အောင်မြင်အောင်ပြုလုပ်မယ်ဆိုရင်

in myanmar •  7 years ago  (edited)

imageမင်္ဂလာပါဗျာ အခုတစ်ပါတ်အပါတ်ကတော့ ကျွန်တော်တို့အားလုံးဟာ
အောင်မြင်ချင်တဲ့ လူသားအားလုံး ဖြစ်တဲ့အတွက် ကျွန်တော်အမြင်နဲ့အတွေးရယ်
ပေါင်းဆက်ပြီး အောင်မြင်အောင်ပြုလုပ်မယ်ဆိုရင်
အမည်ရှိစာစုလေးကို ရေးသားဖော်ပြပရစေဗျာ။

အောင်မြင်အောင်ပြုလုပ်မယ်ဆိုရင်

လူတိုင်းလူတိုင်းဟာ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စမှန်သမျှကို
အောင်မြင်ချင်ကြပါတယ် ဒါပေမယ့် လူသားတိုင်းကတော့ အောင်မြင်မှု
မရကြပါဘူးဗျာ။ဘာကြောင့် တချို့ကအောင်မြင်ကြပြီး တချို့ကမအောင်မြင်ကြ
သလဲဆိုပါက အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့လိုအပ်သော အရည်အချင်းများ
ပြည့်စုံအောင် လုပ်ဆောင်တဲ့သူတွေက အောင်မြင်ကြမယ်ဆိုတာ မလွဲပေါ့ဗျာ။

အမှန်တော့အောင်မြင်မှုဆိုတာ အများနှင့်သက်ဆိုင်သော အရာတစ်ခု ဖြစ်တဲ့အတွက် ကြိုးစားမှုရှိသူတိုင်း ရရှိနိုင်တဲ့ ဆုလာဘ်တစ်ခုဆိုတာလည်း
အားလုံးကို သိစေချင်တယ်ဗျာ အောင်မြင်မှုမှာ သူ့ တော့ရပြီး ငါတော့ မရနိုင်ဘူး
ဆိုတဲ့ တားမြစ်ကန့့်သတ်ချက် ရှိတယ်လို မထင်မိပါစေနဲ့ နော်။
သို့ သော် အောင်မြင်မှု ရရှိလာတဲ့ လူတစ်ယောက်ကို ကြည့်တဲ့အခါ
သူ့ရဲ့အဆင်ပြေနေတဲ့ အောင်မြင်နေတဲ့ အခိုက်အတန့် ကာလတစ်ခုကို
ကြည့်လို့မရပါဘူးခဗျာ

သူဒီနေရာရောက်အောင် ဘယ်လို လာခဲ့လဲ
"
သူဒီလိုအောင်မြင်အောင် ဘာတွေပေးဆပ်ခဲ့ရလဲ ?

ဘယ်လို ကြိုးစားခဲ့ရသလဲ ?
ဆိုတဲ့ သူ့ရဲ့ဖြတ်သန်းလာတဲ့ ပြင်ဆင်မှုမျိုးတွေကို ကြည့်တက်မြင်တက်
အတုယူ ကျင့်သုံးတတ်ဖို့လိုအပ်တယ်ဆိုကိုတော့ ကျွန်တော်ကလက်တွေ့
လုပ်ကိုင်နေတဲ့အတွက် အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ အကိုတို့ကရော?
ဒါဆိုရင် အောင်မြင်မှုရရှိအောင် ဘယ်လိုလုပ်ရမလဲ?
ပထမဆုံး အောင်မြင်သူတစ်ယောက်ဖြစ်အောင် ဘာကိုပဲလုပ်လုပ်
စေသနာကောင်းဖြင့် ပြုလုပ်ဖို့ အရေးကြီးပါတယ်
စေသနာကောင်းဖြင့် ပြုလုပ်ရင်း အလုပ်ဟာလည်း ကောင်းလာသလို
မိမိအတွက်လည်း ကြီးပွားဖို့ အခွင့်အရေးဟာလည်း ပွင့်လင်းသွားပါတယ်။
အကယ်၍ မိမိအနေဖြင့် အလုပ်တစ်ခုကို စေသနာကောင်းဖြင့်မပြုလုပ်ဘူး
ဆိုပါက မိမိအတွက်မကောင်းတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ဗျာ စေသနာဆိုးနဲ့ြ့ပြုလုပ်လိုက်လို အလုပ်တစ်ခု
ပြီးမြောက်သွားပါက အဲဒီလူအတွက် ကံကြမ္မာဆိုးတစ်ခု ဝင်သွားပါတယ်
အဲကြောင့် ကံဆိုးရှိနေတဲ့သူအတွက် အောင်မြင်မှုဟာ ကြာရှည်ဖို့ မဖြစ်နိုင်
သလို ကြီးကျယ်စစ်မှန်တဲ့ အောင်မြင်မှုကိုလည်း ဘယ်လိုမှ မရနိုင်ပါဘူးလို့
ကျွန်တော် ထက်ဆင့် ရေးသားခဲ့ပါတယ်ဗျာ ဒီလိုပါပဲ စေသနာကောင်းဖြင့်
အလုပ်တစ်ခုကို လုပ်ပြီးတဲ့အခါမှာတော့ အဲဒီလူအတွက် ကံကောင်းတစ်ခုကို
ဆောက်တည်လိုက်နိုင်ပါတယ်ပေါ့ဗျာ ကံကြမ္မာကောင်းရှိနေတဲ့ လူအတွက်
အကျိုးပေးကောင်းတွေက အဆက်မပြတ် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်လို့ 
ကျွန်တော်ရေးရင်း အတွေးစာစုကို လက်စသက်လိုက်ပါတယ်ခဗျာ။
ကျွန်တော်ရေးချင်တာချရေးနေမိတာ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါဗျာ အခုလိုရေးသားမိစေတာကတော့ အလုပ်ကပေးတဲ့ စာစုလေးတွေဆိုလည်း မမှာပါဘူးဗျာ နေစဉ်လုပ်ငန်းခွင်မှာ လူအမျိုးမျိုး စိတ်အမျိုးမျိုးနဲ့ နေစဉ်မြင်တွေ့ နေရတာဆိုတော့ ကျွန်တော်ရဲ့ အလုပ်ရဲ့
ပတ်ဝန်ကျင်က လူတွေကိုကြည့်ပြီး အခုလိုစာစုလေးတစ်ခုရေးသား
နိုင်ခဲ့တယ်ဆိုတာ ကျွန်တော် ဝံခံပါရစေဗျာ ...
ကျွန်တော် zawzawhtwe
image
@zzawzawhtwe
MSC.161

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အောင်မြင်မှုအတွက် နည်းလမ်းကောင်းများဖြစ်၍
ကောင်းမွန်လှပါသည်ဗျ

ကျေးဇူးတင်ပါတယ် အခုလို ထောက်ခံပေးလို့ 

ရေရှည်အောင်မြင်ချင်ရင်တော့ စာရိတ္တကောင်းဖို့ အရေးကြီးပါတယ်

စာရိတ္တကောင်းဖို့ အရေးကြီးတာ အမှန်ပေါ့ဗျာ

စိတ်ကောင်း စေတနာကောင်းရင် တစ်နေ့အကျိုးခံစားရမှာပါ

အမှန်ပေါ့

စေတနာကောင်းရင် ကံကောင်းမယ်လို့ ဆိုလိုချင်တာပေါ့
စေတနာလည်းကောင်းဘူး ကံလည်းကောင်းဘူး Btcလည်းကောင်းဘူးဗျာ😁😁

အချစ်ရေးရော် ကံကောင်းလားဗျို့ ဟီးးး

ကြိုးစားမှုအရင်းတည်ပီး အောင်မြင်မှုကို လျှောက်လှမ်းကြရမှာပါပဲ။

အောင်မြင်အောင် ကြိုးစားနိုင်ပါစေဗျာ

စေတနာ​ကောင်းရင်​ ကံ​ကောင်းပါတယ်​bro

ဟုတ်ကဲ့

အောင်မြင်မှုတည်ဆောက်ဖို့အတွက်တကယ့်နည်းလမ်းကောင်းတွေပါပဲဗျာ

ကျေးဇူးပါ

အောင်မြင်ရေးနည်းလမ်းတွေသိရတော့
ကြိုးစားဖို့ပဲလိုတော့တယ်ဗျာ

အတူကြိုးစားကြတာပေါ့ဗျာ

အတိတ်ကံနဲ့ စေတနာကံ ပေါင်းပြီး အကျိုးဖြစ်ထွန်းတာလို့ ထင်ပါတယ် ... စေတနာမကောင်းလည်း အတိတ်ကံပံ့ပိုးရင် အောင်မြင်တာတွေလည်း ရှိကြတယ်လေ

ရှိကောင်းရှိနိုင်ပါတယ် ကိုစောရေ

စေတနာ ​ကောင်းရင်​ အကျိုး​ပေး​ကောင်းမယ်​လို့ထင်​ပါတယ်

စိတ်ကူး ထက်တူပါပဲဗျာ

အောင်မြင်ရေးစာပေလေးတွေဖတ်ရတာအရမ်းသဘောကျပါတယ်