BCG Vaccination (ဘီစီဂျီကာကွယ်​​ဆေးထိုးခြင်း)

in myanmat •  7 years ago  (edited)

BCG ကာကွယ်​​ဆေးထိုးခြင်းလုပ်​ငန်းသည်​ ယခင်​က အမျိုးသားတီဘီ​ရောဂါတိုက်​ဖျက်​​ရေး၏ လုပ်​ငန်းတစ်​ခုအဖြစ်​ သတ်​မှတ်​​ဆောင်​ရွက်​ခဲ့​သော်​လည်း ယခုအခါတွင်​ တိးချဲ့ကာကွယ်​​ဆေးထိုး စီမံချက်​မှ တာဝန်​ယူ​ဆောင်​ရွက်​လျက်​ရှိ​နေပါတယ်​။ BCGကာကွယ်​​ဆေးထိုးခြင်းဖြင့်​ တီဘီ​ရောဂါဖြစ်​ပွားမှုကို ရာနှုန်းပြည့်​ မဟန့်​တားနိုင်​​သော်​လည်း တစ်​နှစ်​​အောက်​က​လေးများတွင်​ တီဘီ​ရောဂါအပြင်းစားများဖြစ်​​သော ​သွေးမှတစ်​ဆင့်​ ပျံနှံသည့်​ လူ​စေ့တီဘီနှင့်​ ဦး​နှောက်​အ​မြှေး​ရောင်​တီဘီ​ရောဂါတို့ကို ကာကွယ်​နိုင်​စွမ်းရှိပါသည်​။ အထူးသဖြင့်​ တစ်​နှစ်​​အောက်​က​လေးများ၏ ကိုယ်​တွင်းခုခံအားစုသည်​ ​သွေးမှတဆင့်​ တစ်​ကိုယ်​လုံးသို့ ​ရောဂါပျံ့နှံ့မှုကို တာဆီးနိုင်​စွမ်းမရှိပါ။ ထို့​ကြောင့်​ ​မွေးကင်းစက​လေးအရွယ်​မှစ၍ တစ်​နှစ်​အတွင်းက​လေးငယ်​များကို BCGကာကွယ်​​ဆေးထိုးရန်​ မိဘတို့ကို အား​ပေးကူညီ တိုက်​တွန်းရပါမည်​။

BCGသည်​ Bacille Calmette Guetin ဆိုသည့်​ စကားလုံးမှလာပါသည်​။ Bacille ဆိုသည်​မှာ ဘက်​တီရီးယားပိုး၏ တုတ်​​ချောင်းပုံသဏ္ဍန်​ကို ဆိုလိုပါသည်​။ Calmrtte နှင့်​ Guerin မှာ ကာကွယ်​​ဆေးကို တီထွင်​ထုတ်​လုပ်​​သော လူပုဂ္ဂိုလ်​များ၏ အမည်​ဖြစ်​ပါသည်​။ BCGကာကွယ်​​ဆေးသည်​ ​ပေါင်​ဒါမှုန့်​ပုံစံဖြင့်​ လာပါသည်​။ ၎င်းကို ​ဖျော်​စပ်​ရည်​ဖြင့်​ ​ဖျော်​စပ်​ရန်​ ဖြစ်​ပါသည်​။ ​​ဖျော်​​စပ်​ပြီး​သော BCGကာကွယ်​​ဆေးရည်​ကို + ၂ဒီဂရီ စင်​တင်​ဂရိတ်​မှ + ၈ဒီဂရီစင်​တီဂရိတ်​အကြားတွင်​ သိမ်းဆည်းထားရမည်​။ က​လေးအများစုမှာ ​ဆေးထိုးထား​သော​နေရာတွင်​ တုံ့ပြန်​မှုရှိပါသည်​။ ပုံမှန်​အားဖြင့်​ ဘီစီဂျီကာကွယ်​​ဆေးထိုသည့်​​နေရာတွင်​ အဖုငယ်​က​လေးတစ်​ခု ဖြစ်​​ပေါ်ပါသည်​။ အဖုငယ်​က​လေးသည်​ မိနစ်​၃၀ခန့်​အချိန်​အတွင်း ​ပျောက်​ကွယ်​သွားပါသည်​။ ၂ပတ်​ခန့်​ ကြာမြင့်​သည့်​အခါတွင်​ မချွန်​ထားသည့်​ ခဲတံထိပ်​ဖျားအရွယ်​ နီ​သောအနာက​လေးတစ်​ခု ဖြစ်​​ပေါ်လာပါသည်​။ ​နောက်​ထပ်​အချိန်​၂ပတ်​ခန့်​ ကြာ​သောအခါ အနာက​လေးရှိ​နေပြီး​နောက်​ အနာကျက်​သွားပါသည်​။ အမာရွတ်​​လေးတစ်​ခု ကျန်​ရှိ​နေပါမည်​။ ယင်းသည်​ က​လေးငယ်​အား ​အောင်​မြင်​စွာ ကာကွယ်​​ဆေးထိုးပြီး​ကြောင်း လက္ခကာဖြစ်​ပါသည်​။

ကာကွယ်​​ဆေးထိုး​ပေး​သော​နေရာတွင်​ ပြည်​တည်​နာဖြစ်​ခြင်း၊ အကျိတ်​​ရောင်​ခြင်းများနှင့်​ အရိုးတွင်းချဉ်​ဆီ​ရောင်​ခြင်း၊ ​ရောဂါပြန့်​နှံ့စွာ ဖြစ်​ခြင်းစသည့်​ လက္ခဏာများ ဖြစ်​ပွားတတ်​​သော်​လည်း BCG ကာကွယ်​​ဆေး​ကြောင့်​ စိုးရိမ်​ရ​သောတုံ့ပြန်​မှုများမှာ လွန်​စွာနည်းပညးပါသည်​။ သိုရာတွင်​ ​ရောဂါလက္ခဏာ ​ပေါ်​နေ​သော HIVပိုးကူးစက်​ခံထားရ​သော သူများတွင်​ ကာကွယ်​​ဆေးထိုးရန်​မသင့်​ပါ။ ကာကွယ်​​ဆေးအမျိုးအစားမှာ ဘက်​တီးရီးယားပိုးအရှင်​များ ဖြစ်​ပြီး၁ကြိမ်​သာထိုးရန်လိုအပ်​ပါသဖြင့်​ ​နောက်​ထပ်​တစ်​ကြိမ်​ထပ်​မံထိုးရန်​မလိုအပ်​ပါ။

ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ။

Myanmar_burma_flag_waving_animation.gif
@ahtaroo
MSC-004

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူ​တော်​​တော်​များများ လက်​​မောင်းမှာ အမာရွတ်​က​လေး​တွေရှိကြတယ်​။ ကျ​နော့မှာလည်းရှိတယ်​။ လူကြီိး​တွေ​ပြောတာ​တော့ ငယ်​ငယ်​က ကာကွယ်​​ဆေးထိုးခံရလို့ဖြစ်​တာတဲ့။
အ​ဒါက အကို​ပြောတဲ့BCG ကာကွယ်​​ဆေးထိုးလိုက်​လို့ ဖြစ်​တာလားဟင်​။

BCG ရယ်​ ​ကျောက်​​ရောဂါရယ်​ကအမာရွတ်​ကျန်​ပါတယ်

ဟုတ်​ကဲ့

ကိုတွေက ခုမှပဲသိတော့တယ်လေ…

နောက်လည်း တင်ပြပေးပါ

ဟုတ်​ကဲ့ပါ

ဗဟုသုတရပါတယ်​ ​ကျေးဇူးပါပဲ

ဟုတ်​ကဲ့ပါ

ကျန်းမာရေးအတွက် ဗဟုသုတ ရပါတယ်ဗျာ

ဟုတ်​ကဲပါ

Right ...

ဟုတ်

ဟုတ်​ကဲ့...ကျန်းမာ​ရေးဗဟုသုတရလိုက်​တယ်​။

ဗဟုသုတရလို့ဝမ်းသာပါတယ်

ဟုတ်​ကဲပါ

ကျွန်​​တော့်​ လက်​​မောင်းမှာလဲရှိတယ်​။ BCG လား​တော့သိဘူး 😁

BCG နဲ့ ​ကျောက်​တစ်​ခုခုပဲ

Aww, hote

ဗဟုသုတ တိုးစေပါတယ်ဗျား

ဟုတ်​ကဲ့ပါ

ဟု တားတားလဲ ထိုးထားတယ် ထင်တယ် အမာရွှတ်ကြီးနက်

ဟုတယ်​ဟုတယ်

သြော်....အဲကြောင့်လက်မောင်းမှာ အမာရွတ်ကျန်နေတာကိုး ဘာများခိုက်မိလို့ဖြစ်နာလဲလို့

ကွီးစိုးကငယ်​ငယ်​က​​ဆော့လို့ပါ

ဟုတ်မယ် ငယ်ငယ်ကတော့ဆော့တယ် ခုတော့မဆော့တော့ဘူးရယ်😀

ကျန်​မာ​ရေးဗဟုသုတ​လေးပါ ​ကျေးဇူး

ဟုတ်​ကဲ့ဗျ

မွေးပြီးပြီးချင်း ဘယ်နှလဆို စထိုးရမှာလဲ Bro

က​လေးတစ်​လခွဲမှာထိုးရမှာပါ

ဟုတ်ကဲ့

ဟုတ်ကဲ့ပါကိုဦ
လူငယ်ဆိုပေမယ့်လည်း
မိမိနေထိုင်ရာပတ်ဝန်းကျင်ရှိ
အခြားသောလူအများကို
ကျန်းမာရေးဗဟုသုတသိရှိနိုင်ရန်
ပြန်၍ပြောဆိုနိုင်သောကြောင့်
ကိုဦးကိုကျေးဇူးတင်ရှိမိပါကြောင်း
ပြောကြားရင်း
ခင်မင်စွာဖြင့်(သူရ)

ဆက်​လက်​​ရေးသားပါဦးမယ်​ဗျ

ဟုတ်ကဲ့ပါကိုဦး

ဗဟုသုတရပါတယ် ကျွန်တော့်ကလေးကိုလည်း ထိုးပေးရဦးမယ်