One minute classroom part 2

in myanmarsteemit •  7 years ago  (edited)

သင်ခန်းစာ(၂)
نحمده ونصلي على رسوله الكريم
image
" နမားဇ်ဖတ်စဉ်ရွတ်ဆိုရသောစာသားများ၏အဓိပ္ပါယ် "
اَللّٰهُ أَكْبَرْ
အလ္လာဟ်အသျှင်မြတ်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူ၏။
سُبْحَانَكَ اللّٰهُمَّ
အိုးအလ္လာဟ်အသျှင် အသျှင်မြတ်သည် စင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုး ဝန်ခံပြောကြားအပ်ပါသည်။

" နမားဇ်၏စွန္နသ်တော်များ "
(၁) ခေါင်းအားငုံ့မထားဘဲ ဖြောင့်တန်းစွာမတ်တပ်ရပ်ခြင်း။
(၂) ခြေချောင်းလေးများအား ကေဗလဟ်ဘက်သို့ လှည့်ထား၍ ခြေထောက်နစ်ချောင်းကြားတွင် လက်လေးလုံးခန့် ခြားထားခြင်းသည် မုစ်သဟဗ်(သင့်လျော်သောအမူ့)ဖြစ်သည်။

" ကြီးလေးသော ဂိုနာဟ်အကုသိုလ်များ "
ဖော်ပြပါ ဂိုနာဟ်အကုသိုလ်များကို တရားတော်မှပြင်းပြင်းထန်ထန် တားမြစ်တားသည်။ သောင်ဗာဟ် အမှားဝင်ခံခြင်းမရှိသ၍ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့်အပြင် အကုသိုလ်တစ်ခုသည်ပင်လျှင် မိမိအား ဂျဟန္နမ်ငရဲသို့ဆွဲခေါ်သွားရန်လုံလောက်သည်။
(၁) တစ်ဦး တစ်ယောက်အား အထင်သေးစိတ်ဖြင့် လှောင်ပြောင်ရယ်မောခြင်း။
(၂) တစ်ဦး တစ်ယောက်အား စောင်းမြောင်း ကဲ့ရဲ့ခြင်း။

"အကုသိုလ်၏လောကီဆိုးကျိုးများ"
(၁) သာသနာ့အသိပညာလက်မဲ့ဖြစ်သွားနိုင်ခြင်း။
(၂) စားနပ်ရိက္ခာရှားပါးလာခြင်း(ဆိုလိုသည်မှာ)ရိုဇီရိက္ခာတွင် ဗရ်ကသ်မင်္ဂလာများယုတ်လျော့လာမည်။

" အမိန့်နာခံခြင်း၏လောကီကောင်းကျိုးများ"
(၁) အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်များအားနာခံလိုက်နာပါက ရိုဇီရိက္ခာဘရ်ကသ်မင်္ဂလာများ ကျရောက်၍တစ်ခါတစ်ရံ ရိက္ခာတိုးပွား လာသည်ကို မျက်မြင်ကိုယ်တွေ့ခံစားရတတ်သည်။
(၂) ဝေဟင်နှင့် မြေပြင်တွင် အမ် ဳိ းမ် ဳိးသော ဗရ်ကသ်မင်္ဂလာတော်များကျ ရောက်လာမည်။

မေတ္တာရပ်ခံချက်။ ။ ကိုယ်တိုင်ကျင့်သုံး၍ အခြားသူများပါ အကျိုးခံစားနိုင်စေရန် ဤpage အား Like &Share လုပ်ပေးရန် မေတ္တာရပ်ခံပါသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Enjoy the vote and reward!

သာသနာရဲ့အသိတိုးပွားစေပါတယ်

ဟုတ် အားလုံးကျေးဇူးပါ