ဆက်ရန်မရှိ အခန်း(၂)

in myanmar •  6 years ago 

ဆက်ရန်မရှိ

အခန်း(၂)
myanmar_dressing__by_aungkyawkhin-d8w240j.jpg
Photo credit

မတင်မြ ကအမေဘက်လိုက်၍ အသား ဖြူသည်။ခန္ဓာကိုယ် အချိုးအစားကလည်း ခါးသေးရင်ချီ၍ ကြည့်ပျော်ရှုပျော်ရှိသည်ဟုဆိုရပေမည်။ဒော်ခင်မြဆိုတာ ငယ်စဉ်က ရွာမှါကွမ်းတောင်ကိုင်မဟုတ်တောင်မှ အချောအလှ စာရင်းထဲပါခဲ့သူဖြစ်သည်။ကိုထွန်းလှနဲ့ညားပြီး ကလေးသုံးယောက်ကလည်း ရ၊ဇရာကထောင်း၊ လောကဓံကထောင်းနဲ့ အခုများဆိုရင်ဖြင့် နေလောင်ထားတဲ့ နီကျင့်ကျင့် အသားအရည်၊ဆီမဝတဲ့ ခြောက်ကပ်ကပ်ဆံပင် နဲ့ဆိုတော့ အချောအလှစာရင်းဝင်ခဲ့သူဆိုလျင် ယုံနိုင်စရာရှိမည်မဟုတ်ပေ။ကိုထွန်းလှကတော့ တုတ်ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ညိုမောင်းမောင်းအသားအရည်ရှိပြီး ရုပ်ရည်ကတော့ သာမာန်မျှသာဖြစ်သည်။သူတို့အိမ်ထောင်သက်တမ်းတစ်လျောက် ဆိုက်ကားလေးတစ်စီးသာအဖတ်တင်ခဲ့သည်။ဒီဆိုက်ကားနင်းလို့ရတဲ့ငွေ နဲ့ မိန်းမဖြစ်သူ၏ အကြော်ရောင်းလို့ရတဲ့အမြတ်ငွေလေးတွေ နဲ့ သမီးကြီးပညာရေးကိုပံ့ပိုးနေရသည်လေ။ ဘာပဲဖြစ်ဖြစ်ဆိုက်ကားပိုင်လေးရှိတော့ အုံနာကြေးပေးရတဲ့ ဒုက္ခသက်သာတာပ။သို့ပေမယ့်လည်း ဆိုက်ကား ကလိုင်စင်မရှိဆိုတော့ တစ်ခါတလေ အဖမ်းအဆီးများရှိရင် ခွေးပြေးဝက်ပြေး ပြေးရတာပေါ့။ယခုအစိုးရ တက်လျင် ကြီးပွားတော့မည်အထင်နဲ့ ကိုထွန်းလှတို့ မဲဆွယ်ကာလတုန်းက ဆိုက်ကား အနင်းပျက်ခံပြီး တစ်ပျော်တစ်ပါးကြီးလှည့်လည်မဲဆွယ်ခဲ့သေးသည်။ ထိုတုန်းကတောင် မိန်းမကိုပိုက်ဆံပြန်မအပ်နိုင်လို့ စကားများရန်ဖြစ်ကြရသေးသည်။ယခုများတော့ ရှိနေတဲ့ ဆိုက်ကားလေးတောင် ကျီးလန့်စာစား နင်းနေရတဲ့ဘဝ။ဆိုက်ကားလေး အသိမ်းခံရမှာ ထွန်းလှ အရမ်းကြောက်သည်။ သူတတ်တဲ့ပညာကလည်း ဒီပညာပဲရှိတာကိုး၊ဒါမှမလုပ်ရင် စားဝတ်နေရေး အတွက် မည်သို့ရုန်းကန်ရမည်နည်း။မည်သူ့ကိုမှ အားကိုးလို့မရ ကိုယ့်အားကိုယ်ကိုး ထမင်းစားရမည်ဆိုတာကို အခုတော့ ထွန်းလှသိပြီ။ခြေထောက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် ဘဝဆိုတာ ဒါမျိုးဖြစ်ချေလိမ့်မည်။

နောက်ပြီး ပညာရေး မှာထိုင်းလှတဲ့ အလတ်ကောင်ကို အရွယ်လေးရောက်လာရင် ဆိုက်ကားအမွေပေးဖို့ စိတ်ကူးထားသေးသည်။အလတ်ကောင်လည်း အရွယ်ရောက် သူလည်း အရွယ်ကျချိန်ဆိုတော့ တဖန်ပြန်အားကိုးရလောက်မည်ထင်သည်။

Screenshot_2018-08-23-10-39-48-276_com.yandex.browser.png
Photo credit
ဒဂုံအရှေ့ပိုင်းရှိ စကားဝါ အမျိုးသမီးဆောင်၊ဒဂုံတက္ကသိုလ်နှင့်ဆို နှစ်မှတ်တိုင်လောက်ကားစီးရင် ရောက်နိုင်သောခရီးဖြစ်သည်။အဆောင်မှာ နှစ်ထပ်ဆောင်ဖြစ်ပြီး အခန်းတစ်ခန်းလျင်နှစ်ယောက်နှုန်းနေကြရသည်။အခန်းပေါင်း ၂၀ရှိပြီး ခြံဝန်းမှာလည်း အတန်သင့်ကျယ်ဝန်းလှသည်။အဆောင်ကိုအုပ်ချုပ်သူကတော့ အပျိုကြီး ဒေါ်ဝင်းနွယ်ဖြစ်သည်။ဒေါ်ဝင်းနွယ်က အသက် ၄၅ ဝန်းကျင်ရှိပြီး ဝတ်စားပုံခေတ်ဆန်၍ စကားပြောပွင့်လင်းလှသူဖြစ်သည်။အခြားအဆောင်တွေနှင့်စာလျင် နေရထိုင်ရ လွတ်လွတ်လပ်လပ် ရှိသည်ဟုဆိုရပေမည်။ထိုလွတ်လပ်မှုကို သဘောကျ၍ လာရောက်ငှါးရမ်းနေထိုင်ကြသူများရှိသလို မတင်မြတို့လို ဈေးနှုန်းသက်သာသဖြင့် ငှါးရမ်းနေထိုင်သူများလည်းရှိသည်။ထိုကြောင့် စကားဝါ အဆောင်တွင်နေထိုင်ကြသူများမှာ အရောင်အသွေးစုံ အဆင့်အတန်းစုံ လှသည်။

" သူငယ်ချင်း ငါတို့ ဒီတစ်ပတ်ကျောင်းပိတ်ရက် ရှော့ပင်သွားကြမလို့ အဲ့တာနင်လိုက်မလား..အခုအသစ်ဖွင့်တဲ့ ဗိုလ်ချုပ်ဈေးအသစ် ရှယ်မိုက်တာနော်...လိုချင်စရာတွေကြီးပဲ ဈေးလည်းဝယ်ရင်း ဘဲချောချောလေးတွေလည်း ငမ်းရင်းပေါ့..ဘယ်လိုလဲ"
တစ်ခန်းထဲအတူနေသူ ချယ်ရီ မှ အတင်းဆွယ်နေသော်လည်း ကိုယ့် အိတ်ကပ်အခြေအနေကိုယ်သိနေသော မတင်မြ အဖို့ လိုက်ရန်မရဲ၊အိတ်ထဲကျန်တာမှ တစ်သောင်းကျော်ကျော် အိမ်ကပိုက်ဆံကလည်းလကုန်ရက်မှ ပို့တာဆိုတော့ ပြက္ခဒိန် ကိုလှမ်းကြည့်လိုက်တော့ လကုန်ရက် ၈ရက်ခန့်လိုသေးသည်။
"ငါမလိုက်တော့ပါဘူး သူငယ်ချင်းရယ်၊လုပ်စရာလေးတွေရှိလို့ နောက်များမှပဲလိုက်တော့မယ်"
မတင်မြလည်း သူများတွေလို ရှော့ပင်ဆိုတာကို သွားဘူးချင်သည်။တစ်ခန်းထဲနေဖော် ချယ်ရီလို လှပကျော့ရှင်းစွာဖြင့် ခေတ်မှီအသုံးအဆောင်ပစ္စည်းတွေကိုလည်း သုံးဖူးချင်သည်။သို့ပေမယ့် ကိုယ့်အခြေအနေကိုယ်သာသိသဖြင့် မလိုက်ဟုငြင်းလိုက်သည်။ချယ်ရီကတော့သုံးနိုင်ဖြုန်းနိုင်သည်။ဝတ်တာစားတာကလည်း ခေတ်ဆန်လွန်းသည်ဟု မတင်မြ ထင်မိသည်။ပုံစံကလည်း သွက်သွက်လက်လက်နှင့် ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော်ရှိလှသည်။ဆိုင်အတူတူထိုင်လျင်လည်း ချယ်ရီမှသာ ထုတ်ထုတ်ရှင်းတတ်သည်။တစ်ခါတစ်ရံ အဆောင်သို့ လာလာတတ်သော ချယ်ရီ ဦးလေးဆိုသူမှာ ပိုက်ဆံချမ်းသာပုံရသည်။မော်ဒယ်မြင့် ကားအကောင်းစားကြီးနှင့် ဝတ်ပုံစားပုံကလည်း စမတ်ကျလှသည်။ဘာပဲဖြစ်ဖြစ် မတင်မြ ချာ်ရီကိုအားကျမိသည်။ သူ့လိုမျိုး ပိုက်ဆံကို သုံးချင်စွဲချင်မိသည်။အဖေအမေကိုလည်း ပိုက်ဆံထောက်ချင်သည်။

ဟူး....ဖြစ်ချင်တိုင်းဖြစ်ခွင့် မရှိတာကို ဘဝဟု ခေါ်လေမလားမသိတော့ပေ။

" အိုကေ.. သူငယ်ချင်း မလိုက်ဘူးဆိုရင်လည်း ငါ ဦးကို ပဲ ဖုန်းဆက်ပြီးချိန်းထားလိုက်တော့မယ်၊ဒီကဖြင့် ကိုယ့် သူငယ်ချင်းနဲ့ သွားချင်လို့ပါဆို တကတည်း..."
မတင်မြ ပြုံးပြလိုက်သည်။သူမှ မလိုက်နိုင်တာလေ။နောင်ဘဝ ဆိုတာများရှိခဲ့ရင် ချမ်းသာသောမိသားစု၌ သာလူဖြစ်ရပါစေတော့ဟုသာ ဆုတောင်းနေမိတော့သည်။

Msc-126
@zinminhtet

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝအခြေအနေခြင်း မတူတော့ သူများလို မဝတ်နိုင် မစားနိုင်ဘူးပေါ့။ဒီလိုပါပဲလေ ဘဝတွေကတော့။

ကံအ ကျိုးပေးခြင်းမတူတာလေ

ဖြစ်အောင်လုပ်ရင်တော့ဖြစ်လာမှာပါဗျ။

ဒါပေါ့

ကိုယ့်ဘဝလေးနဲ့ကိုယ် ကျေနပ်နိုင် အကောင်းဆုံးပါ ကထက်ရေ ဒါနက် ဆက်ရန်လေးဖတ်ချင်ပါသေးတယ်

ဟုတ်ကဲ့ ဆက်ရေးဖြစ်အောင်ကြိုးစားပါ့မယ်..

ဖတ်​လို့​ကောင်းပါတယ်​....တစ်​​ယောက်​နှင့်​တစ်​​ယောက်​အ​ခြေအ​နေချင်းမတူကြတာ.....

ဟုတ်..ကျေးဇူးပါ

ဘဝရဲ့ ပုံရိပ်‌‌တွေကို ‌ဖော်‌ ကျူးထားတာ‌ကောင်းပါတယ်‌။

ဟုတ် ကျေးဇူးပါ

ဘ၀ဇာတ်ခုံအစုံစုံ ဖတ်ရတာ ကျေးဇူးပါ

လာအားပေးတာ ကျေးဇူးပါ ကိုစိုး

နေတတ်​ရင်​​ကျေနပ်​စရာပါဗျာ ☺

အမှန်ပေါ့ဗျာ

နိုင်ငံရေးလေးလည်း ပါသေးသကိုး

ခါတော်မှီလေး 😂

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ကြုံရစုံရဘုံးဘဝပါလားဗျာ

ဟုတ်ကဲ့

ကျရာဘ၀ကိုဘဲ အကောင်းဆုံးဖြတ်သန်းတာပေါ့ဗျာ

လက်ရှိ ဘဝကိုပဲ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းတာ အကောင်းဆုံးပေါ့

ကို့ထက် မြင့်တဲ့သူတွေကို အားကျ အတုယူပြီးကြိုးစားတာတော့ ကောင်းပါတယ်ဗျာ..ဒါပေမဲ့ ကို့ထက်မြင့်သူကို
ပဲ့ကြည့်နေမိတဲ့အခါ လောဘ၊ဒေါသ၊မောဟ ကို့ဘဝကို မရောင့်ရဲနိုင်ခြင်း မတင်းတိမ်နိုင်ခြင်း အစရှိသည့် စိတ်ပင်ပန်းမှုမျိုးစုံ ကိုယ်ပဲ့ခံစားရမှာပါ

လောကီ အမြင် နဲ့ လောကုတ္တရာ အမြင်တော့ ဘယ်တူနိုင်မလဲနော့

ကိုယ့်ရတဲ့ဘဝမှာ ကျေနပ်စွာရှင်သန်နိုင်မှ စိတ်ချမ်းသာမပေါ့

ဟုတ်ပါတယ်

ဆက်ရန်မရှိဆိုပီး ဆက်ရန်ကရှိနေသလိုပဲ

စိတ်ကူးပေါက်ရင်လည်း ရှိတယ် မပေါက်ရင်လည်း မရှိဘူးဆိုပါတော့ 😁

ဆက်​ဖတ်​ချင်​​တယ်​ကိုဇင်​မင်းထက်​​ရေ

ဟုတ် မအိဆက်ရန်ရှိပါ့မယ်

မတင်မြ ကတော့ လုပ်ပီ။ ဆက်ဖတ်အုန်းမယ်။