Home new

in new •  8 years ago 

စီဘီဘဏ်က အက်စ်အမ်အီးလုပ်ငန်းရှင်တွေကို အပေါင်ပစ္စည်းမလိုတဲ့ချေးငွေ
ထုတ်ချေးမည်

==================

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ စီဘီဘဏ်က SME လုပ်ငန်းရှင်တွေကို အပေါင်ပစ္စည်းမလိုတဲ့ ချေးငွေအာမခံ (Credit Guarantee Insurance -CGI ) စနစ်နဲ့ ကျပ်သိန်း ၆၀,ဝ၀ဝ အထိ ထုတ်ချေးသွားမယ်လို့ သိရပါတယ်။

အဲသည်လို ချေးငွေထုတ်ချေးပေးရာ မှာ SME လုပ်ငန်းရှင်တစ်ဦးကိုကျပ် ၅၀,ဝ၀ဝ ကနေ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးမှာဖြစ်ပြီး ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ တစ်နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်တယ်လို့ သမဝါယမဘဏ် (င်္ံCB Bank) က SME ချေးငွေဌာနခွဲတာဝန်ရှိသူ ဦးစောဒီနိုခူက ပြောပါတယ်။

ချေးငွေထုတ်ချေးပေးရာမှာ စက်မှုကုန်ထုတ်လုပ်ငန်းတွေကို အများဆုံးထုတ် ချေးပေးမှာ ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ခရီးသွားလုပ်ငန်းရှင်တွေနဲ့ အခြားသော အသေးစားနဲ့ အလတ်စား SME စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လုပ်ငန်းရှင် ၅၅၀ ဦးနီးပါးကို ထုတ်ချေးပေးမှာ ဖြစ် တယ်လို့၎င်းက ဆက်ပြောပါတယ်။

“ဒီဘဏ္ဍာနှစ်မှာ ချေးပေးမှာက SME လုပ်ငန်းရှင် ၅၅၀ ဦးဖြစ်ပါတယ်၊ အခုက သိန်းပေါင်း ၁၀,ဝ၀ဝ ကျော် ထုတ်ချေးပြီး ပြီ၊ လူဦးရေ ၈၀ လောက်ရှိတယ်၊ နောက်ထပ်သိန်းပေါင်း ၃၀,ဝ၀ဝ ၊ ၄၀,ဝ၀ဝ လောက်ကိုထပ်ချေးပေးမှာ ဖြစ်တယ်”လို့ တာဝန်ခံဦးစောဒီနိုခူက ပြောပါတယ်။

ချေးငွေယူမယ့် လုပ်ငန်းရှင်ဟာ SME လုပ်ငန်းလုပ်သက်အနည်းဆုံးနှစ်နှစ်နဲ့ အ ထက် ရှိရမှာ ဖြစ်တယ်။ ဒါ့အပြင် အသေး စားနဲ့ အလတ်စား SME ဌာနမှာ အသင်းဝင်ထားသူ ဖြစ်ပြီး အဲသည် ဌာနရဲ့ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ အခွန်ဆောင်ထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ Business Plan ကို ပြ ပြီး တော့ ထုတ်ချေးနိုင်တယ်လို့ သိရပါတယ်

CGI ချေးငွေစနစ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေစိုက် ရော်ဘာလုပ်ကိုင်နေတဲ့ ဦးသက်ဦးက “ချေးငွေချေးတဲ့ နေရာမှာ အတိုးနှုန်း ၁၃ ရာခိုင် နှုန်း ကတော့ များပါတယ်။ အပေါင်ပစ္စည်းမဲ့ဆိုတော့ တချို့တွေကလဲ ချေးတယ်။ ရေရှည်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေအတွက်ကိုက်တယ်။ ကျွန်တော် တို့လို လုပ်ငန်းအသေးတွေကျတော့ မကိုက်ဘူး၊ နောက်ပြီး သူတို့တောင်းတဲ့ စာရွက်စာတမ်း အထောက်အထားက အရမ်းများ တော့ မရကြတာများတယ်”လို့ ပြောပါတယ်။

ချေးငွေ အာမခံစနစ်ဖြစ်တဲ့ CGI စနစ် နှစ်မျိုးရှိပြီး အပေါင်ပစ္စည်း အာမခံထားရှိရမယ့် ချေးငွေစနစ်မှာ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းပေးဆောင်ရပါတယ်။
ဒုတိယတစ်မျိုးဖြစ်တဲ့ အပေါင်ပစ္စည်းမဲ့ ချေးငွေစနစ်မှာ အပေါင်ပစ္စည်းမဲ့ အတိုး နှုန်း ၁၃ ရာခိုင်နှုန်း အထိပေးဆောင်ရတယ်လို့ သိရပါတယ်။

Author / မေသက်

===========

Kumudra

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!