နားလည်​မှု​တွေ ရှိခဲ့လျှင်

in news •  7 years ago 





အသက်​အရွယ်​တခုမှာ

ကိုယ်​တို့နှစ်​ဦး အချစ်​ကို ကိုးကွယ်​ပြီး

သိပ်​ချစ်​ခဲ့ကြတယ်​ ခရမ်းပြာ



အရမ်းချစ်​ကြတဲ့ ချစ်​သူ​တွေကြား

ဖြစ်​တတ်​တဲ့သဘာဝက

သဝန်​တိုခြင်းပဲ ခရမ်းပြာ

မုန်းလို့မှ မဟုတ်​ပဲ



ယုံကြည်​မှု​တွေ ကိုယ်​စီထားခဲ့သည့်​တိုင်

သွေးမစွန်း​သေးတဲ့ နှလုံးသားက

အဖြူထည်​သက်​သက်​နဲ့ အသက်​ဝင်​တုန်းပဲ



ရွေးချယ်​စရာ ဘဝရဲ့လမ်းနှစ်​ခုမှာ

တူညီတဲ့ ဆုံးဖြတ်​ချက်​​တွေကို

နှစ်​ကိုယ်​တူ မ​ရွေးချယ်​ခဲ့မှ​တော့

ဝေးကြရတာ မဆန်းပါဘူး ခရမ်းပြာ



တကယ်​လို့သာ နားလည်​မှု​တွေ ရှိခဲ့လျှင်

နာခံတတ်​ချင်​စရာ စကားလုံး​တွေကို

သုံးနှုန်းပြီး ထပ်​တူညီမယ့်​ အ​ဖြေ​တွေ

ထုတ်​ခဲ့မိ​ကောင်းပါရဲ့

<br
ဒါ​ပေမယ့်​လည်း အချစ်​ရဲ့မျက်​နှာချင်းဆိုင်​မှာ

အတ္တ​တွေ ကိုယ်​စီချထားပြီး

မတူညီတဲ့ လမ်းကို အတူ​လျှောက်​ခဲ့​မှ​တော့

ချစ်​လျက်​နဲ့ဝေးရတာ ​ဖြေသိမ့်​နိုင်​ရမှာ​ပေါ့ ခရမ်းပြာ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Great post and very informative. @lusoelay Have learnt a lot from it.

ဂွတ်