစီဇယားနှင့်​တကွ တန်းအပ်​သည်​။ ထို​နောက်​ ဒီ​နေ့ တနင်္လာ ​နေ့ဖြစ်​သဖြင့်​ အ​ပြေးတက်​​လေ့ကျင့်​ခန်းမရှိ​ကြောင်းနဲ့ မြန်​မာ့သိုင်းသင်​ခန်းစာ ဖြစ်​​ကြောင်း ကြံ့ခိုင်​​​ရေး အရာရှိက ​ပြောကြားပြီး​နောက်​ ၄င်း၏စစ်​မိန့်​သံနှင့်​ အတူ အတန်းချဲကာ မြန့်​မာ့သိုင်း အ​ခြေခံ စတင်​သင်​ကြားပါတယ်​။ယိစ်​ကျား..ယိစ်​ကျားဖြင့်​ ​မိနစ်​၄၀ပြည့်​ပြီးတဲ့​နောက်​မှာ​တော့ ကြံ့ခိုင်​​ရေး ချိန်​ပြီပြီဖြစ်​တဲ့အတွက်​ တန်းဖြုတ်​​ပေးလိုက်​ပါတယ်​။
image

တန်းဖြုတ်​ပြီး​နောက်​မှာ​တော့ အိပ်​​ဆောင်​ကို ခပ်​မြန်​မြန်​ အ​ပြေးတက်​နဲ့ပြန်​လာပြီး​နောက်​ ဇွန်းခရင်းယူပြီး စားရိပ်​သာသို့ သွက်​သွက်​​လေး သွားရပါသည်​။ဘာလို့လဲဆို​တော့ ၀၇နာရီ၁၅မိနစ်​မှာတန်းစီမှာကိုး။
စားရိပ်​သာ​ရောက်​​တော့ ထမင်း​ကြော်​ရယ်​ ကြက်​ဥ​ကြော်​ရယ်​ လက်​ဘက်​ရည်​ရယ်​ကို ၅မိနစ်​ခန့်​နဲ့ပြီး​အောင်​ အမြန်​စားပြီး အိပ်​​ဆောင်​ပြန်​လာ။ အိပ်​​ဆောင်​​ရောက်​တာနဲ့ ညက ​ဆေးတင်​ထားတဲ့ စစ်​ဖိနပ်​ကြီးကို နိုင်​လွန်​​ခြေအိပ်​​ဟောင်းနဲ့ ​ပြောင်​​နေ​အောင်​ပွတ်​ရင်းညက ကျက်​လက်​စနဲ့စာကြည့်​စားပွဲ​ပေါ်က ဖွင့်​လျက်​သားဖြစ်​​နေတဲ့စာအုပ်​ထဲကစာအချို့ကို ဖိနပ်​တိုက်​​နေရင်းနဲ့ပဲ ပြန်​မှတ်​မိ​အောင်​ ကျက်​လိုက်​သည်​။ ဖိနပ်​​ပြောင်​သွား​တော့ အခန်းထဲ ကြမ်းတိုက်​တံနဲ့ ကြမ်းကိုခပ်​မြန်​မြန်​ပဲတိုက်​လိုက်​ကာ အခန်းမှန်​မှာ ရှိ​နေတဲ့ဖုန်​မှုန့်​ ​တွေကို​ပြောင်​စင်​သွား​အောင်​ တဘက်​အ​ဟောင်းနဲ့ ပွတ်​။ပြီးတာနဲ့အခန်း​ရှေ့ ​ကော်​ရတာပါတံမျက်​စည်းလှဲ။ပြီးတာနဲ့ ကြံ့ခိုင်​​ရေး ဝတ်​စုံကိုချွတ်​၍ ​ရေချိုးခန်း ထဲ ဝင်​ ​ရေချိုးပြီး​နောက်​ ညကတည်းကပြင်​ထားတဲ့ တနင်္လာ ​နေ့ရုံးတက်​ဝတ်​စုံကို ဝတ်​လိုက်​သည်​။ ခါးပတ်​က​တော့ ညထဲက ​ပြော​င်​အောင်​တိုက်​ထားပြီးသားဖြစ်​သည်​။ဝတ်​စုံလဲပြီးနာရီကြည့်​လိုက်​​တော့ ၇နာရီထိုးရန်​ ၁၀မိနစ်​ခန့်​အလို၊စားပွဲ​ပေါ်မှစာရွက်​စာတမ်းများကို အိတ်​ထဲထည့်​ပြီး​နောက်​ အခန်းထဲ သတ်​မှတ်​ထားတဲ့အတိုင်းခင်းကျင်းထားမှုကိုတစ်​ချက်​ပြန်​စစ်​​ဆေးလိုက်​သည်​။ ပြီး​နောက်​ ဖိနပ်​စီးပြီး အ​ဆောင်​မှ တန်းစီကွင်းထဲသို့ ထွက်​လာခဲ့လိုက်​သည်​။
ဒီ​နေ့ တနင်္လာ ​နေ့ဖြစ်​သဖြင့်​ မနက်​တန်းစီချိန်​တွင်​ ဝတ်​စားဆင်​ယင်​မှုစစ်​​ဆေးခြင်း၊ အိပ်​​ဆောင်​စစ်​​ဆေးခြင်းနှင့်​ အပတ်​စဉ်​ စာ​မေးပွဲကလည်းရှိ​နေ​သေးသည်​မို့အလွန်​မှ အလုပ်​ရှုပ်​လှ​သောရက်​တစ်​ရက်​ဖြစ်​​ပေ​တော့သည်​။
@zinminhtet
MSC-126

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျန်မာရေး အတွက် မနက်စောစောထပြေးမှထင်တယ် အယ်တာလဲ မဖြစ်သေးပါဘူး ကောင်မလေးတွေ မှောင်မှောင် နဲ့ လိုက်ဆွဲ နေရင် ခက်မယ်

ခလုတ်​တိုက်​လဲမယ်​ ​မှောင်​​မှောင်​နဲ့

Good,bro

Goooooood👍

😄

အချိန်​ကိုပြည့်​​နေတာပဲ​နော်​။မအားတဲ့ကြားထဲကစာ​ရေးနိုင်​တာချီးကျူးပါတယ်​ရှင်​။Good post;bro.

အိပ်​ချိန်​ထဲက ဖဲ့​ပေးရတာပါပဲ 😊

အလေ့ကျင့်မရှိသူဆိုရင် မလွယ်ဘူးဗျ အချိန်မှီပြီးဖို့က

ဟုတ်​တယ်​ bro တစ်​​နေ့တစ်​​နေ့ဘယ်​လိုအချိန်​ကုန်​သွားမှန်းကိုမသိလိုက်​ဘူး

ရေးတာ​ကောင်းတယ်​ bro

ချွေး​​တောင်​ပျံတယ်​ 😄

သိုင်းပြန်သင်ပေးစမ်းပါကွာ ကောင်မလေးတွေ လိုက်ဆွဲနေလို့

ဟဲဟဲ ပြန်​လာရင်​ သင်​​ပေးမယ်

Fighting

ဖိုက်​တင်း :-)

ယိစ်ကျား ယိစ်ကျား :p

ယိစ်​ကျားဖြင့်​ တိုင်​ပတ်​​နေတယ်​ 😄

အားပေးနေမယ် bro

ကေျးဇူး bro 😊

good

ကျေးဇူး

သွားလဲမတိုက်ဖူး ဘာလား

သွားက ပြန်​လာ မှ​ရေခိုျးရင်းတိုက်​မှာ 😁

fighting

ကျေးဇူး bro

ကောင်းပါတယ် အစ်ကို

တနင်္လာဆို ပျင်းတာအရမ်းဘဲ