သမီးရယ် ဘာလို့အစောကြီး ထပြီး ချက်ပြုတ်နေရတာလဲ ညဆိုလဲ
မိုးချုပ်တဲ့အထိ စာကျက်နေရတာကို အဖေလုပ်မှာပေါ့ကွယ်
** ရပါတယ်အဖေရဲ့။ ဒီမှာသမီးက စာကျက်နေရင်းနဲ့လုပ်တာ၊
ဘာမှအပန်းမကြီးဘူး၊ အဖေသာ နေ့ခင်း၊ ပင်ပင်ပန်းပန်းလုပ်ကိုင်
နေတာအိပ်ရေးဝအောင် မအိပ်ရရင် ဘယ်ဖြစ်မလဲ၊ ကဲ မျက်နှာသစ်
အဖေထမင်းကြော်ရနေပြီ ငါးခြောက်လေးလဲမီးဖုတ်ပြီး
ဆီဆမ်းထားတယ်၊ ရေနွေးကြမ်းလေးနဲ့ စားရသောက်ရအောင်၊*
ငါ့သမီးလေးကတော့ကွယ်
သူအိပ်ရာကနိုးလျှင် အသင့်စားသောက်နိုင်ရန် စောစောစီးစီးထကာ
ချက်ပြုတ်ပြင်ဆင်နေသည့် သမီးလေး အိအိလွင်ရဲ့ ဦးခေါင်းလေးကို တယုတယ ပွတ်သပ်လိုက်ရင်း ဦးအောင်ခင်လဲ အိပ်ရာထခဲ့သည်။
သမီးဖြစ်သူကိုတော့ ဦးအောင်ခင် ဘယ်သောအခါမှ နိုင်သည်မရှီး အလိုက်သိသောနေရာမှာတော့ အိအိလွင်က ပြိုင်စံရှားသည့်
သမီးရတနာလေးတစ်ယောက် ဖြစ်လေသည်။ကျောင်းစာအုပ်လေး
ဘေးတွင်ထား၍ စာကျက်ရင်း ဖခင်ကြီးဆိုက်ကားနင်းမထွက်ခင်
နံနက်စာ စားသွားနိုင်ရန် ချက်ပြုတ်ပြင်ဆင်နေခြင်းဖြစ်သည်။
ဦးအောင်ခင်က ဆိုက်ကားနင်း၍ သားအဖနှစ်ယောက်စားဝတ်နေရေး
သမီးလေးရဲ့ ပညာရေးအတွက် အဆင်ပြေအောင် နေခင်းထမင်းစားချိန် ခဏတစ်ဖြုတ်ပြန်နားသည်မှလွဲ၍ တစ်နေ့လုံး
အလုပ်လုပ်လေသည်၊ဦးအောင်ခင် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမည်
သမီးလေးကလိမ္မာယဉ်ကျေးလှသည့်အပြင် အပြစ်ပြောစရာလုံးဝမရှိ၊
အခု ဆယ်တန်းကျောင်းသူကြီး ဖြစ်သည်အထိ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးမှ ထူးချွန်စွာအောင်မြင်ခဲ့သည်ချည်းသာ ဖြစ်လေသည်။
**အဖေစားနော် ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတာ အစားအသောက်ကို
ဂရုတစိုက် စားမှဖြစ်မှာ၊ အဖေ့လွယ်အိတ်ထဲ ရေဘူးနဲ့ ငှက်ပျောသီး
ထည့်ပေးထားတယ်၊ အဆာမခံနဲ့နော်၊ လူစောင့်ရင်း ငှက်ပျောသီးစား၊
ရေကိုလဲ ဂရုစိုက်ပြီးသောက်နော် အဖေ **
စိက်ချဘာသမီး အဖေ့အတွက် ဒီလောက်မပူပါနဲ့ ငါ့သမီးလေးသာ
နေ့လဲပင်ပန်း၊ ညလဲ ညဉ့်နက်တဲ့အထိ စာကျက်ရတော့ ပင်ပန်း၊
ဒီကြားထဲ မနက်အစောကြီး ထချက်နေသေးတယ် ၊မနက်ပိုင်း အဖေ
ချက်ပါ့မယ်ဆို့မှ သမီးရယ်
**သမီးက ဘာတွေများပင်ပန်းနေလို့လဲ အဖေရယ်၊ နေခင်း စာသင်ရ
တာလဲ ဇိမ်နဲ့ထိုင်ပြီး သက်ရတာ၊ ညပိုင်းစာကျက်တာလဲ ဒီလောက်ကြီး
ပင်ပန်းမခံပါဘူး အဖေရဲ့၊ သမီး ပင်ပန်းမှဖြင့် မနက်လန်းလန်း
ဆန်းဆန်းနိုးမလား ၊ အဖေ့သမီး ပင်ပန်းလွန်းအားကြီးပြီး
ပိန်ချုံးနေလို့လား ကဲ **
အဖေ့ သမီးလေးကိုတော့ အဖေ အရှုံးပေးပါပြီဗျာ။ စကားတက်
လိုက်တာလဲလွန်ပါရော၊ ကဲ အဖေ သွားတော့မယ်၊ နည်းနည်းစောသေးတယ် တံခါးတွေပိတ်ထားနော်၊ စာဖတ်ချင်ဖတ်
ခဏလောက်ဖြစ်ဖြစ် ပြန်အိပ်လိုက်ပါလား သမီးရယ်။ **
မအိပ်တော့ပါဘူး အဖေသမီးစာလေးဖတ်လိုက်ဦးမယ် ပြီးရင်
ဘုရားပန်းတွေလဲပြီး အဖေသင်ပြပေးထားတဲ့ ပဌာန်း ၂၄ ပစ္စည်းနြဲ
ပူဇော်မယ်အဖေ၊ ဒါမှ အဖေ ဘေးရန်ကင်းပြီး အလုပ်အကိုင်တွေလဲ
အဆင်ပြေမှာ **
အောင်မယ်လေ သာဓုပါဗျာ သာဓု သာဓု လ္မိမာလိုက်တဲ့ သမီးလေး
ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ပညာတွေလဲ ထူးထူးချွန်ချွန် တတ်ကျွမ်း
အောင်မြင်ပါစေ၊တရားထူး၊ တရားမြတ်တွေလဲ အမြန်ဆုံးရပါစေ
ငါသမီးလေး
***************************
ကြီးကြီးသန်း သမီးသော့ထညးခဲ့ပြီနော်
၊သြော်.....သမီးလေးအိအိ ကျောင်းသွားတော့မှာလား
မုန့်ဟင်းခါးလေး စားသွားဦး သမီး လာ
မစားတော့ဘူး ကြီးကြီးသန်း၊သမီးစာခဲ့ပြီ၊ နေခင်း အဖေပြန်လားင် ငါးပတ်ရေချိုလေးနဲ့ ချဉ်ရည်ဟင်းချက်ခဲတယ်လို့ ပြောပေးပါနော်၊
ငရုတ်သီးဆားထောင်းလေးလဲ ရှိတယ်လို့၊ ဒါ ကြီးကြီးသန်းတို့ စားဖို့ ငါးပတ်ဟင်း
အောင်မယ်လေး ကြီးကြီးသန်း တို့အတွက် မလိုပါဘူးဟဲ့ သမီလေးရဲ့ သိတက်လိုက်တဲ့ ကလေး၊ အံ့ သြပါရဲ့ သူအဖေအတွက်များ ချက်ပြုတ်ပေးထားခဲတာ စုံလို့၊
တော်လိုက်ပုံများ၊ သူအမေသာရှိရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ
ရွှေကြည်ရယ် ညည်းနှယ်အသေစောလိုက်ပေါ့
ဟင်းပန်ကန်လေးကို လက်နှစ်ဖက်ဖြင့် တရိုတသေပေးပြီး
ကျောင်းသို့ထွက်သွားသော အိအိလွင်ရဲ့ ကျောပြင်လေးကို
ငေးကြည့်နေမိသည်။ ရွှေကြည် ဆိုသူက တခြားမဟုတ်၊ အိအိလွင်ရဲ့
မိခင် သူနဲငယ်ပေါင်းကြီးဖော် ဒေါတင်ကြည်ဖြစ်သည်။ဈေးထဲတွင် ဆိုင်ချင်းကပ်လျက် ဈေးရောင်းကြသူများဖြစ်၍ သွားအတူလာအတူ
စားအတူနှင့် ညီအစ်မ အရင်းပမာချစ်ခင်ကြသူများဖြစ်ကြသည်။
မိသားစုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်
ဒေါသန်းရီက ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တို့ ရောင်းပြီး။
ဒေါ်တင်ကြည်ကတော့ လက်ဖက် အကြော်စုံတို့ ရောင်းချကာ
တက်နိုင်တလောက် စီးပွားရှာလေသည်။
ထိုစဉ်တုန်းကတော့ ဦးအောင်ခင် ယခုလောက်ထိ အပင်ပန်းခံကာ
အလုပ်လုပ်စရာ မလို မများလှသော်လည်း ဒေါတင်ကြည် ဆိုင်လေးမှ
ရသည့်အမြက်ငွေက မိသားစု အသုံးစရိတ်အတွက် အတော်အတန်
အထောက်အကူ ဖြစ်စေသောကြောင့်ပေါ့။
မမျှော်လင့်ဘဲ ဒေါ်တင်ကြည်တစ်ယောက် နလုံးရောဂါဖြင့် ကွယ်လွန်
သွားလေသည်။နလုံးရောဂါရှိမှန်းသိသော်လည်း သိပ်ကြီးကြီးကျယ်ကျယ်ဖြစိခြင်း မဟု၍ ကောင်းနိုးရာရာ
ဆေးတို့ဖြင့် ကုနေ စားနေရင်းမှ ရုတ်တရက်ကွယ်လွန်သွားခြင်း
ဖြစ်သည်။ ဦးအောင်ခင်မှာတော့ ငါးတန်းကျောင်းသူအရွယ်
သမီးငယ်လေးကို ဖက်ကာ ရူးမတတ်ဖြစ်ခဲ့ရလေသည်။ဆွေမျိုးရင်းချာ
ပမာ အားကိုးရသည့် အိမ်နီးနားချင်းမိတ်ဆွေ အပေါင်းအသင်းတို့ရဲ့
အားပေးစောင့်ရှောက်မှုအပြင် သမီးလေးရဲ့ ဘဝရှေ့ရေးအတွတ်
တာဝန်အားလုံး သူ့အပေါ်တွင် ရှိနေလေပြီဟု ကောင်းစွာ
နားလည်သဘောပေါက်သွားသည့် အချိန်မှာတော့ ဦးအောင်ခင်
တစ်ယောက်အသိတရားဝင်လာကာ သူ့စိတ်သူပြင်ပြီး အလုပ်ကို
ကြိုစားလုပ်ကိုင်လေတော့သည်။
စိတ်ထား ကောင်းမွန်လှသော သားအဖနှစ်ယောက်ဖြစ်၍လည်း
အားလုံးက ကိုယ်နိုင်ရာ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေကြသည်။
အိအိလွန်လေးကိုလည်း သမီးလေး၊ တူမလေး သဖွယ် သဘော်ထားကာ ပြုစုစောင့်ရှောက်ကြ ဆုံးမကြသည်အတွက်အခုကဲ့သို့
လိမ္မာရေးခြားရှိလှသော သမီးပျိုလေး ဖြစ်လာရသည်ဟု ဆိုရမည်။ လို့
ပြောရင်နဲ ကျွန်တော်ရဲ့ အတွေးစာစုလေးကို အဆုံးသတ်လိုက်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်။ Zawzawhtwe
@zzawzawhtwe
MSC-161
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
ကောင်းချက်ဗျာ
အားကျမိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲလိုရေးတတ်ချင်တာဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းခန်းရောက်မှ ဖြတ်လိုက်တယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးသားမိုက်တယ်ဗျာ.
ကျော်တော့် Acc ကို Follow လုပ်ပေးပါလာဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit