Formulas in our life

in myanmar •  7 years ago  (edited)

ဒီနေ့တော့ excel formula လေးတွေကိုလက်တွေ့အသုံးချတဲ့နည်းလေးတွေနဲနဲလောက်မျှဝေပေးချင်ပါတယ်

image

ပထမဆုံးပြောချင်တာလေးက အခု promotion post တွေမှာစာလုံးရေဘယ်လိုစစ်သလည်းဆိုတာလေးပါ။
smart phone တွေမှာဆိုရင်တော့ count words ဆိုတဲ့ application လေး ဒေါင်းပြီး စစ်လို့ရပါတယ်။
တကယ်လို့ computer နဲ့သုံးရင်တော့ excel formula လေးနဲ့လွယ်လွယ်ကူကူစစ်လို့ရနိုင်ပါတယ်။
ပထမဆုံးကိုယ်ရေးချင်တဲ့စာတွေချရေးထားပြီးသူ့ဘေးမှာ formula column လေးထားထားရင်ရေးနေရင်းနဲ့စာလုံးရေဘယ်လောက်ထိရောက်နေပြီလဲဆိုတာကိုပါတစ်ခါတည်းသိနိုင်ပါတယ်။

image

အခုပြထားတဲ့ပုံလေးထဲကအတိုင်း =len( လို့ရေးပြီး ကိုယ်စာရိုက်ထားတဲ့ cell ကွက်ကို select ပေးပြီး enter ခေါက်လိုက်ရုံနဲ့ စာလုံးအရေအတွက်ချက်ချင်းသိနိုင်ပါတယ်

image
image

ခုပြထားတဲ့ပုံလေးထဲကလို အောက်ဆုံးနားမှာ sum formula လေးထည့်ထားလိုက်ရင် စာတစ်ပုဒ်လုံးအတွက် စာလုံးရေကိုလည်းရေးနေရင်းနဲ့သိနိုင်မှာပါ။
အခုလက်ရှိကျွန်မရေးပြီးသလောက်က စာလုံးရေ 811 လုံးပါ။

နောက်ထပ် formula လေးတစ်ခုကတော့ ကိုယ့်ရဲ့မွေးနေ့ကို ရက်လနှစ်အတိအကျတွက်တာပါ။
ကိုယ်မွေးတဲ့မွေးနေ့နဲ့ အခုလက်ရှိ date နှစ်ခုသိထားရင်တွက်လို့ရပါပြီ။ တနည်းပြောရရင်ကိုယ်စချင်တဲ့ရက်ကနေဆုံးချင်တဲ့ရက်ကြားမှာရှိတဲ့ ရက် လ နှစ် အရေအတွက်တွေကို အတိအကျ တွက်ထုတ်လို့ရတဲ့နည်းလေးပါ။

image

အပေါ်ပုံလေးမှာ တကွက်ချင်းရဲ့ formula လေးတွေနဲ့အတူတွက်ပြထားပါတယ်။ ဒီ dateif formula လေးက excel ရဲ့ hidden formula လို့လည်းသိထားကြပါတယ်။

နောက်တစ်ခုက convert formula လေးပါ။ ပေ ကနေ လက်မပြောင်းချင်တာ kg ကနေ g ပြောင်းချင်တာ စသဖြင့်ကိုယ်ပြောင်းချင်တဲ့အတိုင်းအတာတွေကို လွယ်လွယ်နဲ့မြန်မြန်ဆန်ဆန်ပြောင်းနိုင်တဲ့ formula လေးပါ။

image

ဒီပုံလေးမှာ လက်မခြောက်ဆယ်မှာ ဘယ်နှပေရှိသလဲတွက်ထားပုံလေးပါ။ ကိုယ်လိုချင်တဲ့အတိုင်းအတာလေးတွေကို ဒီ formula ထဲမှာ အစားထိုးပြီးတွက်သွားရုံပါပဲရှင်။

အခုပြောခဲ့တဲ့ formula လေးတွေကသိထားပြီးသူတွေအတွက်လွယ်ကူရိုးရှင်းပေမယ့် မသိသေးတဲ့သူတွေအတွက်တော့တကယ်အသုံးဝင်မှာပါ။
နောက်လည်း အလျင်းသင့်သလို လွယ်ကူပြီးအသုံးဝင်တဲ့ formula လေးတွေကိုမျှဝေပေးသွားပါအုံးမယ်။
Myanmar Steemit အဖွဲ့သားများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်။

@zinzin
MSC-194

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

post တခု ရှာတာ အကွက်မြင်လိုက်တာ ကွာ ငါတော့ post တခုရဖို့ ခေါင်းကို စက်တပ်ထားတာတောက်မလွယ်ဘူး

တနေ့တနေ့မျက်စိရှေ့ဒါတွေပဲမြင်နေရတော့ ဒါပဲချရေးရတော့တာပေါ့ကွယ် 😁

This post is resteemed and upvoted by @bestboom

thank u

ဝေမျှပေးတာကျေးဇုးပါညီမလေးရေ

  ·  7 years ago (edited)

ဟုတ် မမို 😘

ဗဟုသုတရပါတယ် မဇင်။

ဟုတ်မမျိုး။ ကျေးဇူးတင်ပါတယ်။

ကျေးဇူးပါ မဇင်ရေ အခုလို ဝေမျှပေးတာလေးတွေအတွက်.....

ဟုတ်။ ခုလိုလာဖတ်ပေးတာလေးလည်းကျေးဇူးတင်ပါတယ်ရှင်။

မသိ​သေးတဲ့လူအတွက်​အသုံးဝင်​တဲ့အ​ကြာင်းအရာ​လေးပါ

ဟုတ်ကဲ့မအိရေ ကျေးဇူးပါ

thank you မဇင်

ဟုတ်ကဲ့ ညီမလေး လာဖတ်ပေးတာလည်းကျေးဇူးပါရှင့်

ဗဟုသုတရပါတယ်

ဟုတ် ကျေးဇူး

မြန်​မာစာနဲ့ အင်္ဂလိပ်​စာလုံးက
ရေတွက်​ရင်​မတူဘူးနဲ့တူတယ်​။

စာတစ်လုံးစီကို count လုပ်သွားတာ ကိုရဲ။ "formula" ဆို 7 လုံး မြန်မာလို "ဟုတ်ကဲ့ပါ" ဆိုရင် ၉လုံး အဲလိုတွက်သွားတာပါ။ space ခြားရင် space ကိုပါထည့်တွက်တယ် သူက

အော်​ ဟုတ်​လား။ ကျ​တော်​​သေချာမသိပါဘူး။
မြန်​မာစာ နဲ့ တွက်​ရင်​ ပိုပို​နေတာ​တွေ့ဖူးလို့။

မျှဝေပေးတဲ့အတွက်ကျေးဇူးပါအမရေ နောင်များလည်းဗဟုသုတရစရာလေးများရှိရင်မျှဝေပေးစေချင်ပါတယ်

ဟုတ် လာဖတ်ပေးတာလည်းကျေးဇူးတင်ပါတယ်ရှင်

ဗဟုသုတ ရပါတယ်

ဟုတ် ကိုဇင် ကျေးဇူးတင်ပါတယ်

Goood sis👍

thank u

ဗဟုသုတ ရပါတယ် အစ်မရေ..

အဆင်ပြေမယ်ဆို ဝမ်းသာပါတယ်ရှင်

အားပေးနေပါတယ် မဇင်ရေ

ဟုတ် ကျေးဇူးပါ ကိုသက်ထူးအောင်

ဗဟုသုတရပါတယ်ဗျာ

ဟုတ်ကဲ့ကိုမြင့် လာဖတ်ပေးတာလည်းကျေးဇူးတင်ပါတယ်

မမှီဘူး

:D

thank you , i didn't even get this

yep. it's simple and easy.

အမ​ရေ excel တို့ wordတို့ကို ​လေ့လာချင်​ပါတယ်​...။ သင်​တန်းတက်​မယ်​ဆို အချိန်​ဘယ်​​လောက်​ယူရမလဲ ခင်​ဗျ......။

ms basic က ၂လလောက်ဆို ရပါပြီ ကိုဂျွန်ရေ။ အကြာကြီးအချိန်မယူရပါဖူး။

Excel တားတားမီတတ် နောက်တော့လေ့လာပါရဦးမယ်သေချာ

ဟုတ် ကိုဒိုလေး အခြေခံ ၂လလောက်သင်တန်းတက်ပြီး ကိုယ့်ဘာသာ အိမ်မှာလေ့ကျင့်တာ ပိုမြန်တယ် ။

You got a 16.67% upvote from @upmewhale courtesy of @zinzin! Earn 90% daily earning payout by delegating SP to @upmewhale.

thank u

ကောင်းတယ် ဒါလည်းမသိသေးတဲ့သူအတွက်အသုံးဝင်တာပဲ

တစ်ယောက်ပဲဖြစ်ဖြစ်အသုံးဝင်သွားတယ်ဆို ကျေနပ်ပါတယ်အူးမင်းရေ

what number it is

Hello fri, thank you for your ment. My post explain about the calculation for count words, age and convert use with excel formula.