Don't feel lonely..

in myanmar •  7 years ago  (edited)

ဘ၀မှာ အခက်အခဲတွေကြုံလာတဲ့အခါ တစ်ဦးတည်းရင်ဆိုင်နေကြသူတွေရှိကြသလို အားကိုးရတဲ့မိသားစုတွေ မိတ်ကောင်းဆွေကောင်းတွေကို ပိုင်ဆိုင်ထားကြသူတွေလည်းရှိကြမှာပါ။ ဘယ်လောက်ပဲအပေါင်းအသင်းများသူဖြစ်စေ ဘယ်လိုပဲပျော်ပျော်နေတတ်သူဖြစ်စေ လူဆိုတာ တခါတလေတော့ ကိုယ်တစ်ဦးတည်းအထီးကျန်ဆန်စွာဖြတ်သန်းရတဲ့ အချိန်ကာလတွေဆိုတာလည်းရှိတတ်ကြစမြဲပါပဲ။ အထီးကျန်ဆန်တဲ့စိတ်ခံစားချက်ဟာ တကယ်ကိုဆိုးရွားလွန်းပါတယ်။ ဒါကိုကောင်းကောင်းမွန်မွန်မကျော်ဖြတ်နိုင်ရင် ကောင်းမွန်တဲ့အနာဂတ်တွေလည်းပျောက်ဆုံးသွားမှာပါ။ ဒါကြောင့်ဒီလိုတစ်ယောက်တည်းကုန်ဆုံးရဖို့ကြုံလာတဲ့အခါ ဘယ်လိုအကောင်းဆုံးဖြတ်သန်းကြည့်ကြမလဲ ??

ပထမဆုံးအကြံပေးချင်တာကတော့ စာဖတ်ပါ။ စာဖတ်နေသူတစ်ယောက်မှာအထီးကျန်ဆန်တယ်ဆိုတာမရှိပါဖူး။စာရှည်ရှည်ဖတ်ရမှာဝန်လေးတဲ့သူတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်ဝါသနာပါရာ ကိုယ်စိတ်ဝင်စားရာအကြောင်းအရာမျိုးပါတဲ့ စာမျိုးကိုပဲ ရွေးချယ်ပြီးစဖတ်ပေးပါ။ phone နဲ့စာဖတ်တာမျိုးထက် စာအုပ်နဲ့စာဖတ်တာက ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ စာဖတ်ခြင်းရဲ့ အနှစ်သာရကိုလည်း ထိထိရောက်ရောက် ခံစားမိလာမှာပါ။

စာဖတ်ခြင်းနဲ့အတူ သင်ယူခြင်းကလည်း အကောင်းဆုံးအချိန်ကုန်ဆုံးခြင်းတစ်မျိုးပါပဲ။ ကိုယ်စိတ်ဝင်စားတဲ့အတတ်ပညာတစ်ခုကို အခြေခံကစပြီးလေ့လာကြည့်ပါ။ ဘာသာစကားတစ်ခုခုကိုလေ့လာခြင်းကလည်းတကယ်ကိုအကျိုးရှိစေပါတယ်။

ဒါတွေဟာ ပင်ပန်းတယ် ။ စိတ်လွတ်လက်လွတ်ပဲ ဖြတ်သန်းပြီးကုန်ဆုံးချင်တယ်ဆိုရင်တော့ ဘာမှမခက်ခဲပါဖူး။ သီချင်းတွေအော်ဆိုပါ။ လှလှပပ သပ်သပ်ရပ်ရပ်ပြင်ဆင်ပါ။ အရင်ကကိုယ်မကြိုက်ခဲ့တဲ့ အရာတွေကို ပြန်ကြိုက်ကြည့်ပြီး အရင်ကနဲ့မတူတဲ့ပုံစံနဲ့ ရပ်တည်ကြည့်ပါ။ ပြောင်းလဲခြင်းဆိုတာဘာမှမခက်ခဲပါဖူး။ တစ်ခုခုကိုအတင်းဆုပ်ကိုင်ထားတာလေးကို ဖြေလျော့လိုက်တာနဲ့ အရာရာဟာပြောင်းလဲလာတာကို လက်တွေ့မြင်တွေ့လာမှာပါ။

ဒါတောင် သိပ်ပင်ပန်းနေတယ်လို့ ခံစားနေရလား သူငယ်ချင်း....
ဘာမှတွေးမနေနဲ့ အားလုံးကို အတွေးထဲကဖယ်ထုတ် ခဏလေးလွှတ်ချလိုက်ပြီး အိပ်ရေးဝအောင်သာအိပ်ပြစ်လိုက်ပါ။ အိပ်စက်ခြင်းက ဦးနှောက်မှတ်ဥာဏ်ကိုဖွံ့ဖြိုးစေပြီး အကောင်းဆုံးအချိန်ကုန်ဆုံးခြင်းတစ်မျိုးပါပဲ။ အိပ်ရာကနိုးထလာတဲ့အခါ ကောင်းမွန်တဲ့အရာတွေက ဆီးကြိုနေပါလိမ့်မယ်။

လူတွေဟာ အဖော်အပေါင်းတွေနဲ့နေမှသာ အဆင်ပြေတယ် နေပျော်တယ်ဆိုပေမယ့် တစ်ခါတစ်ခါတော့ တစ်ယောက်တည်း ကုန်ဆုံးသင့်တဲ့အချိန်တွေဟာလည်း တကယ်လိုအပ်လှပါတယ်။ လက်ရှိကျွန်မတို့ သုံးစွဲနေတဲ့ ဖုန်းတွေ ကွန်ပြူတာတွေမှာတောင် ကြာကြာသုံးလာရင် အသုံးဝင်တာတွေရော အသုံးမ၀င်တာတွေရော ဖျက်ထုတ်လိုက်ပေမယ့်အပြီးမပျောက်သွားသေးတာမို့ အမှိုက်ပုံးထဲစုပြုံနေတာတွေရောကြောင့် သုံးစွဲရတာလေးလံလာပြီး quality တွေလည်းလျော့ကျလာတတ်တာမို့ ဒါတွေကိုရှင်းလင်းဖယ်ထုတ်ပေးလိုက်မှသာ သူ့ရဲ့ကိုယ်ပိုင်ကောင်းမွန်တဲ့ quality ကိုပြန်လည်အသုံးချနိုင်လာပါတယ်။
ဒါကြောင့်မို့ လူတွေမှာလည်း တနေ့ထက်တနေ့ စုပြုံလာတဲ့ အပူတွေ သောကတွေ မကျေနပ်ချက်တွေ စိတ်ရှုပ်ထွေးမှုတွေကို ကိုယ်တစ်ယောက်တည်းရှိနေချိန်လေးမှာ အထီးကျန်တယ်ဆိုတာကြီးကို ခံစားနေမယ့်အစား ဒါတွေကိုတနည်းနည်းနဲ့ ရှင်းလင်းဖယ်ရှားပြစ်ပြီးမှ နေ့သစ်တွေကို အစပြုမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်လေးတွေကို ပိုင်ဆိုင်လာကြမှာပါ ဆိုတဲ့အသိလေးကို မျှဝေပေးရင်းနဲ့ပဲ အဆုံးသတ်ပါရစေရှင်။ ။

Steemit အဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

@zinzin
MSC-194

Stay_Positive-wallpaper-11081787.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်း​ကောင်းတယ်
ရေးထားတာအမှန်​​တွေချည်းပဲ

အားပေးတာလေး ကျေးဇူးတင်ပါတယ် ko chit ရေ

Congratulations @zinzin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အမှန်​ပဲမဇင်​​ရေ။တခါတ​လေအထီးကျန်​တဲ့ခံစားချက်​မျိုးဝင်​မိတယ်​။

အဲချိန်လေးပဲ စိတ်လေးအေးချမ်းနေတာ မအိရေ။ ကောင်းကောင်းသာအသုံးချပစ်လက်

ကျေးဇူးဟာ ငါ အတွက် တင်ထားသလား တောင် ထင်ရတယ် ကျေးဇူး ပါ ငါခံစားနေရတာနဲ တူနေလို

နီက ဘာလို့ အထီးကျန်ရမာတုန်း ။ ဒလောက်ချိဖို့ကောင်းတဲ့ ချင်းဂူးဒေရှိနာ။ ပျော်ပျော်နေလို့တောင် မွဖူး ။ ဂုတူး sl လေး fighting !!

အရမ်းကောင်းတယ် ညီမလေး

လာဖတ်ပီး အားပေးတာ ကျေးဇူးပါ komyintlwinsoe ရေ

အားပေးနေပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်ရှင်

Good post

thank you :D

Good post မဇင်.

ဟုတ် မမျိုး.. ကျေးဇူးတင်ပါရယ်

အထီးကျန်တယ်ဆိုတဲ့ခံစားချက်က တကယ်ကိုဆိုးရွားလွန်းပါတယ်

fighting

Good တယ် မဇငအ

thank you ပါရှင်

ဟုတ်တယ် တစ်ယောက်တည်းလည်းကုန်ဆုံးသင့်တယ် နားအေးတာပေါ့ မဇင်ရယ် ကျမလည်ြုက်တယ်တယ် ဒီpostလေး

ဟုတ်။ အပူတေကိုရှင်းထုတ်ရမယ့် အချိန်လေး

ကဗျာဆန်ဆတ်ပြောရရင် ကျွန်တော်တော့ အထီးကျန်နေတယ်
:)

စိတ်ထဲက အပူတွေရှင်းထုတ်လက်

Good zin
နည်းလမ်းကောင်းများဝေမျှလို့ကျေးဇူးပါ

ဟုတ် မမို။ အားပေးတာလေး ကျေးဇူးတင်ပါရယ်

Nice post and good writing!
... .

thank you

မိတ်ဆွေအပေါင်းအသင်းနဲ့နေတတ်ရမယ် ၊နှမို့ပျင်းစာကြီး

အူးမင်းကလဲ့ အမြဲတော့အဖော်တွေနက်မချိဖူးလေး။ တျောက်ထဲဖြစ်တဲ့ခါ နေတတ်အောင်လို့ဘာ

ကျနော်ကတော့ တစ်ယောက်ထဲ နေရတာ သဘောကျဆုံးပဲဗျာ...

ဒါလည်းကောင်းတာပါပဲ ရှင်

အပူသောကတွေကို ဖယ်ရှားရှင်းလင်းရာမှာ မှန်ကန်သော အသိစိတ်လေးနဲ့ ရှင်းလင်းသင့်ပါတယ်။

ဟုတ်တယ် အူးညီ

Relaxation သည် စိတ်သစ်လူသစ်ကိုအမြဲဖန်တီးပေးပါသည်။

ဟုတ်ပါတယ် ဆရာ။ ခုလိုလာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by zinzin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ်ပါတယ်
အထီးကျန် စွာ ဖြတ်သန်းရချိန်မှာ
စာဖတ်ခြင့်ဖြင့်ဖြတ်သန်းနိုင်မယ်ဆိုရင်
အရမ်းကောင်းတဲ့ အလုပ်တစ်ခုပါ
မဟုတ်ရင် အခြား မှားယွင်းနည်းလမ်းများဖြင့်
အထီးကျန် မှုကို ဖြတ်ကျော်ကြမယ်ဆိုရင်
အန္တရာယ်များလွန်းပါတယ်

ဟုတ်ပါတယ် အကိုရေ