ခရီးသည် လုရာက ဆိုင်ကယ်ကယ်ရီသမားအချင်းချင်း ဓားနှင့်ထိုး

in news •  7 years ago 

 

လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ နတ်ရှင်နောင်လမ်းပေါ်တွင်  ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီခန့်က ခရီးသည်လုရာက ဆိုင်ကယ်ကယ်ရီသမား  အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ  စုံစမ်းသိရသည်။

ခရီးသည်လုရင်း ဓားထိုးခံရသူမှာ အသက် ၂၁ နှစ်အရွယ် သန်းဟန်ထွေးဖြစ်ပြီး  ယင်းနေ့က အလုပ်အတူတူ လုပ်ကိုင်သူ အသက် ၂၂ နှစ်အရွယ် ဇင်မျိုးထိုက် (ခ)  ကိုဖြိုးက ဓားနှင့်ထိုးရာ ညာရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး  လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်  တင်ပို့ကုသခဲ့ရသဖြင့် ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်  တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဓားနဲ့ထိုးတဲ့သူကို ဖမ်းဆီး အရေးယူထားပါတယ်။ ဖြစ်တဲ့နေ့ ညနေ ၆  နာရီခွဲလောက်မှာ ဖမ်းမိခဲ့တယ်။ ဓားနဲ့ထိုးတဲ့သူက အဆောင်မှာနေတာ။  နှစ်ယောက်စလုံးက တစ်ရပ်ကွက်တည်းနေသူ အချင်းချင်းပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အလားတူ ယင်းမြို့နယ်၊ ကုလားစုကြီး ကျေးရွာ၊ ရန်ကုန်-ပုသိမ်  ကားလမ်းမဘေး၊ (၃၃၃) ကားဂိတ်အနီးတွင် ဖေဖော်ဝါရီလ ၇ ရက် ည ၁၀ နာရီခန့်က  အလုပ်အကိုင်မရှိသဖြင့် အကူအညီတောင်းရာမှ စကားများရန်ဖြစ်ပြီး အသက် ၃၃  နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသော အသက် ၃၆  နှစ်အရွယ် အမျိုးသားအား ဖေဖော်ဝါရီလ ၈ ရက် ည ၁၁ နာရီခွဲခန့်က အတွင်းပဒံ  ကျေးရွာ၊ မြစိမ်းရောင်လမ်း မုခ်ဦးဝထိပ်၌ ဖမ်းမိပြီး  သောင်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်  အရေးယူထားသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!