စွန့်ခွာသွားခံရမယ်ချန်ခဲ့ခံရမယ် ကျန်ခဲ့တယ် ဆိုတဲ့ခံစားချက်နဲ့ကိုယ့် ဘာသာကိုယုံကြည်မှုလျော့နည်းသွားတယ်
"ငါ ကပဲ ရုပ်ဆိုးလို့လား မပြည့်စုံတာလည်းသူ့အတွက် ချို့ယွင်းချက်တွေရှိလို့လား"စတဲ့မေးခွန်းတွေ နဲ့ပြန်ဆန်းစစ်ရင်းသိမ်ငယ်လာတယ် …
သိမ်ငယ် လာတဲ့အခါဝမ်းနည်းစိတ်တွေ တိုးဝင်လာပြီးတစ်နေရာတည်းမှာပဲချောင်ထိုးပြီး ငိုချင်နေမယ်ဘယ်သူ့ကိုမှ မတွေ့ချင်သလိုဘယ်သူနဲ့ မှ လည်း မထိတွေ့ချင်တဲ့ခံစားချက်ကြီးဖြစ်နေတတ်တယ်…ဒါထက် တစ်ယောက်တည်းဖြစ်သွားပြီ
ဆိုတဲ့ ခံစားချက်ကိုထပ်ပေါင်းလိုက်တဲ့အခါ
အထီးကျန် ခြင်းတွေ ပဲမြင်လာတယ်အထီးကျန် ခြင်းတွေကိုပဲစိတ်ထဲစွဲနေတော့ထွက်သွားတဲ့လူကိုပဲ ထပ်ခါ ထပ်ခါ တမ်းတ နေမိတယ်" သူပြန်လာရင်ကောင်းမှာပဲ
သူရှိမှပဲ ငါပျော်ရွှင်မယ်သူကပဲ ငါ့ကိုပျော်ရွှင်အောင်ထားနိုင်တယ်"ဆိုတဲ့ အတွေးအခေါ်တွေနဲ့ကျန်တဲ့ အရာတွေအားလုံးကို
မေ့ပစ်လိုက်တယ် … ဒီလိုနဲ့ ယုံကြည်မှုလျော့နည်းလာတယ်သိမ်ငယ်လာတယ်အထီးကျန်လာတယ်တမ်းတ မှုတွေကြားမှာ
တခြားအရာတွေကို မတွေးခေါ်နိုင်တော့ဘူး။အဲ့ဒီမှာ စိတ်ဓာတ်တွေထိုးကျကုန်တာပဲဘယ်လောက်ပဲ မာကျောတယ်ပြောပြောလူဟာ တခြားတစ်ပါးသူအပေါ်မှာစွဲလန်းစိတ်နဲ့ အစွမ်းကုန်ချစ်တဲ့အခါအရာအားလုံးကို ယုံကြည်ထားပြီး
ပုံအောတတ်ကြတယ် …မျှော်လင့်ချက်တွေအဆမတန်ထားတယ်အကောင်းဆုံးကိုပဲ မျှော်လင့်ထားမယ်တစ်လောကလုံးမှာ ဒီလူတစ်ယောက်တည်းကိုပဲအာရုံထားတယ်…တစ်ဖက်လူက ကိုယ့်လိုမဟုတ်ပဲကွဲပြားခြားနားနေတော့သဟဇာတ မဖြစ်လို့ ထွက်ခွာသွားတဲ့အခါအရာအားလုံးက စုပ်ပျက်သွားတယ်။
တော်တော်နဲ့ ပြန်မထနိုင်ဘူးပိုဆိုးတာက မေ့ပစ်ချင်တဲ့စိတ်နဲ့
မဟုတ်မမှန်တဲ့လမ်းကြောင်းတွေပေါ်ကိုအာရုံထားမိလိုက်တဲ့အခါဒဏ်ရာ ဟာပိုကြီးလာတယ် … အဲ့ဒီမှာ အချိန်ကုန်တော့တာပဲ …မှုမမှန်တဲ့ လမ်းကြောင်းပေါ်ကို
မှားနေမှန်းသိလျက်နဲ့ ရွေ့လျားနေတာဟာကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပြန်သတ်နေတာနဲ့အတူတူပဲနာကျင်မှန်းသိရင် ဆေးလိုက်ရှာရမယ်ဆေးဟာ ကိုယ့်ဒဏ်ရာနဲ့တည့်တဲ့
ဆေးဖြစ်ရမယ် …အဲ့ဒီ ဆေးဟာ "ကိုယ်ပိုင်အသိတရားပဲ"
တစ်နည်းပြောရင် "ဆင်ခြေတုံတရား"
လို့ခေါ်တယ် ။ဒါကြောင့် ဒဏ်ရာရင်တခြားသူတွေဆီမှာသွားမရှာနဲ့တခြားအရာတွေကိုနောက်ကိုလည်းမလိုက်နဲ့
ကိုယ့် အသိတရားနဲ့ဖြစ်သင့်၏ မဖြစ်သင့်၏သာဆုံးဖြတ်ပြီး မှန်ကန်အောင်သာနေတစ်ချိန် အဲ့ဒီလူနဲ့ပြန်တွေ့ရင်
ကိုယ့် ရင့်ကျက်မှု ကို တိုင်းတာလို့ရလာလိမ့်မယ် …
"ကမ္ဘာ ကြီးကကျဉ်းကျဉ်းလေးပါ
တစ်နေရာမှာ ပြန်ဆုံကြစမြဲပဲ"