#လှေကားမှာသူ'''စဆုံး'''
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
#Writer'''နေရှင်မင်း
~ ~ ~ ~ ~ ~ ~ ~ ~ ~
'''D day'''
စာမရတာကြောင့် ကျူရှင်မှာ အချိန်ကြာကာ ပုံမှန်၉နာရီကျူရှင်ဆင်းရာကနေ၁၀နာရီထိုးမှ ပြန်လာခဲ့ရတော့သည်………
အခင်မင်ဆုံး ဟု သတ်မှတ်ထားသော ၉တန်းနှစ်စတည်းက
သူငယ်ချင်းဖြစ်သူ ကျော်အောင်နှင့်ကောင်းကင် စကားပြောရင်း
အဝါရောင် မီးတိုင်များ အစီစီအရီရီ ထူထောင်ထားသော
အင်္ဂတေလမ်းကြီးအတိုင်း နှစ်ဦးသား လျှောကါလှမ်းလာခဲ့ဖြစ်တော့သည်…………
''ည'' ၁၀နာရီ ဆိုသော်ငြားလည်း ထို ရပ်ကွက် အတွင်းရှိ
အင်္ဂတေ main လမ်းမကြီးထက်တွင်တော့ ကားတစ်စီးစ နှစ်စီးစ
မကြာခဏ ဖြတ်မောင်းသွားနေဆဲပင်…………
'''အောင်ကျော်ငါသွားတော့မယ်'''
ကောင်းကင် သူနေထိုင်ရာ ၇လွှာရှိသော တိုက်အရှေအရောက်မှာတော့ သူငယ်ချင်းဖြစ်သူ အား နူတ်ဆက်လိုက်လေသည်………
'''အေးးအေးးးမင်းတို့ အိမ်ကျောင်းပိတ်မှလာလည်မယ်'''
'''အေးးးလာခဲ့လေကွာ ဒီတိုက်ခန်းက ပိုကျယ်တယ်'''
ကောင်းကင် သူတို့မိသားစု သုံးယောက် ပြောင်းလာသော
တိုင်ခန်းသစ်လေးအား ကြွားသလိုပြောကာ လှေကားဆီ ဦးတည် လျှောကါလှမ်းလာခဲ့ဖြစ်တော့သည်………
'''ငါသွားပြီ'''
ကျော်အောင် အနောက်မှ အော်ကာ သူနေထိုင်ရာ အဝေးတဝေး
၅လွှာရှိသော တိုက်ရှိရာသို့ ဆက်လက်၍ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့ဖြစ်တော့သည်…………
'''တီတူတီတူတီတူ'''
ကျောပိုးအိတ်နဘေးအိတ်လေးတွင် ထည့်ထားသော
phလေးမှ Ring tone သံလေး ထွက်ပေါ်လာလေတော့
'''Hello မေမေ'''
'''အေးးးသားလေးး၁၀နာရီ ကျော်နေပြီ ပြန်လာသေးဘူးလားးးဖေဖေကိုကြိုခိုင်းလိုက်ရမလားးး'''
'''ရတယ် မေမေသားပြန်လာပြီ လှေကားတောင်တတ်နေပြီ'''
'''အော် အေးးးအေးးသားလေးးအခန်းမှတ်မိရဲ့လား ခြောက်လွှာAနော်'''
'''ဟုတ် မေမေသိတယ်''''
အဲ့ဒီနောက်တော့ ph ချသွားလေတော့သည်………………
''''ဟိုးးမွှေးလိုက်တာ'''
လှေကားအချိုးလေးတစ်ခုအရောက်မှာတော့
သင့်ပျံလွန်းသော ပန်းနံနှင့် သနပ်ခါးနဲ ရောယှက်ထားသော
ကြည့်နူးဖွယ် သင်းရနံ့က လေထုထဲမှ တစ်ဆင့် ကောင်းကင် နှာဖျားလေးအတွင်း တိုးဝင်လာခဲ့တော့လေသည်………
'''ဒေါက် ဒေါက် ဒေါက်'''
လှေကားအပေါ် မှ မိန်းကလေးးးတစ်ယောက်
ရင်ဖုံးထဘီလေးနဲ့အတူ နက်မှောင်ရှည်လျားသောဆံသားတို့နှင့်
လှရက်လွန်းသူ တစ်ဦး ကောင်းကင် နဘေးမှ ဖြေးဖြေးခြင်း
ဖြတ်ကာ အောက်သို့ ဆင်းသွားလေသည်………
ဆယ်တန်းကျောင်းသားလေးးး ကောင်းကင် မျက်စိတစ်ဆုံး
သူမကို လိုက်ကြည့်ရင်းးး လေထုထဲက သူမရဲ့ သင်းရနံ့တို့ကို
ဖမ်းရူလိုက်ပြီးနောက်တော့ ခြောကါလွှာသို့ ဆက်လက် တတ်လာခဲ့ဖြစ်တော့သည်…………
''''တင် တူ တင် တူ'''
လူခေါ်ဘဲ လေးနှိပ်လိုက်တော့မှ အမေဖြစ်သူ တံခါးလာဖွင့်လေသည်…
အဲ့ဒီနောက်တော့ ကောင်းကင် အိမ်ထဲ ဝင်လာပြီး
အဝတ်အစားလဲကာ အိပ်ခန်းလေးထဲ ကုတင်ထက်မှာ
လျှပ်တပြက် တွေ့လိုက်ရတဲ့ မမကို မြင်ယောင်ရင်းးး
ဆယ်ကျော်သက် ကောင်လေးမှာ အရူးထနေမိတော့သည်………
နောက်တနေ့ည………
ကျူရှင်မှ ၉နာရီ ဆင်းလာခဲ့လေသည်……
သူငယ်ချင်းဖြစ်သူ ကျော်အောင်အားးး
ကောင်းကင် ရင်ဖွင့်ရင်းး ဝါကျဉ်ကျဉ်မီးတိုင်များ တန်းစီထားသောအင်္ဂတေ လမ်းကြီးအတိုင်းနှစ်ယောက်သား
လျှောကါလာမိတော့သည်……
'''ကဲငါသွားတော့မယ် '''
ကောင်းကင် နူတ်ဆက်ကာ တိုက်လေးဆီ မျှော်လင့်ချက်တရေးရေးနဲ့ လျှောက်လှမ်းလာမိသည်………
လေးလွှာအရောက်လှေကားအချိုးမှာတော့
သူမကို ကောင်းကင်တွေ့လိုက်ရပါပြီ…
လှေကားထစ်လေးမှာ ထိုင်ကာ မျက်ဝန်းတစ်စုံက တနေရာရာကို ငေးမောနေဟန်………
'''မမ စိတ်ညစ်နေတာလားမသိဘူးး'''
ကောင်းကင် အတွေးလေးနဲ့ သူမဘေးမှ အသာဖြတ်လျှောက်ကာ လှေကားထစ်လေး တတ်လေတော့………
'''မောင်……လေးးးး'''
သူမဆီမှ သာယာချိုအေးသော ခေါ်သံတစ်ခု ကောင်းကင်နားသို့
ထိုးဖောက်ဝင်ရောက်သွားလေသည်………
'''ဗျာ……မမ'''
'''မမ နဲ့စကားအတူ မပြောပေးချင်ဘူးလားဟင်'''
သူမထံမှ ထိုစကားကြာတော့ ကောင်းကင်တစ်ယောက်
ဘာရယ်တော့မသိ……
ရင်ဘတ်တွေ တဒိန်းဒိန်း ခုန်နေမိတော့သည်………
'''ပြောာ ပြောပေးမယ်လေ မမ'''
'''အင်းးလာထိုင်'''
သူမနဘေးသို့ အနည်းငယ် တိုးလိုက်ကာ
နေရာလပ်လေးအားလက်ပုတ်ပြလေတော့
ကောင်းကင် ဝင်ထိုင်လိုက်ရင်းး တဒိန်းဒိန်း ရင်ခုန်သံနဲ့အတူ
သူမရဲ့ ဖြူဖတ်သော မျက်နှာပြင်လေးအား တချက်ချက် ခိုးခိုးကြည့်နေမိရင်းးးး
'မောင်လေးးနာမည်''
'''ကောင်းကင် ပါ'''
'''မမက နန်းဝတ်သင့်'''
'''မောင်လေးးးအသက်ဘယ်လောက်ရှိပြီ''
'''16ကျော်p မမရဲ့'''
'''သြော် မမနဲ့ ၃နှစ်ပဲကွာတယ်'''
အဲ့ဒီနောက်တော့ ဟိုမေးဒီဖြေနဲ့ အချိန်အတော်ကုန်သွားလေတော့သည်…………
'''မမရေ မောင်လေး မေမေ စိတ်ပူနေတော့မယ်သွားတော့မယ်''
'''အင်းးမောင်လေး မနက်ဖြန် ညကျ မမဒီကပဲစောင့်နေမယ်'''
'''ဟုတ်မမ''
အဲဒီနောက်တော့… ကောင်းကင် တစ်ယောက် တတ်ကြွသော
ခြေလှမ်းများဖြင့် တိုက်ခန်းလေးရှိရာ ခြောက်လွှာသို့ ပြေးတတ်ခဲ့လေတော့သည်…………
နောက်တည…………
'''မမရေ စောင့်နေတာကြာပြီလားးး'''
လှေကားထစ်လေးတွင် ထိုင်နေသော သူမနန်းဝတ်သင့်အား
ကောင်းကင် မေးလိုက်ချေတော့……
'''မကြာသေးပါဘူးးလာထိုင်လေမောင်လေးးး'''
''ဟုတ်မမ မမကိုမေးစရာရှိတယ်''
''အင်းး မေးလေ မောင်လေးးး''
'''မမက ဘယ်အလွှာက ဘယ်အခန်းလဲဟင် မောင်လေးကျောင်းပိတ်လာလည်ရလား'''
'''မရဘူးးးမောင်လေးးး မမအဒေါ်က စိတ်ကြီးတယ် ယော်ကျားလေးအိမ်လာလည်တာမရဘူးးး''
'''အော် ဟုတ် အဲဆို မောင်လေးတိတ်တိတ်လေး လာကြည့်မယ်လေ'''
'''မောင်လေးရယ် ဒီမှာပြောတာ ကောင်းတယ်
အိမ်နားမလာပါနဲ့ အဒေါ်သိရင် မမခုလို ညလေးအပြင်ထွက်ခွင့်တောင်ရမှာမဟုတ်ဘူးး''''
'''ဟုတ်မမ အာ့ဆိုလဲ ဒီလိုလေးးညတောင်စောင့်နေနော်''
'''အင်းး စောင့်နေမှာပေါ့'''
ဒီလိုနဲ့ တစ်ပတ်ခန့်ကြာခဲ့ပြီးနောက် …… ညတညမှာတော့………
'''ဟဲ့သားးးးးး''' ရုန်တရက် လှေကားထစ်အချိုးမှ အော်ခေါ်သံကြောင့် ကောင်းကင်ကြည့်လိုက်တော့
'''မေမေ''
''''အေးးးဘယ်ချိန်ရှိပြီလဲ ဒီမှာ တစ်ယောက်တည်းဘာထိုင်လုပ်နေတာလဲ'''
'''ဟာ မေမေကလဲ တစ်ယောက်တည်းဟုတ်ပူး ဒီကမမနဲ့ ပြောနေတာလေ''
'''ဟေ ဘယ်မှာလဲ မရှိပါဘူးးးးး'''
''ဟာ မေမေကလဲ ဒီမှာလေ ဒီမှာ'''
ကောင်းကင်ကတော့ သူမအားလက်ညိုးထိုးကာ
ပြနေသော်လည်း………
မေမေ့ဖြစ်သူကတော့ မမြင်…………
'''လာခဲ့တော့သားးးလာခဲ့တော့'''
အမေဖြစ်သူ သူမ တစုံတခုသိဟန်ဖြင့် သားဖြစ်သူ လက်ဆွဲကာ
အပေါ်ထပ်သို့ အမြန် ပြေးတတ်ခဲ့ပြီးနောက်တော့
'''ရော့သောက်'''
ဘုရားစင်ပေါ်မှ ပရိတ်ရေအား ဖန်ခွက်လေးထဲ ငှဲ့တိုက်ကာ
အကျိုးအကြောင်းတစေ့တစောင်း ပြောပြပြီးနောက်တော့………
နောက်တနေ့မနက်မှာ ပယောဂဆရာကြီးထဲ ခေါ်ဆောင်ကာ အကျိုးအကြောင်းပြောပြလေတော့… အဆောင်ဆွဲကြိုးလေး
စီမံပေးလေသညါ……ကောင်းကင်လဲ ထိုဆွဲကြိုးလေးဝတ်ဆင်ထားခဲ့ပြီးနောက်တော့
လှေကားမှာအမြဲစောင့်နေတတ်သောသူမကို ကောင်းကင် တစ်ယောက်မတွေ့ရတော့ပေ…………
တခါတရံ အဆောင်ဆွဲကြိုးလေးချွတ်ကာ ပြန်လာသည့်ညမျိုးဆိုလျှင်တော့
ကောင်းကင်ကိုတွေ့တာနဲ့ ရှောင်ရှောင် ထွက်သွားသော
သူမကျောပြင်လေးသာ တွေ့ခွင့်ရလေတော့သည်…………
အဲ့ဒီနောက် ညတညမှာတော့…………
''မောင်လေးးးး'''
'''ဗျာ မမ မမလာတယ်နော်'''
'''မောင်လေးးးမမ ဝန်ခံစရာရှိလို့ပါ တကယ်တော့ မမက လူမဟုတ်ပါပူးးဝိညည်တစ်ကောင်ပါ မမကို ရေစက်ချအလှူလေးလုပ်ပေးပါ မမ သွားချင်ပြီ မမကို အဒေါ်ရေစက်ချ အလှူပေးတုန်းက မမက မမချစ်သူကို စွဲလမ်းစိတ်နဲ့
အမျှမယူခဲ့ဘူးးးးမောင်လေးက မမချစ်သူနဲ့ သိပ်တူတယ် အဲ့ကြောင့်မမ မောင်လေးကို ခင်မိသွားတာ အရမ်းခင်မိသွားတယ်
ခု မမ ချစ်သူက မင်္ဂလာဆောင်သွားပြီလေ မမလဲ တဘဝ ကူးပြောင်းချင်ပြီ'''
အဲ့နောက်တော့ လေထုတွင် လွင့်ပျယ်ကာ ပျောက်ကွယ်သွားလေတော့သည်………
ထိုအိပ်မက်လေးအားအစအဆုံး အမေ့ဖစ်သူအား
ကောင်းကင် ပြန်ပြောပြပြီးနောက်တော့…
အမေဖြစ်သူလဲ တရားနာရန် စီစဉ်စရာရှိတာစီစဉ်ကာ
နန်းဝတ်သင့်အားရည်စူးကာ ရေစက်ချအမျှပေးခဲ့ပြီးနောက်တော့
အဆောင် ဆွဲကြိုးလေး ချွတ်လာလဲ မည်သည့် အရိပ်တစုံတရာမျှ လှေကားတွင် မရှိတော့ ပကတိရှင်းလင်းသွားမူနဲ့အတူ
ညတိုင်းစကားပြောဖြစ်ခဲ့သော မမချောချောလေးနန်းဝတ်သင့်ကိုတော့ ကောင်းကင်တစ်ယောက်
တခါတရံ သတိတရလွမ်းမိပါသေးသည်…………
ပြီးပါပြီ
အစဉ်လေးစားလျှက် နေရှင်မင်း……
9:02Am.
#################################