"အမုန်းတို့ဖြင့် စတင်သော အချစ်"
part - 12
ထမင်းစားပွဲမှာ ထိုင်လိုက်တော့ ခြယ်နှင့်
မင်းလက်ယာက မျက်နှာချင်းဆိုင်။
မယာချိုက မင်းလက်ယာ ဘေးမှာ။
"ကိုမင်းအတွက် ………"
မယာချိုက ရှေ့မှာ ရှိနေသည် ကြက်အသည်းမြစ် ပန်ကန်ထဲမှ အသည်း
တစ်ခုကို မင်းလက်ယာ ပန်ကန်ထဲ ခက်ထည့်ပေးလိုက်သည်။
မင်းလက်ယာ မျက်မှောက်တွန့် လိုက်ရင်း
ခြယ်မုန်းရံကို လှမ်းကြည့်သည်။
ခြယ်မျက်နှာ ပျက်သွားပေမယ် ချက်ချင်း
ပင် ဘာမှ မဖြစ်သလို့ ဟန်ဆောင်ရင်း
ထမင်း ဆက်စားသည်။
"ကိုမင်း … မယာ ထည့်ပေးထားတာကို
စားလေ …ဘာလည်း မကြိုက်ဘူးလား "
"အင်း ………"
မင်းလက်ယာ အသက်မပါစွာ ပြောလိုက်
ရင်း ထမင်းခက်စားသည်။
မယာချိုက ရှေ့မှာ ရှိနေသည် ထမင်းကို တစ်ဇွန်းခက်စားလိုက်ရင်းမှ
……………
" ကိုမင်းကို ညကျရင် မယာ နားမလည်တဲ့ စာရင်းတွေပြစရာ ရှိသေး
တယ် ……"
"အင်း …ကိုယ်ရှင်းပြပေးပါမယ် …"
ခြယ် …စားလက်စ ထမင်းကို လက်စသပ်
လိုက်ပြီး ထရပ်လိုက်သည်။
သူမ မင်းလက်ယာ နှင့် မယာချို တို့ကို ကြည့်နေရင်းနှင့် ထမင်းစား မဝင်တော့။
မင်းလက်ယာက ခြယ်ကို တစ်ခုခု ပြောရန်
ပြင်လိုက်စဉ် မယာချို အသံက ထွက်လာ
သည်။
" ဘယ်လို့လည်း …ခြယ်မုန်းရံ…
တော်ပြီလား "
"အင်း … ကျွန်မ ထမင်းသိပ်ပြီး မဆာလို့ပါ မာယာချို"
သူမ မာယာချို အမေးကို ပြန်ဖြေရင်း
ထမင်းစားခန်းမှ ထွက်လာခဲ့သည်။
ခြယ်တစ်ယောက်……
"နောက်ဆို သူတို့နဲ့ ထမင်းအတူ
မစားတော့ဘူး …"ဟုသာ ဆုံးဖြက်ချက်
ချရင်းသာ……။
…………………………………
"ကျွတ် ………"
အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းမှ
ခြယ် …ဘယ်သူကို ဒေါသထွက်နေမှန်း
မသိ။
"မင်းဘာဖြစ်နေတာလည်း ……"
နောက်မှ မေးသံထွက်ပေါ်လာသည်။
ခြယ် လှည့်မကြည့်ပါဘဲ မင်းလက်ယာ
ဆိုသည်ကို သိနေသည်။
"ကျွန်မ ဘာဖြစ်နေတာကို ရှင်တွေ့လို
လည်း ……"
"မင်း ဘာလိုထမင်းမစားတာလည်း"
"မဆာလို့ ……"
အသံက စူအောင့်အောင့်လေးထွက်ပေါ်
လာသည်။
မင်းလက်ယာက ကျောခိုင်း၍ ပြောနေသည် ခြယ်ကို သူဘက်ကို
ဆွဲလှည့်ကာ မျက်နှာချင်း ဆိုင်လိုက်ရင်း
…………
"မင်းတစ်ခုခု ဖြစ်နေတယ် မဟုတ်လား"
ခြယ် ……မင်းလက်ယာကို ရင်ဆိုင်ရပ်နေရင်းမှ မော့ကြည့်သည်။
သူမ အရပ်က မပုသော်လည်း မင်းလက်ယာရှေ့ ရောက်ရင်တော့ အမြဲ
မော့ကြည့်နေရတာဘဲ ဖြစ်သည်။
စိတ်တိုနေတဲ့ အခါမှာ သူကို မော့ကြည့်
နေရတာကိုဘဲ မကျေမနပ်ဖြစ်လာသည်။
" ရှင်ဘာဖြစ်လို့ ဂရုတစိုက်လိုက်မေးနေ
ရတာလည်း …စိတ်ချ ကျွန်မ ထမင်းတစ်နပ် မစားရုံနဲ့တော့ မသေနိုင်
သေးပါဘူး …ရှင် နှိပ်စက်ဖို့အတွက် ကျွန်မ အသက်ရှင်နေအုံးမှာပါ ……"
"မင်း ……"
မင်းလက်ယာ စကားသံတို့က ရပ်တန့်
သွားလျှက်။ သူမ အဖြေကြောင့် သူရင်ဘက်ထဲက အောင့်တက်လာသည်။
သူမ ပြောသည် အချက်ကို သူမေ့နေခဲ့တာ ကြာပြီ။သူငယ်ချင်း
အလင်းရောင် အတွက်…။
မင်းလက်ယာ ခြယ် မျက်နှာလေးကို စိုက်
ကြည့်နေရင်းမှ မျက်နှာလွဲကာ ကျောခိုင်း
၍ ……
"ဟုတ်တယ် ……မင်းကို နှိပ်စက်ဖို့
အတွက် ငါလက်ထက်ခဲ့တာ…"
သူစကားကို ကြားတော့ ခြယ် အံလေး ကြိတ်လိုက်ရင်း ……
" ရှင်ရဲ့ နှိပ်စက်မှုတွေ ကြားက ကျွန်မ
ဘယ်တော့မှ လွတ်မြှောက်မှာလည်း "
မင်းလက်ယာက ခြယ် အမေးကို ခနဲ့ပြုံး၍ ………
"ဘယ်သော အခါမှ မလွတ်မြှောက်စေရဘူး "
" ရှင်ဟာ ရက်စက် ယုတ်မာတဲ့ လူဘဲ…ကျွန်မ ဘဝရဲ့ နက်ဆိုး …ရှင်ကို မုန်းတယ် ……"
ခြယ်ရဲ့ "ရှင်ကိုမုန်းတရ်" ဆိုတဲ့ စကားက
သူနားထဲကို သံရည်ပူလောင်းထည့်လိုက်
သည် အတိုင်း ။
မင်းလက်ယာ တစ်ယောက် ခြယ် စကား
ကြောင့် သူရင်ဘက်ထဲမှာ နာကျင်သွား
သော်လည်း ချက်ချင်းပင် ဟန်ဆောင်ပြုံး
လိုက်ရင်း ……ခြယ်ကို စူးရဲ ခက်ထန်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ………
"ငါလည်း မင်းကို ချစ်လွန်းလို့ လက်ထက်ယူခဲ့တာလို့တော့ မထင်လိုက်နဲ့ ခြယ်မုန်းရံ ။ မင်းကို …မုန်းလွန်းလို့……"
"ရှင် ………"
ခြယ် ……မင်းလက်ယာ ကို စိုက်ကြည့်
ရင်း နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။
မင်းလက်ယာက ပြောပြီးသည်နှင့် အခန်း
ထဲမှ ကျောခိုင်းကာ ထွက်သွားသည်။
ခြယ် …ထို့နေရာလေးမှာ ခြေစုံရပ်၍
ကျန်ရစ်ခဲ့သည်။ ဘာကြောင့်မှန်း မသိ
မျက်ဝန်းထဲမှ မျက်ရည်စတို့က အလိုလို
ဝဲလာသည်။
မင်းလက်ယာရဲ့ စကားတွေကြောင့် သူမ
မျက်ရည်ကျတာဟာ ပထမဆုံး
အကြိမ် မဟုတ်တာကတော့ သေခြာနေ
ခဲ့သည်။
……………………………………
"ဒီစာရင်း စာအုပ်က ကုမ္ပဏီအတွက် အရေးကြီးတယ် …ဒီစာအုပ်ထဲမှာ
ပါတဲ့ အချက်အလက်တွေ အားလုံးကို
သေခြာ မှတ်ထားနော် မယာ "
"အင်းပါ …မယာက ကိုမင်း
သင်ပြသမျှအားလုံးကို မှတ်မိပြီးသား …အဟင်း"
ထို့အချိန်တွင် မင်းလက်ယာ ဖုန်းလေး
ထမြည်လာသဖြင့် ………
"ခဏနော် …မယာ ကိုယ် အပြင်ခဏ
ထွက်ပြီး ဖုန်းပြောလိုက်အုံးမယ် "
"အိုကေ …ကိုမင်း……"
မင်းလက်ယာ အခန်းအတွင်းမှ ထထွက်သွားသည်။ မယာချိုတစ်ယောက် အခန်းထဲမှတစ်ယောက်တည်း ကျန်နေခဲ့သည်။ မယာချို တစ်ယောက် မင်းလက်ယာကို ဘယ်လို့နည်းဖြင့် သူမအနီးကို ရောက်အောင် ကြံစည်ရမလည်း စဉ်းစားနေခိုက်
………
ကော်ဖီခွက်လေး ကိုင်ကာ ဖျက်လျှောက် သွားသော ခြယ်မုန်းရံကို
မယာချို လှမ်းမြင်လိုက်ပြီး ခေါင်းထဲကို
အကြံတစ်ခု ဝင်လာခဲ့သည်။
ထို့ကြောင့် သူမ အလျှင်အမြန်ပင်
မက်တက်ထရပ်လိုက်ပြီး ခြယ်မုန်းရံကို
လှမ်းခေါ်လိုက်သည်။
ခြယ် …ကော်ဖီသောက်ရန် ကော်ဖီ
လာဖျော်ခိုက် မယာချို ခေါ်သံကြောင့်
လှည့်ကြည့်လိုက်သည်။
"ဘာကိစ္စလည်း မယာချို……"
"ဒို့မင်းကို ပြောစရာလေး တစ်ခု ရှိနေလိုပါ …ခြယ်မုန်းရံ …ဒီကို ခဏ
လောက် လာခဲ့ပါလား "
ခြယ် …ထို့နေရာကို သွားချင်စိတ် မရှိသော်လည်း မယာချိုက ပြောစရာ
ရှိနေ၍ ဆို၍ သူမ လျှောက်လာခဲ့သည်။
"ဘာကိစ္စပြော မလိုလည်း မယာချို"
"ကိစ္စက ………"
မယာချိုက မထင်မှတ်စွာ …သူမ ကိုင်ထားသည် ဖန်ပန်ကန်ပြားထဲမှ
ကော်ဖီခွက်ကို ဆွဲယူလိုက်ကာ ………
စားပွဲပေါ်မှာ ရှိနေသည် စာရင်းစာအုပ်
ပေါ်သို့ လောင်းချလိုက်သည်။
"ဟင် …ဒါက… ဘာလုပ်တာလည်း မယာချို "
မယာချိုက ခြယ်ကို ဖျက်ခနဲ့ မော့ကြည့်
ကာ ခနဲ့ပြုံးပြသည်။
ထို့စဉ် မယာချို မျက်ဝန်းထောင့်မှ အခန်းထဲဝင်လာနေသော မင်းလက်ယာ ကိုလှမ်းမြင်လိုက်သည်။
ခြယ်က တံခါးဝကို ကျောခိုင်းထားသည်မို့
မင်းလက်ယာ ဝင်လာနေသည်ကို မမြင်ရ။
မယာချို လျှင်မြန်စွာဖြစ်ပင် ကော်ဖီခွက်ကို ခြယ်ကိုင်ထားသည် ဖန်ပန်ကန်ပြားလေးထဲကို ပြန်ထည့်
လိုက်ပြီး …အသံစူးစူးလေးဖြင့် ……
"ဒါ……ဒါက ဘယ်လို့ လုပ်လိုက်တာ
လည်း …ခြယ်မုန်းရံ …အိုး……အကုန်ပေပွ ကုန်ပြီ "
"ဟင် ………"
ခြယ်မုန်းရံက နားမလည်သော မျက်ဝန်း
လေးဖြင့်သာ မယာချိုကို ငေးစိုက်ကြည့်
သည်။
" ဘာကြည့်နေတာလည်း… ခြယ်မုန်းရံ
ဒီမှာ နင်ကြောင့် အားလုံး စိုရွဲသွားပြီ …"
"ဘာတွေဖြစ်နေတာလည်း ………"
"ကိုမင်း ………"
မယာချို ခေါ်သံနှင့် အတူ …
နောက်မှ မင်းလက်ယာ အသံထွက်ပေါ်
လာသောကြောင့် ခြယ် …လှည့်ကြည့်
လိုက်သည်။
"ဘာတွေ့ဖြစ်………"
မင်းလက်ယာ စကားသံပင် မဆုံးလိုက်
စားပွဲပေါ်မှ ကော်ဖီများစွန်းထင်းနေသော
စာရင်းစာအုပ်ကို တွေ့ကာ မျက်နှာက
ဒေါသအရောင် ပြောင်းသွားသည်။
"ဒါဘယ်သူ လုပ်တာလည်း ……"
ဒေါသထွက်နေသော မင်းလက်ယာကို
ကြည့်ကာ ခြယ် စကားသံတွေ့က ထစ်နေသည်။
"ဟို …ဟို………"
မယာချိုက လျှင်မြန်စွာပင် ………
"ခြယ်မုန်းရံ…ပါ…"
"ဘာ ……ခြယ်မုန်းရံ ဒါ မင်းလုပ်တာလား"
မင်းလက်ယာက ခြယ်ဘက်ကို လှည့်၍
စိုက်ကြည့်ကာ မေးသည်။
"ဟင်အင်း ………"
ခြယ် ……ခေါင်းလေးကို အတွင်တွင်
ခါယမ်းလိုက်ရင်း
"ခြယ် …ခြယ် မလုပ်ဘူး …မာယာ …မာယာချို လုပ်တာ "
"ဘာ ………"
မယာချိုက ခေါင်းလေးကို အတွင်တွင်
ခါယမ်းလိုက်ရင်း ………
"မဟုတ်ဘူးနော် ကိုမင်း …မယာ မလုပ်ဘူး ။ မယာက ဘာလို့လုပ်ကမှာ
လည်း အဓိပ္ပာယ် မရှိတာ …သူ …သူက
သာ ကိုမင်း မယာကို စာရင်းတွေသင်ပေး
နေတာကို မကျေနပ်တာနဲ့………"
"ဟင်အင်း …ကော်ဖီခွက်ကို …ခြယ် …
မှောက်ပစ်တာ မဟုတ်ဘူး "
" ကိုမင်း …သူလိမ်နေတာ …မာယာ လုပ်တယ်လို ပြောရအောင် မာယာဆီမှာ ကော်ဖီခွက်မှ မရှိတာ…ကော်ဖီခွက်က ခြယ်မုန်းရံလက်ထဲမှာလေ ……"
"ဟင် ………"
ခြယ် …သူမ လက်ထဲမှ ကော်ဖီခွက်လေး
ကို ယောင်ယမ်းကာ ငုံ့ကြည့်မိသည်။
သူမ ကော်ဖီခွက်လေးကို ငုံ့ကြည့်ပြီး
ပြန်အမော့မှာ မင်းလက်ယာ၏ ဒေါသ
မျက်ဝန်းများကို ရင်ဆိုင်လိုက်ရသည်။
"ဟင်အင်း …ဒါ …ဒါကို ခြယ်လုပ်တာ
မဟုတ်ဘူးနော်"
"တော်စမ်းပါ … မင်းလက်ထဲမှာ ကော်ဖီခွက်ကြီး ရှိနေတာတောင် အခုထိ လိမ်နေတုန်းဘဲလား …ခြယ်မုန်းရံ"
"မင်းမှာ ဒီလို့မျိုး စိတ်ဓာက်ရှိနေမယ်လို့
ငါ …လုံးဝထင်မထားခဲ့ဘူး "
"ဟင်အင်း ……"
ခြယ်မျက်ရည်လေးများ ဝဲရင်း ခေါင်းလေး
ကိုသာ အခါခါ ခါယမ်းမိသည်။
" အခုမှ မျက်ရည်လာကျပြမနေနဲ့ …ခြယ်မုန်းရံငါ မသနားတက်ဘူး … မင်းအခု ချက်ချင်း ငါရှေ့က ထွက်သွား "
ခြယ်ကို ဒေါသတစ်ကြီးအော် ပြောနေသော မင်းလက်ယာကို ငေးကြည့်
ရင်း ရှင်းပြလည်း ဘာမှထူခြားလာမည်
မဟုတ်တာကြောင့် ခြယ် ကျောခိုင်းကာ
လှည့်ထွက်ခဲ့သည်။
"နေအုံး ………"
မင်းလက်ယာရဲ့ ခေါ်သံက ခက်ထန်နေ
သည်။ ခြယ် …ခြေလှမ်းများ ရပ်တန့်
သွားပြီး မင်းလက်ယာ ကို လှည့်ကြည့်
လိုက်သည်။
မင်းလက်ယာက စားပွဲပေါ်မှ စာရွက်စာတမ်း ဖိုင်များကို လှမ်းယူလိုက်
ပြီး ခြယ်ဆီကို လျှောက်လာသည်။
ပြီးနောက် ခြယ်ကို ဒေါသမျက်ဝန်းဖြင့်
ကြည့်ကာ သူမ လက်ထဲကို စာရွက်
စာတမ်းများ ထိုးထည့်ပေးလိုက်ပြီး
"မင်းကြောင့် ပျက်စီးသွားတဲ့ စာရင်း
တွေ့ကို တစ်ခု မကျန် အကုန်ပြန်လုပ်"
ခြယ် ……သူမ လက်ထဲမှ စာရွက်များကို ငုံ့ကြည့်လိုက်ပြီး မင်းလက်ယာ ရှေ့မှ
လှည့်ထွက်ခဲ့သည်။
ရင်ထဲမှာ နာကျင်မူက အတိုင်းအဆမဲ့။
လှည့်ထွက်ပြီးမှ ကျလာတဲ့ မျက်ရည်စက
ပေါက်ခနဲ့ ………။
"ကျွတ် .………"
မင်းလက်ယာ စိတ်ထဲ သူမ ပုံစံလေးကို
ကြည့်ကာ သနားစိတ်ဝင်လာပေမယ်
ချက်ချင်း စိတ်ကို တင်းလိုသည်။
"ဒီမိန်းမက ဒီအပြစ်နဲ့ဘဲ ထိုက်တန်တယ်"
သူတို့နှစ်ယောက် အဖြစ်ကို ကြည့်ကာ
ကောက်ကျစ်စွာ ပြုံးလိုက်သူက မယာချို။
မင်းလက်ယာက မယာချိုဘက်ကိုလှည့်
လိုက်သည်။ သူ စာရင်းတွေကို ရှင်းပြပေးချင်စိတ်လည်း မရှိတော့ …………
"Sorry …မာယာ ကိုယ်ဒီည မင်းကို
စာရင်းတွေ ရှင်းပြပေးနိုင်မှာ မဟုတ်ဘူး
…ကိုယ်အနားယူချင်လို့"
"အင်းပါ…ရပါတယ် ကိုမင်း…ဒါနဲ့
ကိုမင်း သိပ်ပြီး ပင်ပန်းနေရင် မာယာ
နှိပ်ပေးရမလားဟင် …"
"ရတယ်…မလိုဘူး မာယာ။ "
"Goodnight…"
မင်းလက်ယာ ပြောရင်း အခန်းထဲမှ
လှည့်ထွက်ခဲ့သည်။
အိမ်အပေါ်တက်လာခဲ့ပြီး အခန်းထဲကို
ရောက်လာသည် အထိ သူစိတ်တွေ
ရှုပ်ထွေးနေသည်။
လစ်ဟာနေသော ခြယ်မုန်းရံ အိပ်ခဲ့သည်
နေရာလေးကို ငေးရင်း သူတစ်ယောက်
ယောက်ကို သတိရနေသလိုလို့……။
"ကျွတ် ……ခြယ်မုန်းရံ ဘာလို ဒီလို
အပြုအမူ မျိုးကို လုပ်ရတာလည်း "
{"ဟင်အင်း …ခြယ် မလုပ်ဘူး" မျက်ရည်လေးများ ဝဲရင်း ခေါင်းလေး
ကိုသာ အခါခါ ခါယမ်းနေသော ခြယ်မုန်းရံ ရဲ့ ပုံရိပ်လေးများကိုသာ
သူမြင်ယောင်နေမိသည်။}
"ကျွတ် ………"
သူအတွေးများကို ခါထုတ်လိုက်ပြီး
သူလုပ်ခိုင်းထားသည် စာရင်းတွေကို ဘယ်နေရာမှာ သွားလုပ်နေလည်း မသိ
သော ခြယ် အကြောင်းကို တွေးနေရင်း
နှင့်ပင် အိပ်ပျော် သွားတော့သည်။
……………………………………
ခြယ် …မင်းလက်ယာ ပေးလိုက်သည် စာရင်းစာအုပ်အထူကြီးကို ရှေ့မှာ ချကာ စားပွဲခုံလေးမှာ ထိုင်ရင်း ငိုရှိုက်မိသည်။
မင်းလက်ယာ အထင်လွဲနေခြင်းကို သူမရင်ထဲ နာကျင်နေမိသည်။
{"တော်စမ်းပါ … မင်းလက်ထဲမှာ ကော်ဖီခွက်ကြီး ရှိနေတာတောင် အခုထိ လိမ်နေတုန်းဘဲလား …ခြယ်မုန်းရံ"
"မင်းမှာ ဒီလို့မျိုး စိတ်ဓာက်ရှိနေမယ်လို့
ငါ …လုံးဝထင်မထားခဲ့ဘူး "}
မင်းလက်ယာ စွပ်စွဲပြောသည် စကားများ
ကို နားထဲမှာ ကြားယောင်ရင်း မျက်ဝန်း
ထဲမှ မျက်ရည်စီးကြောင်းလေး နှစ်ခုက
ဖျက်ခနဲ့ စီးဆင်းသွားသည်။
အမြဲတမ်း ငိုရ လွန်းလို့ မျက်ရည်တွေလည်း ခမ်းခြောက်နေပြီ ထင်သည်။ မျက်ရည်တွေကိုသာ အဖော်ပြု နေရတဲ့ သူမ ဘဝကိုလည်း
သူမ မုန်းတီးမိသည်။
ခြယ် …အတန်ကြာအောင် ငိုရှိုက်နေရင်း
မှ လက်ဖဝါးလေးဖြင့် မျက်ရည်များကို
ဖြစ်သလို့ ဖိပွတ်ဆွဲလိုက်သည်။
သူမ ငိုနေ၍ မပြီးသေး။ မင်းလက်ယာ
ခိုင်းထားသည် စာရင်းတွေ အားလုံးကို
ဒီည အပြီးပြန်ရေး ပေးရအုံးမည် ။
ရှေ့မှာ ရှိနေသည် စာရင်းစာအုပ် အထူကြီးကို ငေးကြည့်ရင်း သူမ သက်ပြင်းလေးသာ ကြိတ်ရှိုက်မိသည်။
ဒီစာရင်းတွေ အားလုံး ပြီးဖို့ ဆိုတာက
ဒီတစ်ညလုံး သူမ မအိပ်ဘဲ ရေးတာတောင် ပြီးပါမလား မသိ။
ဘာဘဲဖြစ်ဖြစ် စာကြည့်မီးအိမ်လေး ကတော့ တစ်ညလုံး ထွန်းလင်းလျှက်…။
……………………………………
မင်းလက်ယာ …နိုးလာတော့ (5)နာရီ ခွဲပင် ရှိနေပြီ ဖြစ်သည် ။ မိုးလင်းတော့
မည် ဖြစ်သော်လည်း မှောင်ရိပ်က သန်း
နေတုန်းပင်။
် သူ မျက်လုံးလေး ဖွင့်
လိုက်ရင်း ဘေးကို ကြည့်လိုက်တော့
ခြယ်မုန်းရံ ရှိမနေ။ သူ အခန်းထဲရှိ ဆိုဖာ
ပေါ် လှမ်းကြည့်တော့လည်း မရှိ။
"ဟင်……ခြယ် ညက ဒီကို ပြန်လာ
မအိပ်ဘူးလား "
''ခြယ်ဘယ်မှာလည်း …သူကို စိတ်ဆိုး
သွားတာလား "
သူမျက်နှာပင် မသစ်နိုင်သေး။ ကုတင်ထက်မှ အသည်းအသန် ကုန်းထရင်း အခန်းအပြင်ဘက် ထွက်လာကာ ခြယ်ကို လိုက်ရှာမိသည်။
ညက သူ ဘယ်အချိန် အိပ်ပျော်သွားလည်းပင် မသိတော့။
မင်းလက်ယာ ခြယ်ကို လိုက်ရာမိနေရင်း
ဝရန်းတာ ဘက်မှာရှိသည်
အခန်းလေးထဲက မီးအလင်းရောင်လေး
ဖြာထွက်နေသည်ကို တွေ့လိုက်သည်။
သူ အခန်းဆီကို အပြေးလေး လျှောက်လာ
မိရင်း အခန်းထဲကို ချောင်းကြည့်
လိုက်သည်။
စားပွဲခုံလေး ထက်မှာ ခေါင်းလေး ငုံ့
လျှက် စာရင်းတွေကို ပြန်ကူးကာ ရေးသားနေသော ခြယ်မုန်းရံ ။
"သူမ မအိပ်ဘဲ တစ်ညလုံး ရေးနေခဲ့တာလား"
သူတွေးရင်း အခန်းတံခါးလေးကို တွန်း
ဖွင့်ကာ အခန်းထဲ ဝင်လာခဲ့သည်။
ခြယ်တစ်ယောက် စာရေးသည် အထဲကိုသာ အာရုံစိုက်နေသည်မို့
မင်းလက်ယာ ဝင်လာသည်ကို မသိပေ။
မင်းလက်ယာ သူမ အနီးအထိ တိုးကပ်ကာ လျှောက်လာရင်းမှ ………
"ခြယ်မုန်းရံ ………"
"ဟင် ……"
မင်းလက်ယာ ရဲ့ ခေါ်သံကို ကြားမှ
သူမ အံသြတအလေး မော့ကြည့်သည်။
နီရဲကာ မိုအစ်နေသော မျက်ဝန်းလေးတွေ့ကြောင့် သူမ ငိုထားမှန်း သိသာနေသည်။ မျက်နှာလေး
ကလည်း ချောင်ကျနေသောကြောင့် တစ်ညလုံး မအိပ်တာကို ပြနေသည်။
မင်းလက်ယာ သူမလေးကို ငေးစိုက်ကြည့်
ရင်း ရင်ထဲ နာကျင်သွားသည်။
ခြယ် မျက်နှာလေးက ချင်ချင်းပင် ခက်ထန်သွားပြီး………
" စာရင်းတွေ ပြီးပြီလားလို လာကြည့်တာ
လား မင်းလက်ယာ …ခဏလေးစောင့်ပါ…
ကျွန်မ အကုန် ပြီးအောင် ရေးနေပါတယ်"
"ဟာကွာ ………"
မင်းလက်ယာက ခြယ်စကားကြောင့်
မျက်မှောက်ကြုံလိုက်ရင်း …
"မင်းတစ်ညလုံး မအိပ်ဘူးလား …မင်းရူး
သွားပြီလား …ခြယ်မုန်းရံ…"
ခြယ်က မင်းလက်ယာကို မော့မကြည့်ဘဲ
စာရင်းတွေဆီကို အကြည်ပြန်ပို့ကာ…
" ကျွန်မ မရူးလို့ ရှင်ရဲ့ စာရင်းတွေကို
တစ်ခုမကျန် အကုန်ပြန်လုပ်ပေးနေတာ
ပါ မင်းလက်ယာ "
"ကျွတ် …ကိုယ်ပြောခဲ့တဲ့ စကားထဲမှာ
ဒီစာရင်းတွေ အားလုံးကို တစ်ညတည်း
အပြီး လုပ်ပေးဖို့မှ မပါဘဲ …"
"ကျွန်မ အဲတာတွေ့ စိတ်မဝင်စားဘူး…
ရှင်အခု အခန်းထဲက ထွက်သွားပါ…
ကျွန်မ စာရင်းတွေ အားလုံး ရေးပြီးသွားရင် လာပို့မယ် …"
"မလိုဘူး …အဲဒါတွေကို အခုချက်ချင်း ထားခဲ့လိုက်… "
ခြယ်က မင်းလက်ယာ စကားကို ဂရုမစိုက်
ဘဲ ဘောပင်ကို ကိုင်ကာ စာရင်းတွေ
ဆက်ရေးရန် ပြင်လိုက်သည်။
"ကျွတ် ………"
မင်းလက်ယာ မျက်နှာမှာ အလိုမကျမှု များစွာ ပေါ်လာပြီး ခြယ် လက်ထဲမှ
ဘောပင်ကို ဆွဲယူကာ အခန်းထောင့်ရှိ
အဝေးတစ်နေရာကို ဆွဲယူကာ လွှင့်ပစ်
လိုက်ပြီး ခြယ်လက်ကို ဆုတ်ကိုင်လိုက်ပြီး
"မင်းအခု ချက်ချင်း ထမှာလား မထဘူးလား"
သူစကားကို မကြားသလိုပင်
ထိုင်ခုံလေးမှာ ဆက်ထိုင်နေသော
ခြယ်မုန်းရံကို ငေးစိုက်ကြည့်ရင်း
မင်းလက်ယာ ဒေါသထွက်လာသည်။
" မင်းအခု ချက်ချင်း ထမှာလား
မထဘူးလား ခြယ်မုန်းရံ …ပြီးတော့
မှ ငါ အဆိုးမဆိုနဲ့နော်! "
ခြယ် …သူလက်ကို စောင့်ရုန်းလိုက်ရင်း
ထိုင်နေရာမှ ထရပ်လိုက်သည်။
"ရှင်ဘာလို့ကျွန်မကို အမြဲအနိုင်ကျင့်
နေရတာလည်း မင်းလက်ယာ…ကျွန်မ
ဘဝက ရှင်အတွက် အနိုင်ကျင့်ခံ သက်သက်ဘဲလား …ဟင်…ပြောစမ်းပါ …ကျွန်မ …ကျွန်မ ………"
ခြယ်ပြောနေရင်းနှင့် စကားသံတွေ့ ရပ်တန့်သွားကာ လူကလည်း ပျော့ခွေ
ကာ ယိုင်ကျသွားသည်။
ယိုင်ကျသွားသော ခြယ်ရဲ့ကိုယ်လေးကို
မင်းလက်ယာက ဆီးပွေ့ရင်း ……
"ခြယ် ……"
ခြယ်……မင်းလက်ယာရဲ့ ခေါ်သံကို နောက်ဆုံး ကြားလိုက်ပြီးနောက် မျက်ဝန်းထဲမှာ အမှောင်ထုက ကြီးစိုးသွားတော့သည်။
သူမ ဘာတစ်ခုမှ မသိတော့။
part -13မျှော်
great post, aungminthet as usual!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit