Create self each valuable day

in myanmar •  7 years ago  (edited)

ကျွန်မတို့တွေ နေ့စဉ်ဖြတ်သန်းနေတဲ့နေ့ရက်တွေ မှာကိုယ်ဖြတ်သန်းခဲ့တဲ့တနေ့တာကိုပြန်လည်ဆန်းစစ်ကြည့်တာမျိုးလုပ်ဖူးပါသလားရှင်။

တစ်နေ့တာလုံးဖြတ်သန်းခဲ့ရာမှာ စိတ်ချမ်းသာမှုတွေလည်းရှိခဲ့မယ်။ စိတ်ဆင်းရဲမှုတွေလည်းရှိခဲ့မယ်။ အချိန်ကုန်လို့ကုန်မှန်းမသိအောင် ပျော်ရွှင်စွာဖြတ်သန်းခဲ့တာလည်းရှိသလို ရှည်လျားလှတဲ့ ၀မ်းနည်းဖွယ်နေ့ရက်တွေကိုအံကြိတ်ကျော်ဖြတ်ခဲ့ရတာတွေလည်းရှိကြမှာပါ။ ဘယ်လိုခံစားချက်တွေနဲ့ပဲဖြတ်သန်းခဲ့သည်ဖြစ်ပါစေ အဲဒီတစ်နေ့တာရဲ့တန်ဖိုးကို ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေနဲ့တိုင်းတာလို့တော့မရနိုင်ပါဖူး။

ဒီနေ့တစ်နေ့တာမှာ ကိုယ့်ရဲ့လောဘနဲ့ အတ္တကြောင့် တခြားသူတွေကိုပူလောင်ခြင်းတွေမဖြစ်စေခဲ့ဖူးဆိုရင် .....
ကိုယ့်ကြောင့်တခြားသူတွေဘ၀မှာ အကျိုးဖြစ်ထွန်းသွားတာတွေမရှိခဲ့ဖူးဆိုရင်တောင်မှ အကျိုးမယုတ်စေခဲ့ဘူးဆိုရင် .....
ကိုယ်ကပျော်ရွှင်ခြင်းကင်းမဲ့စွာဖြတ်သန်းခဲ့ရပေမယ့် တခြားသူတစ်ယောက်ယောက်ကိုယ့်ကြောင့်မျက်ရည်မကျစေခဲ့ဘူးဆိုရင် .....
ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်တစ်ခုလုံးကိုကောင်းကျိုးမပေးနိုင်ခဲ့သေးရင်တောင် ကိုယ့်မိဘနှစ်ပါးကိုစိတ်ချမ်းမြေ့မှုပေးခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်မှာကံဆိုးမှုတွေနဲ့ကျော်ဖြတ်နေရပေမယ့် ကိုယ့်လိုပဲကံဆိုးနေသူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကူညီခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်အပေါ်ချစ်ခင်သူရော ငြိုငြင်မုန်းတီးသူတွေရောပေါ်မှာ မေတ္တာထားနိုင်ခဲ့တယ်ဆိုရင် .....
တန်ဖိုးရှိလှတဲ့နေ့ရက်တစ်ရက်ကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပါပြီ။

ဒီအချက်တွေနဲ့တိုင်းတာကြည့်လို့ ကျွန်မတို့လည်းတန်ဖိုးရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းနိုင်ခဲ့တယ်ဆိုတာသေချာခဲ့ရင် ကျွန်မတို့ဘ၀မှာလည်းစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကိုပြန်လည်ရရှိပိုင်ဆိုင်လာမှာအသေအချာပါပဲ။
ဒါကြောင့်ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေကို ကိုယ်ကိုယ်တိုင်ပဲဖန်တီးတည်ဆောက်ရင်းဖြတ်သန်းကြဖို့တိုက်တွန်းရင်း ဒီမှာပဲအဆုံးသတ်ပါရစေ။

စတီးမစ်မြန်မာအဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်။
@zinzin
MSC-194

Don't let.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ့်​စကား​​ကြောင့်​တဖက်​လူစိတ်​ချမ်းသာတာပဲဖြစ်​ချင်​ပါတယ်​။ကောင်းတယ်​မဇင်​​ရေ။ရေးထားတာ။

ဟုတ် မအိ

အားပေးခဲ့ပါတယ်👍

ဟုတ် ကျေးဇူး

ကိုယ်ပြုသည့်ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုသလိုပေါ့

ဟုတ် ကောင်းတာတွေလုပ်တဲ့အခါ ကောင်းကျိုးချမ်းသာတွေလည်းပြန်ရလာမှာပါ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

စိတ်ချမ်းမြေ့ပြီး။အေးချမ်းသောနေ့ရက်လေးတွေကိုဖြတ်သန်းနိုင်ပါစေ

ကျေးဇူးအများကြီးတင်ပါတယ်ရှင်

တ​နေ့တာအလုပ်​​တွေကိုပြန်​လည်​ စဉ်းစားကြည့်​ရင်​ သံ​ဝေဂပဲရတယ်​ဗျာ

ဟုတ်

Steem dollar များများရတဲ့နေ့ကတန်ဖိုးရှိပါ့

ဒါလည်းမှန်တာပဲ… စိတ်တေကိုချမ်းသာနာ :D

အရမ်းကောင်းတယ်ဗျာ Good အားပေးခဲ့ပါသည်

ကျေးဇူးပါကိုညီရေ

ရေးထားတ​ကောင်းတယ်​ဗျာ

ဟုတ် ကျေးဇူးပါကိုစော

အမှန်ဘဲသမီးရေ..
အဓိက.က..သူတပါးကိုဝေဖန်တာထက်..မိမိကိုယ်မိမိဝေဖန်ဆန်းစစ်ခြင်းဆိုတာ..တိုးတက်မူ့လမ်းစကိုရှာဖွေခြင်းဘဲ။

ဟုတ်ပါတယ် တီတီရေ