electricity 220v အခြေခံ သိစရာများ

in myanmar •  7 years ago 

electricity 220v အခြေခံ သိစရာများ

         လျှပ်စစ် မှာ အခြေခံ အနေနဲ့  line နဲ့ neutral ကို သိကိုသိထားရမှာဖြစ်ပါတယ် ။ အိမ်တစ်အိမ်မှာ အသုံးပြုနေတဲ့  လျှပ်စစ် ဓာတ်အား ပမာဏဟာ ၂၂၀ဗို့  အား ရှိပြီး line နဲ့ neutral ဆိုပြီး wire ၂ချောင်းပါဝင်ပါတယ် ။ line နဲ့  neutral ဘယ်လိုခွဲခြားမလဲဆိုရင် tester ဆိုတဲ့မီးစမ်းတဲ့ ပစ္စည်းကိုသုံးပြီးအလွယ်တကူ ခွဲခြားလို့ ရပါတယ်။ wire ရဲ့  ထိပ်က ကြေးစကို ထိပြီး မီးလင်းရင် line wire မီးမလင်းရင် neutral wire ဆိုပြီးသာမန်အားဖြင့် သိနိုင်ပါတယ်။ ဒါပေမဲ့ switch ခံထားတဲ့ နေရာတွေမှာဆိုရင်တော့ switch ပိတ်ထားရင် wire ၂ခုလုံး မီးလင်းမှာမဟုတ်ဘူးဆိုတာတော့သိထားသင့်ပါတယ်။  ၂၂၀ ဗို့ အားရှိတဲ့  wiring တစ်ခုကို ဆင်တော့မယ်ဆိုရင် (သို့ မဟုတ်) ပြင်တော့မယ်ဆိုရင်  ပြင်မဲ့လူရဲ့  safety ကို အရင်သတိပြုရပါမယ် လျှပ်စစ် ဟာ အန္တရာယ် အလွန်များပြီး သတိမထားရင် အသက်အန္တရာယ် ရှိပါတယ်။ မိမိပြင်ဆင်မဲ့  wiring မှာ volt အားရှိမရှိ အရင်သတိပြုရပါမယ်။ မိမိ ကိုယ်တိုင် neutral မဖြစ်စေဖို့ သတိပြုရပါမယ် ။ neutral မဖြစ်အောင် ဘယ်လို သတိပြုရမလဲ ဆိုတော့ မိမိရဲ့  ကိုယ်ကို မြေဓာတ်ရှိတဲ့  ဘယ်အရာနဲ့မဆို မထိမိအောင် ပြုမူရပါမယ်။ မိမိ ကိုယ်ကို neutral လွတ်အောင် လုပ်ထားပြီးပြီဆိုရင်တော့ ၂၂၀ ဗို့ အား ရှိတဲ့  line တစ်ခုကို အန္တရာယ်ကင်းစွာ ပြုပြင်နိုင်ပါပြီ။ နောက်ထပ်တင်မဲ့ပို့ စ် ကျရင်တော့ ၄၄၀ ဗို့ နဲ့ ပတ်သတ်ပြီး တင်ပြပေးသွားပါမယ် အားလုံးကိုကျေးဇူးတင်ပါတယ်။15159066968461271715477.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဗဟုသုတရတယ်ဗျို့ 

thanks

အားပေးနေတယ်ညီ ကောင်းတယ် ပညာရပ်ပိုင်းများများရေး ညီရေ မျှော်နေမယ်

ဟုတ်ကဲ့ ဆက်ကြိုးစားသွားမှာပါ