Let's read for life

in myanmar •  7 years ago 

ဒီနေ့တော့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေနဲ့ပတ်သက်ပြီး နည်းနည်းလောက် ရေးချင်ပါတယ်။ အလိမ္မာစာမှာရှိ စာအုပ်စာပေလူ့မိတ်ဆွေဆိုတာတွေလည်း အားလုံးနဲ့ရင်းနှီးပြီးသားစကားပုံလေးတွေပါ။ ကျွန်မတို့တွေစာရေးဖို့အတွက် အချိန်ပေးရသလို စာဖတ်ဖို့အတွက်လည်းအချိန်ပေးဖို့လိုအပ်ပါတယ်။

စာတစ်ပုဒ်ရေးခါနီးမှာဘယ်ကစလို့ ဘယ်လိုရေးသားသွားပြီး ဘာနဲ့အဆုံးသတ်မယ်ဆိုတာကိုသိဖို့ကိုယ်တိုင်ကစာများများဖတ်ပေးဖို့လည်းလိုအပ်ပါတယ်။ စာရေးကောင်းဖို့အတွက် စာဖတ်နိုင်ဖို့လိုပါတယ်။
စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ဘ၀အတွက်သိပ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စာဖတ်တယ်ဆိုရာမှာလည်း ကိုယ်သိချင်တဲ့အပိုင်းကိုပဲ ကျော်ခွဖတ်သွားတာမျိုး သာမာန်ကာလျှံကာပြီးချင်ဇောနဲ့ဖတ်တာမျိုးတွေက လူတော်တော်များများမှာရှိနေတတ်တဲ့အကျင့်လေးဖြစ်နေတာကြောင့် စာတစ်ပုဒ်ရဲ့ အနှစ်သာရနဲ့ စာရေးသူပေးချင်တဲ့အဓိကကျတဲ့အကြောင်းအရာလေးတွေ သင်ခန်းစာတွေ ဆောင်ရန်ရှောင်ရန်တွေကို မသိလိုက်ပဲစာတစ်ပုဒ်ပြီးဆုံးသွားတာကများပါတယ်။ ဖတ်ပြီးသွားတဲ့အခါမှာလည်းဘာကိုပယ်ပြီးဘာကိုယူရမလဲဆိုတာကို ဆက်ပြီးတွေးဖြစ်သူကနည်းပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကို အနည်းနဲ့အများသိထားရင်ဖြင့် စာတစ်ပုဒ်ကိုနှစ်နှစ်ကာကာဖတ်နိုင်ဖို့ဝန်မလေးတော့ပဲ အခုထက်ပိုပြီး အားစိုက်ထုတ်လာကြမယ်လို့ယူဆမိလို့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေ သိမြင်မိသမျှ အနည်းငယ်မျှဝေပေးချင်ပါတယ်။

လူတိုင်းလိုလိုသိထားကြတဲ့ အမှန်ကန်ဆုံးနဲ့အပေါ်လွင်ဆုံးအချက်ကတော့စာဖတ်အားကောင်းသူတွေဟာ တခြားသူတွေထက် စူးစမ်းလိုစိတ်ပြင်းပြပြီး ဗဟုသုတစုံလင်တာမို့ ကိစ္စရပ်တွေကိုဖြေရှင်းရာမှာခေါင်းအေးအေးထားပြီး ပြေပြေလည်လည်ဖြေရှင်းသွားနိုင်သလို အခက်အခဲတွေတွေ့လာရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့အကောင်းဆုံးကျော်လွှားသွားနိုင်ပါတယ်။ စာဖတ်များခြင်းဖြင့်လောကကြီးအကြောင်းကို ပိုသိနားလည်ပြီးမိတ်ဆွေနှင့်ရန်သူကိုလည်းအလွယ်တကူခွဲခြားသိမြင်လာနိုင်ပါတယ်။ မိမိပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်ထွန်းပြီး ကောင်းမွန်သောအကြံဥာဏ်များပေးစွမ်းနိုင်တဲ့အတွက် လူအများ၏ယုံကြည်စိတ်ချမှု အားကိုးချစ်ခင်မှုကိုလည်း အပြည့်အ၀ရရှိလာမှာမလွဲမသွေပါပဲ။
ဖတ်ရှုလေ့လာထားသောစာပေများမှ လောကကြီးအကြောင်း လူ့သဘာဝအကြောင်းများကို ပိုမိုသိမြင်နားလည်နိုင်သည့်အတွက် အောင်မြင်ခြင်းလမ်းကြောင်းပေါ်ရောက်ရှိဖို့ဆိုသည်မှာလည်း အလှမ်းမဝေးတော့ပါဘူး။ ဘ၀တွင်အောင်မြင်ကျော်ကြားသူများ နှင့် ကျရှုံးသူများ၏ အထုပ္ပတ္တိများကိုဖတ်ရှုရခြင်းမှလည်း သင်ခန်းစာများရယူနိုင်ပြီး မိမိဘ၀အတွက်ဆောင်ရန်ရှောင်ရန်များကို အလွယ်တကူသိမြင်နိုင်တာမို့ အဖိုးမဖြတ်နိုင်တဲ့ရတနာမြေပုံကိုရယူထားသလိုအကျိုးကျေးဇူးများစွာဖြစ်ထွန်းစေပါတယ်။

ဒါကြောင့်ကျွန်မတို့အားလုံးစာတွေရေးကြသလို စာတွေလည်းဖတ်ကြရင်း အသိပညာတွေသိုမှီးနိုင် စိတ်ကူးဥာဏ်တွေကွန့်မြူးနိုင်ကြဖို့ တိုက်တွန်းရေးသားရင်းဒီမှာတင်အဆုံးသတ်ပါရစေ။

MSC အဖွဲ့သားများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

@zinzin
MSC-194

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာအုပ်က အလုပ်ခွင်ရောက်တည်းက မဖတ်ဖြစ်တော့ဘူးဗျာ။အခုရေးနေတာလေးတွေက လက်ကျန်လေးတွေနဲ့ ကွန့်မြူးနေရတယ်

အချိန်တွေနဲလာတယ်

Get free upvotes your post https://mysteemup.club

thank you

ဟုတ်​ပါ့မဇင်​​ရေ။အစ်​မ​တောင်​စာဖတ်​အရမ်းနည်း​နေတာ။

ဟုတ်တယ် မအိရေ။ အချိန်ပေးနိုင်ဖို့ကိုတော်တော်ကြိုးစားနေကြရတာ။

ဟုတ်ပါ့ စာဖတ်မှရေးစရာတွေပေါ်လာတယ်

စာလည်းဖတ်ရင်း စာလည်းရေးရင်း ... :D

စာအုပ်စာပေ လူ့မိတ်ဆွေပါ မဇင်။အခု steemitကြောင့် စာတွေပြန်ဖတ်ဖြစ်နေပါတယ်။

ဟုတ်တယ်နော် မမျိုး

မအားကြားကတက်နိုင်သလောက်တော့ဖက်ဖြစ်တယ် 😊

ကောင်းတဲ့အလေ့အကျင့်လေးပါရှင်

အမှန်ပေါ့ . . စာအုပ်စာပေ လူ့မိတ်ဆွေပါပဲဗျာ

ဟုတ်ပါတယ်

အချိန်​​ပေးပြီး စာများများဖတ်​ရမယ်​ 😊

ဟုတ်တယ်ကိုဇင်

ဖတ်သွားပါသည် ။

ကျေးဇူးတင်ပါတယ် ကိုဒိုလေး

စာဖတ်တာ အားနည်းတာကတော့ ပြောမနေပါနဲ့ဗျာ
ပျင်းချက်က လက်လန်တယ် ကျနော်ကတော့

စာဖတ်ဖို့တော့ မပျင်းပါနဲ့လို့

ဟုတ်ပါတယ်ဗျာ ခုမှဝင်လို့ရတယ်😑

ဟုတ်

မှန်တယ်zinရေ
စာမဖတ်နိုင်လို့အခုစာမရေးနိုင်ဖြစ်နေပြီ

ဟုတ်တယ်မမိုရေ။ အချိန်လေးတော့ပေးပြီး ကြိုးစားဖတ်ကြရအုံးမယ် :D

အမှန်ပါဘဲ မဇင်ရေ စာအုပ်စာပေ လူမိတ်ဆွေဘဲ 😁😁😁

ဟုတ်

စာဖတ်​တာအရမ်း​ကောင်းပါတယ်​။

ဟုတ်ပါတယ် ကိုရဲ

စာဖတ်ပျင်းတယ်ဗျာ အသိပေးလိုက်သလိုဘဲ ကျေးဇူးမဇင်ဇင်

ဟုတ် ကိုယ့်ကိုယ်ကိုလည်းအမြဲအသိပေးနေရပါတယ်။ စာဖတ်ဖို့အချိန်ပေးဖို့အတွက်ကို။

စာအုပ်​စာ​ပေလူ့မိတ်​​ဆွေဆိုတဲ့စကားဒီအတိုင်းထားတာမှမဟုတ်​ပဲ

လိုက်နာကျင့်သုံးဖို့ ထားထားတာပါ။

အမှန်ဘ့ဲ..

ဟုတ်ကဲ့ ကိုစော

ဟုတ်ကဲ့ကိုစော.

စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့စကားအတိုင်းစာများများဖတ်ပြီးလက်တွေ့နဲ့ပေါင်းစပ်ညှိနှိုင်းရင်ပိုပြီးတော့ကောင်းတာပေါ့။ဖတ်ရှု့ခွင့်ရတဲ့အတွက်ကျေးဇူးပါ

လူတွေအရမ်းစာဖတ်နည်းသွားကြတယ်။ စာဖတ်တဲ့အလေ့အကျင့် တွေအများကြီးပျိုးထောင်ပေးရဦးမှာ steemit မှာ မြန်မာလူငယ် တွေအားလုံးရောက်လာရင်လည်းကောင်းသား မဖတ်မ ဖြစ်။

You got a 25.00% upvote from @hotbot courtesy of @zinzin!

Great post! You've earned a 37.50% upvote from @dolphinbot

Congratulations! This post has been upvoted from the communal account, @minnowsupport, by zinzin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.