ကား

in new •  8 years ago 

ဒီရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့ လိုင်စင်မဲ့ကားတွေ
အကြီးအကျယ် ဖမ်းဆီးနေတာကို တွေ့ရတယ်
ဒီအတွက် မေးစရာဖြစ်လာတာ လက်ရှိအစိုးရအနေနဲ့
ပြည်တွင်းမှာ ရှိတဲ့ လိုင်စင်မဲ့ကားတွေကို ဘယ်လိုလုပ်မယ်
မူဝါဒရှိထားပြီးပြီလား အကုန်ဖမ်းမှာလား သိချင်မိတယ်

အစိုးရက တကယ်ဖမ်းမယ်ဆိုရငိ မဲဆောက် မြဝတီကနေ
တရားဝင်တင်သွင်းနေတဲ့ လိုင်စင်မဲ့ကားတွေ ကမ်းကူးနေတာ
ဘာလို့ ဒီချိန်ထိ မတားမြစ်သေးတာလဲဆိုတာ မေးရပါမယ်
ခေါင်မိုးက ယိုနေတဲ့မိုးကို အရင်မပိတ်ပဲ အောက်ခြေမှာစိုနေတာ
အရင်လိုက်သုတ်နေတာမျိုးက မကောင်းတာတော့ အမှန်ပါပဲ

ဂျပန်မှာ သိန်း ၂၀ လောက်ပဲ တန်တဲ့ကားက မြန်မာပြည်မှာ
သိန်း ၂၀၀ လောက် ပေးစီးနေရတာမျိုးက ဖုန်းတစ်လုံးကို
သိန်း ၅၀ ပေး ကိုင်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရမိစေပါတယ်

မြန်မာနိုင်ငံဟာ ပွင့်လင်းလာတဲ့နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ
ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့တိုင်းပြည်တစ်ခုဆိုတာ သေချာပါတယ်
ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ တိုင်းပြည်ရဲ့ ဒီလိုအနေအထားမှာ
စီးပွားရေး လူမူရေးကိစ္စတွေအပါအဝင် ကိစ္စတော်တော်များများမှာ
မော်တော်ယာဉ်တွေကိုသာ သင့်တင့်မျတတဲ့ဈေးနဲ့ စီးခွင့်ပေးမယ်ဆိုရင်
အသုံးချတတ်ရင် မြန်မာပြည်စီးပွားရေး တရှိန်ထိုး တိုးတက်နိုင်ပါတယ်

ဒီနေရာမှာ ယိုးဒယားကို အတုယူဖို့လိုပါမယ် ယိုးဒယားဆိုတာ ကမ္ဘာမှာ
ကားထုတ်လုပ်တဲ့ ထိပ်သီးနိုင်ငံတစ်ခုဖြစ်တယ် ဒီလိုနိုင်ငံတစ်ခုက
ဂျပန်ကနေ ကားဟောင်းတွေကို ဘယ်လိုပေါ်လစီတွေနဲ့ လက်ခံပြီး
ကုန်သွယ်ခွင့်ပေးထားတာလဲဆိုတာ လေ့လာကြည့်စေချင်ပါတယ်

ဂျပန်က ကားဟောင်းတွေဆိုတာ မြန်မာပြည်ကိုသာ အများဆုံးဝင်တာပါ
မြန်မာအစိုးရက ပေါ်လစီ ခိုင်ခိုင်မာမာမရှိ အခွန်ကို လည်ပင်းညစ်ပြီး
ရသလောက် ယူနေတဲ့အခါကျတော့ ကားဟောင်းတွေက ယိုးဒယားကနေ
တဆင့် မြန်မာပြည်ထဲကို မဲဆောက်ဖက်ကနေ ပြန်ဝင်ကြပါတယ်
ဒီအတွက် ယိုးဒယားဆိုတာ တစ်လတစ်လ အခွန်သန်းနဲ့ချီ ရနေသလို
သဘောင်္နဲ့ ရေကြောင်းသွားလာရေး ကာလမ်းပို့ဆောင်ရေး စတဲ့ အလုပ်
အကိုင် အခွင့်အလှမ်းများစွာကိုလည်း သူ့နိုင်ငံအတွက် ဖန်တီးပေးနိုင်ခဲ့တယ်

ရန်ကုန် မန္တလေး ကားကြပ်တာနှင့် ကားကုမ္ပဏီ ကားရှိုးရော့ တွေနဲ့
စာချုပ် ချုပ်ထားတာတွေကြောင့်ြ့ပည်နယ်နဲ့တိုင်းတွေရဲ့ ရပိုင်ခွင့်တွေ
ကန့်သတ်ခံနေရတာမျိုးက မဖြစ်သင့်တော့ဘူးလို့ မြင်မိပါတယ် အစိုးရသစ်
အနေနဲ့ ဒီလိုပြည်တွင်းက လိုင်စင်မဲ့ကားတွေကို ဖမ်းတယ် လိုင်စင်မဲ့
ကားတွေ နိုင်ငံဖြတ်ကျော် ကမ်းကူးနေတာကျ လုပ်ပိုင်ခွင့် ပေးထားတယ်
ဒါကြီးကလဲ တော်တော်လွဲနေတဲ့ အခြေအနေတရပ်လို့ ပြောလို့ရပါတယ်

ဟုတ်ပီ ဘယ်လိုလိုပြောပြော မရဘူးး လိုင်စင်မဲ့ကားတွေကတော့
ဖမ်းမယ် ဖမ်းမှကိုဖြစ်မယ်ဆိုရင်လည်း မယ်ဆောက် မြဝတီကနေ
ကမ်းကူးနေတာတွေကို အရင်ဆုံးပိတ်သင့်ပါတယ် ဒီလိုပိတ်ဖို့ကို
ယိုးဒယားအစိုးရကို တရားဝင် အကြောင်းကြားသင့်သလို မြဝတီဂိတ်တွေမှာ
လုပ်ပိုင်ခွင့်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ BGF တွေကိုလည်း ပိတ်ပါ ။

ဒီလိုမှမဟုတ်ပဲ ခေါင်မိုးကယိုတာကို အရင်မပိတ်ပဲ ကြမ်းခင်းကစိုနေတာ
အရင်ဆုံး လိုက်သုတ်နေတာမျိုး ခင်ဗျားတို့သိသင့်တာက လိုင်စင်မဲ့ကားဆိုတာလဲ
အခြေအနေအရ ခင်ဗျားတို့အခွန်တွေ များစွာ ကောက်ခံနေလို့ လိုင်စင်ကား
ဝယ်မစီးနိုင်လို့ စီးနေရတယ်ဆိုတာရယ် ဒါတွေကလဲ လူထုရဲ့ ချွေးနှဲစာတွေပဲ
ဖြစ်တယ်ဆိုတာကိုတော့ ပြည်သူကို မျက်နှာမူတဲ့ အစိုးရတစ်ရပ်အနေနဲ့ သိပါစေ။
#Lu Min image
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Ok