👉News feed သန့်ရှင်းရေးsteemCreated with Sketch.

in newfeed •  8 years ago 

FB_IMG_1501586975394.jpg
ဒီခေတ်ကြီးက information အရမ်းများတဲ့
ခေတ်ကြီးဖြစ်နေပြီ။ သိချင်ချင် မသိချင်ချင်
မျက်စိရှေ့ကိုရောက်လာတယ်။ ဘာလို့လည်း
ဆိုတော့ Facebook မသုံးရင် သိပ်မှ အဆင်
မပြေတော့တာကိုး။ အရင်ခေတ်တုန်းက ကိုယ့်
အတင်းပြောတယ်ဆိုတာမျိုးကို ကိုယ့်နားထဲ
သယ်လာပေးမယ့် ကြားခံTechnologyဆိုတာ
မရှိဘူး။ ဘယ်သူကိုယ့်အတင်းပြောနေမှန်း မသိ
တော့ စိတ်လည်း မဆိုးကြဘူး။ အခုတော့
Information ခေတ်ကြီးဆိုတော့ မြန်လိုက်
တာမှ ဝှီကနဲပဲ။ ဒီတော့ information တွေကို
စစ်ပြီး ခေါင်းထဲထည့်ဖို့လိုလာပါတယ်။ အမှိုက်
တွေ အကုန်ထည့်နေရင် ကိုယ့်ခေါင်းလည်း
အမှိုက်တောင်း ဖြစ်သွားပါလိမ့်မယ်။

👉အတင်းပြောတာ...၊ ဝေဖန်တာ....

အဲ့ဒါကတော့ အမြဲရှိမှာပဲ။ ပိုအောင်မြင်လာ
လေလေ၊ ပိုလူသိများလာလေလေ ပိုရှိလာ
လေလေပဲ။ အဲ့ဒီဒဏ်မခံနိုင်ရင်တော့ အမြင့်
မတက်တာကောင်းတယ်။ လေကြမ်းရင်
ပြုတ်ကျလိမ့်မယ်။ ကိုယ်တွေလည်း လေတိုက်
ခံခဲ့ရတာ မနည်းတော့ဘူး။ အဝေဖန်မခံချင်လို့
ဘာမှ မလုပ်ရင် ဘာမှလည်း ဖြစ်လာမှာမဟုတ်
ဘူး။ ဘာမှမလုပ်ရင်တောင် ဝေဖန်ခံရတာ
လွတ်မှာ မဟုတ်ဘူး။ အဲ့တော့ ဝေဖန်ခံရရင်
ကိုယ်မှားလား သေချာ ပြန်ဆန်းစစ်ကြည့်။
တစ်ခါတစ်လေ တကယ်လည်း ကိုယ်မှား
နေတာ ရှိတတ်တယ်။ ကိုယ်က မမှားတာ
သေချာရင်လည်း ရှင်းပြမနေနဲ့။ (မဖြစ်မနေ
ဆိုရင်တော့ ရှင်းပြပေါ့။) တစ်ခါတစ်လေ
ရှင်းလေ ရှုပ်လေတွေ အများကြီးပဲ။ လျစ်လျူ
ရှုတတ်အောင် ကြိုးစားပါ။

👉ကိုယ့်စိတ်ကို အနှောက်အယှက်ပေးတဲ့ဟာတွေ

အကုန် Unfriend လုပ်ပစ်။ Unfriend လုပ်
လို့မကောင်းရင် Unfollow လုပ်ပစ်။ (ကျွန်တော့်
ကို မျက်စိနောက်ရင်လည်း လုပ်လို့ရပါတယ်။
စိတ်မဆိုးပါဘူး။) အဓိကက ကိုယ်စိတ်ချမ်းသာ
ဖို့ပါ။ နေ့တိုင်း သင်အမှိုက်လို့ထင်တဲ့အရာတွနဲ့
ပြည့်နေတဲ့ Newsfeed ကို ထိုင်ကြည့်မနေပါနဲ့။
ကိုယ်က Single ဖြစ်ပြီး ကိုယ့်အကောင့်ထဲမှာ
အရမ်းအကဲပိုနေတဲ့Couple ရှိရင် ၊ ကိုယ်က
လည်း အမြင်ကတ်ရင်၊ Unfriend လုပ်ပစ်။
သို့မဟုတ် Unfollow လုပ်ပစ်။ သူတို့လည်း
မှားတာ မဟုတ်ဘူး။ သင်လည်း အဲ့လို လုပ်ပစ်
လို့မမှားဘူး။ Win-Win ပဲ။ ကိုယ့်အကောင့်
ကိုယ်ကြိုက်သလို လုပ်ခွင့်ရှိတယ်။

👉စိတ်ချမ်းသာမယ့်ဟာတွေ Follow လုပ်
ဗဟုသုတရမယ့် အရာတွေ Follow လုပ်

ဘာကသင့်ကို ပျော်စေလဲ။ အဲ့ဒါတွေ Follow
လုပ်။ Newsfeed ကို အဲဒါတွေနဲ့ပဲ ပြည့်နေ
ပါစေ။ ဗဟုသုတရမယ့်အရာတွေ Follow
လုပ်ထား။ ရယ်စရာတွေ Follow လုပ်ထား။

👉မကောင်းသတင်း သယ်လာတဲ့သူတွေကို
ကြိုပြောထားပါ။

တစ်ခါတစ်လေ ဘော်ဒါတွေထဲမှာ ရှိတတ်တယ်။
ကိုယ့်ဘက်က နာလို့ ဆိုပြီးတော့ ကိုယ့်ကို Mention
ခေါ်တာတွေ။ ကိုယ့်ကိုပြတာတွေ။ အဲ့ဒါမျိုးဆို နောက်
မပြဖို့ ပွင့်ပွင့်လင်းလင်း အားမနာပဲ ပြောထား။ (အဲ့ဒါ
မျိုး ပြတာကြိုက်တဲ့သူတွေကတော့ မပြောနဲ့ပေါ့နော်)
ကျွန်တော်တစ်ဦး တစ်ယောက်ထဲရဲ့ အမြင်ကတော့
မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ မသိလည်း ဘာမှ
မဖြစ်တဲ့ information ကို သိကို မသိချင်ပါဘူး။ အဲ့ဒါ
ကြောင့် အဲ့လို မပြဖို့လည်း ကြိုပြောထားပါတယ်။
မှန်တာဆိုရင်တော့ တစ်မျိုးပေါ့။ ဘာမှမဟုတ်တဲ့
အတင်းအဖျင်းကတော့ သိစရာမလိုဘူးထင်ပါတယ်။

👉သိတာတွေ အရမ်းများတဲ့ခေတ်မှာ တွေးတတ်အောင်
လည်း လေ့ကျင့်ထားပါ။

စာအုပ်တွေလည်း ဖတ်ပါရဲ့။ အွန်လိုင်းက စာတွေလည်း
ဖတ်ပါရဲ့။ information တွေကလည်း ပေါမှပေါ။ ဒါပေ
မယ့် အဲ့ဒါတွေကို သေချာ Analysis လုပ်ဖူးလား။စာရေး
ဆရာတွေ ရေးတိုင်း အမှန်မဟုတ်ပါဘူး။ ကျွန်တော်ရေး
တာတွေ အပါအဝင်ပေါ့။ ကိုယ့်ဘာသာ ပြန်သုံးသပ်ပါ။
မျက်စိမှိတ်မယုံပါနဲ့။ ကျွန်တာ့်အတွက် မှန်ပေမယ့်၊ သင့်
အတွက် မမှန်တာတွေလည်း ရှိတတ်ပါတယ်။ စာထဲမှ
တွေ့သမျှ မယုံပါနဲ့။ ကိုယ့်ဘာသာ သေချာစဉ်းစားပြီးမှ
ယုံသင့်မှ ယုံပါ။

သိထားတာတွေထဲက ဘာတွေရော ကျင့်သုံးနေလဲ။
စာတွေ အရမ်းဖတ်ပြီး ဒုက္ခရောက်သွားတဲ့ သူတွေဟာ
အဲ့ဒီလိုလူမျိုးတွေပါ။ ကိုယ့်ခေါင်းထဲရောက်တဲ့ ဗဟု
သုတ အစားအစာတွေကို အစာချေချိန်မပေးပဲ တွေ့
သမျှ အစာတွေ ဆက်တိုက်ထည့်နေလို့ မကောင်းပါ
ဘူး။ အသိပညာ၊ဗဟုသုတဆိုတာ တပ်ဆင်အသုံးမပြု
တတ်ရင် အကျိုးမရှိပါဘူး။

သင့်စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုတွေက သင့်လက်ထဲ
က ဖုန်းနဲ့ တော်တော်ပတ်သက်နေပါပြီ။ ပိုပြီး တိတိ
ကျကျပြောရရင် သင့်ရဲ့ Facebook နဲ့ ပိုပြီး ပတ်သက်
နေပါတယ်။ ကိုယ့်ခေါင်းထဲဝင်တဲ့ အရာလေးတွေ၊
သေချာလေး စစ်နိုင်မှ တော်ရာကျပါတယ်။ News
feed ပေါ်က information တွေကြောင့် သောက
တွေဖြစ်ပြီး။ သောကတွေ ပိနေတဲ့ သူတစ်ယောက်
မဖြစ်ပါစေနဲ့။ မယုံမရှိနဲ့ အဲ့ဒီဖုန်းသေးသေးလေးက
ဗဟုသုတလည်း ပေးသလို လူကိုလည်း စိတ်ဆင်း
ရဲစရာတွေ တစ်ပုံကြီးပေးတတ်ပါတယ်။

မိုးရှင်း ​ရေးသားသည်။

Follow here @mooen

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good post..

သိပ်ကောင်းတဲ့စာသားလေးတွေပါဗျာ

ကျေးဇူး